Pages

Wednesday, October 31, 2012

တိုက်ပွဲများ အား စိတ်ပျက် ထွက်ပြေး လျက် ရှိသော KIA တပ်မဟာ(၃) တပ်ရင်း (၁၅) တပ်ရင်းမှူး အား တပ်မဟာ ဌာနချုပ်မှ ပြန်လည် ဖမ်းဆီး ရမိ

31.10.2012
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူး အဆင့်ရှိ တူးမိုင်သည် သြဂုတ်လ (၁၃) ရက်နေ့တွင် ထွက်ပြေး သွားခဲ့သဖြင့် တပ်မဟာဌာနချုပ်မှ လိုက် လံရှာဖွေခဲ့ရာ နှစ်လနီးပါးအကြာ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပြန်လည် ဖမ်းမိခဲ့ကြောင်း သိရ ပါတယ်။

အဆိုပါ တပ်ရင်း (၁၅) မှ တပ်ရင်းမှူး တူးမိုင်သည် လက်ရှိ အစိုးရတပ်နှင့် KIA တို့ အကြားတွင် ဖြစ် ပွားနေသော တိုက်ပွဲများအား စိတ်ပျက်ခြင်း၊ သစ်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံရရှိမှု မရှိတော့ခြင်း၊ လက်အောက်ငယ်သားများအားလည်း စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးမပေးနိုင်၍ ၎င်းအပေါ် ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် ထွက်ပြေး ခဲ့ခြင်းဖြစ်ပြီး တပ်မဟာမှူးမှ တပ်ခွဲတစ်ခွဲ စေလွတ်၍ လိုက်လံရှာဖွေ ဖမ်းဆီးစေခဲ့ရာ အောက်တိုဘာလ (၁၀) ရက်နေ့ တွင် ရွှေကူမြို့ရှိ ၎င်း၏ မယားငယ် တစ် ဦးဖြစ်သူ မထွယ်ရှောင်၏ အိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး တပ်မဟာ (၃) ဌာနချုပ်၌ ချုပ်နှောင် စစ်ဆေးနေကြောင်း သိရ ပါတယ်။

ဖမ်းဆီးရမိချိန်တွင် တပ်ရင်းမှူး တူးမိုင်အား တပ်မဟာ (၃) တပ်မဟာမှူး မရန်တောင်မှ ရိုက်နှက် စစ်ဆေး ခဲ့မှုကြောင့် ဘယ်ဘက်နံရိုး (၂) ချောင်းကျိုးသွားခဲ့သဖြင့် မိုင်ဂျာယန် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေး ကုသမှုခံယူ ခဲ့ရပြီး အောက်တိုဘာလ (၂၈) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ ပါတယ် ။ ဆေး ရုံဆင်းပြီးနောက် ၎င်းအား တပ်မဟာ (၃) ဌာနချုပ်အချုပ်ခန်းတွင်ပင် အချုပ်သား ပြင်ပ လူနာ အဖြစ် ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။

တူးမိုင်ဆေးရုံတက်ရောက်ကုသနေချိန်တွင် ၎င်း၏ မိန်းမဖြစ်သူ မထွယ်ရှောင်မှာ သူမ၏သူငယ်ချင်း တစ်ယောက်နှင့် အတူ တူးမိုင်အားတွေ့ဆုံရန် မိုင်ဂျာယန်ဆေးရုံသို့ အောက်တိုဘာလ(၂၁)ရက်နေ့က သွားရောက်ခဲ့ပေမယ့် တူးမိုင်အား စောင့်ကြည့်နေသည့်  တပ်မဟာ(၃) မှ ဗိုလ်တစ်ဦးမှ ၀င်ခွင့်မပေး သဖြင့် တွေ့ ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မိုင်ဂျာယန်တွင်ပင် စောင့်ဆိုင်းနေခဲ့သော်လည်း ဆေးရုံစောင့် တပ် သားများမှ ရန်ပြုမည်ကို စိုးရိမ်သောကြောင့် အောက်တိုဘာလ(၂၄) ရက်နေ့တွင် ရွှေကူ သို့ပြန်လာခဲ့ ရကြောင်း မထွယ်ရှောင်၏ သူငယ်ချင်းဖြစ်သူမှ ဆိုပါတယ်။

