Pages
Wednesday, October 31, 2012
ကျွန်တော် ကတော့ ဒီလို မြင်ပါသည် ....
31.10.2012
၂၀၁၂ ခုနှစ် အောက်တိုဘာ လ ၃၀ ရက် သီတင်းကျွတ် လပြည့်နေ့ ဒီလိုနေ့မျိုးမှပဲ  နိုင်ငံတော် သမ္မတ ကြီးရဲ့ ငြိမ်းချမ်ရေး ကမ်းလှမ်းမှုနဲ့ အတူ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အဆင့် အဖွဲ့ နဲ့ ကေ အို င်ေ အ ကချင်အဖွဲတို့ ရွှေလီမှာေ တွ့ကြမယ်ဆိုတဲ့ သတင်းနဲ့ အတူ ကချင်ပြည်သူ တစ်ရပ် လုံး ပြော ရရင် ကချင်ပြည် နယ်မှာ နေထိုင်ကြ တဲ့ တိုင်းရင်းသားညီအကိုေ မာင်နှမ အားလုံး အပြင် ကြား ရတဲ့ သတင်းအရ ပြီးခဲ့တဲ့ (၇)ရက်လောက်ကတည်းက ကေအိုင်အေ အဖွဲ့ထဲမှာ သူတို့ငယ်သားတွေ ဟာ ဒီတခါတော့ ဆိုတဲ့ပျော်ရွှင်မျှော်လင့်မှုတွေနဲ့ ပြောဆိုဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
အစိုးရတပ်မတော် ဘက်မှာလည်း မနီးစပ်လို့သာ တိတိကျကျမပြောရဲသေးတာ သူတို့လည်း ဒီလို ပဲ မျှော် လင့် ချက် တွေရှိနေကြမှာပဲလို့ထင်ပါတယ်။ ဒီတစ်ခါတော့ ကေအိုင်အေ ဘက်ကတောင်းဆိုနေတဲ့ အတိုင်း စစ်ရေး နဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ေ ပးနိုင်သူတွေပါမှ ဆိုတဲ့အတိုင်း  စစ်တိုင်းမှူးတွေပါလာကြောင်း ဒုဗိုလ် ချုပ်ကြီး အဆင့်  တစ်ယောက်ပါတယ်လို့ သိရတဲ့အတွက်  ဒီတစ်ခါ အစိုးရဘက် က လိုလိုလားလား လိုက်ေ လျာေ ပးတဲ့ အတွက် အရင် ကထက် အဆင်ပြေ နိုင်မယ်လို့ အများစု ကေ မျှာ်လင့်နေကြပြီး  အစိုး ရ ရဲ့ သဘော ထား ကို ကျေးဇူး တင်ကြိုဆို လျက်ရှိကြောင်း သိရပါတယ်။ ကေအိုင်အေ ဘက်ကတော့ အဆုံး အဖြ တ်ေ ပးနိုင်မဲ့ သူ ပါ မပါ မသိရသေးပါ။
ငြိမ်းချမ်ရေး တစ်ကယ်လိုလားတယ် ဆိုရင်တော့ ဆုံးဖြတ်နိုင်တဲ့သူတွေ ပါလာမယ် ထင်ပါတယ်။ အစိုးရ ဘက်က လိုလိုလားလား ကမ်လှမ်းတာကို ကချင်ပြည်နယ် ကချင်လူမျိုး ကောင်းစားရေး အတွက် အမှန်လို လား ရင် ကေအိုင်အေ တုန့်ပြန်မှု ကောင်းမယ်လို့ ပြည်သူရော နိုင်ငံရေး အသိုင်းအ၀ိုင်း ကပါ သုံး သပ် မျှော် လင့် ထား ကြောင်းကြားရပါတယ်။
(၀၈၀၀)နာရီ။ စိတ်မကောင်း စရာလို့ပဲ ပြောရမယ်ထင်တယ် ။ကေအိုင်အေဘက်ကဗိုလ်မှူးအဆင့် လောက် ပဲ လွှတ် လိုက်တယ်လို့ ကြားနေ ရသလို လွယ်ဂျယ်ဘက်က ကေအိုင်အေနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ဘက် က ထွက် လာတဲ့ သတင်းအရ ကေအိုင်အေ ကနိုင်ငံရေးနဲ့ မီဒီယာအရ သူတို့ အလွန် မဖြစ်ေ အာင် တွေ့ ဆုံေ ရး ကိုလက်ခံတြာ ဖစ်ကြောင်း ပြီးတော့ စစ်တပ်ကိုလည်း သိက္ခာချ ဦးချိုးချင် တာ ကြောင့် အဆုံး အဖြတ်ေ ပးနိုင်တဲ့ အဆင့် မလွှတ်တာဖြစ်ကြောင်း ကြားရပါတယ်။
(၁၁း၁၅)နာရီ။ သဘောထားမမှန်သောေ ကအိုင်အေ ယခုတော့ ဘွင်းဘွင်းကြီးပေါ်ပြီ လို့ပြောရ မယ်။ စဉ်း စားကြည့်ပါ ကရင် ကယား မွန် ရှမ်း စတဲ့အဖွဲ့တွေ ဆွေးနွေးတုံးက ဒေါ်နော်စီဖိုးရာစိန်  စောမူတူးဆေးဖိုး  စသဖြင့် ပါကြတယ်။ သူ တို့ တကယ် လိုချင်တော့ ထိပ်ပိုင်းေ ခါင်းဆောင်တွေပဲ တိုက်တွေ့ကြတယ်။ ကဲ ငြိမ်နေတဲ့ ဒေါ်ဆု ကော် လာ ကတုံး မိုက်တစ်လုံးနဲ့. ၈၈. ကျောင်းသား အိုကြီးများ ဖြစ်ကြတဲ့ ၀မ်းတွင်းရူး သမ္မတ မင်းကိုနို င် ခွက်ဆွဲ ပတ်ေ တာင်း လက်ပန်းတောင်းဆို မြှောက်သာပေးဆိုတဲ့ ကိုကိုကြီး  ကွယ်ရာ မှာ ၀က်သားလွေးတဲ့ မြအေး တို့ ဘြာေ ပာ မလဲ။ ကေအိုင်အေဆိုတာ ကချင် တစ်မျိုးသား လုံး  ပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုတာ မဟုတ် ကြုံ လို့သိ ထား တာလေး ဖောက်သယ်ချလိုက်အုံးမယ်။ ဒွဲဘူ နဲ့ ဘောက်ဂျာ ၂ ယောက်စလုံး ပါတီ အမည်ခံ ခိုင်းထား တဲ့ ကေအိုင်အေ စပိုင်တဲ့ ဗျာ။ ဥက္ကဌကြီးများ  အယ်လ် ကွန်ဖန် လုပ်ကြံသလို ခံနေရအုံးမယ်။ ဂရုစိုက်ဗျို့.
(၁၅း၀၀)နာရီ။ မဖြစ်စေချင်ပေမဲ့ ဒီတိုင်းပဲဖြစ်လာတယ်။ ဆွေးနွေပွဲ ပြီးသွားပြီ။ ဘာအဖြေမှ မထွက်ဘူးတဲ့။ တပ်မတော် ဘက်က ဒုကာချုပ်မပါလို့ ဆိုပြီး အကြောင်းပြတယ်တဲ့။ သူတို့ ပြည်သူ (ကချင်)အတွက်  လက်ေ အာက် ငယ်သားတွေ အတွက် လုံးဝထည့် မစဉ်းစားဘူး။ ငြိမ်းချမ်ရေးကို သူတို့ တကယ်မ လိုချင် ဘူး ဆိုတာ ရှင်းရှင်း ကြီးပေါ်လာတာ မဟုတ်လား။
(ကြားဖြတ်ရရှိသောအထူးသတင်း)ကေအိုင်အေ ကချင်သောင်းကျန်းသူများနှင့်ပတ်သက်ပြီး အခြားအဖွဲ့ များ ကဲ့သို့ ဆွေးနွေးမရဘဲ အဖျက် လုပ်ငန်း (တံတားချိုး၊ လမ်းဖျက်၊ မိုင်းခွဲ၊ လူဖမ်း လူသတ်၊ ဆက်ကြေးတောင်း၊ ဓါးပြတိုက်--) များကိုဆက် လက် လုပ်ဆောင်နေ အုံးမယ်ဆိုရင် ပြည်ထောင်စု ရန်သူ အဖြစ် သတ်မှတ်ဖို့ အမျိုးသား လွှတ်တော်မှာ အဆို တင် ရန် အလားအလာရှိကြောင်း ဒီ/ ချုပ်ကိုယ်စား လှယ် တစ်ဦးနှင့် ရင်းနှီးသော စီပွားရေး လုပ်ငန်း ရှင် တစ် ဦးထံမှ သတင်းထွက် လာကြောင်းကြား သိရပါ သည်။
တပ်မတော်ဘက်က ဒုကာချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ကေအိုင်အေ က ဂွမ်မော်နဲ့ Level တူသတ်မှတ်လို့ ရ / မရ ကေအိုင်အေ ဟာ အစိုးရတစ်ရပ်လို ကိုယ့်ကိုကိုယ် မြှင့်ထားတာ လက်ခံသင့်သလား။ အတွင်း စကား အရ ဒီနှစ်မကုန်မီ ကေအိုင်အေက ကချင်ပြည်နယ်ကိုလွတ်လပ်ရေး ကြေငြာဖို့ တရုတ် သဘောထား ရအောင် ကြိုး စားနေ တယ်တဲ့  ကဲ ဘာပြောကြမလဲ။
ကဲ ကာချုပ် က သမ္မတ အမိန့်နာခံမယ်တဲ့။ နိုင်ငံတော် လွန်သလား ကေအိုင်အေ လွန်သလား။ ပြောရရင် ကျနော်က. ကချင်ပြည်နယ် မှာမွေးပြီး ကြီးပြင်း လာတာ ဆိုတော့ ကချင် သူငယ်ချင်း တွေ အများကြီး ရှိပါတယ်။ ရှမ်းဗမာ ဖြစ်ပေမဲ့ ကချင်ပြည်နယ် ကိုချစ်တယ်။ ငြိမ်းချမ်း စေချင်တယ်။ ဒါပေမဲ့ ခုတော့ မဖြစ်နိုင် တော့ဘူးထင်တယ်။ တစ်ခါတစ်လေ ကာချုပ်ကြီး ကေအိုင်အေကို အပြတ်ရှင်းပစ် ဘာအမိန့်မှ နာခံမနေ နဲ့ ပြည်သူေ တွ နာလှပြီဗျလို့ ပြောလိုက်ချင်တာ။ အားလုံးကို ပြောချင်တယ်ဗျာ ကျုပ်တို့ ကချင်ပြည်နယ်မှာ   လာအော် ကြစမ်းပါ။ ကျုပ်တို့လည်း ၀ိုင်းပါ မယ်ဗျာ။ကလေးတွေ စာ ကောင်းကောင်း မသင်ရဘူး။ စီးပွားတွေပျက်ကြ တယ်။ ဆက်ကြေး လည်းေ ပးရတယ်။ လူလည်း ဖမ်းတယ်။ မိုင်းထောင် တာ လည်းကြောက်ေ နရတယ်။ ဈေးတွေ လည်း အကုန်ကြီးတယ်။ ဆဒုံး ဘက်မှာဆို ရွှေမှော်က ဖမ်း သွား ခံရတဲ့ ရခိုင်မလေး ၂ ယောက်ဆို ဘ၀ပါ ပျက်သွားတယ်လို့ ကြားရတော့ သမီးပျိုတွေ အတွက်ပါ စိတ်ပူလာရပြီ။ ဘယ်သူတွေ ကူကြ မှာ လည်း။ ဘယ်သူ တွေ ကယ်ကြမှာလည်း။
(ဆက်လက်ဖော်ပြပါမည်)
စာရေးဆရာမဟုတ် သည့်အတွက်အကြောင်းမညီညွတ်ပါက နားလည်ပေးပါရန်။
Egermgpkg
OppositEyE
*** စစ်သား နှင့် သူ ***
သူငယ်ချင်း တို့ အားလုံးကို သိစေချင်လို့ပါ စာရေးသူဟာ စစ်သား ဖြစ်ပေမယ့်  သူရေး သမျှကို တော့ အရပ်သားတွေ ဖတ်နိုင်ဖို့ အတွက် မဟုတ်ခဲ့ပေမယ့် သူငယ်ချင်း တို့ အနေနဲ့ သူရေးတဲ့ စာလေးတွေ ဖတ်ကြည့်စေချင် ပါ တယ် သင်ဘယ်လို မြင်မလဲ ဆိုတာကို ဝေဖန်နိုင်ပါတယ် ကျန်တာတော့ ထွေထွေ ထူးထူး မပြောလို တော့ပါဘူး ....
....................................... ခင်မင်လေးစားလျက် ...
Angel Flower
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံး သတင်း ထုတ်ပြန်ချက် ( ၂ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ် ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တစ်ကျော့ပြန် ဖြစ်ပွားလာသော ပဋိပက္ခ ဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင် ပျက် စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။
၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင် အ ကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်း တော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာခဲ့ပါသည်။ အကြမ်းဖက်မှု ပ ဋိပက္ခ ဖြစ်စဉ်များ မှ ဒေသန္တရလုပ် လက်နက်ငယ် ( ၁၈၀ )လက် သိမ်းဆည်း ရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက် ပြု လုပ်သူ အချို့နှင့် ပြုလုပ်ရာ တွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်း ဆီး ရမိသဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
၎။ ယခုကဲ့သို့ လူစုလူဝေး ဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စ များ တွင် တစ်ဖက် အဖွဲ့အစည်းမှာ ကြိုတင် ပြင်ဆင်ခြင်း၊ အသေးစိတ် စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက် များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေး အဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းများ ပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက် အဖွဲ့အ စည်းမှ လည်း အချို့သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေသည့် အထောက် အထား များ ကို တွေ့ရှိရပါသည်။
၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥ ပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခု ကဲ့ သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်း စေရေး အတွက် နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်း တို့ကလည်း ငြိမ်း ချမ်း စွာ ဖြင့် ပူးပေါင်း ကူညီ ဆောင်ရွက်ကြ စေလိုပါသည်။
၆။ လက်ရှိ အခြေအနေတွင် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ်များ ကို ထိခိုက်နစ်နာစေသည့် ဖြစ် ရပ် များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆက်စပ် ပတ်သက်သူများ ကို နောက် ကွယ် မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အား နိုင်ငံတော်မှ ထိရောက်စွာ အရေး ယူမည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။
နိုင်ငံတော်သမ္မတရုံး
ငြိမ်းချမ်းရေး ကို အမှန်တကယ် အလိုရှိ ပါရဲ့လား KIO
31.10.2012
နိုင်ငံတော် အစိုးရနဲ့ KIO အဖွဲ့တို့ အောက်တိုဘာ ၃၀ ရက်နေ့ကတရုတ်နိုင်ငံ ရွှေလီမြို့ မှာ တွေ့ ဆုံ  ဆွေးနွေး ကြမယ် ဆိုတော့ ၀မ်းသာမဆုံး ဖြစ်ရတယ်။ ရှေ့မှာလည်း ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးခဲ့တာ (၁၀)ကြိမ် ရှိပြီဆိုတော့ အခု ကျင်းပတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေး ပွဲက အကျိုးကျေးဇူးတော့ များလိမ့်မယ်လို့ ယုံကြည် ခဲ့ပါတယ်။
ကချင် တိုင်းရင်းသား ဒေသခံတွေ အပြင် နိုင်ငံတော် တစ်ဝန်းလုံးက လူတွေတောင်မှ ဒီတွေ့ဆုံပွဲကို စိတ်ဝင်တစား နားစွင့် ခဲ့ကြတဲ့ အထိပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တွေ့ဆုံပြီး သဘောတူ စာချုပ်တွေ ချုပ်ဆို ၊ ပြုံးချိုချိုနဲ့ လက်ဆွဲနှုတ်ဆက် နေကြတဲ့ ပုံကို မြင်ချင် လှပါပြီ။ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ပွဲ အောင်မြင်ဖို့က KIO အဖွဲ့ပဲ ကျန်တော့တယ် ထင်ပါတယ်။
ကချင်ပြည်နယ် ကြီးကို သေနတ်သံ ၊ ဗုံးသံ ၊ အမြောက်သံတွေ ကင်းစင်တဲ့ ငြိမ်းချမ်းသော ပြည်နယ် အဖြစ် ဖြစ်စေချင် လှပါပြီ။ နိုင်ငံတော် သမ္မတကလည်း မီဒီယာ တွေ့ဆုံပွဲမှာ " ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး အလွန်ပဲ ရစေချင် ပါတယ် .. ။ နှစ်ဖက် ဆုံးရှုံးမှုက တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပါ ... ။ KIO စစ်သား တစ်ယောက် ဆုံးရှုံး သွားတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ဖြစ်သလို ၊ ဗမာစစ်သား တစ်ယောက် ဆုံးရှုံး သွားတာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ပါပဲ .... " လို့ ပြောသွားတယ်။
နိုင်ငံတော် သမ္မတရဲ့ ဆန္ဒနဲ့ ပြည်သူတွေရဲ့ ဆန္ဒဟာ တစ်သားတည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကြီး အောင်မြင် ပါစေလို့ ဆုတောင်း နေမိပါတယ်။ ဒါပေမယ့် ဆုတောင်း မပြည့်ခဲ့ပါဘူး။ " တွေ့ဆုံ ဆွေးနွေးပွဲ မအောင်မြင်ဘူး " ဆိုတဲ့ သဘောတူ ညီချက် တစ်ခု တလေ တောင် မှ မရခဲ့ဘူးတဲ့။
ဘယ်လို ဖြစ်ရတာပါလိမ့် ..... ?
စုံစမ်းကြည့်မိတော့ KIO ဘက်က အပစ်အခတ် ရပ်စဲရေး ကို နောက်မှ လုပ်မယ် ၊ နိုင်ငံရေး အရ ဆွေးနွေး မှုကို အရင်ဆုံး လုပ်မယ် ဆိုတဲ့ ကောက်ကြောင်း ဟောင်းပါပဲ။ အစိုးရဘက်က နယ်မြေ ငြိမ်းချမ်းရေး အ တွက် အပစ်အခတ် ရပ်စဲရေးကို ပထမ ဦးစားပေး လုပ်မယ် ၊ အဲဒီကမှ နိုင်ငံရေးအရ ဆက် လက် ဆွေးနွေး သွား ချင် တယ်လို့ သိရတယ်။
ဘယ်သူ့ဘက်ကမှ လိုက်ပြီး ပြောတာတော့ မဟုတ်ပါဘူး။ လူပြိန်းတွေတောင် နားလည် နိုင်တဲ့ အပစ်အ ခတ် ရပ် စဲရေးကို အရင်ဆုံး လုပ်တာဟာ အကောင်းဆုံးနဲ့ သဘာဝ ကျပါတယ်။ အပစ်အခတ် မရပ်စဲ သေး ဘဲ တွေ့ဆုံ ဆွေးနွေးကြပြီ ဆိုပါတော့ ... ။ သေနတ်သံ ၊ ဗုံးသံ တွေကြားမှာ နောက်ကြောက လုံပါ့မလား .... ? ။ ကိုယ်စားလှယ်တွေ သွားရေး - ပြန်ရေး ကရော စိတ်အေး နိုင်ပါ့မလား .... ? ။ ဒါကြောင့် ကျွန်တော့် အမြင်ကတော့ အပြန်အလှန် ယုံကြည်မှု ရရှိအောင် အရင်ဆုံး နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲရေးကို ဦးစားပေး လုပ်သင့်တယ်လို့ ပြည်ချစ်သားက မြင်ပါတယ်။
နောက်တစ်ချက်က ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲရဲ့ ရည်မှန်းချက်က ပစ်သံ ၊ ခတ်သံတွေ မကြားရတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ပဲ မဟုတ်လား .... ။ ဒါနဲ့များတောင် KIO က အပစ်အခတ် ရပ်စဲရေးကို အရင်ဦးဆုံး မလုပ်ဘဲ ၊ မရွေးချယ်ဘဲ နိုင်ငံရေးအရ ဆွေးနွေး နေချင် ရတာလဲ ... ? ဘယ်လို ရည်ရွယ်ချက် တွေများ ရှိနေလို့ ပါသလဲ ...... ? ။
ပြည်ချစ်သား
ကချင်နေစဉ်သတင်း
ကချင် ဒုက္ခသည်များ စောင်နှင့် အနွေးထည် များ လိုအပ်
31.10.2012
ရာသီအကူးအပြောင်းကာလကို ရောက်လာတဲ့အတွက် တရုတ်-မြန်မာ နယ်စပ် ဗန်းမော်ခရိုင်းအတွင်းက ကချင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ကလေးနဲ့သက်ကြီးရွယ်အိုဒုက္ခသည်တွေဟာ နွေးနွေးထွေးထွေး နေ ထိုင်နိုင်ဖို့ အ၀တ်အထည်နဲ့ ခြုံစရာစောင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၆ လလောက်က ပေးထားခဲ့တဲ့ စောင်တွေဟာ စုတ်ပြဲလာပြီးတော့ ရာသီအကူးအပြောင်းမှာ ဒုက္ခ သည်တွေအတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၀ိန်ပေါင်နိန်းထွဲး အဖွဲ့က တာဝန်ခံ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။အရင်က ပေးခဲ့တဲ့ စောင်တွေ ဟာ ငွေကြေး အခြေအနေ ကြောင့် အရည်အသွေး မကောင်းသလို အိမ်ထောင်စုများတဲ့ အိမ်တွေဆိုရင် အလုံအလောက်မရဘူးလို့ ဆိုပါတယ်။
ဒေါ်မယ်ရီတွမ်က “အခုက အရမ်းအေးတဲ့အချိန်ဖြစ်တယ်။ ကလေးတွေအတွက်ရော သက်ကြီးရွယ်အိုတွေ အတွက်ပါ စောင်တွေ၊ အနွေးထည်တွေက မလုံလောက်ဘူး၊ မရှိဘူး။ စောင်က မနှစ်တုန်း က ပေးထား တာတွေ ရှိသူကရှိတယ်။ တချို့အိမ်ထောင်စု လူဦးရေများတဲ့သူကျ မရဘူး ဖြစ်နေတယ်။ ကျမတို့ ပေး ထား တာတွေကလည်း ရှိတဲ့ငွေကြေးနဲ့ ဈေးပေါတာတွေ ပေးထားရတာဆိုတော့ စုတ်ပြဲတာလည်း ပြဲပေါ့။ ၁ နှစ်ကျော်လောက်လည်း ရှိနေပြီဆိုတော့လေ။”
ဝိန်ပေါင်နိန်းထွဲးအဖွဲ့ဟာ ဗန်းမော်ခရိုင် မိုးမောက်၊ မန်စီနဲ့ လွယ်ဂျယ်မြို့နယ်အတွင်းက ဒုက္ခသည်စခန်း ၇ ခုကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ရာသီအကူးအပြောင်းကြောင့် ကလေးတွေ နှာစေး၊ ချောင်းဆိုးဖြစ်နေကြသလို အရင် ဩဂုတ်လက တရုတ် အစိုးရ မောင်းထုတ်ခဲ့တဲ့ ဒုက္ခသည်တွေလည်း အခုအခါ ပြန်လည် ရောက်ရှိလာတဲ့အတွက် စခန်းတွေမှာ ဒုက္ခ သည်တွေ ထပ်များလာတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက အိမ်ထောင်စု ၇၀၊ လူဦးရေ ၃၀၀ နီးပါးရှိတဲ့ ဒုက္ခသည်တွေ အခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ လာတယ်လို့ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ကချင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးတဲ့ ပစ္စည်းတွေ ဟာ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ခွင့်ပြုချက် မရရှိတာကြောင့် ဗန်းမော်၊ မြစ်ကြီး နား မြို့တွေ မှာ သောင်တင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောပါတယ်။  စစ်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ တရုတ်-မြန်မာ နယ်စပ်မှာ ခိုလှုံနေရပါတယ်။
ကချင်နေစဉ်သတင်း
ရုပ်ရှင် လောကသား တွေဆိုတာ တကယ်တမ်းကြတော့
အကြုံပုလို့ရရင် အကြံပြုချင်တာပါ ---
နိုင်ငံတကာ မှာလည်း ဒီလို ရှိပါတယ် -- ဥပမာ အမေရိကန် နိုင်ငံဆိုလည်း --- နယူးယောက်နဲ့ ၀ါရှင်တန် မတူဘူးပေါ့ဗျာ ---- ၀ါရှင်တန် က ရုံးဆိုက်တဲ့ မြို့ဆိုတော့ သူစည်းသူကန်းနဲ့ ပေါ့ဗျာ ---
မြန်မာ မှာလည်း ခု ရန်ကုန်ရယ် နေပြည်တော်ရယ် ရှိလာတယ် ---
ဘယ်သူ တည်ထောင်ခဲ့ တည်ထောင်ခဲ့ပေါ့ဗျာ--အခိုင်အမာ ကြီးတည်ဆောက်ထား ပြီး ပြီကိုး -- --
အကယ်ဒမီ ပေးပွဲ ဆိုလည်း နေပြည်တော်မှာ ကျင်းပ တာ သုံးလေးနှစ်ရှိပြီထင်တယ် -----
လောလော ဆယ် ဒီ ရုပ်ရှင်လောကသားတွေနဲ့ ပတ်သက်လို့ပေါ့ဗျာ ---
သူတို့က အကယ်ဒမီ ကိုရန်ကုန်မှာ ပြောင်းပေးဖို့ တောင်းဆိုထားတယ် ---
သက်ကြီးရွယ်အိုတွေရှိတဲ့အတွက် လို့အကြောင်းပြထားတယ် ---
အဲ့ဒီတော့ဗျာ ---- ဘာပြောင်းပေးစရာ လိုလည်း ---- သက်ကြီးရွယ်အိုတွေကို အကယ်ဒမီ ပေးတာမှမဟုတ်တာ -- တကယ်လို့လာချင်တယ်  --တက်ချင်တယ်ဆိုရင်လည်း -- အစိုးရ က လေယာဉ်ပျံတောင် စီစဉ်ပေးနေတာပဲ ------
သူတို့လာရင်လည်း ဟိုတယ် တွေ မှာထားတယ် ---- တကယ်ကိုကောင်းကောင်းထားတာပါ ---
သူတို့အကယ်ဒမီ ရလို့ ညစာစားပွဲကျင်းပ ဦးမလား --- အရမ်းအဆင်ပြေတယ်----ဟော်တယ် တွေက ကျယ်ဝန်းတယ် ---
ခု သူတို့ က ဟိုပြန်ပြောင်းပေးပါ -- ဒီပြန်ပြောင်းပေးပါနဲ့ -----
တကယ်ဆို ဒီရုပ်ရှင် လောက သားတွေက အခွင့်ထူးခံတွေပါ -----
ဥပမာ ပေါ့ဗျာ -- ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်စု ရလို့ လာပေးတာမှမဟုတ်တာ -- သွားယူရတာပဲ --- ဟုတ်တယ်မဟုတ်လား ---
အဲ့ဒီတော့ဗျာ --- အစိုးရရုံးစိုက်တဲ့ မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့တောင် လွှတ်တော်လာတက်ရသေးတာပဲလေ ----
ဒီစုဆိုတာလည်း အစိုးရ ကပေးတာ ---
အဲ့ဒီတော့ အစိုးရရုံးစိုက်တဲ့ မြို့မှာ လုပ်တာ အဖြစ်သင့်ဆုံးပဲထင်တယ် ----
လိုချင်တဲ့ကောင်လာခဲ့ မလိုချင်တဲ့ကောင်မလာနဲ့ --- ဒါလူ့အခွင့်အရေးနဲ့မဆိုင်ဘူးထင်တယ် ----
ဘာရယ်တော့မဟုတ်ဘူး --- အား လုံး သိကြတဲအတိုင်း ရုပ်ရှင် လောက ဆိုတာ ရင်ရှုပ်တဲ့ လောကပဲ --- ကြားနေရတာပဲ ----
ကိုယ်နဲ့လည်းမဆိုင်ပါဘူး ---
တောင်းရတိုင်းတောင်းနေတာ အမြင်ကတ်လို့ ရေးတင်တာပါ ---
လွန်တာ ရှိရင် ၀ဏ္ဏာမိ ပါ ဗျာ ---
jr.gypsylay@gmail.com
Myanmar Express
‎" ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ် "
    (၁)
    သေမင်းဟာ
    ရိုင်ဖယ်ကို ပခုံးမှာချိတ်
    စာသင်ခန်းတံခါးတွေကို ပိတ်လိုက်တယ်။
    (၂)
    စာအံသံတွေေ ပျာက်ဆုံး
    ဗုံးဆံတွေ မိုးချန်းသလိုရွာချ
    အမုန်းတရားတောင်ကုန်းကို
    လက်နက်ကြီးအင်အားသုံးပြီး
    သိမ်းပိုက်ဖို့ကြိုးစားနေကြတယ်။
    မျက်ရည်နဲ့
    အလောင်ကောင်တွေပေါ်က"အမှန်တရား"
    ဘယ်ပြည့်တန်ဆာကတောင်မှ
    လေးစားမှာမဟုတ်ဘူး။
    စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
    ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
    စစ်ဘေးဒဏ်ကြောင့်သေသွားတဲ့
    ကလေးတွေရဲ့ အရေအတွက်နဲ့
    ထပ်တူ အချိုးကျပါသလား။
    စစ္နတ္ဘု၇ားရဲ့ သခ်ာၤကို
    ငါ...လက်ချိုးရေတွက်နေတယ်။
    (၃)
    စပါးပင်ပျိုးရမယ့်တောင်ယာမြေမှာ
    ငါ့အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
    ဖြစ်သလို မြှုပ်ပစ်ခဲ့၇တယ်။
    အမြှေုာက်ဆံပေါက်ကွဲတဲ့နေရာက မြက်ပင်လို
    မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ
    အမေရေ....ဒီတစ်သက်တော့
    ထမင်းလက်ဆုံစားခွင့်မရှိတော့ဘူး။
    ဦးခေါင်းထက်မှာကျည်ဆန်တွေက
    နတ်ဆိုးရဲ့လေချွန်သံလို
    တရွီရွီမြည်နေတုန်း
    မြေလွှာအောက်ကမိုင်းဗုံး
    "၀ုန်း" ခနဲပေါက်ကွဲတယ်..။
    ငါ့အနာဂါတ်မျှော်လင့်ချက်ဟာ
    ခြေထောက်တစ်ဖက်နဲ့အတူ ပြုတ်ထွက်လွင့်စင်သွားပေါ့
    ငါ့အိမ်ငါပြန်လာတာလေ။
    ဒါဟာအသွားမတော် ဖြစ်ခဲ့ပါသလား။
    မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
    ငါ့ဘ၀ကတော့
    ငါ့ဒူးဆစ်လို ငုံးတိတိဖြစ်လိုနေ့လေရဲ့...။
    ငြိမ်းချမ်းရေးမိုခေါင်ရပ်ဝန်းဒေသမှာ
    သားပျောက်တဲ့အမေတွေနဲ့
    အမေပျောက်တဲ့သားတွေ
    အားလုံးဟာလူအဖြစ်ကနေလျှောကျ
    တိရစ္ဆာန်တွေလို အမဲလိုက်ခံနေရတယ်...။
    အမေအိုတို့ရဲ့ ငိုကြွေးသံ
    မြစ်သောင်ယံမှာစိးဆင်း
    ဧရာဝတီဟာ သွေးချင်းချင်းနီလို့...။
    (၄)
    လက်ဝါးကပ်တိုင်ထက်မှာ
    ချစ်ခြင်းမေတ္တာတ၇ားကိုသံမှိုနှက်
    အာဏာပါးကွက်သားတို့က ကွပ်မျက်ကြတာကို
    စစ်ပွဲလို့ခေါ်တယ်..။
    စစ်ပွဲမှာ
    ဘယ်သူနိုင်နိုင်..ဘယ်သူရှုံးရှုံး
    နောက်ဆုံးမှာ
    အမုန်းတရားကပဲ သိမ်းပိုက်.
    မိဘမဲ့သွားတဲ့ကလေးတွေကို
    လောကထဲ မောင်းထုတ်လိုက်ကြတယ်
    အို...သွေးဆာသူတို့
    ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့
    အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
    သူသတ်ကုန်းမှာ ဆောက်တဲ့နန်းတော်ဆီ
    ငါတို့ဘယ်တော့မှ လက်အုပ်မချီဘူး...။
    (၅)
    ကျည်ဆန်ဖိုးတွေထပ်မဖြုန်းပါနဲ့
    ပေါင်မုန့်တစ်လုံးလောက်ဝယ်ပေးပါ
    လက်ပစ်ဗုံးတွေပစ်မယ့်အစား
    ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ
    စစ်ပွဲတစ်ပွဲမှာ
    ပထမဦးဆုံးပစ်တဲ့ကျည်ဆန်
    ကိုယ်ချင်းစာတရားကိုမှန်တယ်။
    ကိုယ်ချင်းစာတရားကျဆုံးခြင်းဟာ
    နိုင်ငံတော်ဈာပနပဲ..။
    ကဲ...အလံတစ်ဝက်လွှင့်ထူကြ
    ကမ္ဘာမကြေသီချင်းဆိုတဲ့အခါ
    ငိုသံပါနေရတာလောက်
    (၆)
    မုန်းတီးစိတ်တွေ
    နောက်မျိုးဆက်ကို.အမွေမပေးစေရ..အာမဘန္တော..။
    ငြိမ်းချမ်းရေးသီလယူသံ
    ကောင်းကင်ထက်မှာညံပါစေ။
    ကလေးတွေရင်ထဲကတောင်းဆုနဲ့
    ငါတို့အားလုံး ၀တ်ပြုကြရအောင်
    မေမေ၀ယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
    ဒီစစ်ပွဲပြီးရင်
    ကျောင်း.....တက်.....ချင်...တယ်...။
    Jacqueline Aquamarine
ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး တို့အား စွပ်စွဲပြစ်တင်သော အဆိုကို ရုပ်သိမ်း
31.10.2012
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ခန်းမတွင် အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်သော ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးနောက်ဆုံးနေ့တွင် စွပ်စွဲပြစ်တင်ခြင်းခံရသော လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းထွန်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသို့ ၎င်းအား စွပ်စွဲပြစ် တင်ထားသောအဆိုနှင့်ပတ်သက်၍ လွှတ်တော်သို့ တောင်းပန်ကြောင်း တင်ပြပါသည်။
အဆိုပါတောင်းပန်ခြင်းအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်မှ ဝန်ကြီးအား သတိပေး ထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ အဆိုပါ ရှင်းလင်းပြောကြားခဲ့ခြင်းကြောင့် လွှတ်တော်သို့ တင်သွင်းသော လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ (၁၉) ဦးမှ စွပ်စွဲပြစ်တင်ခြင်းအဆိုကို ရုပ်သိမ်းပေး ရန် လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံ၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအား စွပ်စွဲပြစ် တင်သောအဆိုကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Eleven Media Group
*** သွေးချင်း နှောတဲ့မောင်နှမ အရင်းပါ ***
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
ဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။
ကိုလေး(ထီလာမြေ)
ဒီက ကူးလာတယ် ...
ဥရောပ သမဂ္ဂ ဥက္ကဌ မြန်မာပြည် လာမည်
31.10. 2012
ဥရောပ သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဌ Barroso တို့သည် လာမည့် နို ၀င် ဘာ လ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် ရှိကြောင်း သတင်းရသည်။ ၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၉ ရက်နေ့ ၌ လာအိုနိုင်ငံတွင် ကျင်းပမည့် ဥရောပ သမဂ္ဂနှင့် အာဆီယံ နိုင်ငံများဆိုင်ရာ ASEM ထိပ်သီးဆွေးနွေး ပွဲသို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း စသည်နိုင်ငံ များ သို့ သွားရောက်ရန် ရှိကြောင်း ဥရောပ သမဂ္ဂ က ထုတ်ပြန် ထားသည်။
အေးချမ်းမွန်
နန့်မှော် တွင် တိုက်ပွဲဖြစ် KIA ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေကြေ ဒဏ်ရာရ
31.10.2012
အောက်တိုဘာလ (၃၀) ရက်နေ့တွင် KIA တပ်များနှင့် အစိုးရတပ်တို့ ဖားကန့်မြို့နယ် နန့်မော်ရွာ အထွက် တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် KIA ၏ ပစ်ခတ်မှုကြောင့် ခရီးသွားအရပ်သား (၂)ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ ခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာလ (၃၀) ရက် နေ့လည် (၁) နာရီခန့်တွင် KIA တပ်မ ဟာ (၂) တပ်ရင်း (၆) မှ အင်အား (၄၀) ခန့်သည် အစိုးရတပ်အား တိုက်ခိုက်ရန် နန့်မှော်ရွာ ကုန်းဆင်း တွင် စောင့် ဆိုင်းနေခဲ့ပြီး အစိုးရတပ်များ နမ့်မှော်ရွာတွင်းမှ ထွက်လာစဉ်တွင် စတင်ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အစိုးရတပ်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။
နှစ်ဘက်ပစ်ခတ်မှုများမှာ တစ်နာရီးခွဲခန့် ကြာပြီးနောက် KIA တပ်များမှ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး  အဆို ပါတိုက်ပွဲ တွင် KIA ဘက်မှ (၁) ယောက်ကျဆုံးခဲ့ကာ (၄) ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။“ KIA ကကြိုစောင့်နေတာ စစ်တပ်ရွာကထွက်လာတာနဲ့ စပစ်တော့တာပဲ ရွာထဲကိုလည်း လက်နက်ကြီး တွေကျတယ်၊ ရွာသားတွေတော့ မထိပါဘူး။ ဒါပေမယ့် ဖားကန့်ကနေလာတဲ့ ကား ကိုတော့ ထိသွားတယ်။ ကားက တိုက်ပွဲစဖြစ်ချိန်မှာ စစ်တပ်နားမှာရောက်နေတော့ KIA ပစ်တာတွေ မှန် သွား တာ။ ကားပေါ်မှာ လူ (၅) ယောက်ပါတယ်။ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ် ၊ (၃) ယောက်ကတော့ ဒဏ်ရာရသွားတယ်  ” ဟု နမ့်မှော်ဒေသခံ တစ်ဦးက ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွင် သေဆုံးဒဏ်ရာရသွားသူ ခရီးသည် အရပ်သားများအား စစ်တပ်နှင့် ဒေသခံများမှ ဖားကန့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါ တိုက်ပွဲတွင် သေဆုံး/ဒဏ်ရာရ သွားခဲ့သူ အရပ်သား ခရီးသွားများအနက်မှ မှ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နေသူ မဆွေဆွေအောင် (၂၅) နှစ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ နေသူ မောင်ကျော်ကျော်တို့ (၂) ဦးမှာ နေရာတွင် ပင် သေဆုံး ခဲ့ပြီး မောင်စိုင်းစိုင်းအောင် ၊  မောင်ထွန်းမင်း အောင်နှင့် မမြင့်မြင့်ခိုင်တို့ သုံးဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဖား ကန့်ဆေး ရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဖားကန့်ဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုပြော ကြားပါတယ် သိရပါတယ်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်းဆွေးနွေး ပွဲတွင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်သဖြင့် စစ်ရေးဆိုင်ရာ များ ဆွေးနွေးနိုင်ခြင်း မရှိခဲ့ ကြောင်း သိရပါတယ်။
ကချင်သတင်း
"၂ဝ၁၂ သည် ၈၈ နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံး နှစ်ဖြစ်"
31.10.2012
ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများ ဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။ မီးသတ်ဦး စီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွား ခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင် မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေဆုံးကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''ဒီနှစ်က ရခိုင်ပြည် နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ရှို့မီးတွေ များလာပြီး မီးလောင်မှု အကြိမ် အရေအတွက် တွေ မြင့်လာတာပဲ။ လက်ရှိ ရှို့မီး ကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့ အကြိမ် အရေအတွက်က ၈၈ အရေး အခင်းပြီးရင်တော့ အများဆုံး ပဲ။ အခုဖြစ်နေတာ အများစုက ကျ တော့ ကိုယ့်အိမ်ကို ကိုယ်ပြန် မီးရှို့ ပြီး သူများအိမ်ကိုပါ မီးကူးအောင် လုပ်ကြတာ များ တယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီးအလိုက် ရှို့မီး ကြောင့် ပျက်စီးဆုံးရှုံးမှု အ များ ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ပဲ'' ဟု ၄င်းက ရှင်းပြသည်။ ထို့အပြင် ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဇွန်လအတွင်းက စစ် တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် အိမ်ခြေ ၄၆၉၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၄၈ လုံး ၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆေးရုံဆေးခန်းတစ်ခုနှင့် အခြား အဆောက် အအုံ ၃၆ လုံး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အောက် တို ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွား ခဲ့သော ဆူပူအကြမ်း ဖက် မှုများကြောင့် လူ နေအိမ် ၂၉၅ဝ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ စက်ရုံ အလုပ်ရုံ ၈ လုံး မီးလောင်ပျက်စီး ကာ လူ ၈၄ ဦး သေဆုံး၍ ၁၂၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၄င်း က ထပ်မံပြောသည်။ ၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ တစ်နိုင် ငံလုံးတွင် ရှို့မီးကြောင့် မီးလောင်မှုစုစုပေါင်း ၁၄၇၅ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီး သတ်ဦးစီး ဌာနမှ ထပ်မံသိရသည်။
ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများ ဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
မီးသတ်ဦးစီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင်မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေ ဆုံး ကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
''ဒီနှစ်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ရှို့မီးတွေ များလာပြီး မီးလောင်မှု အ ကြိမ် အရေအတွက် တွေ မြင့်လာတာပဲ။ လက်ရှိ ရှို့မီး ကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့ အကြိမ် အရေ အ တွက် က ၈၈ အရေး အခင်းပြီးရင်တော့ အများဆုံး ပဲ။ အခုဖြစ်နေတာ အများစုက ကျ တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်မီးရှို့ ပြီး သူများအိမ်ကိုပါ မီးကူးအောင် လုပ်ကြတာ များ တယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီး အ လိုက် ရှို့မီး ကြောင့် ပျက်စီးဆုံးရှုံးမှု အ များ ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ပဲ'' ဟု ၄င်းက ရှင်းပြသည်။
ထို့အပြင် ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဇွန်လအတွင်းက စစ် တွေ ၊ ကျောက်ေ တာ်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များ အတွင်း ဖြစ် ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် အိမ်ခြေ ၄၆၉၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၄၈ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆေးရုံဆေးခန်းတစ်ခုနှင့် အခြား အဆောက် အအုံ ၃၆ လုံး မီး လောင် ပျက် စီးခဲ့ကြောင်း၊ ထို့အတူ အောက် တို ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အ တွင်း ဖြစ်ပွား ခဲ့သော ဆူပူအ ကြမ်း ဖက် မှုများကြောင့် လူ နေအိမ် ၂၉၅ဝ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ စက်ရုံ အလုပ်ရုံ ၈ လုံး မီးလောင်ပျက်စီး ကာ လူ ၈၄ ဦး သေဆုံး၍ ၁၂၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၄င်း က ထပ်မံပြော သည်။
၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ရှို့မီးကြောင့် မီးလောင်မှုစုစုပေါင်း ၁၄၇၅ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီး သတ်ဦးစီး ဌာနမှ ထပ်မံသိရသည်။
ရွှေနိုင်ငံ
ကိုယ့် အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက် သမားများ ကို လက်ခံမည် မဟုတ်ဟု ဘင်္ဂလာ လက်ရှိ အာဏာရပါတီ မှဆို
31.10.2012
ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိ အာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံ လိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်း ကျပ်စွာချထားလျှက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလား သို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီ မူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသားများ အား Arakantimes မှ မေးမြန်းရာ " ဘင်္ဂလာ က အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက် သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်း ဖက် သမားတွေ ဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိက အကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွက် ဖြစ်ပါ တယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြ သွားခြင်းဖြစ် သည်။
ထို့အပြင်ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ေ ရာက် လာ သူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက် သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီးဖြစ်ေ ကြာင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်ေ တာမြို့နယ် သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူ ညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။
ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများ အပြားမှာ ကော့စ်ဘဇား ခရိုင်အတွင်း သို့ ရောက်ရှိ လာပြီး ခိုလုံလျှက်ရှိေ နကြောင်း ဒေသခံများက ပြောသည်။
"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါ တယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆို ရင် မြန်မာနိုင်ငံ သားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံး ဘင်္ဂလီ များ မှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။
ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိက ရုဏ်း အတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများ ရှိနေသည့် အတွက် မောင်တော မြို့ နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။
ရွှေနိုင်ငံ
တိုက်ပွဲများ အား စိတ်ပျက် ထွက်ပြေး လျက် ရှိသော KIA တပ်မဟာ(၃) တပ်ရင်း (၁၅) တပ်ရင်းမှူး အား တပ်မဟာ ဌာနချုပ်မှ ပြန်လည် ဖမ်းဆီး ရမိ
31.10.2012
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူး အဆင့်ရှိ တူးမိုင်သည် သြဂုတ်လ (၁၃) ရက်နေ့တွင် ထွက်ပြေး သွားခဲ့သဖြင့် တပ်မဟာဌာနချုပ်မှ လိုက် လံရှာဖွေခဲ့ရာ နှစ်လနီးပါးအကြာ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပြန်လည် ဖမ်းမိခဲ့ကြောင်း သိရ ပါတယ်။
အဆိုပါ တပ်ရင်း (၁၅) မှ တပ်ရင်းမှူး တူးမိုင်သည် လက်ရှိ အစိုးရတပ်နှင့် KIA တို့ အကြားတွင် ဖြစ် ပွားနေသော တိုက်ပွဲများအား စိတ်ပျက်ခြင်း၊ သစ်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံရရှိမှု မရှိတော့ခြင်း၊ လက်အောက်ငယ်သားများအားလည်း စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးမပေးနိုင်၍ ၎င်းအပေါ် ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် ထွက်ပြေး ခဲ့ခြင်းဖြစ်ပြီး တပ်မဟာမှူးမှ တပ်ခွဲတစ်ခွဲ စေလွတ်၍ လိုက်လံရှာဖွေ ဖမ်းဆီးစေခဲ့ရာ အောက်တိုဘာလ (၁၀) ရက်နေ့ တွင် ရွှေကူမြို့ရှိ ၎င်း၏ မယားငယ် တစ် ဦးဖြစ်သူ မထွယ်ရှောင်၏ အိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး တပ်မဟာ (၃) ဌာနချုပ်၌ ချုပ်နှောင် စစ်ဆေးနေကြောင်း သိရ ပါတယ်။
ဖမ်းဆီးရမိချိန်တွင် တပ်ရင်းမှူး တူးမိုင်အား တပ်မဟာ (၃) တပ်မဟာမှူး မရန်တောင်မှ ရိုက်နှက် စစ်ဆေး ခဲ့မှုကြောင့် ဘယ်ဘက်နံရိုး (၂) ချောင်းကျိုးသွားခဲ့သဖြင့် မိုင်ဂျာယန် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေး ကုသမှုခံယူ ခဲ့ရပြီး အောက်တိုဘာလ (၂၈) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ ပါတယ် ။ ဆေး ရုံဆင်းပြီးနောက် ၎င်းအား တပ်မဟာ (၃) ဌာနချုပ်အချုပ်ခန်းတွင်ပင် အချုပ်သား ပြင်ပ လူနာ အဖြစ် ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။
တူးမိုင်ဆေးရုံတက်ရောက်ကုသနေချိန်တွင် ၎င်း၏ မိန်းမဖြစ်သူ မထွယ်ရှောင်မှာ သူမ၏သူငယ်ချင်း တစ်ယောက်နှင့် အတူ တူးမိုင်အားတွေ့ဆုံရန် မိုင်ဂျာယန်ဆေးရုံသို့ အောက်တိုဘာလ(၂၁)ရက်နေ့က သွားရောက်ခဲ့ပေမယ့် တူးမိုင်အား စောင့်ကြည့်နေသည့်  တပ်မဟာ(၃) မှ ဗိုလ်တစ်ဦးမှ ၀င်ခွင့်မပေး သဖြင့် တွေ့ ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မိုင်ဂျာယန်တွင်ပင် စောင့်ဆိုင်းနေခဲ့သော်လည်း ဆေးရုံစောင့် တပ် သားများမှ ရန်ပြုမည်ကို စိုးရိမ်သောကြောင့် အောက်တိုဘာလ(၂၄) ရက်နေ့တွင် ရွှေကူ သို့ပြန်လာခဲ့ ရကြောင်း မထွယ်ရှောင်၏ သူငယ်ချင်းဖြစ်သူမှ ဆိုပါတယ်။
တပ်ရင်းမှုး တူးမိုင်တွင် မယားငယ် (၆) ယောက်ရှိပြီး သွားရောက်တွေ့ဆုံခဲ့သူ မထွယ်ရှောင်မှာ နောက် ဆုံးယူ ထားသည့် မိန်းမဖြစ်ပါတယ်။ “ တပ်ရင်းမှူး တူးမိုင်မှာ မယားငယ် (၆) ယောက်ရှိတယ်၊ အရင် တုန်း က ပိုက်ဆံ ပေါတာကိုး ၊ သစ်ကားတွေ ၊ သစ်စက်တွေကနေ ပိုက်ဆံရတယ်၊ တိုက်ပွဲတွေလည်း မရှိတော့ ယူနိုင်တယ်လေ။ အခုကျတော့ တိုက်ပွဲတွေ လည်းဖြစ်တယ် ၊ သစ်ကားတွေ လည်း မလာတော့ဘူး ၊ ဒါကြောင့် ပိုက်ဆုံမရတော့ဘူးလေ၊ သူကငြိမ်းချမ်းရေး လိုချင်တာ ၊ အရင်တုန်းက ငြိမ်းချမ်းရေးရတဲ့ အချိန် မှာ အေးအေးဆေးဆေး နေရတယ်လေ၊ အခုကျတော့ မနေတက် တော့ဘူး။ ထွက်ပြေးသွားတော့ ကျွန်တော် တို့ဆီက ခွဲ (၁) ခွဲကလိုက်ရှာရတယ်၊ နှစ်လလောက်ကြာတယ်။ သူ့မယားငယ်တွေရဲ့ အိမ်တွေ ကို ပတ်သွားနေတာ ” ဟု တူးမိုင်နှင့် အနီးကပ်နေခဲ့ဖူးသူ ရဲဘော် တစ်ဦးက ဆိုသည်။
တပ်ရင်း (၁၅) သည် လွယ်ဂျယ်တွင် အခြေစိုက်ထားသော တပ်ရင်းတစ်ရင်းဖြစ်ပြီး တပ်ရင်းမှူးတူးဂျာသည် ၎င်းတပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ်၌ ဒေသခံတိုင်းရင်းသားများနှင့် သင့်မြတ်မှု ရှိကြောင်း ဒေ သခံများ အား အတင်းအကြပ် ခိုင်းစေခြင်းမျိုးပြုလုပ်မှုကို လက်မခံသော ကိုယ်ချင်းစာတရားရှိသည့် တပ်ရင်းမှူး တစ်ဦးဖြစ် ကြောင်း ဒေသခံများက ဆိုပါတယ်။
တူးမိုင် သည် ငြိမ်းချမ်းရေးယူ ရန်တပ်မဟာမှူးသို့ တင်ပြဖူးသောတပ်ရင်းမှူးတစ်ယောက်ဖြစ်ပြီး တပ်မဟာ မှ အစိုးရစစ်ကြောင်းများကို တိုက်ခိုက်ရန် စေလွှတ်ချိန်များတွင် သွားရောက်တိုက်ခိုက်ခြင်း မရှိသဖြင့် တပ်မဟာမှူးမှ မကြာခဏ အရေးယူခြင်းကိုခံရ သူလည်းဖြစ်ကြောင်းသိရပါတယ်။ ယခုအခါတွင် KIA အတွင်း၌ ငြိမ်းချမ်းရေးလိုချင်သော တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများကို လိုလားသော တပ်ဖွဲ့ဝင်များ ဟူ၍ အဖွဲ့များကွဲပြားလျက်ရှိကြောင်း သိရပါတယ်။
ကချင်သတင်း
ဆွေးနွေးပွဲ မလာဘဲ ဂွမ်မော် ဘာလုပ်နေလဲ .....
31.10.2012
ဂွမ်မော် ဟာ ကေအိုင်အေ တပ်တွေအားလုံးကို ကွပ်ကဲရတယ်။ ယခုလောလောဆယ်မှာ ရှမ်းပြည်မှာ တိုက် ပွဲဖြစ်ေ နတော့ တပ်ရင်း(၉)ကို သူက ကွပ်ကဲပြီး စစ်တိုက်နေ ရပါသတဲ့။ ဒါကြောင့် ယခုအစည်း အဝေး ပွဲကို မလာနိုင်တာ ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂွမ်မော် တို့က ရှောင်ထွက်သွားခဲ့တယ်။
အဆိုပါ ဆွေးနွေးပွဲ မှာတော့ KIO ဘက်မှ နိုင်ငံရေး အရ ဆွေးနွေးဖို့  တောင်းဆိုခဲ့ပြီး မြန်မာ အစိုးရ ဘက်က ဒေသ တည်ငြိမ်ရေး၊ စစ်ဘေး ဒုက္ခသည်များကို နှစ်ဦး နှစ်ဖက် ပူးပေါင်းဆောင်ရွက် ကူညီရေး တာပိန်ရေအား လျှပ်စစ် စီမံကိန်း ပြုပြင် ထိန်းသိမ်းနိုင်ရေး တို့ကို တောင်းဆိုခဲ့ပါတယ်။
ဂွမ်မော် မလာတော့ စစ်ရေးကိစ္စ ဘာမှ မဆွေးနွေးနိုင်ဘူး။  ကချင်ပြည်နယ်မှာ ရှိတဲ့ ကချင်တပ်တွေကို ထိုးစစ် တကယ် ဆင်မှာကိုလည်း ဂွမ်မော်တို့က အကြောက်ဆုံးပဲ။ ဒီအစည်းအဝေးကိုသာ တက်လိုက်ရင် ဂွမ်မော် တို့ ကချင်ပြည်သူတွေရဲ့ ဒုက္ခတွေကို ဆွေးနွေးရတော့မယ်။ မြန်မာ့တပ်မတော်နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေက ဦးတည်ဆွေးနွေးမှာက စစ်ရေးထက် ပြည်သူတွေ အရေးဆိုတာကို ဂွမ်မော်သိနေတယ်။ တစ်သက်လုံး ကချင်ကောင်းကျိုးဘာမှ မလုပ်ဖူးတဲ့ ဂွမ်မော် ဒီပွဲကို လာဖို့ သတ္တိ မရှိတော့ဘူး။ တိုက်ပွဲတွေရပ်ဖို့ဆွေးနွေးတာနဲ့ တိုက်ပွဲကို စနေတာ ဘယ်သူလဲ ဆိုတာ ဗူးပေါ် သ လို ပေါ်လာတော့မှာ။ လူရှေ့သူရှေ့မှာ ဂွမ်မော်တစ်ယောက် မြန်မာ့တပ်မတော်ကို ထိုးစစ်ရပ်ဖို့ အကြောင်း မပြောရဲပါဘူး။
အကောင်းဆုံးနည်းလမ်းအနေနဲ့ ဂွမ်မော်ရှောင်ထွက်တယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့ သဘောတူရတယ်။ ကချင်ပြည်နယ်၊ ကချင်လူမျိုးကို ကေအိုင်အေက ကိုယ်စားပြုပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတော့ ယခု လက်ရှိ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကနေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး အထိက တရားမ၀င်တွေ ဖြစ်ကုန်သလို ပါပဲ။ သမ္မတ၊တပ်မတော်၊ ဂွမ်မော်တို့ ကေအိုင်အို သာ ဆွေးနွေးနေတဲ့ ကချင်ပြည်နယ် တည်ငြိမ်အေး ချမ်း ရေး ဇာတ်လမ်းမှာတော့ လက်ရှိ ကချင်အစိုးရအဖွဲ့ဆိုတာ ပွဲကြည့်ပရိသတ်သာသာပါပဲ။
OppositEyE
အသင်း အဖွဲ့ များမှ အာဏာရှင် များ
31.10.2012
စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာသော်လည်း အရပ်ဘက်အဖွဲ့အစည်းများတွင်မူ အာ ဏာ ရှင်ဆန်ဆန်လုပ်ကိုင်မှုများ ရှိနေသေးကြောင်း အသင်းပေါင်းစုံတွင် လုပ်ကိုင်နေ သူများ ကပြော သည်။
“ဒီအလုပ်ဟာ အာဏာရှင်ဆန်လို့ မရဘူး။ ဒါပေမဲ့ အာဏာရှင်ဆန်ဆန် လုပ်ကိုင်နေတဲ့ အသင်းအ ဖွဲ့တချို့ ရှိနေဆဲပဲ”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးကပြောသည်။
အသင်းအဖွဲ့အချို့တွင် အရေးကြီးသောရာထူးများကို လူပုဂ္ဂိုလ်အချို့က ကာလရှည်ရယူထားခြင်း၊ အသင်း အဖွဲ့များမှ အရေးကြီးသူအချို့က အာဏာရှင်ဆန်စွာ ကြိုးနီစနစ်ဖြင့် အုပ်ချုပ်လုပ်ကိုင်မှုများ ရှိနေ ဆဲဖြစ် သည်။
အသင်းအဖွဲ့များတွင် ဆောင်ရွက်ရာ၌ အာဏာပြရသော လုပ်ငန်းမဟုတ်ဘဲ ကိုယ်ကျိုးစွန့်ဆောင် ရွက်ရသော လုပ် ငန်းဖြစ်သည်။ အာဏာရှင်ဆန်ဆန် ဆောင်ရွက်လုပ်ကိုင်မှုများကြောင့် အသင်း အဖွဲ့ များအတွင်း စွမ်းဆောင်ရည်ကျဆင်းလာခြင်း၊ စည်းလုံးမှုအားနည်းခြင်းများကို ကြုံတွေ့လာရကြောင်း ၎င်းကပြောသည်။
“လူတစ်ယောက်ဟာ နေရာတစ်ခုတည်းမှာ အကြာကြီးထိုင်နေမယ်ဆိုရင် အဲဒီလူရဲ့အိုင်ဒီယာတွေဟာ ကြာ လာရင် အဆင်မပြေတော့ဘူး။ တကယ်တော်တဲ့ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေ ကို နေ ရာပေးဖို့ လို တယ်”ဟု မန္တလေးမြို့မှ ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူက အသင်းအဖွဲ့များ၏ အရေးကြီးသောရာထူးနှင့် ပတ်သက်၍ ပြောသည်။
အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေသော အသင်းများရှိသော်လည်း ယခုအ ချိန် ထိ ဗဟိုဦးစီးစနစ်ကျင့်သုံးကာ မိမိနှင့်အဆင်မပြေသူများကို အရွေးချယ်မခံရနိုင်စေရန် ဥပဒေများပြဋ္ဌာန်းပြီး ထိန်းချုပ် ထားသော အသင်း အချို့ ရှိကြောင်း လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟို အလုပ် မှုဆောင် ဒေါက် တာစိုးထွန်းကသုံးသပ်သည်။
“အနားမှာ ရှိတဲ့လူတချို့က မြှောက်ပေးတာ လည်း ရှိတယ်။ ဥက္ကဋ္ဌကြီး မရှိရင် မဖြစ်ပါဘူး။ ဘယ်သူ မ ရှိရင် မဖြစ်ပါဘူး ဆိုတော့ အဟုတ်ထင်တယ်။ ဒီလိုပြောတာက တစ်ယောက်၊ နှစ်ယောက် ပဲ”ဟု ဒေါက် တာ စိုးထွန်းကပြောသည်။
လက်ရှိ အသင်းများတွင် ဥက္ကဋ္ဌအပါအ၀င် ဗဟိုအလုပ်အမှုဆောင် တာဝန်ယူထားသူများမှာ လုပ်ငန်းရှင် ကြီး များဖြစ်ကြပြီး အလုပ်များကြသည့်အတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးလုပ်ရန်ပင် ခဲ ယဉ်းပြီး ဆုံးဖြတ်ချက်များ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် စသည့်လုပ်ငန်းများ မလုပ်နိုင် ကြကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဝင် Nature Dream ခရီးသွားကုမ္ပဏီမှ အုပ် ချုပ် မှု ဒါရိုက်တာ ဒေါ်စပယ်အောင်ကဆိုသည်။
မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်အောက်တွင် စုစုပေါင်းအသင်း ၆၁ သင်းရှိပြီး ထိုအသင်းများမှာ စစ် အစိုးရလက်ထက်က ဖွဲ့စည်းပေးခဲ့သော အသင်းများဖြစ်သည်။
ထိုအသင်းများထဲမှ အချို့တွင် ဥက္ကဋ္ဌ အတွင်းရေးမှူး စသော အရေးပါသော နေရာများကို ယခင် က ရွေး ချယ် ရာတွင် သက်ဆိုင်ရာဝန်ကြီးများနှင့် ရင်းနှီးသူများကို တိုက်ရိုက်ခန့်ထားခံရသူများသည်။ သို့သော် ယ ခုနောက်ပိုင်းတွင်မူ မဲစနစ်ဖြင့် ရွေးချယ်လာသည်ကို တွေ့ရသည်။
အသင်းအဖွဲ့များ၌ တာဝန်ယူထားသူ အချို့မှာ အသင်းအဖွဲ့ကောင်းကျိုးထက် မိမိကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေသူများကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌတစ်ဦးကပြောသည်။
“အသင်းအဖွဲ့တွေမှာပါတဲ့သူတချို့က ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ကုမ္ပဏီအကျိုးစီးပွားကိုပဲ ကြည့်ကြတယ်။ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆာင်ရွက်တာမရှိဘူး”ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။
ဒီမိုကရေစီစနစ်တွင် အသင်းအဖွဲ့များ အားကောင်းရန် အလွန်ပင်အရေးကြီးသည်။ အရပ်ဘက် လူ့အဖွဲ့ အ စည်း များ အားကောင်းလာစေရန်အတွက် တင်းကျပ်သောဥပဒေများကို ပြင်ဆင်ရန်လိုအပ်ပြီး၊ အသင်း အ ဖွဲ့ တွင် ပါဝင်သူတိုင်း ပြဋ္ဌာန်းထားသော အသင်းအဖွဲ့စည်းမျဉ်းများနှင့်အညီ လုပ်ကိုင်၍ အသင်း အဖွဲ့များ အတွင်း စီမံခန့်ခွဲမှု အားကောင်းရန်လိုကြောင်း ကျွမ်းကျင်သူပညာရှင်အချို့ကသုံးသပ်သည်။
“အသင်းအဖွဲ့တွေ ဖွံ့ဖြိုးဖို့အတွက် လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ရှိရမယ်။ အသင်းအဖွဲ့တွေ အားကောင်း မှ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ကို လုပ်လို့ရမယ်”ဟု MDRI (Myanmar Development Resource Institute)မှ Senior Research Fellow ဦးတင်မောင်သန်းကပြောသည်။
ဒီမိုကရေစီစနစ်တွင် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် လွှတ်တော်သည် အင်အားကောင်းရမည်ဖြစ်ပြီး၊ အ ဆို ပါနှစ်ခု အားမကောင်းပါက ဒီမိုကရေစီစနစ် အင်အားချည့်နဲ့သွားနိုင်ကြောင်း အသင်းအဖွဲ့များ အားကောင်းနိုင်စေရန် အစိုးရနှင့် ဥပဒေပြုရေးအဖွဲ့အစည်းများက အားပေးရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်ကျောင်းသားအဖွဲ့မှ ကိုဂျင်မီကပြောသည်။
သို့သော် အသင်းအဖွဲ့အချို့မှာ ယခင်အခြေအနေထက်စာလျှင် ပိုမိုအားကောင်းလာကြောင်း အသင်း အဖွဲ့ များတွင် လုပ်ကိုင်သူများကဆိုသည်။ အစိုးရသစ်လက်ထက်တွင် ပိုမိုပွင့်လင်းလာပြီး ယခင်ကထက် အ သင်း အဖွဲ့များ ပိုမိုပေါ်ထွက်လာပြီဖြစ်ကြောင်း ပညာရှင်အချို့ကသုံးသပ်သည်။
ထို့ပြင် အချို့အသင်းအဖွဲ့များ၌ တာဝန်ယူလုပ်ကိုင်မည့်သူများ မရှိသဖြင့် တစ်ဦးတည်းကပင် သက် တမ်းနှစ် ဆက်၊ သုံးဆက် လုပ်ကိုင်နေရခြင်းများရှိကြောင်း အသင်းအဖွဲ့မှ ပုဂ္ဂိုလ်အချို့ပြော သည်။ မြန် မာနိုင် ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ကို ၂၀၀၅ မှစတင်တာဝန် ယူပြီး၊၂၀၀၉ ပြန်ရွေးရာတွင် ၀င်ရောက် အရွေးခံမည့်သူမရှိ၍ ဥက္ကဋ္ဌတာဝန် ဆက်လက်ယူသော ဦးဇော်ဇော်ကလည်းအောက်ပါ အတိုင်းပြောသည်။
“မနက်ဖြန်မှာ ကျွန်တော့်ထက် ပိုကောင်းအောင်လုပ်နိုင်မယ့် တာဝန်ယူနိုင်မယ့်သူရှိရင် အချိန်မရွေး ကျွန်တော်ထွက်ပေးမယ်။ အချိန်မရွေးလာလုပ်ပါ။ ဒါပမေဲ့ တစ်ခုတော့ရှိတယ်။ ယူပြီး ဖျက်ပစ်လို့တော့ မရဘူး။ ရှိနေတဲ့အဆင့်ထက် ပိုကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းမျိုးရှိဖို့ လိုတယ်”
အသင်းအဖွဲ့များတွင် ဥက္ကဋ္ဌလုပ်သူများမှာ နှစ်ရှည်ဆက်တိုက်တာဝန်ယူသဖြင့် ခါးဆက်ပြတ် သွားသော ပြဿ နာများဖြစ်နေကြောင်း အသင်းအချို့မှ လူငယ်အသင်းဝင်များက ပြောဆိုကြသည်။
“နိုင်ငံခြားမှာလုပ်သလို ဖွဲ့စည်းပုံလေးသတ်မှတ်ပြီးတော့ နှစ်ကြိမ်ရွေးပြီးရင် ဖယ်ပေးရမယ် ဆိုတာမျိုးပေါ့ ။ နောက်တစ်ခုက သူများပြောတာ မစောင့်ဘဲနဲ့ ဦးဆောင်တဲ့လူက မည်သို့ပင်ဆိုစေကာမူ ကျွန်တော်ထွက် ပါတယ်ဆိုတာ ပိုကောင်းပါတယ်”ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌကပြောသည်။
အချို့အသင်းအဖွဲ့များတွင် လက်ရှိတည်ရှိနေသော အမှုဆောင်အဖွဲ့ကို ကြိုက်နှစ်သက်ခြင်း မရှိ သဖြင့် ပြန် လည်ရွေးချယ်ရခြင်းမျိုးလည်း ရှိနေသည်။
“အရင် အလုပ်အမှုဆောင်တွေပဲ ဆက်လုပ်ကြတယ်။ အသစ်ဝင်လို့မရအောင် အလုပ်အမှုဆောင် လုပ်ချင် ရင် ကိုယ်ကိုယ်တိုင် အဆိုပြုရမယ်လို့ ကန့်သတ်ထားတယ်။ အဲဒါကြောင့် ရွေးကောက် ပွဲပြန်လုပ်ပေး ဖို့ တောင်း ဆို ထားတယ်”ဟု ဒေါ်စပယ်အောင်ကဆိုသည်။
အသင်းအဖွဲ့များ အားကောင်းလာစေရေးသည် အဆိုပါအဖွဲ့များအတွင်း လုပ်ကိုင်သည့်သူ များ ၏ တွေးခေါ်မြော်မြင်မှုများ အားကောင်းရန်လိုကြောင်း၊ အမှန်ကို အမှန်အတိုင်းမြင်တတ်ပြီး ဆုံးဖြတ် ချက်များ ပြတ်သားမှသာ အဆိုပါအဖွဲ့အစည်းအတွင်း ရေရှည်တည်တံ့မှု အားကောင်းနိုင်မည်ဖြစ်ကြောင်း ဦးနှင်းဦးကပြောသည်။
ကျင်းပဆဲ လွှတ်တော်များတွင် အင်န်ဂျီအိုဆိုင်ရာဥပဒေများ ထွက်ပေါ်လာပါက အသင်းအဖွဲ့များ ပိုမို အားကောင်း လာနိုင်ပြီး အသင်းအဖွဲ့များအတွင်း စီမံခန့်ခွဲမှု အားကောင်းရန်လိုကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးနှင့် ပတ်သက်၍ တာဝန်ခံမှုများ ရှိရန်လည်း လိုကြောင်း ဒေါက်တာအောင်ထွန်းသက် ကပြော သည်။
အသင်းအဖွဲ့များ အားကောင်းလာခြင်းသည် ဆိုးကျိုးထက် ကောင်းကျိုးကိုသာ ပိုမိုဖြစ်ထွန်းစေကြောင်း၊ အ သင်းအဖွဲ့များ များပြားလာခြင်းသည် ဒီမိုကရေစီစနစ်ကို ပိုမိုအထောက်အကူပြုကြောင်း ဦးတင်မောင်သန်း ကပြော သည်။
Aye Chan Mon
ရခိုင် ဒေသ ပဋိပက္ခ ကြိုးကိုင်သူများ စုံစမ်းစစ်ဆေး နေပြီ
31.10.2012
ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားသည့် ပဋိပက္ခများ၌ နောက်ကွယ်မှ ကြိုးကိုင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေပြီဟု သိရသည်။
ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများသည် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်း တချို့နှင့် လူပုဂ္ဂိုလ် များက လုပ်ဆောင်နေကြောင်း သတင်းအမျိုးမျိုး ထွက်ပေါ်နေခြင်းနှင့် ပတ်သက် ၍ နိုင်ငံတော် သမ္မတရုံး ပြောခွင့် ရ သူ ဦးဇော်ဌေး က တရားဝင် ထုတ်ဖော်ကြေ ညာ ရန် အချိန်မ တန်သေးကြောင်း ဧရာဝတီ ကို ပြောသည်။
“ကြိုးကိုင်မှုတချို့ တွေ့ရှိထားတာတော့ရှိပါတယ်၊ ဒါပေမယ့် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်လို့ ဘယ်သူ၊ ဘယ်ဝါ ဆိုတာကို တရားဝင် ကြေညာလို့မရသေးပါဘူး၊ စုံစမ်းဖော်ထုတ်ပြီးရင် အားလုံး ရှင်းရှင်းလင်း လင်းဖြစ်အောင် ကြေညာမယ်၊ ဘာမှ ကွယ်ဝှက် ထား စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
ဇွန်လဆန်းမှ စတင်၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၁၇၀ ၀န်းကျင်၊ ဒဏ်ရာရသူ ၂၀၀ ကျော်၊ လူနေအိမ် ၈၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၂၀ ခန့်၊ စာ သင်ကျောင်း ၅ ကျောင်း၊ ဗလီ ၁၈ ခု ပျက် စီးသွားကြောင်း အာဏာပိုင်အဖွဲ့ စာရင်းများအရ သိရသည်။
လူသေဆုံးမှု၊ ဒဏ်ရာရမှု၊ ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော် မရှင် ၂ ခု ဖွဲ့စည်း ထားသော်လည်း ယနေ့အထိ စစ်ဆေးတွေ့ရှိမှုများအား တရား ၀င် ကြေညာခြင်း မရှိသေးပေ။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ရခိုင်ဒေသပြဿနာသည် ရာဇ၀တ်မှုများ ဖြစ်ကြောင်း၊ ရာဇ၀တ် မှု ဖော်ထုတ်ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း ကြိုတင်ထုတ်ဖော်ပြောဆိုမှု မရှိကြောင်း၊ ဇွန်လ အ တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး ကော်မရှင်၏ အစီရင် ခံ စာ တစောင်ကိုလည်း သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်း ပြောဆိုသည်။
တောင်ကုတ်မြို့၌ ဇွန်းလဆန်းက လူ ၁၀ ဦးအသတ်ခံမှုနှင့်ပတ်သက်၍လည်း ဆက်နွယ် ပတ်သက် သူ တ ချို့ တွေ့ရှိထားပြီး ဖြစ် ကြောင်း၊ စုံစမ်း စစ်ဆေးမှု အားလုံးပြီးစီး သွားပါက ပြည်သူ ကို ကြေညာပေး သွား မည်ဖြစ်ကြောင်းလည်း ဆိုသည်။
ထိုအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော် မတီ တခုကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းပေးထားပြီး ရခိုင်ပြည်နယ် တခုလုံး ၏ ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် အလွှာပေါင်းစုံမှ အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည့် စုံ စမ်းရေး ကော်မရှင် တခုကိုလည်း ဖွဲ့စည်းထားသည်။
ရခိုင်ပဋိပက္ခ တဖြည်းဖြည်း ကြီးထွားသွားခြင်းသည် အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၌ ဘာ သာရေး ၊ လူမျိုးရေးကိစ္စများကို ၀ါဒဖြန့် ပြောဆိုမှုများ ပါဝင်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။
လတ်တလော ပဋိပက္ခများကြောင့် နှစ်ဘက်စလုံးမှ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း၊ အများစုမှာ မွတ် စလင်များ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များက ဆိုသည်။ ထိုဒုက္ခသည်များ အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“လောလောဆည်တော့ ပထမအကြိမ်ဖြစ်တုန်းက စုဆောင်းထားတဲ့ ပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေ နဲ့ နေ ရာချပေးထားတယ်၊ ရေ ရှည်အတွက်တော့ အကူအညီတွေလိုအပ်မှာ”ဟု ၎င်းက ဆိုသည်။
တကျော့ပြန် ရခိုင်ပဋိပက္ခသည် မင်းပြားမြို့မှ စတင်ခဲ့ပြီး မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင် ၊ ကျောက်တော်၊ ပေါက် တော၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ ကူးစက်သွားကာ ရခိုင်ဒေသခံများနှင့် မွတ်စလင်များ အကြား အပြန်အလှန် မီးရှို့မှု၊ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာ ရသူအများ အပြားလည်း ရှိသည်။
ရခိုင်ပဋိပက္ခ လုံးဝ တည်ငြိမ်သွားခြင်းမျိုး မရှိသေးဘဲ ရမ်းဗြဲမြိုနယ် ကျောက်နီမော် အရပ်၌ မွတ်စလင် များ အား သီးသန့် နေရာ ချ ထားပေးရန် ယနေ့ နံနက်တွင် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာ လူ တဦး သေဆုံးပြီး တဦးဒဏ်ရာ ရသွားကြောင်း သိရသည်။
ပဋိပက္ခ ရုတ်တရက် ကြီးထွားသွားရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုံခြုံရေး အစီအစဉ် အားနည်းခြင်း နှင့် တာဝန်ယူမှု ပျက်ကွက်ခြင်း၊ ပဋိပက္ခဖြေရှင်းသည့် စစ်တပ်သည်လည်း မိုးပေါ်ထောင်၍ ခြောက်လှန့် ပစ်ခတ်ရမည့် အစား လူကိုပစ်မှတ်သဖွယ် ပစ်ခတ်၍ သေဆုံးသူ များ ရခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။
ထိုသို့ ပစ်ခတ်မှုများ အတွက် စစ်တပ်အရာရှိများနှင့် တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်စွာ အရေး ယူနိုင် ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ကျောက်တော်နှင့် ရသေ့တောင် ဒေသခံများကလည်း ဧရာဝတီ ကို ပြောသည်။
ပြည်နယ်အစိုးရနှင့်သမ္မတရုံး အဖွဲ့တို့ကမူ စစ်တပ်က ပစ်ခတ်မှုရှိလျှင်လည်း ဥပဒေအတိုင်း လိုအပ်ချက်အရ ပစ်ခတ်မှု ရှိနိုင်ကြောင်း တုံ့ပြန် ပြောဆိုသည်။ လူသေသည့် ပစ်ခတ်မှုကို ဒေသဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သို့ အရေးယူမည်ကို မသိရသေးပေ။
ဇွန်လအတွင်း စတင်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ်အများစုကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ရခိုင်တပြည်လုံးကိုလည်း အရေးပေါ် အခြေအနေ ကြေ ညာထားခြင်းကို ရုပ်သိမ်းမှု မရှိသေးပေ။
အစိုးရသတင်းစာများတွင်လည်း စစ်တပ်ကပစ်ခတ်ခြင်းမဟုတ်ဘဲ လူစုလူဝေးအချင်ချင်းမှားယွင်း ပစ် ခတ်ခြင်းကြောင့် ကျောက် တော်မြို့၌ လူ ၄ ဦး သေဆုံးကြောင်း၊ လူစုလူဝေးများထံမှ တူမီးသေနတ် စုစုပေါင်း ၇၁ လက် သိမ်းဆည်းရမိကြောင်း အောက် တိုဘာ၂၉ ရက်နေ့က ရေးထားသည်။
ထို့ကြောင့် ရခိုင်ဒေသ၌ လက်ရှိတွင် လုံခြုံရေး အင်အားတိုးချထားကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခသည် သာ မန်ဖြစ်ရိုး ဖြစ်စဉ် တခု မဟုတ်ဘဲ အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်ကြောင်း၊ ထို့ကြောင့် စနစ်တကျ ကိုင် တွယ်၍ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက ဆိုသည်။
လက်ရှိတွင်လည်း ဆူပူအကြမ်းဖက်မှုများနှိမ်နင်း ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးများ အပါအ၀င် အဓိ က ရုဏ်း နှိမ်နင်ရေး လက်နက် ကိရိယာများ လုံလောက်စွာ ဖြန့်ဖြူးပေးထားကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၅၀၀၀ ကျော်၊ နယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နှင့် တပ် မတော် တပ်ရင်း ၅၁ ရင်းတို့ကို လုံခြုံရေး ချပေးထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ က ပြောဆိုသည်။
တကျော့ပြန် ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား ကိုနစ် နာစေ သဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း တည်ငြိမ်ရေး ကို ထိထိရောက်ရောက်  ဆောင်ရွက် သွားမည် ဟု နိုင် ငံတော် သမ္မတရုံးက အောက်တိုဘာ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုများ ရှိနေကြောင်း သိရှိရသည့် အတွက် ဖော် ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သကဲ့သို့ တောင်ကုတ်မြို့၌ ဇွန် လဆန်း က လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စတွင်လည်း နောက်ကွယ်မှ ပါဝင်ပတ်သက်သူ တချို့ရှိသည်ဟု အစိုးရက ပြောဆိုခဲ့သေးသည်။
The Irrawaddy (Burmese Version)
သတင်း ဇစ်မြစ် နှင့် စာနယ်ဇင်း ကျင့်ဝတ်
ပဏာမအနေဖြင့် သတင်းမီဒီယာများအပေါ် ထားရှိသော မိမိတို့၏ သဘောထားကို ဆက်သွယ်ပြော ဆိုခဲ့ဘူးသော မီဒီယာသမားများ ကောင်းစွာ သိရှိထားမည် ဟု ယုံကြည်ပါသည်။ ယခု တင်ပြချက်မှာ စာနယ် ဇင်းသမား အကုန်လုံး၊ ဂျာနယ်အားလုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲလက်တွေ့ ကြုံတွေ့ခဲ့ရ သည့်  ဖြစ်ရပ် တစ်ခု ကို အခြေပြု ၍ အယ်ဒီတာ မင်းများ ချင့်ချိန် စဉ်းစားနိုင် ပါရန် စိတ်ရင်းစေတ နာကောင်းဖြင့် ရေး သား ရခြင်းဖြစ်ကြောင်း အလေးအနက်ထား တင်ပြလိုပါသည်။
ပြီးခဲ့သည့် သီတင်းပါတ်အတွင်းက အပါတ်စဉ်ထုတ် သတင်းဂျာနယ်(၁)စောင် (အကြောင်းကြောင်းကြောင့် အမည်နာမ ဖော်ပြခြင်း မပြုပါ) တွင် သတင်းတစ်ပုဒ် ဖော်ပြပါရှိခဲ့ပါသည်။
အဆိုပါ သတင်း တွင် " နိုင်ငံတော် သမ္မတ ရုံး မှ တာဝန်ရှိ သူ တစ်ဦးက အတည်ပြု ပြောကြားသည်၊" " နိုင်ငံတော် သမ္မတရုံးမှ သိရှိရသည်" စသည့် စကားရပ်များ ဖော်ပြပါရှိခဲ့ပါသည်။ သတင်း မီဒီယာများနှင့် အဓိက ဆက်သွယ်ဆက်ဆံမှု ပြုနေရသူ တစ်ဦးအနေဖြင့် အဆိုပါ ဖော်ပြချက်နှင့် တိုက်ရိုက် သက် ဆိုင်နေပါသည်။ ယင်းဂျာနယ်သို့လည်း မိမိအနေဖြင့် အဆိုပါ သတင်းဖော်ပြချက် အတိုင်း ပြောကြားခဲ့ ဘူးခြင်း မရှိခဲ့ပါ။
အဆိုပါသတင်းပါ ဖော်ပြချက်များမှာ မိမိကိုယ်တိုင်ပြောကြားထားခြင်း မရှိသည့်အတွက် အဆိုပါ ဂျာနယ် တိုက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အယ်ဒီတာချုပ်နှင့် ဆက်သွယ်ပြောကြားနိုင်ခြင်း မရှိခဲ့သော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ တာဝန်ယူထားသော တာဝန်ခံအယ်ဒီတာ(၁)ဦးနှင့် အ ဆက်အသွယ် ရရှိခဲ့ပါသည်။ ယင်းအား မိမိ သိရှိလိုသည်ကို မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိ သူ(၁)ဦးမှာ မှန်ကန်ကြောင်း၊ စာနယ်ဇင်းကျင့်ဝတ်အရ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း ပြန် လည်ဖြေကြားခဲ့ပါသည်။
ယင်းနောက် သတင်းရေးသားသူ ကာယကံရှင် သတင်းထောက်နှင့် အဆက်အသွယ် ရရှိခဲ့ရာ ၄င်းမှလည်း ယင်းကဲ့သို့ပင် စာနယ်ဇင်း ကျင့်ဝတ် အရ သတင်း Source ကို ထုတ်ဖော်ပြောကြား ရန်မဖြစ်နိုင်ကြောင်း  ပြန်လည် ဖြေကြားခဲ့ပါသည်။
ယင်းနောက်  မိမိတို့ဘက်မှလည်း ဖြစ်နိုင်ဖွယ်ရာ ရှိသော ဇစ်မြစ်များသို့ စုံစမ်းမေးမြန်းခြင်းများ တစ်ချိန် တည်း ပြုလုပ် ခဲ့ပြီး အပြု သဘော စေ့စပ် ညှိနှိုင်းခြင်း များ ဆောင်ရွက်ပြီး သည့် သ ကာ လ ယင်း သတင်းထောက် ဖော်ပြထားသော ဇစ်မြစ်မှ နိုင်ငံတော်သမ္မတရုံးနှင့် သော်လည်းကောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် သော်လည်းကောင်း လားလား သက်ဆိုင်ခြင်း မရှိသော ဇစ်မြစ်တစ်ခု ဖြစ်နေကြောင်း တိကျ ခိုင်မာစွာ သိရှိလိုက်ရပါသည်။ (မိမိထံတွင် ပြောကြားချက် အသံဖိုင် အပြည့်အစုံ ရှိပါသည်။)
ယင်းဇာတ်လမ်း ဤမျှနှင့် ပြီးစေ ထားလိုက်ပါသည်။ နောင်တွင် နိုင်ငံတော် သမ္မတရုံးနှင့် စပ်လျဉ်းသော သတင်းများအား မိမိထံတွင် Confirm ပြုလုပ်ပေးပါရန် သက်ဆိုင်သူ တာဝန်ခံအယ်ဒီတာအား မေတ္တာ ရပ်ခံခဲ့ပါသည်။
သို့သော်လည်း မိမိထံတွင် ဆက်လက်စဉ်းစားတွေးတောစရာ အတွေးစများ ကျန်ရှိခဲ့ပါသည်။
(၁) သတင်းထောက်(၁)ဦးသည် မည်သည့်နေရာမှ ရရှိလာသည် မသိသော သတင်းဖော်ပြ ချက် ကို နိုင် ငံတော်သမ္မတရုံးသော်လည်းကောင်း၊ အခြားသော ( အမှန်တစ်ကယ် ပြောကြား ခြင်း မရှိသော ) သတင်း ဇစ်မြစ် တစ်ခုကိုသော်လည်းကောင်း ထည့်သွင်း ဖော်ပြပါမည်။ တာဝန်ရှိ အယ်ဒီတာမင်းများကလည်း ထည့် သွင်း ဖော်ပြခွင့် ပြုလိုက်ပါမည်။
(၂) နိုင်ငံတော်သမ္မတရုံး (သို့မဟုတ်) ယင်းသတင်းဖော်ပြချက်ပါ သတင်းရရှိသည့် ဇစ်မြစ်မှ သိ ရှိသော အခါ အဆိုပါသတင်းဂျာနယ်/မီဒီယာသို့ မေးမြန်းပါလိမ့်မည်။
(၃) ယင်းသို့ မေးမြန်းသောအခါ စာနယ်ဇင်းကျင့်ဝတ်အရ သတင်းဇစ်မြစ်ကို ထုတ်ဖော်ပြေကြားနိုင်ခြင်း မရှိပါ ဟူ၍ ပြန်လည် ရှင်းလင်းပါမည်။
(၄) ဤသို့သော အခြေအနေ တစ်ရပ် ကြုံတွေ့လာခဲ့ပါက မည်သို့မည်ပုံ ဆက်လက် ရှင်းလင်းကြ မည် နည်း။
(၅) ထိုအခါ အဓိက ဖော်ပြခြင်း ခံထားရသည့် သက်ဆိုင်သည့် ဌာနမှ ၄င်းတို့ပြောကြားခြင်း မရှိသည့် အတွက် ဥပဒေကြောင်းအရ ရှင်းရ လင်းရ ဆောင်ရွက်နိုင်ပါလိမ့်မည်။  (သို့သော် မီဒီယာနှင့် ယင်း သက် ဆိုင် သည့်ဌာနတို့အကြား ဆက်ဆံရေးကောင်း ပျက်စီးသွားပါလိမ့်မည်။)
(၆) အဓိက တင်ပြလိုသည်မှာ သက်ဆိုင်သည့် ယင်းဂျာနယ်အကြောင်းသာ ဖြစ်ပါသည်။ အခြားသော ဂျာ နယ် အတော်များများမှာ သတင်းရင်းမြစ်ခိုင်မာမှ ထည့်သွင်းလေ့ ရှိကြပါသည်။ သတင်းထောက် (၁) ဦး တင်ပြလာသော သတင်းသည် မည်မျှ ခိုင်မာမှု ရှိ-မရှိ၊ မှန်ကန်ခြင်း ရှိ-မရှိ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီ တာ ချုပ် စသည့် တာဝန်ရှိသူတို့က စိစစ် အတည်ပြုရန် လိုအပ်မည် ဟုလည်း ထင်မြင် ယူဆပါ သည်။ (နိုင် ငံတော် သမ္မတရုံးက ပြောကြား သည်ဟု ဖော်ပြလျှင် လည်းကောင်း ၊ သတင်းထွက်ပေါ်ရာ Source တစ်ခုခု ကို ဖော်ပြလျှင် လည်းကောင်း စာဖတ် သူ ပြည် သူ များမှာ ယုံကြည်ကြဖို့ များ ပါသည်။)
(၇) သတင်းမီဒီယာများနှင့် အဓိက ဆက်သွယ်ဆောင်ရွက်နေကြရသော Contact Person များ အနေဖြင့် တာဝန်သိရ၊ တာဝန်ယူရသလို မည်သည့် အတိုင်းအတာကို ပြည်သူသို့ သိရှိအောင် ပြောခွင့် ရှိသည်၊ မည်သည့်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောကြားခွင့် မရှိ အစရှိသည့် အတိမ်အနက်များ ကို ကောင်း စွာ သိရှိထားကြရပါသည်။ ယင်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့သည့် ကိစ္စ ရပ် များ ကြုံတွေ့ လာသော အ ခါ ဟိုမေး ဒီမေး၊ ဟိုထင် ဒီထင် ဖြစ်ရ သ လို ပြောခွင့် မရှိဘဲ ပြောကြား ခဲ့ သူ များ အား ထုတ်ဖော်နိုင် ရန် စိစစ်ရမည့် အနေအထားအထိ ဆိုက်ရောက်စေနိုင်ပါသည်။
တစ်ဖန် ယင်းဂျာနယ်မှ သက်ဆိုင်သူတို့ ဆုပ်ကိုင်ပြောကြားနေသည့် စာနယ်ဇင်းကျင့်ဝတ်သည် မည်သို့သော ကျင့် ဝတ်ဖြစ်ပါသနည်း။
စာနယ်ဇင်းသမားများကို အကာအကွယ် ပေးခြင်းသည် လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစနစ်၏ အညွှန်း ကိန်းတစ်ရပ် ဖြစ်သည်မှာလည်း မှန်ပါသည်။ ဤသည်ကိုလည်း မိမိတို့ အနေဖြင့် သိရှိနားလည် လက်ခံ ရမည်သာ ဖြစ်ပါသည်။
သို့သော်  မိမိကိုယ်တိုင် လတ်တလော ကြုံတွေ့ခဲ့ရသော ဖြစ်စဉ်ဖြစ်ရပ်မျိုးတွင်တော့ စာနယ်ဇင်း ကျင့် ဝတ် ဆိုသည်မှာ - - - - - -။
Hmuu Zaw
*** ပေးဆပ်ခြင်း ***
လှတော့လှတယ်
တန်ဆာဆင်ထားမှတော့
အရှေ့ယဉ်လို့ အနောက်မြင်တဲ့
ဥဒေါင်းအသွင်တော့ငါမဆောင်ဘူး
အကျည်းတန်ရတာကိုကျေနပ်တယ် ......
အရှုံးအမြတ်ကိုတွက်မိတိုင်း
ပုခုံးအထက်နားက
အမာရွတ်ကလှောင်ရယ်တယ်
လှပတဲ့နေ့သစ်တွေအတွက်
မရေးဖြစ်လိုက်တဲ့ရာဇဝင်မှာ
ငါဘုရင်ဖြစ်ချင်ဖြစ်ခဲ့မယ်
လက်တွေ့မှာတော့
အခက်တွေ့နေရတာ နေ့စဉ်ပေါ့ ......
အမုန်းမဲ့သောမေတ္တာ
ရှုံးမှမြတ်သောသစ္စာနဲ့
နာကျည်းစရာများစွာအတွက်
ငါ့နိုင်ငံအတွက် ငါပေးဆပ်နေတဲ့
အမြဲ ထွန်းလင်းနေတဲ့ ဖီးနှစ်ငှက်ငယ် ......
လမ်းပြ ကြယ်
ရဟန်းတော် များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်း သည် မည်သည့် သိက္ခာပုဒ် များနှင့် ငြိစွန်း နေပါသနည်း
မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက် အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့် သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။ ( ကိုမြင့်သိန်း (စင်္ကာပူ) )
ဖြေ။…………။ ဒီမိုကရေစီ မေးခွန်း ဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံ လုပ်တာ အခု ရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ် ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာ ပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ် ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကို ထုတ်ဖော် တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်း လုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲ ဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။
ဥပမာ တစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ( ရယ်သံများ )စကားကလည်းယဉ်ယဉ် ကျေးကျေး  လေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ် ပြဿနာ ပေါ်လာ ခါနီးမှာ ရှင်သာရိပုတ္တရာ နဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ ( ကြားဖူးကြလား ) ( မကြားဖူးပါဘုရား ) မကြားဖူး ဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကို ဆန့်ကျင်ပြီးတော့ သူရာဇဝတ် အမှုမကင်း တဲ့ အလုပ်တွေကို လုပ်တော့မယ် ဆိုတာ ဘုရားက သိတယ်။ သိတဲ့ အခါကြတော့ မြတ်စွာဘုရား က ရှင်သာရိပုတ္တရာ ကို ဦးဆောင်ခိုင်း ပြီးတော့ ပကာသနိ ယကံ ဆို တာ ကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ် ရဲ့ သဘော ထားနဲ့ ဘုရား သာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလို ထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာ ရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရ တယ် ။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်း ကတစ်မျိုး အခု တစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ် လုပ်သမျှ ကိစ္စတွေ ဟာ သာသနာ နဲ့မဆိုင်ဘူး။ ကျန်တဲ့ ရဟန်းတွေ နဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့ သာဆိုင် တယ် ဆိုတာ ကို ထုတ်ဖော် ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒ ပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်း ဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ် ရယ် လို့ပြောစရာ အကြောင်းမရှိဘူးပေါ့။
ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ် ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများ သိအောင် ကြေငြာတာတော့ လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့် သိက္ခာပုဒ်နဲ့ ငြိစွန်းပါ သနည်း လို့ဆိုရင် ...
မြတ်စွာဘုရားက “ ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ ” ဆိုတာမရှိဘူး အဲဒီ တော့ ဥပဒေမရှိသည့် အတွက်ကြောင့် ဘယ်သိက္ခာပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာ ရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာ လာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလို သာရှိတယ် ဒီတော့ ဒီမေးခွန်း က အဲဒီလိုသာ မှတ်ရမယ်။
( ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ )
အက်ရှင်ဘဘ ဒီမို
လူငယ် မီဒီယာသမား တို့ ယခု ကတည်းက ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည့် လမ်းပေါ် တင်ထားသင့် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
31.10.2012
လူငယ်မီဒီယာသမားတို့သည် မိမိတို့ဘ၀တွင် ရှေးက စံထားခဲ့ကြသော သတင်းစာဆရာကြီးများ ကဲ့သို့ လူရိုသေ ရှင်ရိုသေ တစ်သက်လုံး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ယခုက တည်းက ကြိုတင် ၍ ပြင် ဆင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးစကား ပြောကြားခဲ့သည်။ "လူငယ်သတင်း သ မားတွေ သတင်းတွေယူ တဲ့၊ မေးတဲ့အခါမှာ၊ အခြေအနေတွေကို သုံးသပ် တဲ့အခါ မှာ လေးလေး နက် နက် လုပ်ကြပါ။ အပေါ်ယံကြော မကြည့်ပါနဲ့။ နောက်တစ်ခုက လူတွေ၊အဖွဲ့အစည်းတွေ ရဲ့ လုပ်ဆောင် မှုနဲ့ ပတ် သက် လို့ ရှေ့နောက်ညီရဲ့လားဆိုတာ သေသေချာချာ သုံးသပ်ဖို့လိုတယ်။ ခုတစ် မျိုး၊ ခု တစ် မျိုး ဆိုတဲ့ဟာ မျိုးက ဘယ်တော့မှ စိတ်မချရဘူးဆိုတာသိရ မယ်။ အပေါ် ယံကြော ကြည့်ပြီး ဆုံးဖြတ် ချက်ချမိ ရင် နိုင်ငံ့ အကျိုးလည်းမပြု၊ ဘယ်သူ့ကို မှလည်း အကျိုးမပြုနိုင်ဘူး။ အမေကတော့ မီဒီယာကို တစ်ချိန်လုံး သ တိပေးနေ ပါတယ်။ လူငယ်မီဒီယာတွေဟာ အခုကတည်းက ကိုယ့် ကိုယ်ကိုယ် ဖြောင့် မတ်တဲ့ လမ်းပေါ် တင် ထား ကြပါ။ နောက် အ သက်ကြီး လာမှ ဆိုရင် ပြောင်းရ၊ ပြင်ရ ခက် တယ်" ဟု  ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော် ပဉ္စမအစည်း အဝေး ပထမနေ့၊ အောက်တိုဘာ ၂၂ ရက်တွင် မီဒီယာ များနှင့် ခေ တ္တ တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ် ခဲ့သော နိုင်ငံတော်သမ္မတ၏ ပထမဆုံးအကြိမ် သတင်း စာရှင်း လင်းပွဲနှင့်ပတ်သက်ပြီး မည်သို့သဘောထားပါသလဲဟူသည့် အမေးနှင့်ပတ်သက်၍ လည်း "အခုလို မီဒီယာနဲ့ ထိတွေ့ ဆက်ဆံတယ်ဆိုတာ ကောင်းပါတယ်။ အစိုးရနဲ့ မီဒီယာနဲ့ ဆက်ဆံ သင့်တာပေါ့။ မီဒီယာတွေက လည်း ဒီလိုဆက်ဆံခြင်းအားဖြင့် အခြေအနေ တွေကို သုံးသပ်နိုင်တာပေါ့။ မီဒီယာတွေ ဘက် ကလည်း အရေးကြီးပါတယ်။ မီဒီယာအနေနဲ့ အဖန်ဖန် သုံးသပ်နိုင်မှသာ လူတွေအကြောင်းကို သိတာ။ တစ်ခါ နှစ်ခါ တွေ့ရုံလောက်နဲ့တော့ အကြောင်း မသိနိုင်ဘူး။ ကိုယ့်မိတ်ဆွေတွေ တောင်မှ အ ဖန် ဖန်သုံးသပ်မှ သိနိုင်တာ။ အစိုးရ ဆိုရင် ပိုပြီးတော့ တောင်မှ အဖန်ဖန် အကြိမ်ကြိမ် တွေ့ပြီး သုံး သပ်ရမှာပေါ့" ဟုဖြေကြားခဲ့သည်။ သမ္မတကြီး၏ဖြေကြားချက်များအပေါ် မီဒီယာအများစုတို့က အား ရမှု နည်းပါးခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ဤသို့ဖြေကြားခဲ့သည်။
"အစိုးရအဖွဲ့အနေနဲ့တော့ ဒီလိုပဲရှိမှာပါ။ ဒါ ကြောင့် ပြောတာပေါ့။ အခုလို ကိုယ့်ဘာသာ ကိုယ်သိ ကြ ရတော့ ပိုပြီးကောင်းတာပေါ့။ နောက်ပြီးတော့လည်း အစိုးရအဖွဲ့နဲ့ လွှတ်တော် ရဲ့သဘာဝက မတူ ကြဘူး။ လွှတ်တော်က သဘာဝအရ ပိုပြီးတော့ အစိုးရအဖွဲ့ထက် ပွင့်လင်းမှုရှိတယ်။ မပွင့်လင်း လို့ လည်း မရဘူး လေ။ လွှတ်တော်ကိုယ်စားလှယ်က ၆၅၁ ယောက်ရှိတာဆိုတော့ ဘယ်အရာ ကိုမှ ဖုံးထား ဖိထားလို့မှ မရဘဲ" ဟု မြန်မာတိုင်း(မ်)ကို ဖြေကြား ခဲ့သည်။ ထို့ပြင် လူငယ်မီဒီယာသမားတို့အနေဖြင့် ယခုကဲ့သို့ မီဒီယာခေတ်ဖြစ်လာချိန်တွင် အထူးသတိ ထားပြီး မိမိကိုယ်မိမိ ထိန်းမတ်ရမည့် အဓိက အချက် များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေး ပြောကြားခဲ့သည်။
"အခုခေတ်က မီဒီယာခေတ်၊ မီဒီယာက တော်တော်ဩဇာရှိလာပြီ။ ဩဇာရှိလာတဲ့ အလျောက်မြောက် သွား တတ်တယ်။ ပိုးဝင်သွား နိုင်တယ်။ အမြဲသတိထား၊ ကိုယ့်ကိုယ်ကိုယ်လည်း သတိ ထား၊ သူ များတွေ ကိုလည်း ကြည့်နေ၊ နေရာ၊ အာဏာနဲ့ ဩဇာတွေမှာ သာယာသွားနိုင် တယ်။ ပိုးဝင်နိုင် တယ်။ ဘယ်သူက ပိုးဝင်သွား သလဲဆိုတာ ကြည့်နေဖို့လိုတယ်။ ပိုးဝင်သွားတာ နဲ့ ပညာ ကလေးတွေ ပြ တတ်တယ် ။ မြင်အောင် ကြည့် ဖို့လို တယ်။ ရှေ့နောက်မညီတဲ့စကားတွေ၊ လုပ်ရပ် တွေ၊  (နေရာ၊ အာဏာနဲ့ ဩဇာအပေါ်) သာယာယစ်မူးလာတဲ့ကိစ္စတွေ။ ဩဇာ၊ အာဏာရှိလာရင် ပျက်စီးတတ် တယ်။ ကိုယ့်ကိုယ် ကိုယ် လည်း အမြဲဆင်ခြင်နေ ရမယ်။ ငါတို့ပြောလိုက်တယ်ဆိုရင် လူ တစ်ယောက် ရဲ့ဘ၀ ကို ပြောင်း လဲနိုင်စေတယ်ဆိုတဲ့အသိ ထားရမယ်။ ဒါဟာ ဩဇာအာဏာလို့ မမြင်နဲ့၊ သာယာဖို့ မဟုတ်ဘူး၊ ဒါဟာ တာဝန်လို့ သတ်မှတ်ရမယ်။ ရိုးရိုးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာ အတင်းအ ဖျင်းတွေ ကို ရေး သားဖော်ပြ တာမျိုးဟာ တကယ်တော့ တိုင်းပြည်နဲ့လည်းမဆိုင်ဘူး။ မိမိရဲ့ အသိုက် အ၀န်း အကျိုးစီးပွားနဲ့ လည်း မဆိုင်ဘဲ လူတွေဖတ်လို့ကောင်းအောင်ရေးတာမျိုးဟာ ပုဂ္ဂိုလ်တွေ ရဲ့ ဘ၀တွေကို ပျက် စေနိုင်တယ်။"ဟု ၎င်းက ပြောကြားခဲ့သည်။မီဒီယာလုပ်ငန်းကို စီးပွားရေးအမြင်အရ လုပ် ရသည်များ ရှိနိုင်သော်လည်း ဖတ်ကောင်းရုံ ပုဂ္ဂိုလ်ရေး အတင်း အဖျင်းများ မရေးစေလို ကြောင်း၊ မည်သည့် အကြောင်းအရာ ကိုမ ဆို လေးလေး နက်နက် ဆင်ခြင်ရေးသားဖော်ပြစေ လိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။
myanmar times
Myanmar Express
ဆွစ်ဇာလန် သံရုံး ရန်ကုန် တွင် ဖွင့်မည်
31.10.2012
့မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်တော့ မည်ဖြစ်ေ ကြာင်း မြန်မာနိုင် ငံ ဆိုင်ရာ ဆွစ်ဇာလန် သံ အမတ်ကြီး မစ္စတာ ခရစ် စတော့ ဘာဂနာ (Christoph Burgener) က ပြောသည်။ခရစ်စတော့ ဘာဂနာသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ ဆိုင် ရာ သံ အမတ်ကြီးဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်တွင် ရုံးထိုင်သည်။ သံရုံးဖွင့်ပွဲ သို့ ဆွစ်ဇာလန် နိုင် ငံခြားရေး ၀န်ကြီး တက်ရောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံသည် ပထမဆုံး အကြိမ်အနေနှင့် မြန်မာနိုင်ငံတွင် သံရုံး     လာရောက်ဖွင့်လှစ်ခြင်း ဖြစ် သည်။ ဆွစ်ဇာလန် နိုင် ငံသည် မြန် မာနိုင်ငံ နှင့် စီးပွားရေးအရဆက်ဆံမူကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန် သံအမတ်ကြီးက ပြော သည်။ ဆွစ်ဇာလန်နိုင်ငံမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ဈေးကွက်ကို စိတ်ဝင် စား မူရှိပြီး အပတ်စဉ် သံရုံးသို့ ကိုယ်စားလှယ် ၂ ဦး၊ ၃ ဦး လာရောက် စုံစမ်းလျက်ရှိသည်ဟု သံအမတ်ကြီး ခရစ်စတော့ ဘာဂနာက ပြောသည်။
ဆွစ်ဇာလန်နိုင်ငံမှ အဏုဇီဝလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ လမ်းတံတားဆောက်လုပ်ရေး၊ စက်ပစ္စည်းကုမ္မဏီ များ အများဆုံး စိတ်ဝင်စားကြသော်လည်း နာမည်ကြီး ဘဏ်လုပ်ငန်းများအနေနှင့် ယနေ့အချိန်အထိ ဆက် သွယ်မူ မရှိသေးကြောင်း သိရသည်။
“ကုမ္မဏီတွေက အကြိုဆန်းစစ်တဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ ကျနော်တို့ဟာမြန် မာနိုင်ငံ ရဲ့နိုင် ငံခြား ရင်းနှီးမြှုပ်နှံမူ ဥပဒေကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး ထွက်လာတဲ့အခါ ဆန်းစစ် သုံးသပ် ချက်တွေ လုပ် ပြီး သူများတွေကိုလည်း ဝေမျှသွားဖို့ရှိပါတယ်။ ဆွစ်ဇာလန်ကဘဏ်လုပ်ငန်းတွေအနေနဲ့ ဒီကို လာရောက် လုပ်ကိုင်ဖို့ သံရုံးကိုစုံစမ်းတာမျိုး ကျနော် သတိမထားမိဘူး” ဟု သံအမတ်ကြီး ခရစ် စတော့ ဘာဂနာက ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် ယခုနှစ် မေလတွင် ဆွစ် ဇာ လန်နိုင်ငံ က မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူထားသည်များအနက် ကာကွယ်ရေးသုံးပစ္စည်းနှင့် ဖိနှိပ်ရာတွင် အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများ ရောင်းချမှုမှအပ ကျန်ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။
ဆွစ်ဇာလန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမူများပြုကြီးများအသင်း၊ ဆွစ်-မြန်မာ လုပ်ငန်းရှင် များ ကွန်ယက်တို့နှင့်ပူးပေါင်းလေုပ်ရန်၊ အပြန်အလှန်အားဖြင့် မြန်မာ လုပ်ငန်းရှင်များ အနေနှင့်လည်း ဆွစ် ဇာလန်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ဆွစ် အာရှကုန်သည်ဆာင် ရွက်သွား မည်ဟု စီးပွားရေးနှင့် နိုင်ငံရေးရာဌာနမှူး မစ္စစ်ကိုရင်း ဟင်ချို ပစ်နာနီက ဆိုသည်။
“နိုင်ငံခြားရေးဝန်ကြီး လာတဲ့အခါကျရင် စီးပွားရေးစကားဝိုင်းတွေ လုပ်ဖို့ရှိပါတယ် ကျမတို့ သံရုံးအနေ နဲ့ မြန် မာနဲ့ ဆွစ်ဇာလန်ရဲ့ စီးပွားရေးအရ ချိတ်ဆက်မူကို ပိုအားကောင်းစေလိုပါတယ် ” ဟု ၎င်းက ပြော သည်။
ဆွစ်ဇာလန်နိုင်ငံသည် ၁၉၈၄ ခုနှစ်မှ စတင်ကာ မြန်မာ နယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်းများတွင် ကူ ညီထောက်ပံ့မှုများ ပေးခဲ့သည်။ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က ဆွစ်ဇာလန်နိုင်ငံသည် လူသားချင်းစာနာမူ အကူအညီများ ထောက်ပံ့ပေးခဲ့သည်။
လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဆွစ်ဇာ လန်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ထောက်ပံ့မည်ဟု သိရသည်။
ငြိမ်းချမ်းရေးအကြံပေး မစ္စစ် ကလောဒင်း ဟိုင်နီ ဒေးလ်က “ကျမတို့အနေနဲ့ မတူညီတဲ့သူတွေ ယှဉ် တွဲနေ ထိုင်တဲ့ ဓလေ့ ရှိပါတယ်။ ကျမ တို့ထဲ မှာတောင် နှစ်ယောက် က  ပြင်သစ် လို ပြော တယ် ၊ နှစ်ယောက် က ဂျာမန် လို ပြောပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်လို့ ကျမတို့ အနေ နဲ့ မြန် မာနိုင်ငံကို ကူညီနိုင်တဲ့ အပိုင်းတွေ ရှိပါတယ် ” ဟု ပြောသည်။
၁၉၄၈ တွင် ဆွစ်ဇာလန်သည် မြန်မာနိုင်ငံကို အသိအမှတ်ပြုခဲ့ပြီး ၁၉၅၆ အထိ သံတမန်ဆက်ဆံရေး ရှိ ခဲ့ကြောင့် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်း၏ အကျယ်အ၀န်းမျှသာရှိသော ဆွစ်ဇာလန်နိုင်ငံသည် တရားဝင်ဘာသာစကား ၄ မျိုး ခွင့်ပြုထားသည့် ဖက်ဒရယ်နိုင်ငံဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများ အထူးအားကောင်း သည့် နိုင်ငံဖြစ် သည်။
ရွှေနိုင်ငံ
Tuesday, October 30, 2012
ဘင်္ဂါလီ များအား KIA နယ်မြေမှ ၀င်ရောက်ရန် လိုင်ဇာတွင် ဆွေးနွေး ၊ KIA တပ်ဖွဲ့ဝင် ရခိုင် လူမျိုးများ မကျေမနပ် ဖြစ်
30.10.2012
ဘင်္ဂါလီလူမျိုးများ ပြည်တွင်းသို့ KIA နယ်မြေမှ ၀င်ရောက်ရန် မဏီပူရတွင် နေထိုင်သူ အကြမ်းဖက်သမား ကိုယ်စားလှယ်တစ်ဦး၊ ဘင်္ဂါလီလူမျိုးတစ်ဦးနှင့် ကချင်လူမျိုး တစ်ဦးတို့သည် အောက်တိုဘာ ( ၂၃ ) ရက်နေ့တွင် KIOေ ခါင်းဆောင်များနှင့် လိုင်ဇာဌာနချုပ် တွင် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂါလီလူမျိုး မွတ်စလင်ဘာသာ ကိုးကွယ်သူ များသည် ပြည်တွင်း သို့ဝင်ရောက်ရန် နည်းလမ်း အမျိုး မျိုးဖြင့် ကြိုးပမ်းလျှက် ရှိသော်လည်း ၀င်ရောက်ရန် ခက်ခဲနေသဖြင့် KIA တပ်မဟာ(၂) နယ်မြေ၊ ရော်ကာ အိုင် စခန်းဘက်မှ တဆင့် ဖြတ်သန်း ၀င်ရောက်နိုင်ရေး ဆွေးနွေးရန် မြန်မာနိုင်ငံတွင် မွေးဖွားပြီး အန္ဒိ ယနိုင်ငံ၊ မဏိပူရတွင် နေထိုင်သူ အကြမ်းဖက် အဖွဲ့မှ ကိုယ်စားလှယ် မွတ်စလင် ဘာသာကိုးကွယ်သူ ယူစွတ်အာနီ ၊ဘင်္ဂါလီ လူမျိုး ရာစွတ် ( ခ ) ဦးမောင်ထော် နှင့် ကချင်လူမျိုးနော်ဆိုင်း ဆိုသူတို့ ( ၃ ) ဦး သည် အောက်တိုဘာလ (၂၃) ရက်တွင် လိုင်ဇာ ဌာနချုပ်သို့ ရောက်ရှိလာခဲ့ပြီး KIO ဒုဥက္ကဌ အင်ဘန်လ၊ စစ်ဦးစီးချုပ် ဂမ်ရှောင် နှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော်တို့ (၃) ဦးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုအား ရခိုင်လူမျိုးများ သိရှိမည်ကို စိုးရိမ်သဖြင့် တံခါး ပိတ်ဆွေးနွေး မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း KIA အဖွဲ့ ဗဟိုဌာနချုပ် လိုင်ဇာတွင်ရှိသော တပ်ဖွဲ့များတွင် ပါ ၀င် သည့် ရခိုင်လူမျိုးများမှ ယခုလက်ရှိတွင် ဖြစ်ပွားနေသော ရခိုင်-ဘင်္ဂါလီအရေးအခင်းများနှင့် ပတ်သက် ၍ KIA အနေဖြင့် ကြေငြာချက် တစ်စုံတစ်ရာထုတ်ပြန်ပေးရန် တပ်ကြပ်ကြီးအဆင့်ရှိသူ ရခိုင်လူမျိုးတစ်ဦးမှ ဦးဆောင်၍ ရခိုင်လူမျိုးတပ်ဖွဲ့ဝင်များကိုယ်စား တောင်းဆိုခဲ့သော်လည်း အဆိုပါ တောင်းဆိုချက်အား KIA ဒုစစ်ဦးစီးချုပ် အက်စ်ရှမ်မော်မှ ပယ်ချခဲ့သဖြင့် KIA တပ်ဖွဲ့ဝင် ရခိုင်လူမျိုးများမှ မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။
ကချင်သတင်း
ကျင့်ဝတ် အရ မှန်ကန်တဲ့ပုံ ကိုသာ ရိုက်ယူ ထည့်သွင်း ဖော်ပြသင့်
သတင်းကို စိတ်ဝင်စားအောင်လုပ်ဖို့ နည်းလမ်းတွေမရှားပါဘူး။ ဒါပေမယ့် ကျနော် သိသလောက်တော့ သတင်းဓာတ်ပုံ ဆိုတာ လုပ်ကြံ ဖန်တီးပြီး ဖော်ပြဖို့ မသင့်ပါဘူး။ ဂျာနယ် တစ်စောင်ရဲ့ကျင့်ဝတ် အရ မှန်ကန်တဲ့ပုံ ကိုသာ ရိုက်ယူ ထည့်သွင်း ဖော်ပြသင့် ပါတယ်။ ဖိုတိုရှော့ အားကိုးနဲ့ လူတွေကို မဆွဲဆောင် သင့်ပါဘူး။
မူရင်းပုံ
အဘ ဥက္ကာကိုကို
ဘင်္ဂါလီ မူဆလင် လွှတ်တော် အမတ် ဦးရွှေမောင် နှင့် ရခိုင် ပညာတတ် အမျိုးသမီးတစ်ဦးတို့ ပြောဆို ချေပမှု
30.10.2012
နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အတွက် စေ့စပ်ဆွေးနွေး ပွဲမှာ ဘင်္ဂါလီ မူဆလင် လွှတ်တော် အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ် အမျိုးသမီး တစ်ဦးတို့ မီဒီယာ များ ရှေ့၊ တူရကီသံ အမတ်ကြီးရှေ့၊ မြန်မာအစိုးရ ခေါင်းဆောင်များရှ့တွင် အပြန်အလှန် ပြောဆိုဖြစ် ခဲ့သော စကားများ ထဲမှ တစ်ခုသော ပြောဆို ချေပမှု တခုကို တင်ပြခြင်း ဖြစ်သည်။
ဘင်္ဂါလီ မူဆလင် လွှတ်တော် အမတ် ဦးရွှေမောင် ပြောစကားမှာ  –  အစပိုင်းတုန်းက အမေရိက တိုက် ဆိုတာ ရက်အင်ဒီးယန်းတွေပဲ ရှိနေခဲ့တာ။ နောက်ပိုင်း ကျမှ အင်္ဂလိပ် တွေ အမေရိက တိုက် ကို သိမ်း ပိုက်နိုင်ခဲ့တာပဲ။ ဘယ်သူ တွေက အင်္ဂလိပ်တွေကို ကျူးကျော်သူ တွေလို့ ပြောကြလဲ။ အခု လည်း ဒီအ တိုင်း ပေါ့။ ရခိုင်ပြည်ရဲ့ ဘူးသီးတောင်၊ မောင်တောနယ် မှာ အရင်က ရခိုင်တွေ ရှိနေ ခဲ့တယ် ဆိုပေမယ့် အခု ကျုပ်တို့ မူဆလင် တွေ ရှိနေပြီ။ ကဲ - အဲဒီတော့ အဲဒီ မြို့နယ်တွေ ကို အခု ဘယ်သူ ပိုင်သင့်ပြီလဲ။ ခင်ဗျားတို့ တွေ စဉ်းစားတော့။
ရခိုင်ပညာတတ် အမျိုးသမီးတစ်ဦး ဖြေကြားသည်မှာ –  အမေရိကန် အခြေအနေ နဲ့ အခု ရခိုင်ပြည် အခြေအနေ နဲ့ လုံးဝမတူပါဘူး။ အမေရိကန်နိုင်ငံမှာ အဲဒီ ခေတ်အခါက ရှိနေခဲ့တဲ့ ရက်အင်ဒီးယန်း တွေ ဟာ ခိုင်မာတဲ့ ယဉ်ကျေးမှု တွေ မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ ဘာသာတရား မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ အုပ်ချုပ်မှု အဖွဲ့အစည်းတစ်ခု မရှိခဲ့ပါဘူး။ လုံလောက်တဲ့ အသိဥာဏ်ပညာ ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီတော့ အင်္ဂ လိပ်တွေ အမေရိကန်နိုင်ငံကို သိမ်းပိုက်လိုက်တာဟာ သူတို့ ရက်အင်ဒီးယန်း လူရိုင်းတွေကို လူ ယဉ်ကျေး ဖြစ်အောင် လုပ်ပေး တဲ့အတွက် သူတို့တွေရဲ့ ကျေးဇူးရှင် တွေလို့ တောင် ပြောလို့ ရပါတယ်။ အခု ရခိုင်ပြည်မှာက ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အုပ်ချုပ်မှုတွေ၊ အုပ်ချုပ် သူတွေ ခိုင်ခိုင်မာမာ ရှိနေ တယ်။ ဘင်္ဂါလီ မူဆလင်တွေဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှ ရခိုင်ပြည် ထဲသို့ ခိုးဝင်လာ သူတွေ ဖြစ်ကြောင်း ကျွန်မတို့မှာ အထောက်အထား အပြည့်အစုံ ရှိပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင် လည်း အလိမ်အညာ တွေဗရပွနဲ့ ကမ္ဘာကို ပရိယာယ်ကြွယ်ကြွယ် နဲ့ ငိုပြကြတယ်။ ရက်စက်ကြမ်းတမ်း စွာ ဒေသခံတွေကို သတ်ဖြတ်ခဲ့ကြတာ ငြင်းမရနိုင်တဲ့ အချက်ပါ။ အဲဒီလို အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ ကို ကြိမ် ဖန်များ စွာ ပြုလာ ကြတဲ့အခါ ဒေသခံ ရခိုင် တွေကလည်း အသက်ဘေး စိုးရိမ်ကြတဲ့အတွက် ဘူးသီးတောင်၊ မောင်တောနယ် တွေက ထွက်ပြေးကြတယ်။ အဲဒီလို သူတို့တွေကို ကြောက်ပြီး ထွက်ပြေး သွား အောင် အကွက်ချပြီး လုပ်ကြတာကိုး။ အဲဒီတော့ ဘင်္ဂါလီတွေကို ဘူးသီးတောင်၊ မောင်တော နယ် တွေ ကို ပေးဖို့ ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်တဲ့ အိပ်မက် တစ်ခုလိုပါပဲ။ ကျွန်မ ပြောချင်တာ ဒါပါပဲ။
arakanalp
7 Day News Journal ကို မေးချင်တယ်
မင်းပြားမြို့နယ် ပိုက်သည်ကျေးရွာ တွင် ဘင်္ဂလီနှစ်ဦးအား တပ်မတော်သားများက
ဆေးဝါးကုသပေးနေသည်ကို အောက်တိုဘာ ၂၈ ရက်ကတွေ့ရစဉ်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
========================================================
ဒီမှာ တင်ထားတဲ့ သတင်းနဲ့ ပတ်သတ်လို့ 7 Day News Journal ကို မေးချင်ပါတယ်။ ဒီ သတင်းက
( ၁ ) ဘာ သဘော နဲ့တင်တဲ့ သတင်းပါ လဲ  ... တပ်မတော် ကိုမုန်းရင် ပြီးရော တင်တဲ့ သတင်းလား ...
( ၂ ) တပ်မတော်သား ဆိုပေမယ့် ဆရာဝန် တယောက်ရဲ့ အလုပ်ကို ဆရာဝန် တယောက် ရဲ့ ကျင့် ၀တ် အတိုင်း ဆရာဝန် တယောက် ကလုပ် တာ မှား နေသလား ...
( ၃ ) စစ်ပွဲ တခုမှာ တောင် ဖမ်းဆီးရမိတဲ့ ရန်သူ့ သုံပန်း ကို ဆေးဝါး ကုသပေး ရမယ်ဆို တဲ့ စည်းကမ်း ချက် ရှိ တာကို မသိဘူး လား ....
ကျောက်နီ မော်လူထု တောင်းဆိုချက် ( ၃ ) ချက် အာဏာပိုင်တို့ လိုက်လျော
30.10.2012
ယနေ့ ကျောက်ဖြူ မြို့နယ်၊ ကျောက်နီမော် လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း စကုကျွန်း တို့မှ လူ ထုတောင်း ဆိုချက် (၄) ချက်အနက် (၃)ချက်ကို ဒေသ လုံခြုံရေး တာဝန် ယူထားသော အာဏာပိုင် တို့မှ ယနေ့ညနေ (၄) နာရီအချိန်တွင် သဘောတူ လိုက်လျောလိုက်ပြီ ဖြစ်သည်။ ကျောက်နီမော် ဒေသခံ ကို သိန်းဇော် က အာဏာပိုင်တို့ သဘောတူ သည့်အချက် များမှာ -
၁။ ကျောက်နီမော်ဒေသ တွင် တရားမဝင် လာရောက် နေထိုင်သူ ဘင်္ဂလီများအား ( ၇ ) ရက် အ တွင်း ပြောင်းရွှေ့နေ ရာချထားရန်
၂။ မတရား ပစ်သတ်ခံခဲ့ရသူ ဦးဟန်တင် သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီ မော် ရဲစခန်း မှ ဒုရဲအုပ် သန်းတင့် ကို ဥပဒေကြောင်း အရ အရေး ယူရန်
၃။ ဒဏ်ရာ ရရှိသူ ဦးမောင်သန်းရွှေ အတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန်
တို့ ဖြစ်ပါတယ်ဟု  Arakantimes သတင်းဌာန သို့ ပြောကြားသွားသည်။
ယနေ့နံနက် ( ၈ ) နာရီအချိန် မှ စ၍ ကျောက်နီမော်လူထု တစ်သောင်းကျော် ပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲ ကိုပြုလုပ်နေစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်နီမော် ရဲစခန်းမှ ပစ်ခတ် နှိမ် နင်းခဲ့ မှု ကြောင့် ဦးဟန်တင် (ဘ) ဦးကျော်ဟန် အသက်(၅၇) နှစ်မှာ ပွဲချင်းပြီးသေ ဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ (ဘ) ဦးချမ်းတင် အသက် (၄၂) နှစ်မှာ သေနတ် ဒဏ်ရာပြင်းထန်စွာ ရရှိ သွားခဲ့သဖြင့် ရမ်းဗြဲမြို့ နယ် ပြည် သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသည်။
အစိုးရ ရဲတပ်ဖွဲ့မှ သေနတ်ပစ် လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြား လာသည့် အ တွက် ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ ( ၃၂၆ ) မှ ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြ သူ များနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ယခုလို သဘော တူညီခဲ့ကြကြောင်း သိရသည်။
တောင်းဆိုချက် များကို အမြန်ဆုံး လိုက်လျော နိုင် စေရန်အတွက် သပိတ်စခန်း အဖြစ် ဆက်လက် ထား ရှိရေး ကိုမူ သဘောတူညီမှု မရရှိခဲ့ကြောင်း Arakantimes သတင်းဌာန မှ စုံစမ်း သိရှိရ သည်။
drmyochit
မြေပုံ ဘင်္ဂလီ များက မီးရှို့ တိုက်ခိုက်မှု ကို စတင်ခဲ့သည် ဟု ၀န်ခံ
30.10.2012
မြေပုံမြို့ဘင်္ဂလီ ခေါင်းဆောင်တို့က ယနေ့ နံနက်၈နာရီခွဲခန့်က မြို့မိမြို့ဘများ ၊ဒေသ ဆိုင်ရာ အာဏာ ပိုင် များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက်ခိုက်မှုကို မိမိတို့ စတင်ခဲ့သည်ဟု ၀န်ခံပြောကြား လိုက်သည်။
မြို့မိမြို့ ဘများ၊ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဘင်္ဂလီလူမျိုး ခေါင်းဆောင်များ ဖြစ်ကြသော (၁) စံသိန်း (၂) ကျော်သိန်း (၃) တင်ရွှေ (၄) အောင်လွင် (၅)ဘကျော် တို့နှင့် တွေ့ ဆုံစဉ် ထိုသို့ ၀န်ခံပြောကြား လိုက်ခြင်းဖြစ် သည်။
ယခုကဲ့သို့ဝန်ခံ ပြောကြားခြင်း ကို ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးတဦးဖြစ်သူ ဦးကျော်သိန်း၊ မြေပုံမြို့ရှိ ရခိုင် ခေါင်းဆောင် များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့ သူ တ ဦး က  Coral Arakan အား ပြောကြားခဲ့သည်။ ဘင်္ဂလီ ခေါင်းဆောင်တွေက “ကျွန်တော်တို့ တားခဲ့ ပါသေး တယ်”  ဟုပြော ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
( ၂၅အောက်တိုဘာ ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော် ၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်းငြိမ်းသတ်နေစဉ် ယင်းနေရာနှင့် အလှမ်း ဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး တို့၏နေအိမ်ကိုမီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားပြီး ရခိုင်လူမျိုးပိုင်အိမ် ၄၂ ဆောင်မီးလောင်ခဲ့ပြီး မီးဘေး သင့် အိမ်ထောင်စု ပေါင်း ၄၄စု ( ကျား၁၂၀၊ မ ၁၄၇ ) ရှိခဲ့ သည်။
ယခုအခါ ဘင်္ဂလီ ဒုက္ခသည် လေးထောင်ခန့် ရှိနေပြီး ၄င်းတို့က စစ်တွေ သဲချောင်းရှိ ဒုက္ခသည် စခန်း သို့ ပြောင်းရွေ့ပေးရန် အာဏာပိုင်များအား တင်ပြ တောင်းဆိုလျက် ရှိရာ ပြောင်းရွေ့ရန် ညှိနိုင်း လျက် ရှိကြောင်း သိရသည်။
သောင်းကြွယ်
OppositEyE
စစ်မှန်သော ပြည်ထောင်စုနှင့် ထာဝရ ငြိမ်းချမ်းရေး
ယနေ့ ၃၀.၁၀.၂၀၁၂ ရက်နေ့ ရွှေလီမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲနှင့် ကချင် လွတ်မြောက်ရေးအဖွဲ (ကေအိုင်အို) တို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆွေးနွေးပွဲကို အဆင့်တစ်ခုအနေဖြင့် တစ်လအတွင်း နိုင်ငံရေးနည်းလမ်းအရ ပြန်လည်ဆွေးနွေးမည်ဟု အဆုံးသတ်ခဲ့ခြင်း အတွက် မြန်မာပြည် သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်များမှာ တစ်ခုသော အတိုင်းအတာအထိသာ အောင်မြင်မှုဖြင့် ပြီးမြောက် ခဲ့ပြီဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အဆင့်အလိုက်
(၁) အပစ်အခတ်ရပ်စဲရေး။
(၂) ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း
(၃) ပြည်ထောင်စုအဆင် ငြိမ်းချမ်းရေးဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသား အား လုံး ပါဝင်နိုင်သော ညီလာခံကြီးဖြင့် ဆွေးနွေး သဘောတူ လက်မှက်ရေး ထိုးပြီးထာဝရငြိမ်းချမ်းရေး တည်ဆောင်နိုင်ရေး၊
ဆိုပြီး အဆင့်ဆင့်သတ်မှတ်ကာ တော်တည့်မှန်ကန်သော စနစ်ကျသော အဆင့်များဖြင့် ပြည်တွင်းငြိမ်း ချမ်းရေး ကိုတည်ဆောက်နိုင်ခဲ့သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖြင့် အဆင့် ၂ ခုမြောက် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့သည်ကိုလည်း ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက် ပီတိဖြစ် စ ရာ တွေ့မြင်ခဲ့ကြရပါသည်။
ယခု ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန် ရွှေလီမြို့ (သူတစ်ပါးတိုင်းပြည်အတွင်း) တွင်ချိန်းဆိုတွေ့ဆုံကြပြီး ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုအဆင့် အဆုံးအဖြတ်ပေးနိုင်သည့် ဦးအောင်မင်းနှင့် တပ်ပိုင်းဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့က ဦးဆောင်ပြီး သန်း ၆၀ သော ပြည်သူတို့၏ လိုအင်ဆန္ဒတစ်ခုဖြစ်သော ကချင်ပြည်နယ်ကြီး အမှန်တကယ်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရန်သွားရောက် ကြရာ တွင် ကေအိုင်အို မှ ဦးဆွမ်လွတ်ဂန် သာရောက်ရှိလာပြီး အဓိက ကေအိုင်အို အဖွဲ့ကို သြဇာရှိ သည့် ကေ အိုင်အေ (တပ်ပိုင်းဆိုင်ရာ) ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်နိုင်ခဲ့ခြင်းမှာလည်း ၀မ်းနည်းစိတ် မကောင်းဖြစ်မိပါသည်။
မြန်မာ့တပ်မတော်က စစ်သားတစ်ယောက်ကျဆုံးခြင်းဟာ မြန်မာတိုင်းရင်းသားတစ်ယောက် ကျ ဆုံးခြင်းဖြစ် ရသလို ကချင်လွတ်မြောက်ရေးတပ်မတော်က စစ်သားတစ်ယောက်ကျဆုံးတာကလည်း တိုင်း ရင်း သားတစ်ယောက်ဆုံးရှုံးရတာပါပဲ။ လက်နက်ကိုင်အဖွဲအစည်းများကို ကွပ်ကဲအုပ်ချုပ်ခေါင်းဆောင် လုပ် သူများအနေဖြင့် ယခုလက်ရှိအချိန်မှာ မိမိတို့ လိုချင်သော ဆန္ဒတစ်ခုတည်းပေါ်မှာသာ ရယူလို စိတ်ပြင်းပြစွာ တစ်ဖက်သတ်ဆန်နေခြင်း ထက် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်နောက် ကျနေသော မြန် မာပြည်သူ အားလုံး၏ အကျိုးကိုမျှော်တွေးပြီး အားလုံးရဲ့ ဆုံမှတ်တစ်ခုစီသို့ ဦးတည်လျှောက် လှမ်းရတော့မည့်အချိန်အခါဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာနိုင်ငံပေါင်းမြောက်များစွာအလယ်တွင် ပြည်တွင်းငြိမ်းချမ်းရေးမရရှိသောနိုင်ငံအဖြစ် ဒဏ် ရာ ဒဏ်ချက်များ၊ ထိခိုက်ရှနာများဖြင့် နာတာရှည်ရောဂါကြီးကဲ့သို့ ခံစားခဲ့ရသည့် အမိပြည်ထောင် စုမြန် မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ စည်ပင်သာယာရေး၊ နိုင်ငံတကာနှင့် အမီ ရင်ဘောင် တန်းနိုင်ရေး တို့အတွက် လက်အောက်ငယ်သားများ (မြန်မာပြည်သားများ) ရဲ့ အသက်ခန္ဓာများ ဆုံးရှုံးမှုနည်းနိုင် သမျှနည်းအောင် အလျှင်အမြန် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါသည်။
Sitt Thura Aung
ဟာရီကိန်း မုန်တိုင်း Sandy ကြောင့် အမေရိကန် နှင့် ကနေဒါ တွင် ( ၁၃ ) ဦး သေဆုံး
30.10.2012
ဧရာမ ဟာရီကိန်း မုန်တိုင်း ဆန်ဒီဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ မနေ့က အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရပြီး သစ်ပင်တွေ၊ လျှပ်စစ်မီးကြိုးတွေ ပြိုလဲပျက်စီးခဲ့ပါတယ်။
နယူးယောက်၊ နယူးဂျာစီ၊ မေရီလန်း၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးယား အနောက်ပိုင်း နဲ့ မြောက် ကယ်ရို လိုင်းနား ပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေရဲ့ သတင်းအစီရင်ခံချက် တွေအရ အင်အားကြီး မုန် တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ သူတို့တွေဟာ သစ်ပင်ပိတာ၊ အိမ်ပြိုတာ၊ လေထဲလွင့်ပါပြီး တခုခုနဲ့ တိုက်မိ၊ ဆောင့် မိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တိုရွန်တို ရဲ တပ်ဖွဲ့ ပြောကြားချက် အရ ကနေဒါ အမျိုးသမီးတဦး ကတော့ လွင့်ပျံလာတဲ့ အပျက်အ စီး တွေကြောင့် သေဆုံး ခဲ့ရတာ လို့ ဆိုပါတယ်။
နယူးဂျာစီပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ ကိုလှဌေးက “State of Emergency ဆိုပြီး ကြေ ညာထားပြီ။ အခု ၀င်နေပြီ။ ကျနော်တို့နေတဲ့ မြို့အတွင်းပိုင်းတောင်မှ တံခါးဖွင့်လိုက်ရင် တ၀ုန်းဝုန်းနဲ့ ၀ုန်းဝုန်းနဲ့ လေတွေတိုက်နေတာ။ ကျနော်တို့တောင် အပြင်မထွက်ရဲဘူး။ ပင်လယ် ကမ်းခြေ ဒေသ တွေဆိုရင် အပျက်အစီးတော်တော်များနေလောက်ပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်သွားပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက ကာရစ်ဘီယံ ဒေသတလျှောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဆန်ဒီကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ရပြီး တနင်္လာနေ့မှာ ပိုပြင်းထန်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။
အသက်အိုးအိမ် စည်းစိမ်ကို မကြုံစဖူး ခြိမ်းခြောက်မှုလို့ အာဏာပိုင်တွေက သတိပေးထားပြီး နယူးအင်္ဂ လန် မှ မြောက်ကယ်ရိုလိုင်းနားအထိ ဒေသခံပေါင်း ထောင်သောင်းကို အိမ်တွေကနေ ဘေးလွတ် ရာ ရွှေ့ပြောင်းခိုလှုံကြဖို့လည်း အမိန့်ထုတ် ညွှန်ကြားထားပါတယ်။
မုန်တိုင်း ကြောင့် အမေရိကန် လူဦးရေ ၅ ပုံ ၁ ပုံ လောက် ဖြစ်တဲ့ သန်း ၆၀ ကျော်ကို ထိခိုက်ပြီး အမေရိ ကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးလောက်အထိ ပျက်စီး ဆုံးရှူံးနိုင် တယ်လို့ ဘေးအန္တရာယ်ခန့်မှန်းရေး ကုမ္ပဏီ Eqecat က ကြိုတင်တွက်ချက် ခန့်မှန်းထားပါတယ်။
DVB
Myanmar Express
Phishing Page
ဒီဆော့ဝဲလေးကတော့ Phishing Page တွေ လုပ်တဲ့ နေရာမှာ Beginner တွေ အတွက် အရမ်းကို အထောက် အ ကူ ပြုမဲ့ Software လေးပါပဲ။လုပ်နည်းကလဲ လွယ်ပါတယ်ဗျာ
ဟက်ကာပညာကို လေ့လာနေတဲ့ ကျနော်အတွက် ကျနော်သူငယ်ချင်းပို့ပေးလိုက်တာကို ကျနော် ပြန် မျှပေးလိုက်ပါတယ်...
အောက်မှာသူပြောပြထာတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားယုံပါပဲ....
(1) URL of Login Page ဆိုတဲ့ အကွက်လေးပါ ကို Phishing လုပ်ချင်တဲ့ ဆိုဒ်ရဲ့ URL လေးကို
ထည့်ပေးလိုက်ပါ။ဥပမာ - http://www.gmail.com/
(2) Name of Log File ဆိုတဲ့ အကွက်မှာတော့ password.txt ဆိုပြီးတော့ ဖြည့်ပေးပါ။
(3) Name of PHP File ဆိုတဲ့ အကွက်မှာတော့ login.php ဆိုပြီးဖြည့်ပေးပါ။
(4) Site to redirect to ဆိုတဲ့ အကွက်လေးမှာတော့ ကို Phishing လုပ်မဲ့ ဆိုဒ်ရဲ့
လင့်လေးပြန်ထည့်ပေးလိုက်ပေါ့ အဲဒါမှ သူ့မူရင်းဆိုဒ်က ပြန် Login ဖြစ်သွားမှာ။
(5) ဒီအဆင့်ကတော့ နောက်ဆုံး အဆင့်ပါပဲ Build Phisher ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ တ၀က်အောင်မြင်သွားပါပြီ။
အဲဒီက ရလာတဲ့ ဖိုင်တွေအားလုံး ကို Hosting တခုမှာ Upload သွားလုပ်လိုက်ပါ၊
Free Hosting လုပ်လို့ ရတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်ဗျာ အွန်လိုင်းပေါ်မှာ-ဥပမာ
www.esmartstart.com
www.110mb.com
www.drivehq.com
www.t35.com
အောက်ကလင့်မှာ Phishing Pageလုပ်မယ့် Software လေးDownloadဆွဲလိုက်ပါအုန်...
minus ၌ Download ဆွဲပါ ---> http://minus.com/lh4moNoXcCYfi
mediafire ၌ Download ဆွဲပါ ---> http://www.mediafire.com/?uzskb9d3obclctc
အဆင်ပြေကြပါစေဗျာ....
Myanmar Hackers Power Group
မြန်မာ့ ငြိမ်းချမ်းရေး ခေါင်းဆောင် ဦးအောင်မင်း အဖွဲ့ နှင့် KIO တို့ သဘော တူညီမှု ရရှိ
30.10.2012
ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းးရေးတွေ့ ဆုံဆွေးနွေး မှု့ မှာ မွန်းလွဲ ၂နာရီ( တရုတ်၊ရွှေလီ အချိန်နှင့် ၃နာရီ ) တွင် ပြီးဆုံးသွားပြီ ဖြစ်ပြီး မြန်မာ အစိုးရဘက် က  ကေ အိုင်အိုနှင့် နိုင်ငံရေး ဆွေးနွေးမှု့များ ပြုလုပ်ရန် သဘော တူလိုက်ကြောင်း ရွှေလီမြို့ တွင် ရောက် ရှိ နေသော 7 Day News ဂျာနယ် သတင်းထောက်က သတင်းပေးပို့သည်။
“ ပျော်ပျော်ပါးပါးနဲ့ တွေ့ ဖို့ ရှိတယ် နိုင်ငံရေးဆွေးနွေးဖို့ ကို သဘောတူလိုက်တာ ပြည်တွင်းမှာလုပ်မယ် တစ်လ အတွင်းလုပ်မယ်” ဟု မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ကပြော သည်။  ကေအိုင်အို ဘက်မှ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က “ ဗဟိုမှာ တင်ပြပြီးတော့ မှ အား လုံး  ပြန်ဆွေးနွေးရမှာပေါ့ ဘယ်နေရာ မှာ လုပ်နိုင်မလဲဆိုတာ”  ဟုပြောကြားခဲ့သည်။
7day
Myanmar Express
Update for International Beauty Compitition 2012-2013 in London
Myanmar - 12962
Georgia - 10135
Voting end on Myanmar Time 10:30 AM Oct 31 - 2012
Let's try together until the end of voting peroid !!
GO AHEAD MYAMAR !!!
---------------------------
အဆင့်၁ ။ https://www.facebook.com/DiasporaModels ကိုသွားပြီး Like လုပ်ပါ ပြီးတော့ မြန်မာ ပုံကိုရှာပြီး like လုပ်ပေးရမှာပါ ကျွန်တော်လိုက်ရှာတာတော့အောက်ပါလင့် ၂ ခုကိုတွေ့ပါတယ် အဆင် သင့်ဖြစ်အောင် အောက်မှာဖော်ပြပေးထားပါတယ် ။
အဆင့် ၂ ။ https://www.facebook.com/photo.php?fbid=10151123454943892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ Like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။
အဆင့် ၃ ။ https://www.facebook.com/photo.php?fbid=10151136887763892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။
သက်တန့်ချို
အတိုက်အခံတွေကြားထဲကနေ မျက်နှာငယ်ငယ်ကလေးနဲ့ ...ရသမျှ like လေးကို တန်ဖိုးထားပျော်နေ ရှာ တဲ့ ညီမငယ်ယမုံရေ ..မင်းဘာမှအားမငယ်ပါနဲ့
ငါတို့ ပြည်သူတွေ အားလုံးမြန်မာ ဆိုတာကို တန်ဖိုး ထားကြပါတယ်..။
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE
ကျွန်တော် ကတော့ ဒီလို မြင်ပါသည် ....
10/31/2012 10:42:00 PM
Read On 0 comments
*** စစ်သား နှင့် သူ ***
10/31/2012 10:10:00 PM
သူငယ်ချင်း တို့ အားလုံးကို သိစေချင်လို့ပါ စာရေးသူဟာ စစ်သား ဖြစ်ပေမယ့်  သူရေး သမျှကို တော့ အရပ်သားတွေ ဖတ်နိုင်ဖို့ အတွက် မဟုတ်ခဲ့ပေမယ့် သူငယ်ချင်း တို့ အနေနဲ့ သူရေးတဲ့ စာလေးတွေ ဖတ်ကြည့်စေချင် ပါ တယ် သင်ဘယ်လို မြင်မလဲ ဆိုတာကို ဝေဖန်နိုင်ပါတယ် ကျန်တာတော့ ထွေထွေ ထူးထူး မပြောလို တော့ပါဘူး ....
....................................... ခင်မင်လေးစားလျက် ...
Angel Flower
Read On 0 comments
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံး သတင်း ထုတ်ပြန်ချက် ( ၂ / ၂၀၁၂ )
10/31/2012 08:49:00 PM
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ် ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တစ်ကျော့ပြန် ဖြစ်ပွားလာသော ပဋိပက္ခ ဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင် ပျက် စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။
၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင် အ ကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်း တော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာခဲ့ပါသည်။ အကြမ်းဖက်မှု ပ ဋိပက္ခ ဖြစ်စဉ်များ မှ ဒေသန္တရလုပ် လက်နက်ငယ် ( ၁၈၀ )လက် သိမ်းဆည်း ရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက် ပြု လုပ်သူ အချို့နှင့် ပြုလုပ်ရာ တွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်း ဆီး ရမိသဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
၎။ ယခုကဲ့သို့ လူစုလူဝေး ဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စ များ တွင် တစ်ဖက် အဖွဲ့အစည်းမှာ ကြိုတင် ပြင်ဆင်ခြင်း၊ အသေးစိတ် စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက် များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေး အဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းများ ပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက် အဖွဲ့အ စည်းမှ လည်း အချို့သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေသည့် အထောက် အထား များ ကို တွေ့ရှိရပါသည်။
၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥ ပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခု ကဲ့ သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်း စေရေး အတွက် နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်း တို့ကလည်း ငြိမ်း ချမ်း စွာ ဖြင့် ပူးပေါင်း ကူညီ ဆောင်ရွက်ကြ စေလိုပါသည်။
၆။ လက်ရှိ အခြေအနေတွင် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ်များ ကို ထိခိုက်နစ်နာစေသည့် ဖြစ် ရပ် များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆက်စပ် ပတ်သက်သူများ ကို နောက် ကွယ် မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အား နိုင်ငံတော်မှ ထိရောက်စွာ အရေး ယူမည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။
နိုင်ငံတော်သမ္မတရုံး
Read On 0 comments
ငြိမ်းချမ်းရေး ကို အမှန်တကယ် အလိုရှိ ပါရဲ့လား KIO
10/31/2012 05:18:00 PM
31.10.2012
နိုင်ငံတော် အစိုးရနဲ့ KIO အဖွဲ့တို့ အောက်တိုဘာ ၃၀ ရက်နေ့ကတရုတ်နိုင်ငံ ရွှေလီမြို့ မှာ တွေ့ ဆုံ  ဆွေးနွေး ကြမယ် ဆိုတော့ ၀မ်းသာမဆုံး ဖြစ်ရတယ်။ ရှေ့မှာလည်း ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးခဲ့တာ (၁၀)ကြိမ် ရှိပြီဆိုတော့ အခု ကျင်းပတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေး ပွဲက အကျိုးကျေးဇူးတော့ များလိမ့်မယ်လို့ ယုံကြည် ခဲ့ပါတယ်။
ကချင် တိုင်းရင်းသား ဒေသခံတွေ အပြင် နိုင်ငံတော် တစ်ဝန်းလုံးက လူတွေတောင်မှ ဒီတွေ့ဆုံပွဲကို စိတ်ဝင်တစား နားစွင့် ခဲ့ကြတဲ့ အထိပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တွေ့ဆုံပြီး သဘောတူ စာချုပ်တွေ ချုပ်ဆို ၊ ပြုံးချိုချိုနဲ့ လက်ဆွဲနှုတ်ဆက် နေကြတဲ့ ပုံကို မြင်ချင် လှပါပြီ။ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ပွဲ အောင်မြင်ဖို့က KIO အဖွဲ့ပဲ ကျန်တော့တယ် ထင်ပါတယ်။
ကချင်ပြည်နယ် ကြီးကို သေနတ်သံ ၊ ဗုံးသံ ၊ အမြောက်သံတွေ ကင်းစင်တဲ့ ငြိမ်းချမ်းသော ပြည်နယ် အဖြစ် ဖြစ်စေချင် လှပါပြီ။ နိုင်ငံတော် သမ္မတကလည်း မီဒီယာ တွေ့ဆုံပွဲမှာ " ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး အလွန်ပဲ ရစေချင် ပါတယ် .. ။ နှစ်ဖက် ဆုံးရှုံးမှုက တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပါ ... ။ KIO စစ်သား တစ်ယောက် ဆုံးရှုံး သွားတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ဖြစ်သလို ၊ ဗမာစစ်သား တစ်ယောက် ဆုံးရှုံး သွားတာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ပါပဲ .... " လို့ ပြောသွားတယ်။
နိုင်ငံတော် သမ္မတရဲ့ ဆန္ဒနဲ့ ပြည်သူတွေရဲ့ ဆန္ဒဟာ တစ်သားတည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကြီး အောင်မြင် ပါစေလို့ ဆုတောင်း နေမိပါတယ်။ ဒါပေမယ့် ဆုတောင်း မပြည့်ခဲ့ပါဘူး။ " တွေ့ဆုံ ဆွေးနွေးပွဲ မအောင်မြင်ဘူး " ဆိုတဲ့ သဘောတူ ညီချက် တစ်ခု တလေ တောင် မှ မရခဲ့ဘူးတဲ့။
ဘယ်လို ဖြစ်ရတာပါလိမ့် ..... ?
စုံစမ်းကြည့်မိတော့ KIO ဘက်က အပစ်အခတ် ရပ်စဲရေး ကို နောက်မှ လုပ်မယ် ၊ နိုင်ငံရေး အရ ဆွေးနွေး မှုကို အရင်ဆုံး လုပ်မယ် ဆိုတဲ့ ကောက်ကြောင်း ဟောင်းပါပဲ။ အစိုးရဘက်က နယ်မြေ ငြိမ်းချမ်းရေး အ တွက် အပစ်အခတ် ရပ်စဲရေးကို ပထမ ဦးစားပေး လုပ်မယ် ၊ အဲဒီကမှ နိုင်ငံရေးအရ ဆက် လက် ဆွေးနွေး သွား ချင် တယ်လို့ သိရတယ်။
ဘယ်သူ့ဘက်ကမှ လိုက်ပြီး ပြောတာတော့ မဟုတ်ပါဘူး။ လူပြိန်းတွေတောင် နားလည် နိုင်တဲ့ အပစ်အ ခတ် ရပ် စဲရေးကို အရင်ဆုံး လုပ်တာဟာ အကောင်းဆုံးနဲ့ သဘာဝ ကျပါတယ်။ အပစ်အခတ် မရပ်စဲ သေး ဘဲ တွေ့ဆုံ ဆွေးနွေးကြပြီ ဆိုပါတော့ ... ။ သေနတ်သံ ၊ ဗုံးသံ တွေကြားမှာ နောက်ကြောက လုံပါ့မလား .... ? ။ ကိုယ်စားလှယ်တွေ သွားရေး - ပြန်ရေး ကရော စိတ်အေး နိုင်ပါ့မလား .... ? ။ ဒါကြောင့် ကျွန်တော့် အမြင်ကတော့ အပြန်အလှန် ယုံကြည်မှု ရရှိအောင် အရင်ဆုံး နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲရေးကို ဦးစားပေး လုပ်သင့်တယ်လို့ ပြည်ချစ်သားက မြင်ပါတယ်။
နောက်တစ်ချက်က ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲရဲ့ ရည်မှန်းချက်က ပစ်သံ ၊ ခတ်သံတွေ မကြားရတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ပဲ မဟုတ်လား .... ။ ဒါနဲ့များတောင် KIO က အပစ်အခတ် ရပ်စဲရေးကို အရင်ဦးဆုံး မလုပ်ဘဲ ၊ မရွေးချယ်ဘဲ နိုင်ငံရေးအရ ဆွေးနွေး နေချင် ရတာလဲ ... ? ဘယ်လို ရည်ရွယ်ချက် တွေများ ရှိနေလို့ ပါသလဲ ...... ? ။
ပြည်ချစ်သား
ကချင်နေစဉ်သတင်း
Read On 0 comments
ကချင် ဒုက္ခသည်များ စောင်နှင့် အနွေးထည် များ လိုအပ်
10/31/2012 04:27:00 PM
31.10.2012
ရာသီအကူးအပြောင်းကာလကို ရောက်လာတဲ့အတွက် တရုတ်-မြန်မာ နယ်စပ် ဗန်းမော်ခရိုင်းအတွင်းက ကချင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ကလေးနဲ့သက်ကြီးရွယ်အိုဒုက္ခသည်တွေဟာ နွေးနွေးထွေးထွေး နေ ထိုင်နိုင်ဖို့ အ၀တ်အထည်နဲ့ ခြုံစရာစောင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၆ လလောက်က ပေးထားခဲ့တဲ့ စောင်တွေဟာ စုတ်ပြဲလာပြီးတော့ ရာသီအကူးအပြောင်းမှာ ဒုက္ခ သည်တွေအတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၀ိန်ပေါင်နိန်းထွဲး အဖွဲ့က တာဝန်ခံ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။အရင်က ပေးခဲ့တဲ့ စောင်တွေ ဟာ ငွေကြေး အခြေအနေ ကြောင့် အရည်အသွေး မကောင်းသလို အိမ်ထောင်စုများတဲ့ အိမ်တွေဆိုရင် အလုံအလောက်မရဘူးလို့ ဆိုပါတယ်။
ဒေါ်မယ်ရီတွမ်က “အခုက အရမ်းအေးတဲ့အချိန်ဖြစ်တယ်။ ကလေးတွေအတွက်ရော သက်ကြီးရွယ်အိုတွေ အတွက်ပါ စောင်တွေ၊ အနွေးထည်တွေက မလုံလောက်ဘူး၊ မရှိဘူး။ စောင်က မနှစ်တုန်း က ပေးထား တာတွေ ရှိသူကရှိတယ်။ တချို့အိမ်ထောင်စု လူဦးရေများတဲ့သူကျ မရဘူး ဖြစ်နေတယ်။ ကျမတို့ ပေး ထား တာတွေကလည်း ရှိတဲ့ငွေကြေးနဲ့ ဈေးပေါတာတွေ ပေးထားရတာဆိုတော့ စုတ်ပြဲတာလည်း ပြဲပေါ့။ ၁ နှစ်ကျော်လောက်လည်း ရှိနေပြီဆိုတော့လေ။”
ဝိန်ပေါင်နိန်းထွဲးအဖွဲ့ဟာ ဗန်းမော်ခရိုင် မိုးမောက်၊ မန်စီနဲ့ လွယ်ဂျယ်မြို့နယ်အတွင်းက ဒုက္ခသည်စခန်း ၇ ခုကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ရာသီအကူးအပြောင်းကြောင့် ကလေးတွေ နှာစေး၊ ချောင်းဆိုးဖြစ်နေကြသလို အရင် ဩဂုတ်လက တရုတ် အစိုးရ မောင်းထုတ်ခဲ့တဲ့ ဒုက္ခသည်တွေလည်း အခုအခါ ပြန်လည် ရောက်ရှိလာတဲ့အတွက် စခန်းတွေမှာ ဒုက္ခ သည်တွေ ထပ်များလာတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက အိမ်ထောင်စု ၇၀၊ လူဦးရေ ၃၀၀ နီးပါးရှိတဲ့ ဒုက္ခသည်တွေ အခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ လာတယ်လို့ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ကချင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးတဲ့ ပစ္စည်းတွေ ဟာ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ခွင့်ပြုချက် မရရှိတာကြောင့် ဗန်းမော်၊ မြစ်ကြီး နား မြို့တွေ မှာ သောင်တင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောပါတယ်။  စစ်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ တရုတ်-မြန်မာ နယ်စပ်မှာ ခိုလှုံနေရပါတယ်။
ကချင်နေစဉ်သတင်း
Read On 0 comments
ရုပ်ရှင် လောကသား တွေဆိုတာ တကယ်တမ်းကြတော့
10/31/2012 04:16:00 PM
အကြုံပုလို့ရရင် အကြံပြုချင်တာပါ ---
နိုင်ငံတကာ မှာလည်း ဒီလို ရှိပါတယ် -- ဥပမာ အမေရိကန် နိုင်ငံဆိုလည်း --- နယူးယောက်နဲ့ ၀ါရှင်တန် မတူဘူးပေါ့ဗျာ ---- ၀ါရှင်တန် က ရုံးဆိုက်တဲ့ မြို့ဆိုတော့ သူစည်းသူကန်းနဲ့ ပေါ့ဗျာ ---
မြန်မာ မှာလည်း ခု ရန်ကုန်ရယ် နေပြည်တော်ရယ် ရှိလာတယ် ---
ဘယ်သူ တည်ထောင်ခဲ့ တည်ထောင်ခဲ့ပေါ့ဗျာ--အခိုင်အမာ ကြီးတည်ဆောက်ထား ပြီး ပြီကိုး -- --
အကယ်ဒမီ ပေးပွဲ ဆိုလည်း နေပြည်တော်မှာ ကျင်းပ တာ သုံးလေးနှစ်ရှိပြီထင်တယ် -----
လောလော ဆယ် ဒီ ရုပ်ရှင်လောကသားတွေနဲ့ ပတ်သက်လို့ပေါ့ဗျာ ---
သူတို့က အကယ်ဒမီ ကိုရန်ကုန်မှာ ပြောင်းပေးဖို့ တောင်းဆိုထားတယ် ---
သက်ကြီးရွယ်အိုတွေရှိတဲ့အတွက် လို့အကြောင်းပြထားတယ် ---
အဲ့ဒီတော့ဗျာ ---- ဘာပြောင်းပေးစရာ လိုလည်း ---- သက်ကြီးရွယ်အိုတွေကို အကယ်ဒမီ ပေးတာမှမဟုတ်တာ -- တကယ်လို့လာချင်တယ်  --တက်ချင်တယ်ဆိုရင်လည်း -- အစိုးရ က လေယာဉ်ပျံတောင် စီစဉ်ပေးနေတာပဲ ------
သူတို့လာရင်လည်း ဟိုတယ် တွေ မှာထားတယ် ---- တကယ်ကိုကောင်းကောင်းထားတာပါ ---
သူတို့အကယ်ဒမီ ရလို့ ညစာစားပွဲကျင်းပ ဦးမလား --- အရမ်းအဆင်ပြေတယ်----ဟော်တယ် တွေက ကျယ်ဝန်းတယ် ---
ခု သူတို့ က ဟိုပြန်ပြောင်းပေးပါ -- ဒီပြန်ပြောင်းပေးပါနဲ့ -----
တကယ်ဆို ဒီရုပ်ရှင် လောက သားတွေက အခွင့်ထူးခံတွေပါ -----
ဥပမာ ပေါ့ဗျာ -- ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်စု ရလို့ လာပေးတာမှမဟုတ်တာ -- သွားယူရတာပဲ --- ဟုတ်တယ်မဟုတ်လား ---
အဲ့ဒီတော့ဗျာ --- အစိုးရရုံးစိုက်တဲ့ မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့တောင် လွှတ်တော်လာတက်ရသေးတာပဲလေ ----
ဒီစုဆိုတာလည်း အစိုးရ ကပေးတာ ---
အဲ့ဒီတော့ အစိုးရရုံးစိုက်တဲ့ မြို့မှာ လုပ်တာ အဖြစ်သင့်ဆုံးပဲထင်တယ် ----
လိုချင်တဲ့ကောင်လာခဲ့ မလိုချင်တဲ့ကောင်မလာနဲ့ --- ဒါလူ့အခွင့်အရေးနဲ့မဆိုင်ဘူးထင်တယ် ----
ဘာရယ်တော့မဟုတ်ဘူး --- အား လုံး သိကြတဲအတိုင်း ရုပ်ရှင် လောက ဆိုတာ ရင်ရှုပ်တဲ့ လောကပဲ --- ကြားနေရတာပဲ ----
ကိုယ်နဲ့လည်းမဆိုင်ပါဘူး ---
တောင်းရတိုင်းတောင်းနေတာ အမြင်ကတ်လို့ ရေးတင်တာပါ ---
လွန်တာ ရှိရင် ၀ဏ္ဏာမိ ပါ ဗျာ ---
jr.gypsylay@gmail.com
Myanmar Express
Read On 1 comments
‎" ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ် "
10/31/2012 04:09:00 PM
    (၁)
    သေမင်းဟာ
    ရိုင်ဖယ်ကို ပခုံးမှာချိတ်
    စာသင်ခန်းတံခါးတွေကို ပိတ်လိုက်တယ်။
    (၂)
    စာအံသံတွေေ ပျာက်ဆုံး
    ဗုံးဆံတွေ မိုးချန်းသလိုရွာချ
    အမုန်းတရားတောင်ကုန်းကို
    လက်နက်ကြီးအင်အားသုံးပြီး
    သိမ်းပိုက်ဖို့ကြိုးစားနေကြတယ်။
    မျက်ရည်နဲ့
    အလောင်ကောင်တွေပေါ်က"အမှန်တရား"
    ဘယ်ပြည့်တန်ဆာကတောင်မှ
    လေးစားမှာမဟုတ်ဘူး။
    စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
    ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
    စစ်ဘေးဒဏ်ကြောင့်သေသွားတဲ့
    ကလေးတွေရဲ့ အရေအတွက်နဲ့
    ထပ်တူ အချိုးကျပါသလား။
    စစ္နတ္ဘု၇ားရဲ့ သခ်ာၤကို
    ငါ...လက်ချိုးရေတွက်နေတယ်။
    (၃)
    စပါးပင်ပျိုးရမယ့်တောင်ယာမြေမှာ
    ငါ့အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
    ဖြစ်သလို မြှုပ်ပစ်ခဲ့၇တယ်။
    အမြှေုာက်ဆံပေါက်ကွဲတဲ့နေရာက မြက်ပင်လို
    မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ
    အမေရေ....ဒီတစ်သက်တော့
    ထမင်းလက်ဆုံစားခွင့်မရှိတော့ဘူး။
    ဦးခေါင်းထက်မှာကျည်ဆန်တွေက
    နတ်ဆိုးရဲ့လေချွန်သံလို
    တရွီရွီမြည်နေတုန်း
    မြေလွှာအောက်ကမိုင်းဗုံး
    "၀ုန်း" ခနဲပေါက်ကွဲတယ်..။
    ငါ့အနာဂါတ်မျှော်လင့်ချက်ဟာ
    ခြေထောက်တစ်ဖက်နဲ့အတူ ပြုတ်ထွက်လွင့်စင်သွားပေါ့
    ငါ့အိမ်ငါပြန်လာတာလေ။
    ဒါဟာအသွားမတော် ဖြစ်ခဲ့ပါသလား။
    မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
    ငါ့ဘ၀ကတော့
    ငါ့ဒူးဆစ်လို ငုံးတိတိဖြစ်လိုနေ့လေရဲ့...။
    ငြိမ်းချမ်းရေးမိုခေါင်ရပ်ဝန်းဒေသမှာ
    သားပျောက်တဲ့အမေတွေနဲ့
    အမေပျောက်တဲ့သားတွေ
    အားလုံးဟာလူအဖြစ်ကနေလျှောကျ
    တိရစ္ဆာန်တွေလို အမဲလိုက်ခံနေရတယ်...။
    အမေအိုတို့ရဲ့ ငိုကြွေးသံ
    မြစ်သောင်ယံမှာစိးဆင်း
    ဧရာဝတီဟာ သွေးချင်းချင်းနီလို့...။
    (၄)
    လက်ဝါးကပ်တိုင်ထက်မှာ
    ချစ်ခြင်းမေတ္တာတ၇ားကိုသံမှိုနှက်
    အာဏာပါးကွက်သားတို့က ကွပ်မျက်ကြတာကို
    စစ်ပွဲလို့ခေါ်တယ်..။
    စစ်ပွဲမှာ
    ဘယ်သူနိုင်နိုင်..ဘယ်သူရှုံးရှုံး
    နောက်ဆုံးမှာ
    အမုန်းတရားကပဲ သိမ်းပိုက်.
    မိဘမဲ့သွားတဲ့ကလေးတွေကို
    လောကထဲ မောင်းထုတ်လိုက်ကြတယ်
    အို...သွေးဆာသူတို့
    ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့
    အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
    သူသတ်ကုန်းမှာ ဆောက်တဲ့နန်းတော်ဆီ
    ငါတို့ဘယ်တော့မှ လက်အုပ်မချီဘူး...။
    (၅)
    ကျည်ဆန်ဖိုးတွေထပ်မဖြုန်းပါနဲ့
    ပေါင်မုန့်တစ်လုံးလောက်ဝယ်ပေးပါ
    လက်ပစ်ဗုံးတွေပစ်မယ့်အစား
    ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ
    စစ်ပွဲတစ်ပွဲမှာ
    ပထမဦးဆုံးပစ်တဲ့ကျည်ဆန်
    ကိုယ်ချင်းစာတရားကိုမှန်တယ်။
    ကိုယ်ချင်းစာတရားကျဆုံးခြင်းဟာ
    နိုင်ငံတော်ဈာပနပဲ..။
    ကဲ...အလံတစ်ဝက်လွှင့်ထူကြ
    ကမ္ဘာမကြေသီချင်းဆိုတဲ့အခါ
    ငိုသံပါနေရတာလောက်
    (၆)
    မုန်းတီးစိတ်တွေ
    နောက်မျိုးဆက်ကို.အမွေမပေးစေရ..အာမဘန္တော..။
    ငြိမ်းချမ်းရေးသီလယူသံ
    ကောင်းကင်ထက်မှာညံပါစေ။
    ကလေးတွေရင်ထဲကတောင်းဆုနဲ့
    ငါတို့အားလုံး ၀တ်ပြုကြရအောင်
    မေမေ၀ယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
    ဒီစစ်ပွဲပြီးရင်
    ကျောင်း.....တက်.....ချင်...တယ်...။
    Jacqueline Aquamarine
Read On 2 comments
ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး တို့အား စွပ်စွဲပြစ်တင်သော အဆိုကို ရုပ်သိမ်း
10/31/2012 04:06:00 PM
31.10.2012
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ခန်းမတွင် အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်သော ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးနောက်ဆုံးနေ့တွင် စွပ်စွဲပြစ်တင်ခြင်းခံရသော လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းထွန်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသို့ ၎င်းအား စွပ်စွဲပြစ် တင်ထားသောအဆိုနှင့်ပတ်သက်၍ လွှတ်တော်သို့ တောင်းပန်ကြောင်း တင်ပြပါသည်။
အဆိုပါတောင်းပန်ခြင်းအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်မှ ဝန်ကြီးအား သတိပေး ထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ အဆိုပါ ရှင်းလင်းပြောကြားခဲ့ခြင်းကြောင့် လွှတ်တော်သို့ တင်သွင်းသော လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ (၁၉) ဦးမှ စွပ်စွဲပြစ်တင်ခြင်းအဆိုကို ရုပ်သိမ်းပေး ရန် လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံ၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအား စွပ်စွဲပြစ် တင်သောအဆိုကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Eleven Media Group
Read On 0 comments
*** သွေးချင်း နှောတဲ့မောင်နှမ အရင်းပါ ***
10/31/2012 03:56:00 PM
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
ဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။
ကိုလေး(ထီလာမြေ)
ဒီက ကူးလာတယ် ...
Read On 0 comments
ဥရောပ သမဂ္ဂ ဥက္ကဌ မြန်မာပြည် လာမည်
10/31/2012 03:39:00 PM
31.10. 2012
ဥရောပ သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဌ Barroso တို့သည် လာမည့် နို ၀င် ဘာ လ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် ရှိကြောင်း သတင်းရသည်။ ၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၉ ရက်နေ့ ၌ လာအိုနိုင်ငံတွင် ကျင်းပမည့် ဥရောပ သမဂ္ဂနှင့် အာဆီယံ နိုင်ငံများဆိုင်ရာ ASEM ထိပ်သီးဆွေးနွေး ပွဲသို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း စသည်နိုင်ငံ များ သို့ သွားရောက်ရန် ရှိကြောင်း ဥရောပ သမဂ္ဂ က ထုတ်ပြန် ထားသည်။
အေးချမ်းမွန်
Read On 0 comments
နန့်မှော် တွင် တိုက်ပွဲဖြစ် KIA ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေကြေ ဒဏ်ရာရ
10/31/2012 03:35:00 PM
31.10.2012
အောက်တိုဘာလ (၃၀) ရက်နေ့တွင် KIA တပ်များနှင့် အစိုးရတပ်တို့ ဖားကန့်မြို့နယ် နန့်မော်ရွာ အထွက် တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် KIA ၏ ပစ်ခတ်မှုကြောင့် ခရီးသွားအရပ်သား (၂)ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ ခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာလ (၃၀) ရက် နေ့လည် (၁) နာရီခန့်တွင် KIA တပ်မ ဟာ (၂) တပ်ရင်း (၆) မှ အင်အား (၄၀) ခန့်သည် အစိုးရတပ်အား တိုက်ခိုက်ရန် နန့်မှော်ရွာ ကုန်းဆင်း တွင် စောင့် ဆိုင်းနေခဲ့ပြီး အစိုးရတပ်များ နမ့်မှော်ရွာတွင်းမှ ထွက်လာစဉ်တွင် စတင်ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အစိုးရတပ်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။
နှစ်ဘက်ပစ်ခတ်မှုများမှာ တစ်နာရီးခွဲခန့် ကြာပြီးနောက် KIA တပ်များမှ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး  အဆို ပါတိုက်ပွဲ တွင် KIA ဘက်မှ (၁) ယောက်ကျဆုံးခဲ့ကာ (၄) ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။“ KIA ကကြိုစောင့်နေတာ စစ်တပ်ရွာကထွက်လာတာနဲ့ စပစ်တော့တာပဲ ရွာထဲကိုလည်း လက်နက်ကြီး တွေကျတယ်၊ ရွာသားတွေတော့ မထိပါဘူး။ ဒါပေမယ့် ဖားကန့်ကနေလာတဲ့ ကား ကိုတော့ ထိသွားတယ်။ ကားက တိုက်ပွဲစဖြစ်ချိန်မှာ စစ်တပ်နားမှာရောက်နေတော့ KIA ပစ်တာတွေ မှန် သွား တာ။ ကားပေါ်မှာ လူ (၅) ယောက်ပါတယ်။ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ် ၊ (၃) ယောက်ကတော့ ဒဏ်ရာရသွားတယ်  ” ဟု နမ့်မှော်ဒေသခံ တစ်ဦးက ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွင် သေဆုံးဒဏ်ရာရသွားသူ ခရီးသည် အရပ်သားများအား စစ်တပ်နှင့် ဒေသခံများမှ ဖားကန့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါ တိုက်ပွဲတွင် သေဆုံး/ဒဏ်ရာရ သွားခဲ့သူ အရပ်သား ခရီးသွားများအနက်မှ မှ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နေသူ မဆွေဆွေအောင် (၂၅) နှစ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ နေသူ မောင်ကျော်ကျော်တို့ (၂) ဦးမှာ နေရာတွင် ပင် သေဆုံး ခဲ့ပြီး မောင်စိုင်းစိုင်းအောင် ၊  မောင်ထွန်းမင်း အောင်နှင့် မမြင့်မြင့်ခိုင်တို့ သုံးဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဖား ကန့်ဆေး ရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဖားကန့်ဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုပြော ကြားပါတယ် သိရပါတယ်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်းဆွေးနွေး ပွဲတွင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်သဖြင့် စစ်ရေးဆိုင်ရာ များ ဆွေးနွေးနိုင်ခြင်း မရှိခဲ့ ကြောင်း သိရပါတယ်။
ကချင်သတင်း
Read On 0 comments
"၂ဝ၁၂ သည် ၈၈ နောက်ပိုင်း ရှို့မီးကြောင့် မီးလောင်မှု အများဆုံး နှစ်ဖြစ်"
10/31/2012 03:18:00 PM
31.10.2012
ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများ ဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။ မီးသတ်ဦး စီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွား ခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင် မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေဆုံးကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''ဒီနှစ်က ရခိုင်ပြည် နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ရှို့မီးတွေ များလာပြီး မီးလောင်မှု အကြိမ် အရေအတွက် တွေ မြင့်လာတာပဲ။ လက်ရှိ ရှို့မီး ကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့ အကြိမ် အရေအတွက်က ၈၈ အရေး အခင်းပြီးရင်တော့ အများဆုံး ပဲ။ အခုဖြစ်နေတာ အများစုက ကျ တော့ ကိုယ့်အိမ်ကို ကိုယ်ပြန် မီးရှို့ ပြီး သူများအိမ်ကိုပါ မီးကူးအောင် လုပ်ကြတာ များ တယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီးအလိုက် ရှို့မီး ကြောင့် ပျက်စီးဆုံးရှုံးမှု အ များ ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ပဲ'' ဟု ၄င်းက ရှင်းပြသည်။ ထို့အပြင် ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဇွန်လအတွင်းက စစ် တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် အိမ်ခြေ ၄၆၉၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၄၈ လုံး ၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆေးရုံဆေးခန်းတစ်ခုနှင့် အခြား အဆောက် အအုံ ၃၆ လုံး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အောက် တို ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွား ခဲ့သော ဆူပူအကြမ်း ဖက် မှုများကြောင့် လူ နေအိမ် ၂၉၅ဝ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ စက်ရုံ အလုပ်ရုံ ၈ လုံး မီးလောင်ပျက်စီး ကာ လူ ၈၄ ဦး သေဆုံး၍ ၁၂၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၄င်း က ထပ်မံပြောသည်။ ၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ တစ်နိုင် ငံလုံးတွင် ရှို့မီးကြောင့် မီးလောင်မှုစုစုပေါင်း ၁၄၇၅ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီး သတ်ဦးစီး ဌာနမှ ထပ်မံသိရသည်။
ရှစ်လေးလုံး အရေးအခင်းအပြီး နောက်နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရှို့မီးကြောင့် မီးလောင်မှု အများ ဆုံးနှစ်မှာ ယခုနှစ်ဖြစ်ကြောင်း မီးသတ် ဦးစီး ဌာန ၏ မီးလောင်မှုမှတ်တမ်းများအရ သိရသည်။
မီးသတ်ဦးစီးဌာန၏ မီးလောင်မှုမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ မီးလောင်မှု ၁၁၈၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မသမာသူ ရှို့မီး ၁၂၉ ကြိမ်နှင့် သောင်းကျန်းသူရှို့မီး ၉ ကြိမ်ပါဝင်ခဲ့ပြီး အိမ်ခြေ ၁၂၅၄၁ လုံး၊ စက် ရုံအလုပ်ရုံ ၂၅ လုံးနှင့် ဂိုဒေါင် ၁ဝ၃ လုံး မီးလောင်ပျက်စီးကာ လူ ၁၆၈ ဦးသေ ဆုံး ၍ ၁၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တစ်နိုင်ငံလုံး၌ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ မီးလောင်မှုအကြိမ် ၁ဝဝဝ ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှို့မီးကြောင့် မီးလောင်မှုမှာ ၁၁၂ ကြိမ် ပါဝင်လျက် ရှိပြီး လူနေအိမ် အလုံး ၁၃ဝ၂ဝ ၊ စက်ရုံအလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁ဝ ရုံနှင့် လူ ၁၅၉ ဦး သေ ဆုံး ကာ ၂၁၄ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
''ဒီနှစ်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ရှို့မီးတွေ များလာပြီး မီးလောင်မှု အ ကြိမ် အရေအတွက် တွေ မြင့်လာတာပဲ။ လက်ရှိ ရှို့မီး ကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့ အကြိမ် အရေ အ တွက် က ၈၈ အရေး အခင်းပြီးရင်တော့ အများဆုံး ပဲ။ အခုဖြစ်နေတာ အများစုက ကျ တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်မီးရှို့ ပြီး သူများအိမ်ကိုပါ မီးကူးအောင် လုပ်ကြတာ များ တယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီး အ လိုက် ရှို့မီး ကြောင့် ပျက်စီးဆုံးရှုံးမှု အ များ ဆုံး ဆိုရင်တော့ ရခိုင်ပြည်နယ်ပဲ'' ဟု ၄င်းက ရှင်းပြသည်။
ထို့အပြင် ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဇွန်လအတွင်းက စစ် တွေ ၊ ကျောက်ေ တာ်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များ အတွင်း ဖြစ် ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကြောင့် အိမ်ခြေ ၄၆၉၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၄၈ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ဆေးရုံဆေးခန်းတစ်ခုနှင့် အခြား အဆောက် အအုံ ၃၆ လုံး မီး လောင် ပျက် စီးခဲ့ကြောင်း၊ ထို့အတူ အောက် တို ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အ တွင်း ဖြစ်ပွား ခဲ့သော ဆူပူအ ကြမ်း ဖက် မှုများကြောင့် လူ နေအိမ် ၂၉၅ဝ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး၊ စက်ရုံ အလုပ်ရုံ ၈ လုံး မီးလောင်ပျက်စီး ကာ လူ ၈၄ ဦး သေဆုံး၍ ၁၂၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၄င်း က ထပ်မံပြော သည်။
၁၉၈၈ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ရှို့မီးကြောင့် မီးလောင်မှုစုစုပေါင်း ၁၄၇၅ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီး သတ်ဦးစီး ဌာနမှ ထပ်မံသိရသည်။
ရွှေနိုင်ငံ
Read On 0 comments
ကိုယ့် အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက် သမားများ ကို လက်ခံမည် မဟုတ်ဟု ဘင်္ဂလာ လက်ရှိ အာဏာရပါတီ မှဆို
10/31/2012 03:12:00 PM
31.10.2012
ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိ အာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံ လိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်း ကျပ်စွာချထားလျှက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလား သို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီ မူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသားများ အား Arakantimes မှ မေးမြန်းရာ " ဘင်္ဂလာ က အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက် သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်း ဖက် သမားတွေ ဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိက အကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွက် ဖြစ်ပါ တယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြ သွားခြင်းဖြစ် သည်။
ထို့အပြင်ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ေ ရာက် လာ သူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက် သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီးဖြစ်ေ ကြာင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်ေ တာမြို့နယ် သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူ ညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။
ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများ အပြားမှာ ကော့စ်ဘဇား ခရိုင်အတွင်း သို့ ရောက်ရှိ လာပြီး ခိုလုံလျှက်ရှိေ နကြောင်း ဒေသခံများက ပြောသည်။
"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါ တယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆို ရင် မြန်မာနိုင်ငံ သားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံး ဘင်္ဂလီ များ မှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။
ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိက ရုဏ်း အတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများ ရှိနေသည့် အတွက် မောင်တော မြို့ နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။
ရွှေနိုင်ငံ
Read On 0 comments
တိုက်ပွဲများ အား စိတ်ပျက် ထွက်ပြေး လျက် ရှိသော KIA တပ်မဟာ(၃) တပ်ရင်း (၁၅) တပ်ရင်းမှူး အား တပ်မဟာ ဌာနချုပ်မှ ပြန်လည် ဖမ်းဆီး ရမိ
10/31/2012 03:02:00 PM
31.10.2012
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူး အဆင့်ရှိ တူးမိုင်သည် သြဂုတ်လ (၁၃) ရက်နေ့တွင် ထွက်ပြေး သွားခဲ့သဖြင့် တပ်မဟာဌာနချုပ်မှ လိုက် လံရှာဖွေခဲ့ရာ နှစ်လနီးပါးအကြာ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပြန်လည် ဖမ်းမိခဲ့ကြောင်း သိရ ပါတယ်။
အဆိုပါ တပ်ရင်း (၁၅) မှ တပ်ရင်းမှူး တူးမိုင်သည် လက်ရှိ အစိုးရတပ်နှင့် KIA တို့ အကြားတွင် ဖြစ် ပွားနေသော တိုက်ပွဲများအား စိတ်ပျက်ခြင်း၊ သစ်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံရရှိမှု မရှိတော့ခြင်း၊ လက်အောက်ငယ်သားများအားလည်း စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးမပေးနိုင်၍ ၎င်းအပေါ် ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် ထွက်ပြေး ခဲ့ခြင်းဖြစ်ပြီး တပ်မဟာမှူးမှ တပ်ခွဲတစ်ခွဲ စေလွတ်၍ လိုက်လံရှာဖွေ ဖမ်းဆီးစေခဲ့ရာ အောက်တိုဘာလ (၁၀) ရက်နေ့ တွင် ရွှေကူမြို့ရှိ ၎င်း၏ မယားငယ် တစ် ဦးဖြစ်သူ မထွယ်ရှောင်၏ အိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး တပ်မဟာ (၃) ဌာနချုပ်၌ ချုပ်နှောင် စစ်ဆေးနေကြောင်း သိရ ပါတယ်။
ဖမ်းဆီးရမိချိန်တွင် တပ်ရင်းမှူး တူးမိုင်အား တပ်မဟာ (၃) တပ်မဟာမှူး မရန်တောင်မှ ရိုက်နှက် စစ်ဆေး ခဲ့မှုကြောင့် ဘယ်ဘက်နံရိုး (၂) ချောင်းကျိုးသွားခဲ့သဖြင့် မိုင်ဂျာယန် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေး ကုသမှုခံယူ ခဲ့ရပြီး အောက်တိုဘာလ (၂၈) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ ပါတယ် ။ ဆေး ရုံဆင်းပြီးနောက် ၎င်းအား တပ်မဟာ (၃) ဌာနချုပ်အချုပ်ခန်းတွင်ပင် အချုပ်သား ပြင်ပ လူနာ အဖြစ် ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။
တူးမိုင်ဆေးရုံတက်ရောက်ကုသနေချိန်တွင် ၎င်း၏ မိန်းမဖြစ်သူ မထွယ်ရှောင်မှာ သူမ၏သူငယ်ချင်း တစ်ယောက်နှင့် အတူ တူးမိုင်အားတွေ့ဆုံရန် မိုင်ဂျာယန်ဆေးရုံသို့ အောက်တိုဘာလ(၂၁)ရက်နေ့က သွားရောက်ခဲ့ပေမယ့် တူးမိုင်အား စောင့်ကြည့်နေသည့်  တပ်မဟာ(၃) မှ ဗိုလ်တစ်ဦးမှ ၀င်ခွင့်မပေး သဖြင့် တွေ့ ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မိုင်ဂျာယန်တွင်ပင် စောင့်ဆိုင်းနေခဲ့သော်လည်း ဆေးရုံစောင့် တပ် သားများမှ ရန်ပြုမည်ကို စိုးရိမ်သောကြောင့် အောက်တိုဘာလ(၂၄) ရက်နေ့တွင် ရွှေကူ သို့ပြန်လာခဲ့ ရကြောင်း မထွယ်ရှောင်၏ သူငယ်ချင်းဖြစ်သူမှ ဆိုပါတယ်။
တပ်ရင်းမှုး တူးမိုင်တွင် မယားငယ် (၆) ယောက်ရှိပြီး သွားရောက်တွေ့ဆုံခဲ့သူ မထွယ်ရှောင်မှာ နောက် ဆုံးယူ ထားသည့် မိန်းမဖြစ်ပါတယ်။ “ တပ်ရင်းမှူး တူးမိုင်မှာ မယားငယ် (၆) ယောက်ရှိတယ်၊ အရင် တုန်း က ပိုက်ဆံ ပေါတာကိုး ၊ သစ်ကားတွေ ၊ သစ်စက်တွေကနေ ပိုက်ဆံရတယ်၊ တိုက်ပွဲတွေလည်း မရှိတော့ ယူနိုင်တယ်လေ။ အခုကျတော့ တိုက်ပွဲတွေ လည်းဖြစ်တယ် ၊ သစ်ကားတွေ လည်း မလာတော့ဘူး ၊ ဒါကြောင့် ပိုက်ဆုံမရတော့ဘူးလေ၊ သူကငြိမ်းချမ်းရေး လိုချင်တာ ၊ အရင်တုန်းက ငြိမ်းချမ်းရေးရတဲ့ အချိန် မှာ အေးအေးဆေးဆေး နေရတယ်လေ၊ အခုကျတော့ မနေတက် တော့ဘူး။ ထွက်ပြေးသွားတော့ ကျွန်တော် တို့ဆီက ခွဲ (၁) ခွဲကလိုက်ရှာရတယ်၊ နှစ်လလောက်ကြာတယ်။ သူ့မယားငယ်တွေရဲ့ အိမ်တွေ ကို ပတ်သွားနေတာ ” ဟု တူးမိုင်နှင့် အနီးကပ်နေခဲ့ဖူးသူ ရဲဘော် တစ်ဦးက ဆိုသည်။
တပ်ရင်း (၁၅) သည် လွယ်ဂျယ်တွင် အခြေစိုက်ထားသော တပ်ရင်းတစ်ရင်းဖြစ်ပြီး တပ်ရင်းမှူးတူးဂျာသည် ၎င်းတပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ်၌ ဒေသခံတိုင်းရင်းသားများနှင့် သင့်မြတ်မှု ရှိကြောင်း ဒေ သခံများ အား အတင်းအကြပ် ခိုင်းစေခြင်းမျိုးပြုလုပ်မှုကို လက်မခံသော ကိုယ်ချင်းစာတရားရှိသည့် တပ်ရင်းမှူး တစ်ဦးဖြစ် ကြောင်း ဒေသခံများက ဆိုပါတယ်။
တူးမိုင် သည် ငြိမ်းချမ်းရေးယူ ရန်တပ်မဟာမှူးသို့ တင်ပြဖူးသောတပ်ရင်းမှူးတစ်ယောက်ဖြစ်ပြီး တပ်မဟာ မှ အစိုးရစစ်ကြောင်းများကို တိုက်ခိုက်ရန် စေလွှတ်ချိန်များတွင် သွားရောက်တိုက်ခိုက်ခြင်း မရှိသဖြင့် တပ်မဟာမှူးမှ မကြာခဏ အရေးယူခြင်းကိုခံရ သူလည်းဖြစ်ကြောင်းသိရပါတယ်။ ယခုအခါတွင် KIA အတွင်း၌ ငြိမ်းချမ်းရေးလိုချင်သော တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများကို လိုလားသော တပ်ဖွဲ့ဝင်များ ဟူ၍ အဖွဲ့များကွဲပြားလျက်ရှိကြောင်း သိရပါတယ်။
ကချင်သတင်း
Read On 0 comments
ဆွေးနွေးပွဲ မလာဘဲ ဂွမ်မော် ဘာလုပ်နေလဲ .....
10/31/2012 12:01:00 PM
31.10.2012
ဂွမ်မော် ဟာ ကေအိုင်အေ တပ်တွေအားလုံးကို ကွပ်ကဲရတယ်။ ယခုလောလောဆယ်မှာ ရှမ်းပြည်မှာ တိုက် ပွဲဖြစ်ေ နတော့ တပ်ရင်း(၉)ကို သူက ကွပ်ကဲပြီး စစ်တိုက်နေ ရပါသတဲ့။ ဒါကြောင့် ယခုအစည်း အဝေး ပွဲကို မလာနိုင်တာ ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂွမ်မော် တို့က ရှောင်ထွက်သွားခဲ့တယ်။
အဆိုပါ ဆွေးနွေးပွဲ မှာတော့ KIO ဘက်မှ နိုင်ငံရေး အရ ဆွေးနွေးဖို့  တောင်းဆိုခဲ့ပြီး မြန်မာ အစိုးရ ဘက်က ဒေသ တည်ငြိမ်ရေး၊ စစ်ဘေး ဒုက္ခသည်များကို နှစ်ဦး နှစ်ဖက် ပူးပေါင်းဆောင်ရွက် ကူညီရေး တာပိန်ရေအား လျှပ်စစ် စီမံကိန်း ပြုပြင် ထိန်းသိမ်းနိုင်ရေး တို့ကို တောင်းဆိုခဲ့ပါတယ်။
ဂွမ်မော် မလာတော့ စစ်ရေးကိစ္စ ဘာမှ မဆွေးနွေးနိုင်ဘူး။  ကချင်ပြည်နယ်မှာ ရှိတဲ့ ကချင်တပ်တွေကို ထိုးစစ် တကယ် ဆင်မှာကိုလည်း ဂွမ်မော်တို့က အကြောက်ဆုံးပဲ။ ဒီအစည်းအဝေးကိုသာ တက်လိုက်ရင် ဂွမ်မော် တို့ ကချင်ပြည်သူတွေရဲ့ ဒုက္ခတွေကို ဆွေးနွေးရတော့မယ်။ မြန်မာ့တပ်မတော်နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေက ဦးတည်ဆွေးနွေးမှာက စစ်ရေးထက် ပြည်သူတွေ အရေးဆိုတာကို ဂွမ်မော်သိနေတယ်။ တစ်သက်လုံး ကချင်ကောင်းကျိုးဘာမှ မလုပ်ဖူးတဲ့ ဂွမ်မော် ဒီပွဲကို လာဖို့ သတ္တိ မရှိတော့ဘူး။ တိုက်ပွဲတွေရပ်ဖို့ဆွေးနွေးတာနဲ့ တိုက်ပွဲကို စနေတာ ဘယ်သူလဲ ဆိုတာ ဗူးပေါ် သ လို ပေါ်လာတော့မှာ။ လူရှေ့သူရှေ့မှာ ဂွမ်မော်တစ်ယောက် မြန်မာ့တပ်မတော်ကို ထိုးစစ်ရပ်ဖို့ အကြောင်း မပြောရဲပါဘူး။
အကောင်းဆုံးနည်းလမ်းအနေနဲ့ ဂွမ်မော်ရှောင်ထွက်တယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့ သဘောတူရတယ်။ ကချင်ပြည်နယ်၊ ကချင်လူမျိုးကို ကေအိုင်အေက ကိုယ်စားပြုပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတော့ ယခု လက်ရှိ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကနေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး အထိက တရားမ၀င်တွေ ဖြစ်ကုန်သလို ပါပဲ။ သမ္မတ၊တပ်မတော်၊ ဂွမ်မော်တို့ ကေအိုင်အို သာ ဆွေးနွေးနေတဲ့ ကချင်ပြည်နယ် တည်ငြိမ်အေး ချမ်း ရေး ဇာတ်လမ်းမှာတော့ လက်ရှိ ကချင်အစိုးရအဖွဲ့ဆိုတာ ပွဲကြည့်ပရိသတ်သာသာပါပဲ။
OppositEyE
Read On 0 comments
အသင်း အဖွဲ့ များမှ အာဏာရှင် များ
10/31/2012 11:45:00 AM
31.10.2012
စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာသော်လည်း အရပ်ဘက်အဖွဲ့အစည်းများတွင်မူ အာ ဏာ ရှင်ဆန်ဆန်လုပ်ကိုင်မှုများ ရှိနေသေးကြောင်း အသင်းပေါင်းစုံတွင် လုပ်ကိုင်နေ သူများ ကပြော သည်။
“ဒီအလုပ်ဟာ အာဏာရှင်ဆန်လို့ မရဘူး။ ဒါပေမဲ့ အာဏာရှင်ဆန်ဆန် လုပ်ကိုင်နေတဲ့ အသင်းအ ဖွဲ့တချို့ ရှိနေဆဲပဲ”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးကပြောသည်။
အသင်းအဖွဲ့အချို့တွင် အရေးကြီးသောရာထူးများကို လူပုဂ္ဂိုလ်အချို့က ကာလရှည်ရယူထားခြင်း၊ အသင်း အဖွဲ့များမှ အရေးကြီးသူအချို့က အာဏာရှင်ဆန်စွာ ကြိုးနီစနစ်ဖြင့် အုပ်ချုပ်လုပ်ကိုင်မှုများ ရှိနေ ဆဲဖြစ် သည်။
အသင်းအဖွဲ့များတွင် ဆောင်ရွက်ရာ၌ အာဏာပြရသော လုပ်ငန်းမဟုတ်ဘဲ ကိုယ်ကျိုးစွန့်ဆောင် ရွက်ရသော လုပ် ငန်းဖြစ်သည်။ အာဏာရှင်ဆန်ဆန် ဆောင်ရွက်လုပ်ကိုင်မှုများကြောင့် အသင်း အဖွဲ့ များအတွင်း စွမ်းဆောင်ရည်ကျဆင်းလာခြင်း၊ စည်းလုံးမှုအားနည်းခြင်းများကို ကြုံတွေ့လာရကြောင်း ၎င်းကပြောသည်။
“လူတစ်ယောက်ဟာ နေရာတစ်ခုတည်းမှာ အကြာကြီးထိုင်နေမယ်ဆိုရင် အဲဒီလူရဲ့အိုင်ဒီယာတွေဟာ ကြာ လာရင် အဆင်မပြေတော့ဘူး။ တကယ်တော်တဲ့ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေ ကို နေ ရာပေးဖို့ လို တယ်”ဟု မန္တလေးမြို့မှ ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူက အသင်းအဖွဲ့များ၏ အရေးကြီးသောရာထူးနှင့် ပတ်သက်၍ ပြောသည်။
အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေသော အသင်းများရှိသော်လည်း ယခုအ ချိန် ထိ ဗဟိုဦးစီးစနစ်ကျင့်သုံးကာ မိမိနှင့်အဆင်မပြေသူများကို အရွေးချယ်မခံရနိုင်စေရန် ဥပဒေများပြဋ္ဌာန်းပြီး ထိန်းချုပ် ထားသော အသင်း အချို့ ရှိကြောင်း လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟို အလုပ် မှုဆောင် ဒေါက် တာစိုးထွန်းကသုံးသပ်သည်။
“အနားမှာ ရှိတဲ့လူတချို့က မြှောက်ပေးတာ လည်း ရှိတယ်။ ဥက္ကဋ္ဌကြီး မရှိရင် မဖြစ်ပါဘူး။ ဘယ်သူ မ ရှိရင် မဖြစ်ပါဘူး ဆိုတော့ အဟုတ်ထင်တယ်။ ဒီလိုပြောတာက တစ်ယောက်၊ နှစ်ယောက် ပဲ”ဟု ဒေါက် တာ စိုးထွန်းကပြောသည်။
လက်ရှိ အသင်းများတွင် ဥက္ကဋ္ဌအပါအ၀င် ဗဟိုအလုပ်အမှုဆောင် တာဝန်ယူထားသူများမှာ လုပ်ငန်းရှင် ကြီး များဖြစ်ကြပြီး အလုပ်များကြသည့်အတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးလုပ်ရန်ပင် ခဲ ယဉ်းပြီး ဆုံးဖြတ်ချက်များ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် စသည့်လုပ်ငန်းများ မလုပ်နိုင် ကြကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဝင် Nature Dream ခရီးသွားကုမ္ပဏီမှ အုပ် ချုပ် မှု ဒါရိုက်တာ ဒေါ်စပယ်အောင်ကဆိုသည်။
မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်အောက်တွင် စုစုပေါင်းအသင်း ၆၁ သင်းရှိပြီး ထိုအသင်းများမှာ စစ် အစိုးရလက်ထက်က ဖွဲ့စည်းပေးခဲ့သော အသင်းများဖြစ်သည်။
ထိုအသင်းများထဲမှ အချို့တွင် ဥက္ကဋ္ဌ အတွင်းရေးမှူး စသော အရေးပါသော နေရာများကို ယခင် က ရွေး ချယ် ရာတွင် သက်ဆိုင်ရာဝန်ကြီးများနှင့် ရင်းနှီးသူများကို တိုက်ရိုက်ခန့်ထားခံရသူများသည်။ သို့သော် ယ ခုနောက်ပိုင်းတွင်မူ မဲစနစ်ဖြင့် ရွေးချယ်လာသည်ကို တွေ့ရသည်။
အသင်းအဖွဲ့များ၌ တာဝန်ယူထားသူ အချို့မှာ အသင်းအဖွဲ့ကောင်းကျိုးထက် မိမိကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေသူများကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌတစ်ဦးကပြောသည်။
“အသင်းအဖွဲ့တွေမှာပါတဲ့သူတချို့က ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ကုမ္ပဏီအကျိုးစီးပွားကိုပဲ ကြည့်ကြတယ်။ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆာင်ရွက်တာမရှိဘူး”ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။
ဒီမိုကရေစီစနစ်တွင် အသင်းအဖွဲ့များ အားကောင်းရန် အလွန်ပင်အရေးကြီးသည်။ အရပ်ဘက် လူ့အဖွဲ့ အ စည်း များ အားကောင်းလာစေရန်အတွက် တင်းကျပ်သောဥပဒေများကို ပြင်ဆင်ရန်လိုအပ်ပြီး၊ အသင်း အ ဖွဲ့ တွင် ပါဝင်သူတိုင်း ပြဋ္ဌာန်းထားသော အသင်းအဖွဲ့စည်းမျဉ်းများနှင့်အညီ လုပ်ကိုင်၍ အသင်း အဖွဲ့များ အတွင်း စီမံခန့်ခွဲမှု အားကောင်းရန်လိုကြောင်း ကျွမ်းကျင်သူပညာရှင်အချို့ကသုံးသပ်သည်။
“အသင်းအဖွဲ့တွေ ဖွံ့ဖြိုးဖို့အတွက် လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ရှိရမယ်။ အသင်းအဖွဲ့တွေ အားကောင်း မှ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ကို လုပ်လို့ရမယ်”ဟု MDRI (Myanmar Development Resource Institute)မှ Senior Research Fellow ဦးတင်မောင်သန်းကပြောသည်။
ဒီမိုကရေစီစနစ်တွင် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် လွှတ်တော်သည် အင်အားကောင်းရမည်ဖြစ်ပြီး၊ အ ဆို ပါနှစ်ခု အားမကောင်းပါက ဒီမိုကရေစီစနစ် အင်အားချည့်နဲ့သွားနိုင်ကြောင်း အသင်းအဖွဲ့များ အားကောင်းနိုင်စေရန် အစိုးရနှင့် ဥပဒေပြုရေးအဖွဲ့အစည်းများက အားပေးရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်ကျောင်းသားအဖွဲ့မှ ကိုဂျင်မီကပြောသည်။
သို့သော် အသင်းအဖွဲ့အချို့မှာ ယခင်အခြေအနေထက်စာလျှင် ပိုမိုအားကောင်းလာကြောင်း အသင်း အဖွဲ့ များတွင် လုပ်ကိုင်သူများကဆိုသည်။ အစိုးရသစ်လက်ထက်တွင် ပိုမိုပွင့်လင်းလာပြီး ယခင်ကထက် အ သင်း အဖွဲ့များ ပိုမိုပေါ်ထွက်လာပြီဖြစ်ကြောင်း ပညာရှင်အချို့ကသုံးသပ်သည်။
ထို့ပြင် အချို့အသင်းအဖွဲ့များ၌ တာဝန်ယူလုပ်ကိုင်မည့်သူများ မရှိသဖြင့် တစ်ဦးတည်းကပင် သက် တမ်းနှစ် ဆက်၊ သုံးဆက် လုပ်ကိုင်နေရခြင်းများရှိကြောင်း အသင်းအဖွဲ့မှ ပုဂ္ဂိုလ်အချို့ပြော သည်။ မြန် မာနိုင် ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ကို ၂၀၀၅ မှစတင်တာဝန် ယူပြီး၊၂၀၀၉ ပြန်ရွေးရာတွင် ၀င်ရောက် အရွေးခံမည့်သူမရှိ၍ ဥက္ကဋ္ဌတာဝန် ဆက်လက်ယူသော ဦးဇော်ဇော်ကလည်းအောက်ပါ အတိုင်းပြောသည်။
“မနက်ဖြန်မှာ ကျွန်တော့်ထက် ပိုကောင်းအောင်လုပ်နိုင်မယ့် တာဝန်ယူနိုင်မယ့်သူရှိရင် အချိန်မရွေး ကျွန်တော်ထွက်ပေးမယ်။ အချိန်မရွေးလာလုပ်ပါ။ ဒါပမေဲ့ တစ်ခုတော့ရှိတယ်။ ယူပြီး ဖျက်ပစ်လို့တော့ မရဘူး။ ရှိနေတဲ့အဆင့်ထက် ပိုကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းမျိုးရှိဖို့ လိုတယ်”
အသင်းအဖွဲ့များတွင် ဥက္ကဋ္ဌလုပ်သူများမှာ နှစ်ရှည်ဆက်တိုက်တာဝန်ယူသဖြင့် ခါးဆက်ပြတ် သွားသော ပြဿ နာများဖြစ်နေကြောင်း အသင်းအချို့မှ လူငယ်အသင်းဝင်များက ပြောဆိုကြသည်။
