31.10.2012
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ခန်းမတွင် အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်သော ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးနောက်ဆုံးနေ့တွင် စွပ်စွဲပြစ်တင်ခြင်းခံရသော လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းထွန်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသို့ ၎င်းအား စွပ်စွဲပြစ် တင်ထားသောအဆိုနှင့်ပတ်သက်၍ လွှတ်တော်သို့ တောင်းပန်ကြောင်း တင်ပြပါသည်။
အဆိုပါတောင်းပန်ခြင်းအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်မှ ဝန်ကြီးအား သတိပေး ထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ အဆိုပါ ရှင်းလင်းပြောကြားခဲ့ခြင်းကြောင့် လွှတ်တော်သို့ တင်သွင်းသော လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ (၁၉) ဦးမှ စွပ်စွဲပြစ်တင်ခြင်းအဆိုကို ရုပ်သိမ်းပေး ရန် လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံ၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအား စွပ်စွဲပြစ် တင်သောအဆိုကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Eleven Media Group

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။