Pages

Wednesday, October 31, 2012

ကိုယ့် အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက် သမားများ ကို လက်ခံမည် မဟုတ်ဟု ဘင်္ဂလာ လက်ရှိ အာဏာရပါတီ မှဆို

31.10.2012

ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိ အာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံ လိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်း ကျပ်စွာချထားလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလား သို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီ မူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသားများ အား Arakantimes မှ မေးမြန်းရာ " ဘင်္ဂလာ က အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက် သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်း ဖက် သမားတွေ ဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိက အကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွက် ဖြစ်ပါ တယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြ သွားခြင်းဖြစ် သည်။

ထို့အပြင်ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ေ ရာက် လာ သူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက် သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီးဖြစ်ေ ကြာင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်ေ တာမြို့နယ် သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူ ညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။

ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများ အပြားမှာ ကော့စ်ဘဇား ခရိုင်အတွင်း သို့ ရောက်ရှိ လာပြီး ခိုလုံလျှက်ရှိေ နကြောင်း ဒေသခံများက ပြောသည်။

"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါ တယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆို ရင် မြန်မာနိုင်ငံ သားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံး ဘင်္ဂလီ များ မှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။

ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိက ရုဏ်း အတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများ ရှိနေသည့် အတွက် မောင်တော မြို့ နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။

ရွှေနိုင်ငံ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကိုယ့် အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက် သမားများ ကို လက်ခံမည် မဟုတ်ဟု ဘင်္ဂလာ လက်ရှိ အာဏာရပါတီ မှဆို

Labels:

0 comments: