30.10.2012
ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းးရေးတွေ့ ဆုံဆွေးနွေး မှု့ မှာ မွန်းလွဲ ၂နာရီ( တရုတ်၊ရွှေလီ အချိန်နှင့် ၃နာရီ ) တွင် ပြီးဆုံးသွားပြီ ဖြစ်ပြီး မြန်မာ အစိုးရဘက် က ကေ အိုင်အိုနှင့် နိုင်ငံရေး ဆွေးနွေးမှု့များ ပြုလုပ်ရန် သဘော တူလိုက်ကြောင်း ရွှေလီမြို့ တွင် ရောက် ရှိ နေသော 7 Day News ဂျာနယ် သတင်းထောက်က သတင်းပေးပို့သည်။
“ ပျော်ပျော်ပါးပါးနဲ့ တွေ့ ဖို့ ရှိတယ် နိုင်ငံရေးဆွေးနွေးဖို့ ကို သဘောတူလိုက်တာ ပြည်တွင်းမှာလုပ်မယ် တစ်လ အတွင်းလုပ်မယ်” ဟု မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ကပြော သည်။ ကေအိုင်အို ဘက်မှ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က “ ဗဟိုမှာ တင်ပြပြီးတော့ မှ အား လုံး ပြန်ဆွေးနွေးရမှာပေါ့ ဘယ်နေရာ မှာ လုပ်နိုင်မလဲဆိုတာ” ဟုပြောကြားခဲ့သည်။
7day
Myanmar Express
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။