ရန်ကုန် ၊ အောက်တိုဘာ- ၂၂ ပြီးခဲ့တဲ့ အပတ်က တရားရုံးတွေနဲ့ တရားသူကြီးတွေအပါအ၀င် တရားရေး ၀န် ထမ်းတွေကို မကြာခဏ ပုတ်ခတ်ပြောဆိုတတ်တဲ့ “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တရား လွတ် တော်ချုပ်ရှေ့နေကြီး ဦးသိန်းညွန့်” ရဲ့ အကြီးမားဆုံး ကလိန်ကျမှုကြီးကို ကျနော်ဖောက် ချလိုက် တုန်း က “ဦးသိန်းညွန့် ဘာလဲ .. ဘယ်လဲ”
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးသိန်းညွန့် ဖုံးထားသမျှကိုကျနော်
ဖောက် ချဦးမယ်လို့ ပြောပြ၊ ရေးပြခဲ့တာ စာရှုသူဖေ့စ်ဘုတ်မိတ်ဆွေများ
မှတ်မိဦးမှာပါ ......။
ဟုတ်ပါတယ်..... အခြားသူတွေတော့ မဆိုသာ....။ သတင်းမုဆိုး ကျနော့်အတွက်တော့ အနှီ ဦးသိန်းညွန့်
ဟာ ကျနော်စောင့်ကြည့်ရမယ့်သူတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေတာ
ကြာပါပြီ.... ဘာလို့ လဲ ဆိုတော့ NLD ကနေ NDF ခွဲထွက်ပြီးပါတီသစ်တည်ထောင်စဉ်က ဒီပါတီရဲ့ ခေါင်းဆောင်းပိုင်း မှာပါ ၀င် ခဲ့ တဲ့ ဆိုတာရယ်၊ ၂၀၁၀-
ရွေးကောက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက် အရွေးချယ်ခံတာရယ်၊ ပြီးတော့
အဲဒီ NDF ကနေပြီး ထပ်မံခွဲထွက်လို့ တစ်စင်ထောင်လို့
ယခုအချိန် အထိခေါင်းဆောင် မင်သား လုပ်နေ တယ်ဆိုတာတွေနဲ့ အတူ .... အဓိက
ပထမအကြိမ်လွှတ်တော် အစည်းအဝေးတွေကနေစပြီး လွှတ်တော် အစည်းအဝေးတိုင်းမှာ
မေးခွန်းမေး၊ အဆိုအများဆုံးတင် စံချိန်ချိုးနေတာတွေ ကကျနော့် အတွက်
စောင့် ကြည့်လေ့ လာ ဖို့ အကောင်းဆုံးသော အချက်တွေပါ....။

အထက်ပါအချက်အလက်တွေကို
ရေးသားနေရင်းနဲ့ပဲ မြန်မာ့တပ်မတော်ထဲမှာ (၁၄)နှစ်တာ တာဝန် ထမ်းဆောင် တုန်းက
အဖြစ်အပျက်လေးတွေကိုသွားသတိရမိတယ်...။ တပ်ထဲမှာ တန်းစီချိန်တွေ မှာ ပဲ
ဖြစ်ဖြစ် ၊ ဒါဘာလို့ လူပြောများတဲ့ တပ်တွင်းဆန္ဒထုပ်ဖော်ပွဲတွေမှာပဲ
ဖြစ်ဖြစ် ခဏခဏ သတင်း ပို့တင်ပြ တတ်တဲ့ စစ်သည်ရဲဘော်ကို အချင်းချင်းက
တပ်ခွဲငပွကြီး ၊ တပ်ရင်းငပွကြီးကြီးလို့ အမည်ပေး တတ် ကြလေတော့..... အခုလည်း
လွှတ်တော်ကြီးမစလိုက်နဲ့.... စလိုက်တာနဲ့ မေးခွန်းတွေ မေး၊ အဆိုတွေ တင် တတ်တဲ့
ဦးသိန်းညွန့်တစ်ယောက်ကိုကော ဘယ်လိုအမည်ပေးရင် ကောင်းလေမလဲ
ဆိုတာ......( သိပ် လွန်သွားပါတယ်ဆိုရင်တော့ ၀န္ဒေ၀န္ဒာမိ
တောင်းပန်ပါ၏...။ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကိုအားကျ မိ တဲ့ သူတစ်ယောက်ကလည်း
ဖြစ်နေလေတော့ ဆရာကြီးရဲ့စတိုင်ကိုကျနော်လည်းကိုင်မိလျှက်သား ဖြစ်နေ တယ်
ဗျာ..... )
ထပ်ပြောပါရစေ...ထပ်ရေးပါရစေ......တော်လှန်ရေးကောင်စီအစိုးရနောက်ပိုင်းကာလတွေမှာမှ ရှေ့နေဘဝ
ကို
ပီပီပြင်ပြင်ဖြတ်သန်းလာရတဲ့ ရှေ့နေတစ်ယောက်က ဒီကနေ့ဖြစ် ယိမ်းယိုင်နေ တဲ့
မြန်မာ့တရား စီ ရင်ရေး မဏ္ဍိုင်ကြီးကို ကျားကန်ပေးမယ်ဆိုတဲ့စကားနဲ့
ပြည်သူ့လွှတ်တော်ထဲက ကုလားထိုင်တစ်လုံး ဆီ ကို ရှေ့ရှုချီတက်လာတဲ့
ဦးသိန်းညွန့်ရဲ့စကားတွေဟာ ဒီကနေ့ဒီအချိန်မှာ ဘယ်အတိုင်းအတာထိ
ခ ရီးရောက်ပါပြီလဲ....? ဘယ်လောက်ကော ပြည်သူ့အကျိုးကို ဆောင်ရွက်ပြီးပြီလဲ
ဆိုတာတွေနဲ့အတူ.....
သူများတကာကိုတော့ ကဲ့ရဲ့ရှုတ်ချ အပြစ်တင်တတ်တဲ့
ဦးသိန်းညွန့်တစ်ယောက် ၎င်းကိုယ်တိုင်ကကော
ဥပဒေကိုလေးစားလိုက်နာပါသလား....ခြောက်ပြစ်ကင်းသဲလဲစင်တဲ့
သူတစ်ယောက်လား ဆိုတာ က လည်း မေး ခွန်း ထုပ်စရာ ဖြစ်လာပါတယ်......။ ပြီးခဲ့တဲ့
၎င်းဦးသိန်းညွန့်နဲ့ ကျနော့်ရဲ့ ပထဦး ဆုံးသော ရေးသားတင်ပြချက်မှာ
မခံထိမခံသာနဲ့ Comment ပေးဝင်တွယ်သွားသူတစ်ယောက်ကတော့ ဦးသိန်းညွန့်
တစ်စင်ထောင်ထားတဲ့ “အမျိုးသားဒီမိုကရေစီပါတီသစ်”(NNDP)
ရဲ့ပါတီဝင် အဆိုတော် “ရသ” ပါ....။ ကျနော် ဘက်ကဘယ်လိုမျှ တုန့်ပြန်စရာ
အကြောင်းမရှိပါ...။ လက်ထိပ်ထိရင် လက် ဆိပ် နာတာ လောကရဲ့ နိယာမတရားပါ....။
အဆိုတော်“ရသ” ကိုတော့ တစ်ခုပြောပါရစေ....။ မြန်မာ ဆိုရိုး စကားကလည်း
ရှိထားပါတယ်... “ပုတ်ရင်ပေါ်ပြီး ဟုတ်ရင် ကြော်တယ် ” တဲ့.....။
ဟုတ်ကဲ့ပါ.... အခုကိစ္စက “ဟုတ်လို့ ကြော်တာ”ပါ..... နောက်တစ်ခုက ပြည်သူ့ကိုယ်စား လွှတ်တော်မှာ အရေးဆိုမယ်ဆိုတဲ့
လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်၊ ဥပဒေကို ဒိုးလိုမွှေရေလိုနှောက်နေ တဲ့
ရှေ့နေရှေ့ရပ်တစ်ယောက်ကိုယ်တိုယ်တိုင် အခုလို ဥပဒေကိုမလေးမခန့်ပြု ၊
ဥပဒေရဲ့ အဆုံးအဖြတ်ကို မျက်ကွယ်ပြုတယ်ဆိုတာကတော့ မေးပါရစေ....။
“မလွန် လွန်းပေဘူးလားဗျာ”
ဒီနေရာမှာ ကျနော်တို့ မြန်မာပြည်သူ/သားတွေ
အမတန်မှလေးစားကြည်ညိုတဲ့ “ဗိုလ်ချုပ်အောင်းဆန်း” အ ပါအ၀င်
ဝါရင့်သမ္ဘာရင့်နိုင်ငံရေးသမားကြီးတွေ အဆက်ဆက်ပြောခဲ့တဲ့ အဆိုအမိန့်
တစ်ရပ်ကိုလည်း ထုပ်နှုတ် ကိုးကား ပြောပါရစေ.....
“နိုင်ငံရေးသမား ပြောထားစကား ညီရမယ်.... ပေးထားဂတိ တည်ရမယ်တဲ့....”
အခုများတော့ဗျာ.... အစကတည်းက ယာဉ်သကိုဆိုတာမျိုးလိုပဲ ....
ပထမဦးဆုံးသော ဦးသိန်းစိန် ရဲ့အ ရပ် သားအစိုးရလက်ထက်က ဥပဒေပြုရေးမဏ္ဍိုမှာ
ပါဝင်နေသူတစ်ဦး ....၊ ပြီးတော့ မကြာသေး မီ က မှ
ပြည်သူ့လွှတ်တော် ကနေ ဖွဲ့စည်းပေး လိုက်ပြီး လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင် ရွက်နေတဲ့ “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ”
က အဖွဲ့ ၀င် တစ်ယောက် က ဒီလိုဒီပုံဖြစ်နေတယ်ဆိုတော့ ကျနော်တို့
မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး လမ်းကြောင်း ကို တွေးတောကြည့်မယ်ဆိုရင်
တကယ့်ရင်လေး၊ရင်မောစရာကြီးပါ ဖေ့စ်ဘုတ်ပရိတ်သတ်ကြီးရေ.....
ကောင်းပါပြီ....ဦးသိန်းညွန့်ပြောခဲ့တဲ့ စကား အချို့ ကို လည်း နည်းနည်းလောက် ပြန် လည်ရေး သားဖော်ပြ လိုက် ပါဦးမယ်......
“ရန်ကုန်တရားစီရင်ရေးက ယိမ်းယိုင်နေပြီး မန္တလေးတရားစီရင်ရေးက မြေပေါ်သို့လုံးလုံးလျားလျား ပြို ကျနေပြီ..... တရားသူကြီး အတော်များများကို ထောင်ထဲပို့မှ
မြန်မာပြည်တရားစီရင်ရေးစနစ်ကို ပြုပြင်လို့ ရ မှာ” တဲ့.....
ဟုတ်ကဲ့ပါ.....ဒီစကားကို ဦးသိန်းညွန့်ကိုယ်တိုင် ထုပ်ဖော်ပြေဆိုခဲ့ကြောင်း
အောက်တိုဘာလ ပထမပတ်ပြည်တွင်းထုပ်ဂျာနယ်တွေက သက်သေပြု
ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်....။ဦးသိန်းညွန့်ရဲ့ ဒီအပြော အ ဆိုအပေါ်....
(၁) “တယ်ဟုတ်တဲ့ ရှေ့နေကြီးဟေ” ဆိုပြီး ၀မ်းစမိုးခေါ် လက်ခေါက်မှုတ်သူတွေလို ရှိသလို.....
(၂)“ရှေ့နေတစ်ယောက်အနေနဲ့ ဒီလိုလက်လွတ်စပယ် ပြောခွင့်ရှိပါလား” ဆိုတဲ့ မေးခွန်းထုပ်ကြ သူတွေ က လည်း ဒုနဲ့ဒေးပါ....။
(၃) အဆိုးဆုံးကတော့ “တရားရုံးတွေမှာ
အမှုလိုက်ပြီးအသက်မွေးနေတဲ့ ရှေ့နေတစ်ယောက်အနေနဲ့ ဒီ လိုပြောဆိုတာတွေဟာ
(Subordinate Court ) ခေါ် လက်အောက်တရားရုံး (အောက်ရုံးဟု
အလွယ်တ ကူခေါ် ဆိုပါသည်။)အပေါ် အဆိုပါရှေ့နေအနေနဲ့ မလျှော်သြဇာလွှမ်းမိုးမှုတွေများ ရှိလာလေမလား” ဆို တာကိုတော့ ၀ါရင့်ရှေ့နေ တွေနဲ့ ဥပဒေပညာရှင်များက မေးခွန်းထုပ်လာပါတယ်.....။
(၄) ကျနော်ကတော့ ဟောက်စားချောက်စားကို အကြိုက်များတဲ့ ဒီခေတ်နဲ့
ဒီအခြေအနေတွေကို ပိုင်ပိုင်နိုင် အသုံးချတဲ့ ဒီစကားကိုပြောသွားတဲ့
ဦးသိန်းဘွန်းကို အောက်ပါအတိုင်းပဲ မှတ်ချက်ပေးလိုက်ပါတယ် ....
-ခေတ်ပြောင်းခေတ်လွဲကာလာမှာ ပွဲဆူအောင်လုပ်လို့
ရှေ့နေရေရှ့ရပ်မပီသ၊ လွှတ်တော် ကိုယ်စားလှယ် ဆို တဲ့ ဂုဏ်နဲ့မှမတန်
ပါတီတစ်ခုရဲ့ ဥက္ကဌဆိုတဲ့ လူကြီးတစ်ဦးရဲ့အသရေနဲ့ မှမညီ
ထိုသူပြောသော ဒီ စ ကား သည် ရပ်ကွက်ထဲက ပညာမဲ့ဆိုက္ကားသမား အဆင့်သာ ရှိ၏.....
လို့
ကျနော်တင်ပြမှုဟာ ဒီတစ်ပတ်တော့ ဒီမျှသာ .... အခွင့်သင့်လျှင် ဆက်ပါဦးမည်....
အချိန်းပေးဖတ်ရှုကြတဲ့ ဖေ့စ်ဘုတ်က အပေါင်းအသင်းမိတ်ဆွေများကိုလည်း ကျေးဇူးပါ.....
- သတင်းသမားဘ၀ကို အသက်မျှမြတ်နိုးတဲ့ ကျနော် စောအယ်လ်စိုး ပါ.....
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။