“နိုင်ငံခြားမှာလုပ်သလို ဖွဲ့စည်းပုံလေးသတ်မှတ်ပြီးတော့ နှစ်ကြိမ်ရွေးပြီးရင် ဖယ်ပေးရမယ် ဆိုတာမျိုးပေါ့ ။ နောက်တစ်ခုက သူများပြောတာ မစောင့်ဘဲနဲ့ ဦးဆောင်တဲ့လူက မည်သို့ပင်ဆိုစေကာမူ ကျွန်တော်ထွက် ပါတယ်ဆိုတာ ပိုကောင်းပါတယ်”ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌကပြောသည်။
အချို့အသင်းအဖွဲ့များတွင် လက်ရှိတည်ရှိနေသော အမှုဆောင်အဖွဲ့ကို ကြိုက်နှစ်သက်ခြင်း မရှိ သဖြင့် ပြန် လည်ရွေးချယ်ရခြင်းမျိုးလည်း ရှိနေသည်။
“အရင် အလုပ်အမှုဆောင်တွေပဲ ဆက်လုပ်ကြတယ်။ အသစ်ဝင်လို့မရအောင် အလုပ်အမှုဆောင် လုပ်ချင် ရင် ကိုယ်ကိုယ်တိုင် အဆိုပြုရမယ်လို့ ကန့်သတ်ထားတယ်။ အဲဒါကြောင့် ရွေးကောက် ပွဲပြန်လုပ်ပေး ဖို့ တောင်း ဆို ထားတယ်”ဟု ဒေါ်စပယ်အောင်ကဆိုသည်။
အသင်းအဖွဲ့များ အားကောင်းလာစေရေးသည် အဆိုပါအဖွဲ့များအတွင်း လုပ်ကိုင်သည့်သူ များ ၏ တွေးခေါ်မြော်မြင်မှုများ အားကောင်းရန်လိုကြောင်း၊ အမှန်ကို အမှန်အတိုင်းမြင်တတ်ပြီး ဆုံးဖြတ် ချက်များ ပြတ်သားမှသာ အဆိုပါအဖွဲ့အစည်းအတွင်း ရေရှည်တည်တံ့မှု အားကောင်းနိုင်မည်ဖြစ်ကြောင်း ဦးနှင်းဦးကပြောသည်။
ကျင်းပဆဲ လွှတ်တော်များတွင် အင်န်ဂျီအိုဆိုင်ရာဥပဒေများ ထွက်ပေါ်လာပါက အသင်းအဖွဲ့များ ပိုမို အားကောင်း လာနိုင်ပြီး အသင်းအဖွဲ့များအတွင်း စီမံခန့်ခွဲမှု အားကောင်းရန်လိုကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးနှင့် ပတ်သက်၍ တာဝန်ခံမှုများ ရှိရန်လည်း လိုကြောင်း ဒေါက်တာအောင်ထွန်းသက် ကပြော သည်။
အသင်းအဖွဲ့များ အားကောင်းလာခြင်းသည် ဆိုးကျိုးထက် ကောင်းကျိုးကိုသာ ပိုမိုဖြစ်ထွန်းစေကြောင်း၊ အ သင်းအဖွဲ့များ များပြားလာခြင်းသည် ဒီမိုကရေစီစနစ်ကို ပိုမိုအထောက်အကူပြုကြောင်း ဦးတင်မောင်သန်း ကပြော သည်။
Aye Chan Mon
Read On 0 comments
ရခိုင် ဒေသ ပဋိပက္ခ ကြိုးကိုင်သူများ စုံစမ်းစစ်ဆေး နေပြီ
10/31/2012 11:25:00 AM
31.10.2012
ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားသည့် ပဋိပက္ခများ၌ နောက်ကွယ်မှ ကြိုးကိုင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေပြီဟု သိရသည်။
ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများသည် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်း တချို့နှင့် လူပုဂ္ဂိုလ် များက လုပ်ဆောင်နေကြောင်း သတင်းအမျိုးမျိုး ထွက်ပေါ်နေခြင်းနှင့် ပတ်သက် ၍ နိုင်ငံတော် သမ္မတရုံး ပြောခွင့် ရ သူ ဦးဇော်ဌေး က တရားဝင် ထုတ်ဖော်ကြေ ညာ ရန် အချိန်မ တန်သေးကြောင်း ဧရာဝတီ ကို ပြောသည်။
“ကြိုးကိုင်မှုတချို့ တွေ့ရှိထားတာတော့ရှိပါတယ်၊ ဒါပေမယ့် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်လို့ ဘယ်သူ၊ ဘယ်ဝါ ဆိုတာကို တရားဝင် ကြေညာလို့မရသေးပါဘူး၊ စုံစမ်းဖော်ထုတ်ပြီးရင် အားလုံး ရှင်းရှင်းလင်း လင်းဖြစ်အောင် ကြေညာမယ်၊ ဘာမှ ကွယ်ဝှက် ထား စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
ဇွန်လဆန်းမှ စတင်၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၁၇၀ ၀န်းကျင်၊ ဒဏ်ရာရသူ ၂၀၀ ကျော်၊ လူနေအိမ် ၈၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၂၀ ခန့်၊ စာ သင်ကျောင်း ၅ ကျောင်း၊ ဗလီ ၁၈ ခု ပျက် စီးသွားကြောင်း အာဏာပိုင်အဖွဲ့ စာရင်းများအရ သိရသည်။
လူသေဆုံးမှု၊ ဒဏ်ရာရမှု၊ ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော် မရှင် ၂ ခု ဖွဲ့စည်း ထားသော်လည်း ယနေ့အထိ စစ်ဆေးတွေ့ရှိမှုများအား တရား ၀င် ကြေညာခြင်း မရှိသေးပေ။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ရခိုင်ဒေသပြဿနာသည် ရာဇ၀တ်မှုများ ဖြစ်ကြောင်း၊ ရာဇ၀တ် မှု ဖော်ထုတ်ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း ကြိုတင်ထုတ်ဖော်ပြောဆိုမှု မရှိကြောင်း၊ ဇွန်လ အ တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး ကော်မရှင်၏ အစီရင် ခံ စာ တစောင်ကိုလည်း သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်း ပြောဆိုသည်။
တောင်ကုတ်မြို့၌ ဇွန်းလဆန်းက လူ ၁၀ ဦးအသတ်ခံမှုနှင့်ပတ်သက်၍လည်း ဆက်နွယ် ပတ်သက် သူ တ ချို့ တွေ့ရှိထားပြီး ဖြစ် ကြောင်း၊ စုံစမ်း စစ်ဆေးမှု အားလုံးပြီးစီး သွားပါက ပြည်သူ ကို ကြေညာပေး သွား မည်ဖြစ်ကြောင်းလည်း ဆိုသည်။
ထိုအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော် မတီ တခုကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းပေးထားပြီး ရခိုင်ပြည်နယ် တခုလုံး ၏ ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် အလွှာပေါင်းစုံမှ အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည့် စုံ စမ်းရေး ကော်မရှင် တခုကိုလည်း ဖွဲ့စည်းထားသည်။
ရခိုင်ပဋိပက္ခ တဖြည်းဖြည်း ကြီးထွားသွားခြင်းသည် အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၌ ဘာ သာရေး ၊ လူမျိုးရေးကိစ္စများကို ၀ါဒဖြန့် ပြောဆိုမှုများ ပါဝင်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။
လတ်တလော ပဋိပက္ခများကြောင့် နှစ်ဘက်စလုံးမှ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း၊ အများစုမှာ မွတ် စလင်များ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များက ဆိုသည်။ ထိုဒုက္ခသည်များ အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“လောလောဆည်တော့ ပထမအကြိမ်ဖြစ်တုန်းက စုဆောင်းထားတဲ့ ပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေ နဲ့ နေ ရာချပေးထားတယ်၊ ရေ ရှည်အတွက်တော့ အကူအညီတွေလိုအပ်မှာ”ဟု ၎င်းက ဆိုသည်။
တကျော့ပြန် ရခိုင်ပဋိပက္ခသည် မင်းပြားမြို့မှ စတင်ခဲ့ပြီး မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင် ၊ ကျောက်တော်၊ ပေါက် တော၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ ကူးစက်သွားကာ ရခိုင်ဒေသခံများနှင့် မွတ်စလင်များ အကြား အပြန်အလှန် မီးရှို့မှု၊ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာ ရသူအများ အပြားလည်း ရှိသည်။
ရခိုင်ပဋိပက္ခ လုံးဝ တည်ငြိမ်သွားခြင်းမျိုး မရှိသေးဘဲ ရမ်းဗြဲမြိုနယ် ကျောက်နီမော် အရပ်၌ မွတ်စလင် များ အား သီးသန့် နေရာ ချ ထားပေးရန် ယနေ့ နံနက်တွင် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာ လူ တဦး သေဆုံးပြီး တဦးဒဏ်ရာ ရသွားကြောင်း သိရသည်။
ပဋိပက္ခ ရုတ်တရက် ကြီးထွားသွားရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုံခြုံရေး အစီအစဉ် အားနည်းခြင်း နှင့် တာဝန်ယူမှု ပျက်ကွက်ခြင်း၊ ပဋိပက္ခဖြေရှင်းသည့် စစ်တပ်သည်လည်း မိုးပေါ်ထောင်၍ ခြောက်လှန့် ပစ်ခတ်ရမည့် အစား လူကိုပစ်မှတ်သဖွယ် ပစ်ခတ်၍ သေဆုံးသူ များ ရခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။
ထိုသို့ ပစ်ခတ်မှုများ အတွက် စစ်တပ်အရာရှိများနှင့် တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်စွာ အရေး ယူနိုင် ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ကျောက်တော်နှင့် ရသေ့တောင် ဒေသခံများကလည်း ဧရာဝတီ ကို ပြောသည်။
ပြည်နယ်အစိုးရနှင့်သမ္မတရုံး အဖွဲ့တို့ကမူ စစ်တပ်က ပစ်ခတ်မှုရှိလျှင်လည်း ဥပဒေအတိုင်း လိုအပ်ချက်အရ ပစ်ခတ်မှု ရှိနိုင်ကြောင်း တုံ့ပြန် ပြောဆိုသည်။ လူသေသည့် ပစ်ခတ်မှုကို ဒေသဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သို့ အရေးယူမည်ကို မသိရသေးပေ။
ဇွန်လအတွင်း စတင်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ်အများစုကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ရခိုင်တပြည်လုံးကိုလည်း အရေးပေါ် အခြေအနေ ကြေ ညာထားခြင်းကို ရုပ်သိမ်းမှု မရှိသေးပေ။
အစိုးရသတင်းစာများတွင်လည်း စစ်တပ်ကပစ်ခတ်ခြင်းမဟုတ်ဘဲ လူစုလူဝေးအချင်ချင်းမှားယွင်း ပစ် ခတ်ခြင်းကြောင့် ကျောက် တော်မြို့၌ လူ ၄ ဦး သေဆုံးကြောင်း၊ လူစုလူဝေးများထံမှ တူမီးသေနတ် စုစုပေါင်း ၇၁ လက် သိမ်းဆည်းရမိကြောင်း အောက် တိုဘာ၂၉ ရက်နေ့က ရေးထားသည်။
ထို့ကြောင့် ရခိုင်ဒေသ၌ လက်ရှိတွင် လုံခြုံရေး အင်အားတိုးချထားကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခသည် သာ မန်ဖြစ်ရိုး ဖြစ်စဉ် တခု မဟုတ်ဘဲ အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်ကြောင်း၊ ထို့ကြောင့် စနစ်တကျ ကိုင် တွယ်၍ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက ဆိုသည်။
လက်ရှိတွင်လည်း ဆူပူအကြမ်းဖက်မှုများနှိမ်နင်း ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးများ အပါအ၀င် အဓိ က ရုဏ်း နှိမ်နင်ရေး လက်နက် ကိရိယာများ လုံလောက်စွာ ဖြန့်ဖြူးပေးထားကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၅၀၀၀ ကျော်၊ နယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နှင့် တပ် မတော် တပ်ရင်း ၅၁ ရင်းတို့ကို လုံခြုံရေး ချပေးထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ က ပြောဆိုသည်။
တကျော့ပြန် ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား ကိုနစ် နာစေ သဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း တည်ငြိမ်ရေး ကို ထိထိရောက်ရောက်  ဆောင်ရွက် သွားမည် ဟု နိုင် ငံတော် သမ္မတရုံးက အောက်တိုဘာ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုများ ရှိနေကြောင်း သိရှိရသည့် အတွက် ဖော် ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သကဲ့သို့ တောင်ကုတ်မြို့၌ ဇွန် လဆန်း က လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စတွင်လည်း နောက်ကွယ်မှ ပါဝင်ပတ်သက်သူ တချို့ရှိသည်ဟု အစိုးရက ပြောဆိုခဲ့သေးသည်။
The Irrawaddy (Burmese Version)
Read On 0 comments
သတင်း ဇစ်မြစ် နှင့် စာနယ်ဇင်း ကျင့်ဝတ်
10/31/2012 11:18:00 AM
ပဏာမအနေဖြင့် သတင်းမီဒီယာများအပေါ် ထားရှိသော မိမိတို့၏ သဘောထားကို ဆက်သွယ်ပြော ဆိုခဲ့ဘူးသော မီဒီယာသမားများ ကောင်းစွာ သိရှိထားမည် ဟု ယုံကြည်ပါသည်။ ယခု တင်ပြချက်မှာ စာနယ် ဇင်းသမား အကုန်လုံး၊ ဂျာနယ်အားလုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲလက်တွေ့ ကြုံတွေ့ခဲ့ရ သည့်  ဖြစ်ရပ် တစ်ခု ကို အခြေပြု ၍ အယ်ဒီတာ မင်းများ ချင့်ချိန် စဉ်းစားနိုင် ပါရန် စိတ်ရင်းစေတ နာကောင်းဖြင့် ရေး သား ရခြင်းဖြစ်ကြောင်း အလေးအနက်ထား တင်ပြလိုပါသည်။
ပြီးခဲ့သည့် သီတင်းပါတ်အတွင်းက အပါတ်စဉ်ထုတ် သတင်းဂျာနယ်(၁)စောင် (အကြောင်းကြောင်းကြောင့် အမည်နာမ ဖော်ပြခြင်း မပြုပါ) တွင် သတင်းတစ်ပုဒ် ဖော်ပြပါရှိခဲ့ပါသည်။
အဆိုပါ သတင်း တွင် " နိုင်ငံတော် သမ္မတ ရုံး မှ တာဝန်ရှိ သူ တစ်ဦးက အတည်ပြု ပြောကြားသည်၊" " နိုင်ငံတော် သမ္မတရုံးမှ သိရှိရသည်" စသည့် စကားရပ်များ ဖော်ပြပါရှိခဲ့ပါသည်။ သတင်း မီဒီယာများနှင့် အဓိက ဆက်သွယ်ဆက်ဆံမှု ပြုနေရသူ တစ်ဦးအနေဖြင့် အဆိုပါ ဖော်ပြချက်နှင့် တိုက်ရိုက် သက် ဆိုင်နေပါသည်။ ယင်းဂျာနယ်သို့လည်း မိမိအနေဖြင့် အဆိုပါ သတင်းဖော်ပြချက် အတိုင်း ပြောကြားခဲ့ ဘူးခြင်း မရှိခဲ့ပါ။
အဆိုပါသတင်းပါ ဖော်ပြချက်များမှာ မိမိကိုယ်တိုင်ပြောကြားထားခြင်း မရှိသည့်အတွက် အဆိုပါ ဂျာနယ် တိုက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အယ်ဒီတာချုပ်နှင့် ဆက်သွယ်ပြောကြားနိုင်ခြင်း မရှိခဲ့သော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ တာဝန်ယူထားသော တာဝန်ခံအယ်ဒီတာ(၁)ဦးနှင့် အ ဆက်အသွယ် ရရှိခဲ့ပါသည်။ ယင်းအား မိမိ သိရှိလိုသည်ကို မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိ သူ(၁)ဦးမှာ မှန်ကန်ကြောင်း၊ စာနယ်ဇင်းကျင့်ဝတ်အရ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း ပြန် လည်ဖြေကြားခဲ့ပါသည်။
ယင်းနောက် သတင်းရေးသားသူ ကာယကံရှင် သတင်းထောက်နှင့် အဆက်အသွယ် ရရှိခဲ့ရာ ၄င်းမှလည်း ယင်းကဲ့သို့ပင် စာနယ်ဇင်း ကျင့်ဝတ် အရ သတင်း Source ကို ထုတ်ဖော်ပြောကြား ရန်မဖြစ်နိုင်ကြောင်း  ပြန်လည် ဖြေကြားခဲ့ပါသည်။
ယင်းနောက်  မိမိတို့ဘက်မှလည်း ဖြစ်နိုင်ဖွယ်ရာ ရှိသော ဇစ်မြစ်များသို့ စုံစမ်းမေးမြန်းခြင်းများ တစ်ချိန် တည်း ပြုလုပ် ခဲ့ပြီး အပြု သဘော စေ့စပ် ညှိနှိုင်းခြင်း များ ဆောင်ရွက်ပြီး သည့် သ ကာ လ ယင်း သတင်းထောက် ဖော်ပြထားသော ဇစ်မြစ်မှ နိုင်ငံတော်သမ္မတရုံးနှင့် သော်လည်းကောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် သော်လည်းကောင်း လားလား သက်ဆိုင်ခြင်း မရှိသော ဇစ်မြစ်တစ်ခု ဖြစ်နေကြောင်း တိကျ ခိုင်မာစွာ သိရှိလိုက်ရပါသည်။ (မိမိထံတွင် ပြောကြားချက် အသံဖိုင် အပြည့်အစုံ ရှိပါသည်။)
ယင်းဇာတ်လမ်း ဤမျှနှင့် ပြီးစေ ထားလိုက်ပါသည်။ နောင်တွင် နိုင်ငံတော် သမ္မတရုံးနှင့် စပ်လျဉ်းသော သတင်းများအား မိမိထံတွင် Confirm ပြုလုပ်ပေးပါရန် သက်ဆိုင်သူ တာဝန်ခံအယ်ဒီတာအား မေတ္တာ ရပ်ခံခဲ့ပါသည်။
သို့သော်လည်း မိမိထံတွင် ဆက်လက်စဉ်းစားတွေးတောစရာ အတွေးစများ ကျန်ရှိခဲ့ပါသည်။
(၁) သတင်းထောက်(၁)ဦးသည် မည်သည့်နေရာမှ ရရှိလာသည် မသိသော သတင်းဖော်ပြ ချက် ကို နိုင် ငံတော်သမ္မတရုံးသော်လည်းကောင်း၊ အခြားသော ( အမှန်တစ်ကယ် ပြောကြား ခြင်း မရှိသော ) သတင်း ဇစ်မြစ် တစ်ခုကိုသော်လည်းကောင်း ထည့်သွင်း ဖော်ပြပါမည်။ တာဝန်ရှိ အယ်ဒီတာမင်းများကလည်း ထည့် သွင်း ဖော်ပြခွင့် ပြုလိုက်ပါမည်။
(၂) နိုင်ငံတော်သမ္မတရုံး (သို့မဟုတ်) ယင်းသတင်းဖော်ပြချက်ပါ သတင်းရရှိသည့် ဇစ်မြစ်မှ သိ ရှိသော အခါ အဆိုပါသတင်းဂျာနယ်/မီဒီယာသို့ မေးမြန်းပါလိမ့်မည်။
(၃) ယင်းသို့ မေးမြန်းသောအခါ စာနယ်ဇင်းကျင့်ဝတ်အရ သတင်းဇစ်မြစ်ကို ထုတ်ဖော်ပြေကြားနိုင်ခြင်း မရှိပါ ဟူ၍ ပြန်လည် ရှင်းလင်းပါမည်။
(၄) ဤသို့သော အခြေအနေ တစ်ရပ် ကြုံတွေ့လာခဲ့ပါက မည်သို့မည်ပုံ ဆက်လက် ရှင်းလင်းကြ မည် နည်း။
(၅) ထိုအခါ အဓိက ဖော်ပြခြင်း ခံထားရသည့် သက်ဆိုင်သည့် ဌာနမှ ၄င်းတို့ပြောကြားခြင်း မရှိသည့် အတွက် ဥပဒေကြောင်းအရ ရှင်းရ လင်းရ ဆောင်ရွက်နိုင်ပါလိမ့်မည်။  (သို့သော် မီဒီယာနှင့် ယင်း သက် ဆိုင် သည့်ဌာနတို့အကြား ဆက်ဆံရေးကောင်း ပျက်စီးသွားပါလိမ့်မည်။)
(၆) အဓိက တင်ပြလိုသည်မှာ သက်ဆိုင်သည့် ယင်းဂျာနယ်အကြောင်းသာ ဖြစ်ပါသည်။ အခြားသော ဂျာ နယ် အတော်များများမှာ သတင်းရင်းမြစ်ခိုင်မာမှ ထည့်သွင်းလေ့ ရှိကြပါသည်။ သတင်းထောက် (၁) ဦး တင်ပြလာသော သတင်းသည် မည်မျှ ခိုင်မာမှု ရှိ-မရှိ၊ မှန်ကန်ခြင်း ရှိ-မရှိ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီ တာ ချုပ် စသည့် တာဝန်ရှိသူတို့က စိစစ် အတည်ပြုရန် လိုအပ်မည် ဟုလည်း ထင်မြင် ယူဆပါ သည်။ (နိုင် ငံတော် သမ္မတရုံးက ပြောကြား သည်ဟု ဖော်ပြလျှင် လည်းကောင်း ၊ သတင်းထွက်ပေါ်ရာ Source တစ်ခုခု ကို ဖော်ပြလျှင် လည်းကောင်း စာဖတ် သူ ပြည် သူ များမှာ ယုံကြည်ကြဖို့ များ ပါသည်။)
(၇) သတင်းမီဒီယာများနှင့် အဓိက ဆက်သွယ်ဆောင်ရွက်နေကြရသော Contact Person များ အနေဖြင့် တာဝန်သိရ၊ တာဝန်ယူရသလို မည်သည့် အတိုင်းအတာကို ပြည်သူသို့ သိရှိအောင် ပြောခွင့် ရှိသည်၊ မည်သည့်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောကြားခွင့် မရှိ အစရှိသည့် အတိမ်အနက်များ ကို ကောင်း စွာ သိရှိထားကြရပါသည်။ ယင်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့သည့် ကိစ္စ ရပ် များ ကြုံတွေ့ လာသော အ ခါ ဟိုမေး ဒီမေး၊ ဟိုထင် ဒီထင် ဖြစ်ရ သ လို ပြောခွင့် မရှိဘဲ ပြောကြား ခဲ့ သူ များ အား ထုတ်ဖော်နိုင် ရန် စိစစ်ရမည့် အနေအထားအထိ ဆိုက်ရောက်စေနိုင်ပါသည်။
တစ်ဖန် ယင်းဂျာနယ်မှ သက်ဆိုင်သူတို့ ဆုပ်ကိုင်ပြောကြားနေသည့် စာနယ်ဇင်းကျင့်ဝတ်သည် မည်သို့သော ကျင့် ဝတ်ဖြစ်ပါသနည်း။
စာနယ်ဇင်းသမားများကို အကာအကွယ် ပေးခြင်းသည် လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစနစ်၏ အညွှန်း ကိန်းတစ်ရပ် ဖြစ်သည်မှာလည်း မှန်ပါသည်။ ဤသည်ကိုလည်း မိမိတို့ အနေဖြင့် သိရှိနားလည် လက်ခံ ရမည်သာ ဖြစ်ပါသည်။
သို့သော်  မိမိကိုယ်တိုင် လတ်တလော ကြုံတွေ့ခဲ့ရသော ဖြစ်စဉ်ဖြစ်ရပ်မျိုးတွင်တော့ စာနယ်ဇင်း ကျင့် ဝတ် ဆိုသည်မှာ - - - - - -။
Hmuu Zaw
Read On 0 comments
*** ပေးဆပ်ခြင်း ***
10/31/2012 10:04:00 AM
လှတော့လှတယ်
တန်ဆာဆင်ထားမှတော့
အရှေ့ယဉ်လို့ အနောက်မြင်တဲ့
ဥဒေါင်းအသွင်တော့ငါမဆောင်ဘူး
အကျည်းတန်ရတာကိုကျေနပ်တယ် ......
အရှုံးအမြတ်ကိုတွက်မိတိုင်း
ပုခုံးအထက်နားက
အမာရွတ်ကလှောင်ရယ်တယ်
လှပတဲ့နေ့သစ်တွေအတွက်
မရေးဖြစ်လိုက်တဲ့ရာဇဝင်မှာ
ငါဘုရင်ဖြစ်ချင်ဖြစ်ခဲ့မယ်
လက်တွေ့မှာတော့
အခက်တွေ့နေရတာ နေ့စဉ်ပေါ့ ......
အမုန်းမဲ့သောမေတ္တာ
ရှုံးမှမြတ်သောသစ္စာနဲ့
နာကျည်းစရာများစွာအတွက်
ငါ့နိုင်ငံအတွက် ငါပေးဆပ်နေတဲ့
အမြဲ ထွန်းလင်းနေတဲ့ ဖီးနှစ်ငှက်ငယ် ......
လမ်းပြ ကြယ်
Read On 0 comments
ရဟန်းတော် များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်း သည် မည်သည့် သိက္ခာပုဒ် များနှင့် ငြိစွန်း နေပါသနည်း
10/31/2012 05:03:00 AM
မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက် အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့် သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။ ( ကိုမြင့်သိန်း (စင်္ကာပူ) )
ဖြေ။…………။ ဒီမိုကရေစီ မေးခွန်း ဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံ လုပ်တာ အခု ရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ် ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာ ပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ် ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကို ထုတ်ဖော် တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်း လုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲ ဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။
ဥပမာ တစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ( ရယ်သံများ )စကားကလည်းယဉ်ယဉ် ကျေးကျေး  လေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ် ပြဿနာ ပေါ်လာ ခါနီးမှာ ရှင်သာရိပုတ္တရာ နဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ ( ကြားဖူးကြလား ) ( မကြားဖူးပါဘုရား ) မကြားဖူး ဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကို ဆန့်ကျင်ပြီးတော့ သူရာဇဝတ် အမှုမကင်း တဲ့ အလုပ်တွေကို လုပ်တော့မယ် ဆိုတာ ဘုရားက သိတယ်။ သိတဲ့ အခါကြတော့ မြတ်စွာဘုရား က ရှင်သာရိပုတ္တရာ ကို ဦးဆောင်ခိုင်း ပြီးတော့ ပကာသနိ ယကံ ဆို တာ ကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ် ရဲ့ သဘော ထားနဲ့ ဘုရား သာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလို ထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာ ရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရ တယ် ။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်း ကတစ်မျိုး အခု တစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ် လုပ်သမျှ ကိစ္စတွေ ဟာ သာသနာ နဲ့မဆိုင်ဘူး။ ကျန်တဲ့ ရဟန်းတွေ နဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့ သာဆိုင် တယ် ဆိုတာ ကို ထုတ်ဖော် ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒ ပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်း ဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ် ရယ် လို့ပြောစရာ အကြောင်းမရှိဘူးပေါ့။
ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ် ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများ သိအောင် ကြေငြာတာတော့ လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့် သိက္ခာပုဒ်နဲ့ ငြိစွန်းပါ သနည်း လို့ဆိုရင် ...
မြတ်စွာဘုရားက “ ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ ” ဆိုတာမရှိဘူး အဲဒီ တော့ ဥပဒေမရှိသည့် အတွက်ကြောင့် ဘယ်သိက္ခာပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာ ရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာ လာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလို သာရှိတယ် ဒီတော့ ဒီမေးခွန်း က အဲဒီလိုသာ မှတ်ရမယ်။
( ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ )
အက်ရှင်ဘဘ ဒီမို
Read On 0 comments
လူငယ် မီဒီယာသမား တို့ ယခု ကတည်းက ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည့် လမ်းပေါ် တင်ထားသင့် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
10/31/2012 04:38:00 AM
31.10.2012
လူငယ်မီဒီယာသမားတို့သည် မိမိတို့ဘ၀တွင် ရှေးက စံထားခဲ့ကြသော သတင်းစာဆရာကြီးများ ကဲ့သို့ လူရိုသေ ရှင်ရိုသေ တစ်သက်လုံး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ယခုက တည်းက ကြိုတင် ၍ ပြင် ဆင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးစကား ပြောကြားခဲ့သည်။ "လူငယ်သတင်း သ မားတွေ သတင်းတွေယူ တဲ့၊ မေးတဲ့အခါမှာ၊ အခြေအနေတွေကို သုံးသပ် တဲ့အခါ မှာ လေးလေး နက် နက် လုပ်ကြပါ။ အပေါ်ယံကြော မကြည့်ပါနဲ့။ နောက်တစ်ခုက လူတွေ၊အဖွဲ့အစည်းတွေ ရဲ့ လုပ်ဆောင် မှုနဲ့ ပတ် သက် လို့ ရှေ့နောက်ညီရဲ့လားဆိုတာ သေသေချာချာ သုံးသပ်ဖို့လိုတယ်။ ခုတစ် မျိုး၊ ခု တစ် မျိုး ဆိုတဲ့ဟာ မျိုးက ဘယ်တော့မှ စိတ်မချရဘူးဆိုတာသိရ မယ်။ အပေါ် ယံကြော ကြည့်ပြီး ဆုံးဖြတ် ချက်ချမိ ရင် နိုင်ငံ့ အကျိုးလည်းမပြု၊ ဘယ်သူ့ကို မှလည်း အကျိုးမပြုနိုင်ဘူး။ အမေကတော့ မီဒီယာကို တစ်ချိန်လုံး သ တိပေးနေ ပါတယ်။ လူငယ်မီဒီယာတွေဟာ အခုကတည်းက ကိုယ့် ကိုယ်ကိုယ် ဖြောင့် မတ်တဲ့ လမ်းပေါ် တင် ထား ကြပါ။ နောက် အ သက်ကြီး လာမှ ဆိုရင် ပြောင်းရ၊ ပြင်ရ ခက် တယ်" ဟု  ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော် ပဉ္စမအစည်း အဝေး ပထမနေ့၊ အောက်တိုဘာ ၂၂ ရက်တွင် မီဒီယာ များနှင့် ခေ တ္တ တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ် ခဲ့သော နိုင်ငံတော်သမ္မတ၏ ပထမဆုံးအကြိမ် သတင်း စာရှင်း လင်းပွဲနှင့်ပတ်သက်ပြီး မည်သို့သဘောထားပါသလဲဟူသည့် အမေးနှင့်ပတ်သက်၍ လည်း "အခုလို မီဒီယာနဲ့ ထိတွေ့ ဆက်ဆံတယ်ဆိုတာ ကောင်းပါတယ်။ အစိုးရနဲ့ မီဒီယာနဲ့ ဆက်ဆံ သင့်တာပေါ့။ မီဒီယာတွေက လည်း ဒီလိုဆက်ဆံခြင်းအားဖြင့် အခြေအနေ တွေကို သုံးသပ်နိုင်တာပေါ့။ မီဒီယာတွေ ဘက် ကလည်း အရေးကြီးပါတယ်။ မီဒီယာအနေနဲ့ အဖန်ဖန် သုံးသပ်နိုင်မှသာ လူတွေအကြောင်းကို သိတာ။ တစ်ခါ နှစ်ခါ တွေ့ရုံလောက်နဲ့တော့ အကြောင်း မသိနိုင်ဘူး။ ကိုယ့်မိတ်ဆွေတွေ တောင်မှ အ ဖန် ဖန်သုံးသပ်မှ သိနိုင်တာ။ အစိုးရ ဆိုရင် ပိုပြီးတော့ တောင်မှ အဖန်ဖန် အကြိမ်ကြိမ် တွေ့ပြီး သုံး သပ်ရမှာပေါ့" ဟုဖြေကြားခဲ့သည်။ သမ္မတကြီး၏ဖြေကြားချက်များအပေါ် မီဒီယာအများစုတို့က အား ရမှု နည်းပါးခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ဤသို့ဖြေကြားခဲ့သည်။
"အစိုးရအဖွဲ့အနေနဲ့တော့ ဒီလိုပဲရှိမှာပါ။ ဒါ ကြောင့် ပြောတာပေါ့။ အခုလို ကိုယ့်ဘာသာ ကိုယ်သိ ကြ ရတော့ ပိုပြီးကောင်းတာပေါ့။ နောက်ပြီးတော့လည်း အစိုးရအဖွဲ့နဲ့ လွှတ်တော် ရဲ့သဘာဝက မတူ ကြဘူး။ လွှတ်တော်က သဘာဝအရ ပိုပြီးတော့ အစိုးရအဖွဲ့ထက် ပွင့်လင်းမှုရှိတယ်။ မပွင့်လင်း လို့ လည်း မရဘူး လေ။ လွှတ်တော်ကိုယ်စားလှယ်က ၆၅၁ ယောက်ရှိတာဆိုတော့ ဘယ်အရာ ကိုမှ ဖုံးထား ဖိထားလို့မှ မရဘဲ" ဟု မြန်မာတိုင်း(မ်)ကို ဖြေကြား ခဲ့သည်။ ထို့ပြင် လူငယ်မီဒီယာသမားတို့အနေဖြင့် ယခုကဲ့သို့ မီဒီယာခေတ်ဖြစ်လာချိန်တွင် အထူးသတိ ထားပြီး မိမိကိုယ်မိမိ ထိန်းမတ်ရမည့် အဓိက အချက် များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေး ပြောကြားခဲ့သည်။
"အခုခေတ်က မီဒီယာခေတ်၊ မီဒီယာက တော်တော်ဩဇာရှိလာပြီ။ ဩဇာရှိလာတဲ့ အလျောက်မြောက် သွား တတ်တယ်။ ပိုးဝင်သွား နိုင်တယ်။ အမြဲသတိထား၊ ကိုယ့်ကိုယ်ကိုယ်လည်း သတိ ထား၊ သူ များတွေ ကိုလည်း ကြည့်နေ၊ နေရာ၊ အာဏာနဲ့ ဩဇာတွေမှာ သာယာသွားနိုင် တယ်။ ပိုးဝင်နိုင် တယ်။ ဘယ်သူက ပိုးဝင်သွား သလဲဆိုတာ ကြည့်နေဖို့လိုတယ်။ ပိုးဝင်သွားတာ နဲ့ ပညာ ကလေးတွေ ပြ တတ်တယ် ။ မြင်အောင် ကြည့် ဖို့လို တယ်။ ရှေ့နောက်မညီတဲ့စကားတွေ၊ လုပ်ရပ် တွေ၊  (နေရာ၊ အာဏာနဲ့ ဩဇာအပေါ်) သာယာယစ်မူးလာတဲ့ကိစ္စတွေ။ ဩဇာ၊ အာဏာရှိလာရင် ပျက်စီးတတ် တယ်။ ကိုယ့်ကိုယ် ကိုယ် လည်း အမြဲဆင်ခြင်နေ ရမယ်။ ငါတို့ပြောလိုက်တယ်ဆိုရင် လူ တစ်ယောက် ရဲ့ဘ၀ ကို ပြောင်း လဲနိုင်စေတယ်ဆိုတဲ့အသိ ထားရမယ်။ ဒါဟာ ဩဇာအာဏာလို့ မမြင်နဲ့၊ သာယာဖို့ မဟုတ်ဘူး၊ ဒါဟာ တာဝန်လို့ သတ်မှတ်ရမယ်။ ရိုးရိုးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာ အတင်းအ ဖျင်းတွေ ကို ရေး သားဖော်ပြ တာမျိုးဟာ တကယ်တော့ တိုင်းပြည်နဲ့လည်းမဆိုင်ဘူး။ မိမိရဲ့ အသိုက် အ၀န်း အကျိုးစီးပွားနဲ့ လည်း မဆိုင်ဘဲ လူတွေဖတ်လို့ကောင်းအောင်ရေးတာမျိုးဟာ ပုဂ္ဂိုလ်တွေ ရဲ့ ဘ၀တွေကို ပျက် စေနိုင်တယ်။"ဟု ၎င်းက ပြောကြားခဲ့သည်။မီဒီယာလုပ်ငန်းကို စီးပွားရေးအမြင်အရ လုပ် ရသည်များ ရှိနိုင်သော်လည်း ဖတ်ကောင်းရုံ ပုဂ္ဂိုလ်ရေး အတင်း အဖျင်းများ မရေးစေလို ကြောင်း၊ မည်သည့် အကြောင်းအရာ ကိုမ ဆို လေးလေး နက်နက် ဆင်ခြင်ရေးသားဖော်ပြစေ လိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။
myanmar times
Myanmar Express
Read On 0 comments
ဆွစ်ဇာလန် သံရုံး ရန်ကုန် တွင် ဖွင့်မည်
10/31/2012 04:16:00 AM
31.10.2012
့မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်တော့ မည်ဖြစ်ေ ကြာင်း မြန်မာနိုင် ငံ ဆိုင်ရာ ဆွစ်ဇာလန် သံ အမတ်ကြီး မစ္စတာ ခရစ် စတော့ ဘာဂနာ (Christoph Burgener) က ပြောသည်။ခရစ်စတော့ ဘာဂနာသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ ဆိုင် ရာ သံ အမတ်ကြီးဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်တွင် ရုံးထိုင်သည်။ သံရုံးဖွင့်ပွဲ သို့ ဆွစ်ဇာလန် နိုင် ငံခြားရေး ၀န်ကြီး တက်ရောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံသည် ပထမဆုံး အကြိမ်အနေနှင့် မြန်မာနိုင်ငံတွင် သံရုံး     လာရောက်ဖွင့်လှစ်ခြင်း ဖြစ် သည်။ ဆွစ်ဇာလန် နိုင် ငံသည် မြန် မာနိုင်ငံ နှင့် စီးပွားရေးအရဆက်ဆံမူကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန် သံအမတ်ကြီးက ပြော သည်။ ဆွစ်ဇာလန်နိုင်ငံမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ဈေးကွက်ကို စိတ်ဝင် စား မူရှိပြီး အပတ်စဉ် သံရုံးသို့ ကိုယ်စားလှယ် ၂ ဦး၊ ၃ ဦး လာရောက် စုံစမ်းလျက်ရှိသည်ဟု သံအမတ်ကြီး ခရစ်စတော့ ဘာဂနာက ပြောသည်။
ဆွစ်ဇာလန်နိုင်ငံမှ အဏုဇီဝလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ လမ်းတံတားဆောက်လုပ်ရေး၊ စက်ပစ္စည်းကုမ္မဏီ များ အများဆုံး စိတ်ဝင်စားကြသော်လည်း နာမည်ကြီး ဘဏ်လုပ်ငန်းများအနေနှင့် ယနေ့အချိန်အထိ ဆက် သွယ်မူ မရှိသေးကြောင်း သိရသည်။
“ကုမ္မဏီတွေက အကြိုဆန်းစစ်တဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ ကျနော်တို့ဟာမြန် မာနိုင်ငံ ရဲ့နိုင် ငံခြား ရင်းနှီးမြှုပ်နှံမူ ဥပဒေကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး ထွက်လာတဲ့အခါ ဆန်းစစ် သုံးသပ် ချက်တွေ လုပ် ပြီး သူများတွေကိုလည်း ဝေမျှသွားဖို့ရှိပါတယ်။ ဆွစ်ဇာလန်ကဘဏ်လုပ်ငန်းတွေအနေနဲ့ ဒီကို လာရောက် လုပ်ကိုင်ဖို့ သံရုံးကိုစုံစမ်းတာမျိုး ကျနော် သတိမထားမိဘူး” ဟု သံအမတ်ကြီး ခရစ် စတော့ ဘာဂနာက ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် ယခုနှစ် မေလတွင် ဆွစ် ဇာ လန်နိုင်ငံ က မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူထားသည်များအနက် ကာကွယ်ရေးသုံးပစ္စည်းနှင့် ဖိနှိပ်ရာတွင် အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများ ရောင်းချမှုမှအပ ကျန်ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။
ဆွစ်ဇာလန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမူများပြုကြီးများအသင်း၊ ဆွစ်-မြန်မာ လုပ်ငန်းရှင် များ ကွန်ယက်တို့နှင့်ပူးပေါင်းလေုပ်ရန်၊ အပြန်အလှန်အားဖြင့် မြန်မာ လုပ်ငန်းရှင်များ အနေနှင့်လည်း ဆွစ် ဇာလန်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ဆွစ် အာရှကုန်သည်ဆာင် ရွက်သွား မည်ဟု စီးပွားရေးနှင့် နိုင်ငံရေးရာဌာနမှူး မစ္စစ်ကိုရင်း ဟင်ချို ပစ်နာနီက ဆိုသည်။
“နိုင်ငံခြားရေးဝန်ကြီး လာတဲ့အခါကျရင် စီးပွားရေးစကားဝိုင်းတွေ လုပ်ဖို့ရှိပါတယ် ကျမတို့ သံရုံးအနေ နဲ့ မြန် မာနဲ့ ဆွစ်ဇာလန်ရဲ့ စီးပွားရေးအရ ချိတ်ဆက်မူကို ပိုအားကောင်းစေလိုပါတယ် ” ဟု ၎င်းက ပြော သည်။
ဆွစ်ဇာလန်နိုင်ငံသည် ၁၉၈၄ ခုနှစ်မှ စတင်ကာ မြန်မာ နယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်းများတွင် ကူ ညီထောက်ပံ့မှုများ ပေးခဲ့သည်။ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က ဆွစ်ဇာလန်နိုင်ငံသည် လူသားချင်းစာနာမူ အကူအညီများ ထောက်ပံ့ပေးခဲ့သည်။
လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဆွစ်ဇာ လန်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ထောက်ပံ့မည်ဟု သိရသည်။
ငြိမ်းချမ်းရေးအကြံပေး မစ္စစ် ကလောဒင်း ဟိုင်နီ ဒေးလ်က “ကျမတို့အနေနဲ့ မတူညီတဲ့သူတွေ ယှဉ် တွဲနေ ထိုင်တဲ့ ဓလေ့ ရှိပါတယ်။ ကျမ တို့ထဲ မှာတောင် နှစ်ယောက် က  ပြင်သစ် လို ပြော တယ် ၊ နှစ်ယောက် က ဂျာမန် လို ပြောပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်လို့ ကျမတို့ အနေ နဲ့ မြန် မာနိုင်ငံကို ကူညီနိုင်တဲ့ အပိုင်းတွေ ရှိပါတယ် ” ဟု ပြောသည်။
၁၉၄၈ တွင် ဆွစ်ဇာလန်သည် မြန်မာနိုင်ငံကို အသိအမှတ်ပြုခဲ့ပြီး ၁၉၅၆ အထိ သံတမန်ဆက်ဆံရေး ရှိ ခဲ့ကြောင့် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်း၏ အကျယ်အ၀န်းမျှသာရှိသော ဆွစ်ဇာလန်နိုင်ငံသည် တရားဝင်ဘာသာစကား ၄ မျိုး ခွင့်ပြုထားသည့် ဖက်ဒရယ်နိုင်ငံဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများ အထူးအားကောင်း သည့် နိုင်ငံဖြစ် သည်။
ရွှေနိုင်ငံ
Read On 0 comments
ဘင်္ဂါလီ များအား KIA နယ်မြေမှ ၀င်ရောက်ရန် လိုင်ဇာတွင် ဆွေးနွေး ၊ KIA တပ်ဖွဲ့ဝင် ရခိုင် လူမျိုးများ မကျေမနပ် ဖြစ်
10/30/2012 08:29:00 PM
30.10.2012
ဘင်္ဂါလီလူမျိုးများ ပြည်တွင်းသို့ KIA နယ်မြေမှ ၀င်ရောက်ရန် မဏီပူရတွင် နေထိုင်သူ အကြမ်းဖက်သမား ကိုယ်စားလှယ်တစ်ဦး၊ ဘင်္ဂါလီလူမျိုးတစ်ဦးနှင့် ကချင်လူမျိုး တစ်ဦးတို့သည် အောက်တိုဘာ ( ၂၃ ) ရက်နေ့တွင် KIOေ ခါင်းဆောင်များနှင့် လိုင်ဇာဌာနချုပ် တွင် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂါလီလူမျိုး မွတ်စလင်ဘာသာ ကိုးကွယ်သူ များသည် ပြည်တွင်း သို့ဝင်ရောက်ရန် နည်းလမ်း အမျိုး မျိုးဖြင့် ကြိုးပမ်းလျှက် ရှိသော်လည်း ၀င်ရောက်ရန် ခက်ခဲနေသဖြင့် KIA တပ်မဟာ(၂) နယ်မြေ၊ ရော်ကာ အိုင် စခန်းဘက်မှ တဆင့် ဖြတ်သန်း ၀င်ရောက်နိုင်ရေး ဆွေးနွေးရန် မြန်မာနိုင်ငံတွင် မွေးဖွားပြီး အန္ဒိ ယနိုင်ငံ၊ မဏိပူရတွင် နေထိုင်သူ အကြမ်းဖက် အဖွဲ့မှ ကိုယ်စားလှယ် မွတ်စလင် ဘာသာကိုးကွယ်သူ ယူစွတ်အာနီ ၊ဘင်္ဂါလီ လူမျိုး ရာစွတ် ( ခ ) ဦးမောင်ထော် နှင့် ကချင်လူမျိုးနော်ဆိုင်း ဆိုသူတို့ ( ၃ ) ဦး သည် အောက်တိုဘာလ (၂၃) ရက်တွင် လိုင်ဇာ ဌာနချုပ်သို့ ရောက်ရှိလာခဲ့ပြီး KIO ဒုဥက္ကဌ အင်ဘန်လ၊ စစ်ဦးစီးချုပ် ဂမ်ရှောင် နှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော်တို့ (၃) ဦးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုအား ရခိုင်လူမျိုးများ သိရှိမည်ကို စိုးရိမ်သဖြင့် တံခါး ပိတ်ဆွေးနွေး မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း KIA အဖွဲ့ ဗဟိုဌာနချုပ် လိုင်ဇာတွင်ရှိသော တပ်ဖွဲ့များတွင် ပါ ၀င် သည့် ရခိုင်လူမျိုးများမှ ယခုလက်ရှိတွင် ဖြစ်ပွားနေသော ရခိုင်-ဘင်္ဂါလီအရေးအခင်းများနှင့် ပတ်သက် ၍ KIA အနေဖြင့် ကြေငြာချက် တစ်စုံတစ်ရာထုတ်ပြန်ပေးရန် တပ်ကြပ်ကြီးအဆင့်ရှိသူ ရခိုင်လူမျိုးတစ်ဦးမှ ဦးဆောင်၍ ရခိုင်လူမျိုးတပ်ဖွဲ့ဝင်များကိုယ်စား တောင်းဆိုခဲ့သော်လည်း အဆိုပါ တောင်းဆိုချက်အား KIA ဒုစစ်ဦးစီးချုပ် အက်စ်ရှမ်မော်မှ ပယ်ချခဲ့သဖြင့် KIA တပ်ဖွဲ့ဝင် ရခိုင်လူမျိုးများမှ မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။
ကချင်သတင်း
Read On 0 comments
ကျင့်ဝတ် အရ မှန်ကန်တဲ့ပုံ ကိုသာ ရိုက်ယူ ထည့်သွင်း ဖော်ပြသင့်
10/30/2012 08:22:00 PM
သတင်းကို စိတ်ဝင်စားအောင်လုပ်ဖို့ နည်းလမ်းတွေမရှားပါဘူး။ ဒါပေမယ့် ကျနော် သိသလောက်တော့ သတင်းဓာတ်ပုံ ဆိုတာ လုပ်ကြံ ဖန်တီးပြီး ဖော်ပြဖို့ မသင့်ပါဘူး။ ဂျာနယ် တစ်စောင်ရဲ့ကျင့်ဝတ် အရ မှန်ကန်တဲ့ပုံ ကိုသာ ရိုက်ယူ ထည့်သွင်း ဖော်ပြသင့် ပါတယ်။ ဖိုတိုရှော့ အားကိုးနဲ့ လူတွေကို မဆွဲဆောင် သင့်ပါဘူး။
မူရင်းပုံ
အဘ ဥက္ကာကိုကို
Read On 0 comments
ဘင်္ဂါလီ မူဆလင် လွှတ်တော် အမတ် ဦးရွှေမောင် နှင့် ရခိုင် ပညာတတ် အမျိုးသမီးတစ်ဦးတို့ ပြောဆို ချေပမှု
10/30/2012 08:13:00 PM
30.10.2012
နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အတွက် စေ့စပ်ဆွေးနွေး ပွဲမှာ ဘင်္ဂါလီ မူဆလင် လွှတ်တော် အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ် အမျိုးသမီး တစ်ဦးတို့ မီဒီယာ များ ရှေ့၊ တူရကီသံ အမတ်ကြီးရှေ့၊ မြန်မာအစိုးရ ခေါင်းဆောင်များရှ့တွင် အပြန်အလှန် ပြောဆိုဖြစ် ခဲ့သော စကားများ ထဲမှ တစ်ခုသော ပြောဆို ချေပမှု တခုကို တင်ပြခြင်း ဖြစ်သည်။
ဘင်္ဂါလီ မူဆလင် လွှတ်တော် အမတ် ဦးရွှေမောင် ပြောစကားမှာ  –  အစပိုင်းတုန်းက အမေရိက တိုက် ဆိုတာ ရက်အင်ဒီးယန်းတွေပဲ ရှိနေခဲ့တာ။ နောက်ပိုင်း ကျမှ အင်္ဂလိပ် တွေ အမေရိက တိုက် ကို သိမ်း ပိုက်နိုင်ခဲ့တာပဲ။ ဘယ်သူ တွေက အင်္ဂလိပ်တွေကို ကျူးကျော်သူ တွေလို့ ပြောကြလဲ။ အခု လည်း ဒီအ တိုင်း ပေါ့။ ရခိုင်ပြည်ရဲ့ ဘူးသီးတောင်၊ မောင်တောနယ် မှာ အရင်က ရခိုင်တွေ ရှိနေ ခဲ့တယ် ဆိုပေမယ့် အခု ကျုပ်တို့ မူဆလင် တွေ ရှိနေပြီ။ ကဲ - အဲဒီတော့ အဲဒီ မြို့နယ်တွေ ကို အခု ဘယ်သူ ပိုင်သင့်ပြီလဲ။ ခင်ဗျားတို့ တွေ စဉ်းစားတော့။
ရခိုင်ပညာတတ် အမျိုးသမီးတစ်ဦး ဖြေကြားသည်မှာ –  အမေရိကန် အခြေအနေ နဲ့ အခု ရခိုင်ပြည် အခြေအနေ နဲ့ လုံးဝမတူပါဘူး။ အမေရိကန်နိုင်ငံမှာ အဲဒီ ခေတ်အခါက ရှိနေခဲ့တဲ့ ရက်အင်ဒီးယန်း တွေ ဟာ ခိုင်မာတဲ့ ယဉ်ကျေးမှု တွေ မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ ဘာသာတရား မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ အုပ်ချုပ်မှု အဖွဲ့အစည်းတစ်ခု မရှိခဲ့ပါဘူး။ လုံလောက်တဲ့ အသိဥာဏ်ပညာ ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီတော့ အင်္ဂ လိပ်တွေ အမေရိကန်နိုင်ငံကို သိမ်းပိုက်လိုက်တာဟာ သူတို့ ရက်အင်ဒီးယန်း လူရိုင်းတွေကို လူ ယဉ်ကျေး ဖြစ်အောင် လုပ်ပေး တဲ့အတွက် သူတို့တွေရဲ့ ကျေးဇူးရှင် တွေလို့ တောင် ပြောလို့ ရပါတယ်။ အခု ရခိုင်ပြည်မှာက ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အုပ်ချုပ်မှုတွေ၊ အုပ်ချုပ် သူတွေ ခိုင်ခိုင်မာမာ ရှိနေ တယ်။ ဘင်္ဂါလီ မူဆလင်တွေဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှ ရခိုင်ပြည် ထဲသို့ ခိုးဝင်လာ သူတွေ ဖြစ်ကြောင်း ကျွန်မတို့မှာ အထောက်အထား အပြည့်အစုံ ရှိပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင် လည်း အလိမ်အညာ တွေဗရပွနဲ့ ကမ္ဘာကို ပရိယာယ်ကြွယ်ကြွယ် နဲ့ ငိုပြကြတယ်။ ရက်စက်ကြမ်းတမ်း စွာ ဒေသခံတွေကို သတ်ဖြတ်ခဲ့ကြတာ ငြင်းမရနိုင်တဲ့ အချက်ပါ။ အဲဒီလို အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ ကို ကြိမ် ဖန်များ စွာ ပြုလာ ကြတဲ့အခါ ဒေသခံ ရခိုင် တွေကလည်း အသက်ဘေး စိုးရိမ်ကြတဲ့အတွက် ဘူးသီးတောင်၊ မောင်တောနယ် တွေက ထွက်ပြေးကြတယ်။ အဲဒီလို သူတို့တွေကို ကြောက်ပြီး ထွက်ပြေး သွား အောင် အကွက်ချပြီး လုပ်ကြတာကိုး။ အဲဒီတော့ ဘင်္ဂါလီတွေကို ဘူးသီးတောင်၊ မောင်တော နယ် တွေ ကို ပေးဖို့ ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်တဲ့ အိပ်မက် တစ်ခုလိုပါပဲ။ ကျွန်မ ပြောချင်တာ ဒါပါပဲ။
arakanalp
Read On 0 comments
7 Day News Journal ကို မေးချင်တယ်
10/30/2012 07:58:00 PM
မင်းပြားမြို့နယ် ပိုက်သည်ကျေးရွာ တွင် ဘင်္ဂလီနှစ်ဦးအား တပ်မတော်သားများက
ဆေးဝါးကုသပေးနေသည်ကို အောက်တိုဘာ ၂၈ ရက်ကတွေ့ရစဉ်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
========================================================
ဒီမှာ တင်ထားတဲ့ သတင်းနဲ့ ပတ်သတ်လို့ 7 Day News Journal ကို မေးချင်ပါတယ်။ ဒီ သတင်းက
( ၁ ) ဘာ သဘော နဲ့တင်တဲ့ သတင်းပါ လဲ  ... တပ်မတော် ကိုမုန်းရင် ပြီးရော တင်တဲ့ သတင်းလား ...
( ၂ ) တပ်မတော်သား ဆိုပေမယ့် ဆရာဝန် တယောက်ရဲ့ အလုပ်ကို ဆရာဝန် တယောက် ရဲ့ ကျင့် ၀တ် အတိုင်း ဆရာဝန် တယောက် ကလုပ် တာ မှား နေသလား ...
( ၃ ) စစ်ပွဲ တခုမှာ တောင် ဖမ်းဆီးရမိတဲ့ ရန်သူ့ သုံပန်း ကို ဆေးဝါး ကုသပေး ရမယ်ဆို တဲ့ စည်းကမ်း ချက် ရှိ တာကို မသိဘူး လား ....
Read On 0 comments
ကျောက်နီ မော်လူထု တောင်းဆိုချက် ( ၃ ) ချက် အာဏာပိုင်တို့ လိုက်လျော
10/30/2012 07:23:00 PM
30.10.2012
ယနေ့ ကျောက်ဖြူ မြို့နယ်၊ ကျောက်နီမော် လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း စကုကျွန်း တို့မှ လူ ထုတောင်း ဆိုချက် (၄) ချက်အနက် (၃)ချက်ကို ဒေသ လုံခြုံရေး တာဝန် ယူထားသော အာဏာပိုင် တို့မှ ယနေ့ညနေ (၄) နာရီအချိန်တွင် သဘောတူ လိုက်လျောလိုက်ပြီ ဖြစ်သည်။ ကျောက်နီမော် ဒေသခံ ကို သိန်းဇော် က အာဏာပိုင်တို့ သဘောတူ သည့်အချက် များမှာ -
၁။ ကျောက်နီမော်ဒေသ တွင် တရားမဝင် လာရောက် နေထိုင်သူ ဘင်္ဂလီများအား ( ၇ ) ရက် အ တွင်း ပြောင်းရွှေ့နေ ရာချထားရန်
၂။ မတရား ပစ်သတ်ခံခဲ့ရသူ ဦးဟန်တင် သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီ မော် ရဲစခန်း မှ ဒုရဲအုပ် သန်းတင့် ကို ဥပဒေကြောင်း အရ အရေး ယူရန်
၃။ ဒဏ်ရာ ရရှိသူ ဦးမောင်သန်းရွှေ အတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန်
တို့ ဖြစ်ပါတယ်ဟု  Arakantimes သတင်းဌာန သို့ ပြောကြားသွားသည်။
ယနေ့နံနက် ( ၈ ) နာရီအချိန် မှ စ၍ ကျောက်နီမော်လူထု တစ်သောင်းကျော် ပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲ ကိုပြုလုပ်နေစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်နီမော် ရဲစခန်းမှ ပစ်ခတ် နှိမ် နင်းခဲ့ မှု ကြောင့် ဦးဟန်တင် (ဘ) ဦးကျော်ဟန် အသက်(၅၇) နှစ်မှာ ပွဲချင်းပြီးသေ ဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ (ဘ) ဦးချမ်းတင် အသက် (၄၂) နှစ်မှာ သေနတ် ဒဏ်ရာပြင်းထန်စွာ ရရှိ သွားခဲ့သဖြင့် ရမ်းဗြဲမြို့ နယ် ပြည် သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသည်။
အစိုးရ ရဲတပ်ဖွဲ့မှ သေနတ်ပစ် လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြား လာသည့် အ တွက် ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ ( ၃၂၆ ) မှ ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြ သူ များနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ယခုလို သဘော တူညီခဲ့ကြကြောင်း သိရသည်။
တောင်းဆိုချက် များကို အမြန်ဆုံး လိုက်လျော နိုင် စေရန်အတွက် သပိတ်စခန်း အဖြစ် ဆက်လက် ထား ရှိရေး ကိုမူ သဘောတူညီမှု မရရှိခဲ့ကြောင်း Arakantimes သတင်းဌာန မှ စုံစမ်း သိရှိရ သည်။
drmyochit
Read On 0 comments
မြေပုံ ဘင်္ဂလီ များက မီးရှို့ တိုက်ခိုက်မှု ကို စတင်ခဲ့သည် ဟု ၀န်ခံ
10/30/2012 07:17:00 PM
30.10.2012
မြေပုံမြို့ဘင်္ဂလီ ခေါင်းဆောင်တို့က ယနေ့ နံနက်၈နာရီခွဲခန့်က မြို့မိမြို့ဘများ ၊ဒေသ ဆိုင်ရာ အာဏာ ပိုင် များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက်ခိုက်မှုကို မိမိတို့ စတင်ခဲ့သည်ဟု ၀န်ခံပြောကြား လိုက်သည်။
မြို့မိမြို့ ဘများ၊ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဘင်္ဂလီလူမျိုး ခေါင်းဆောင်များ ဖြစ်ကြသော (၁) စံသိန်း (၂) ကျော်သိန်း (၃) တင်ရွှေ (၄) အောင်လွင် (၅)ဘကျော် တို့နှင့် တွေ့ ဆုံစဉ် ထိုသို့ ၀န်ခံပြောကြား လိုက်ခြင်းဖြစ် သည်။
ယခုကဲ့သို့ဝန်ခံ ပြောကြားခြင်း ကို ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးတဦးဖြစ်သူ ဦးကျော်သိန်း၊ မြေပုံမြို့ရှိ ရခိုင် ခေါင်းဆောင် များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့ သူ တ ဦး က  Coral Arakan အား ပြောကြားခဲ့သည်။ ဘင်္ဂလီ ခေါင်းဆောင်တွေက “ကျွန်တော်တို့ တားခဲ့ ပါသေး တယ်”  ဟုပြော ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
( ၂၅အောက်တိုဘာ ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော် ၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်းငြိမ်းသတ်နေစဉ် ယင်းနေရာနှင့် အလှမ်း ဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး တို့၏နေအိမ်ကိုမီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားပြီး ရခိုင်လူမျိုးပိုင်အိမ် ၄၂ ဆောင်မီးလောင်ခဲ့ပြီး မီးဘေး သင့် အိမ်ထောင်စု ပေါင်း ၄၄စု ( ကျား၁၂၀၊ မ ၁၄၇ ) ရှိခဲ့ သည်။
ယခုအခါ ဘင်္ဂလီ ဒုက္ခသည် လေးထောင်ခန့် ရှိနေပြီး ၄င်းတို့က စစ်တွေ သဲချောင်းရှိ ဒုက္ခသည် စခန်း သို့ ပြောင်းရွေ့ပေးရန် အာဏာပိုင်များအား တင်ပြ တောင်းဆိုလျက် ရှိရာ ပြောင်းရွေ့ရန် ညှိနိုင်း လျက် ရှိကြောင်း သိရသည်။
သောင်းကြွယ်
OppositEyE
Read On 0 comments
စစ်မှန်သော ပြည်ထောင်စုနှင့် ထာဝရ ငြိမ်းချမ်းရေး
10/30/2012 04:43:00 PM
ယနေ့ ၃၀.၁၀.၂၀၁၂ ရက်နေ့ ရွှေလီမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲနှင့် ကချင် လွတ်မြောက်ရေးအဖွဲ (ကေအိုင်အို) တို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆွေးနွေးပွဲကို အဆင့်တစ်ခုအနေဖြင့် တစ်လအတွင်း နိုင်ငံရေးနည်းလမ်းအရ ပြန်လည်ဆွေးနွေးမည်ဟု အဆုံးသတ်ခဲ့ခြင်း အတွက် မြန်မာပြည် သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်များမှာ တစ်ခုသော အတိုင်းအတာအထိသာ အောင်မြင်မှုဖြင့် ပြီးမြောက် ခဲ့ပြီဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အဆင့်အလိုက်
(၁) အပစ်အခတ်ရပ်စဲရေး။
(၂) ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း
(၃) ပြည်ထောင်စုအဆင် ငြိမ်းချမ်းရေးဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသား အား လုံး ပါဝင်နိုင်သော ညီလာခံကြီးဖြင့် ဆွေးနွေး သဘောတူ လက်မှက်ရေး ထိုးပြီးထာဝရငြိမ်းချမ်းရေး တည်ဆောင်နိုင်ရေး၊
ဆိုပြီး အဆင့်ဆင့်သတ်မှတ်ကာ တော်တည့်မှန်ကန်သော စနစ်ကျသော အဆင့်များဖြင့် ပြည်တွင်းငြိမ်း ချမ်းရေး ကိုတည်ဆောက်နိုင်ခဲ့သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖြင့် အဆင့် ၂ ခုမြောက် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့သည်ကိုလည်း ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက် ပီတိဖြစ် စ ရာ တွေ့မြင်ခဲ့ကြရပါသည်။
ယခု ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန် ရွှေလီမြို့ (သူတစ်ပါးတိုင်းပြည်အတွင်း) တွင်ချိန်းဆိုတွေ့ဆုံကြပြီး ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုအဆင့် အဆုံးအဖြတ်ပေးနိုင်သည့် ဦးအောင်မင်းနှင့် တပ်ပိုင်းဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့က ဦးဆောင်ပြီး သန်း ၆၀ သော ပြည်သူတို့၏ လိုအင်ဆန္ဒတစ်ခုဖြစ်သော ကချင်ပြည်နယ်ကြီး အမှန်တကယ်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရန်သွားရောက် ကြရာ တွင် ကေအိုင်အို မှ ဦးဆွမ်လွတ်ဂန် သာရောက်ရှိလာပြီး အဓိက ကေအိုင်အို အဖွဲ့ကို သြဇာရှိ သည့် ကေ အိုင်အေ (တပ်ပိုင်းဆိုင်ရာ) ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်နိုင်ခဲ့ခြင်းမှာလည်း ၀မ်းနည်းစိတ် မကောင်းဖြစ်မိပါသည်။
မြန်မာ့တပ်မတော်က စစ်သားတစ်ယောက်ကျဆုံးခြင်းဟာ မြန်မာတိုင်းရင်းသားတစ်ယောက် ကျ ဆုံးခြင်းဖြစ် ရသလို ကချင်လွတ်မြောက်ရေးတပ်မတော်က စစ်သားတစ်ယောက်ကျဆုံးတာကလည်း တိုင်း ရင်း သားတစ်ယောက်ဆုံးရှုံးရတာပါပဲ။ လက်နက်ကိုင်အဖွဲအစည်းများကို ကွပ်ကဲအုပ်ချုပ်ခေါင်းဆောင် လုပ် သူများအနေဖြင့် ယခုလက်ရှိအချိန်မှာ မိမိတို့ လိုချင်သော ဆန္ဒတစ်ခုတည်းပေါ်မှာသာ ရယူလို စိတ်ပြင်းပြစွာ တစ်ဖက်သတ်ဆန်နေခြင်း ထက် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်နောက် ကျနေသော မြန် မာပြည်သူ အားလုံး၏ အကျိုးကိုမျှော်တွေးပြီး အားလုံးရဲ့ ဆုံမှတ်တစ်ခုစီသို့ ဦးတည်လျှောက် လှမ်းရတော့မည့်အချိန်အခါဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာနိုင်ငံပေါင်းမြောက်များစွာအလယ်တွင် ပြည်တွင်းငြိမ်းချမ်းရေးမရရှိသောနိုင်ငံအဖြစ် ဒဏ် ရာ ဒဏ်ချက်များ၊ ထိခိုက်ရှနာများဖြင့် နာတာရှည်ရောဂါကြီးကဲ့သို့ ခံစားခဲ့ရသည့် အမိပြည်ထောင် စုမြန် မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ စည်ပင်သာယာရေး၊ နိုင်ငံတကာနှင့် အမီ ရင်ဘောင် တန်းနိုင်ရေး တို့အတွက် လက်အောက်ငယ်သားများ (မြန်မာပြည်သားများ) ရဲ့ အသက်ခန္ဓာများ ဆုံးရှုံးမှုနည်းနိုင် သမျှနည်းအောင် အလျှင်အမြန် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါသည်။
Sitt Thura Aung
Read On 0 comments
ဟာရီကိန်း မုန်တိုင်း Sandy ကြောင့် အမေရိကန် နှင့် ကနေဒါ တွင် ( ၁၃ ) ဦး သေဆုံး
10/30/2012 04:31:00 PM
30.10.2012
ဧရာမ ဟာရီကိန်း မုန်တိုင်း ဆန်ဒီဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ မနေ့က အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရပြီး သစ်ပင်တွေ၊ လျှပ်စစ်မီးကြိုးတွေ ပြိုလဲပျက်စီးခဲ့ပါတယ်။
နယူးယောက်၊ နယူးဂျာစီ၊ မေရီလန်း၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးယား အနောက်ပိုင်း နဲ့ မြောက် ကယ်ရို လိုင်းနား ပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေရဲ့ သတင်းအစီရင်ခံချက် တွေအရ အင်အားကြီး မုန် တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ သူတို့တွေဟာ သစ်ပင်ပိတာ၊ အိမ်ပြိုတာ၊ လေထဲလွင့်ပါပြီး တခုခုနဲ့ တိုက်မိ၊ ဆောင့် မိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တိုရွန်တို ရဲ တပ်ဖွဲ့ ပြောကြားချက် အရ ကနေဒါ အမျိုးသမီးတဦး ကတော့ လွင့်ပျံလာတဲ့ အပျက်အ စီး တွေကြောင့် သေဆုံး ခဲ့ရတာ လို့ ဆိုပါတယ်။
နယူးဂျာစီပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ ကိုလှဌေးက “State of Emergency ဆိုပြီး ကြေ ညာထားပြီ။ အခု ၀င်နေပြီ။ ကျနော်တို့နေတဲ့ မြို့အတွင်းပိုင်းတောင်မှ တံခါးဖွင့်လိုက်ရင် တ၀ုန်းဝုန်းနဲ့ ၀ုန်းဝုန်းနဲ့ လေတွေတိုက်နေတာ။ ကျနော်တို့တောင် အပြင်မထွက်ရဲဘူး။ ပင်လယ် ကမ်းခြေ ဒေသ တွေဆိုရင် အပျက်အစီးတော်တော်များနေလောက်ပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်သွားပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက ကာရစ်ဘီယံ ဒေသတလျှောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဆန်ဒီကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ရပြီး တနင်္လာနေ့မှာ ပိုပြင်းထန်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။
အသက်အိုးအိမ် စည်းစိမ်ကို မကြုံစဖူး ခြိမ်းခြောက်မှုလို့ အာဏာပိုင်တွေက သတိပေးထားပြီး နယူးအင်္ဂ လန် မှ မြောက်ကယ်ရိုလိုင်းနားအထိ ဒေသခံပေါင်း ထောင်သောင်းကို အိမ်တွေကနေ ဘေးလွတ် ရာ ရွှေ့ပြောင်းခိုလှုံကြဖို့လည်း အမိန့်ထုတ် ညွှန်ကြားထားပါတယ်။
မုန်တိုင်း ကြောင့် အမေရိကန် လူဦးရေ ၅ ပုံ ၁ ပုံ လောက် ဖြစ်တဲ့ သန်း ၆၀ ကျော်ကို ထိခိုက်ပြီး အမေရိ ကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးလောက်အထိ ပျက်စီး ဆုံးရှူံးနိုင် တယ်လို့ ဘေးအန္တရာယ်ခန့်မှန်းရေး ကုမ္ပဏီ Eqecat က ကြိုတင်တွက်ချက် ခန့်မှန်းထားပါတယ်။
DVB
Myanmar Express
Read On 0 comments
Phishing Page
10/30/2012 04:22:00 PM
ဒီဆော့ဝဲလေးကတော့ Phishing Page တွေ လုပ်တဲ့ နေရာမှာ Beginner တွေ အတွက် အရမ်းကို အထောက် အ ကူ ပြုမဲ့ Software လေးပါပဲ။လုပ်နည်းကလဲ လွယ်ပါတယ်ဗျာ
ဟက်ကာပညာကို လေ့လာနေတဲ့ ကျနော်အတွက် ကျနော်သူငယ်ချင်းပို့ပေးလိုက်တာကို ကျနော် ပြန် မျှပေးလိုက်ပါတယ်...
အောက်မှာသူပြောပြထာတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားယုံပါပဲ....
(1) URL of Login Page ဆိုတဲ့ အကွက်လေးပါ ကို Phishing လုပ်ချင်တဲ့ ဆိုဒ်ရဲ့ URL လေးကို
ထည့်ပေးလိုက်ပါ။ဥပမာ - http://www.gmail.com/
(2) Name of Log File ဆိုတဲ့ အကွက်မှာတော့ password.txt ဆိုပြီးတော့ ဖြည့်ပေးပါ။
(3) Name of PHP File ဆိုတဲ့ အကွက်မှာတော့ login.php ဆိုပြီးဖြည့်ပေးပါ။
(4) Site to redirect to ဆိုတဲ့ အကွက်လေးမှာတော့ ကို Phishing လုပ်မဲ့ ဆိုဒ်ရဲ့
လင့်လေးပြန်ထည့်ပေးလိုက်ပေါ့ အဲဒါမှ သူ့မူရင်းဆိုဒ်က ပြန် Login ဖြစ်သွားမှာ။
(5) ဒီအဆင့်ကတော့ နောက်ဆုံး အဆင့်ပါပဲ Build Phisher ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ တ၀က်အောင်မြင်သွားပါပြီ။
အဲဒီက ရလာတဲ့ ဖိုင်တွေအားလုံး ကို Hosting တခုမှာ Upload သွားလုပ်လိုက်ပါ၊
Free Hosting လုပ်လို့ ရတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်ဗျာ အွန်လိုင်းပေါ်မှာ-ဥပမာ
www.esmartstart.com
www.110mb.com
www.drivehq.com
www.t35.com
အောက်ကလင့်မှာ Phishing Pageလုပ်မယ့် Software လေးDownloadဆွဲလိုက်ပါအုန်...
minus ၌ Download ဆွဲပါ ---> http://minus.com/lh4moNoXcCYfi
mediafire ၌ Download ဆွဲပါ ---> http://www.mediafire.com/?uzskb9d3obclctc
အဆင်ပြေကြပါစေဗျာ....
Myanmar Hackers Power Group
Read On 0 comments
မြန်မာ့ ငြိမ်းချမ်းရေး ခေါင်းဆောင် ဦးအောင်မင်း အဖွဲ့ နှင့် KIO တို့ သဘော တူညီမှု ရရှိ
10/30/2012 03:55:00 PM
30.10.2012
ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းးရေးတွေ့ ဆုံဆွေးနွေး မှု့ မှာ မွန်းလွဲ ၂နာရီ( တရုတ်၊ရွှေလီ အချိန်နှင့် ၃နာရီ ) တွင် ပြီးဆုံးသွားပြီ ဖြစ်ပြီး မြန်မာ အစိုးရဘက် က  ကေ အိုင်အိုနှင့် နိုင်ငံရေး ဆွေးနွေးမှု့များ ပြုလုပ်ရန် သဘော တူလိုက်ကြောင်း ရွှေလီမြို့ တွင် ရောက် ရှိ နေသော 7 Day News ဂျာနယ် သတင်းထောက်က သတင်းပေးပို့သည်။
“ ပျော်ပျော်ပါးပါးနဲ့ တွေ့ ဖို့ ရှိတယ် နိုင်ငံရေးဆွေးနွေးဖို့ ကို သဘောတူလိုက်တာ ပြည်တွင်းမှာလုပ်မယ် တစ်လ အတွင်းလုပ်မယ်” ဟု မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ကပြော သည်။  ကေအိုင်အို ဘက်မှ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က “ ဗဟိုမှာ တင်ပြပြီးတော့ မှ အား လုံး  ပြန်ဆွေးနွေးရမှာပေါ့ ဘယ်နေရာ မှာ လုပ်နိုင်မလဲဆိုတာ”  ဟုပြောကြားခဲ့သည်။
7day
Myanmar Express
Read On 0 comments
Update for International Beauty Compitition 2012-2013 in London
10/30/2012 02:12:00 PM