တပ်ရင်းမှုး တူးမိုင်တွင် မယားငယ် (၆) ယောက်ရှိပြီး သွားရောက်တွေ့ဆုံခဲ့သူ မထွယ်ရှောင်မှာ နောက် ဆုံးယူ ထားသည့် မိန်းမဖြစ်ပါတယ်။ “ တပ်ရင်းမှူး တူးမိုင်မှာ မယားငယ် (၆) ယောက်ရှိတယ်၊ အရင် တုန်း က ပိုက်ဆံ ပေါတာကိုး ၊ သစ်ကားတွေ ၊ သစ်စက်တွေကနေ ပိုက်ဆံရတယ်၊ တိုက်ပွဲတွေလည်း မရှိတော့ ယူနိုင်တယ်လေ။ အခုကျတော့ တိုက်ပွဲတွေ လည်းဖြစ်တယ် ၊ သစ်ကားတွေ လည်း မလာတော့ဘူး ၊ ဒါကြောင့် ပိုက်ဆုံမရတော့ဘူးလေ၊ သူကငြိမ်းချမ်းရေး လိုချင်တာ ၊ အရင်တုန်းက ငြိမ်းချမ်းရေးရတဲ့ အချိန် မှာ အေးအေးဆေးဆေး နေရတယ်လေ၊ အခုကျတော့ မနေတက် တော့ဘူး။ ထွက်ပြေးသွားတော့ ကျွန်တော် တို့ဆီက ခွဲ (၁) ခွဲကလိုက်ရှာရတယ်၊ နှစ်လလောက်ကြာတယ်။ သူ့မယားငယ်တွေရဲ့ အိမ်တွေ ကို ပတ်သွားနေတာ ” ဟု တူးမိုင်နှင့် အနီးကပ်နေခဲ့ဖူးသူ ရဲဘော် တစ်ဦးက ဆိုသည်။

တပ်ရင်း (၁၅) သည် လွယ်ဂျယ်တွင် အခြေစိုက်ထားသော တပ်ရင်းတစ်ရင်းဖြစ်ပြီး တပ်ရင်းမှူးတူးဂျာသည် ၎င်းတပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ်၌ ဒေသခံတိုင်းရင်းသားများနှင့် သင့်မြတ်မှု ရှိကြောင်း ဒေ သခံများ အား အတင်းအကြပ် ခိုင်းစေခြင်းမျိုးပြုလုပ်မှုကို လက်မခံသော ကိုယ်ချင်းစာတရားရှိသည့် တပ်ရင်းမှူး တစ်ဦးဖြစ် ကြောင်း ဒေသခံများက ဆိုပါတယ်။

တူးမိုင် သည် ငြိမ်းချမ်းရေးယူ ရန်တပ်မဟာမှူးသို့ တင်ပြဖူးသောတပ်ရင်းမှူးတစ်ယောက်ဖြစ်ပြီး တပ်မဟာ မှ အစိုးရစစ်ကြောင်းများကို တိုက်ခိုက်ရန် စေလွှတ်ချိန်များတွင် သွားရောက်တိုက်ခိုက်ခြင်း မရှိသဖြင့် တပ်မဟာမှူးမှ မကြာခဏ အရေးယူခြင်းကိုခံရ သူလည်းဖြစ်ကြောင်းသိရပါတယ်။ ယခုအခါတွင် KIA အတွင်း၌ ငြိမ်းချမ်းရေးလိုချင်သော တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများကို လိုလားသော တပ်ဖွဲ့ဝင်များ ဟူ၍ အဖွဲ့များကွဲပြားလျက်ရှိကြောင်း သိရပါတယ်။

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

တိုက်ပွဲများ အား စိတ်ပျက် ထွက်ပြေး လျက် ရှိသော KIA တပ်မဟာ(၃) တပ်ရင်း (၁၅) တပ်ရင်းမှူး အား တပ်မဟာ ဌာနချုပ်မှ ပြန်လည် ဖမ်းဆီး ရမိ

Labels:

0 comments: