Pages

Wednesday, October 31, 2012

ငြိမ်းချမ်းရေး ကို အမှန်တကယ် အလိုရှိ ပါရဲ့လား KIO

31.10.2012

နိုင်ငံတော် အစိုးရနဲ့ KIO အဖွဲ့တို့ အောက်တိုဘာ ၃၀ ရက်နေ့ကတရုတ်နိုင်ငံ ရွှေလီမြို့ မှာ တွေ့ ဆုံ  ဆွေးနွေး ကြမယ် ဆိုတော့ ၀မ်းသာမဆုံး ဖြစ်ရတယ်။ ရှေ့မှာလည်း ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးခဲ့တာ (၁၀)ကြိမ် ရှိပြီဆိုတော့ အခု ကျင်းပတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေး ပွဲက အကျိုးကျေးဇူးတော့ များလိမ့်မယ်လို့ ယုံကြည် ခဲ့ပါတယ်။

ကချင် တိုင်းရင်းသား ဒေသခံတွေ အပြင် နိုင်ငံတော် တစ်ဝန်းလုံးက လူတွေတောင်မှ ဒီတွေ့ဆုံပွဲကို စိတ်ဝင်တစား နားစွင့် ခဲ့ကြတဲ့ အထိပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တွေ့ဆုံပြီး သဘောတူ စာချုပ်တွေ ချုပ်ဆို ၊ ပြုံးချိုချိုနဲ့ လက်ဆွဲနှုတ်ဆက် နေကြတဲ့ ပုံကို မြင်ချင် လှပါပြီ။ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ပွဲ အောင်မြင်ဖို့က KIO အဖွဲ့ပဲ ကျန်တော့တယ် ထင်ပါတယ်။

ကချင်ပြည်နယ် ကြီးကို သေနတ်သံ ၊ ဗုံးသံ ၊ အမြောက်သံတွေ ကင်းစင်တဲ့ ငြိမ်းချမ်းသော ပြည်နယ် အဖြစ် ဖြစ်စေချင် လှပါပြီ။ နိုင်ငံတော် သမ္မတကလည်း မီဒီယာ တွေ့ဆုံပွဲမှာ " ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး အလွန်ပဲ ရစေချင် ပါတယ် .. ။ နှစ်ဖက် ဆုံးရှုံးမှုက တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပါ ... ။ KIO စစ်သား တစ်ယောက် ဆုံးရှုံး သွားတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ဖြစ်သလို ၊ ဗမာစစ်သား တစ်ယောက် ဆုံးရှုံး သွားတာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ပါပဲ .... " လို့ ပြောသွားတယ်။

နိုင်ငံတော် သမ္မတရဲ့ ဆန္ဒနဲ့ ပြည်သူတွေရဲ့ ဆန္ဒဟာ တစ်သားတည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကြီး အောင်မြင် ပါစေလို့ ဆုတောင်း နေမိပါတယ်။ ဒါပေမယ့် ဆုတောင်း မပြည့်ခဲ့ပါဘူး။ " တွေ့ဆုံ ဆွေးနွေးပွဲ မအောင်မြင်ဘူး " ဆိုတဲ့ သဘောတူ ညီချက် တစ်ခု တလေ တောင် မှ မရခဲ့ဘူးတဲ့။

ဘယ်လို ဖြစ်ရတာပါလိမ့် ..... ?

စုံစမ်းကြည့်မိတော့ KIO ဘက်က အပစ်အခတ် ရပ်စဲရေး ကို နောက်မှ လုပ်မယ် ၊ နိုင်ငံရေး အရ ဆွေးနွေး မှုကို အရင်ဆုံး လုပ်မယ် ဆိုတဲ့ ကောက်ကြောင်း ဟောင်းပါပဲ။ အစိုးရဘက်က နယ်မြေ ငြိမ်းချမ်းရေး အ တွက် အပစ်အခတ် ရပ်စဲရေးကို ပထမ ဦးစားပေး လုပ်မယ် ၊ အဲဒီကမှ နိုင်ငံရေးအရ ဆက် လက် ဆွေးနွေး သွား ချင် တယ်လို့ သိရတယ်။

ဘယ်သူ့ဘက်ကမှ လိုက်ပြီး ပြောတာတော့ မဟုတ်ပါဘူး။ လူပြိန်းတွေတောင် နားလည် နိုင်တဲ့ အပစ်အ ခတ် ရပ် စဲရေးကို အရင်ဆုံး လုပ်တာဟာ အကောင်းဆုံးနဲ့ သဘာဝ ကျပါတယ်။ အပစ်အခတ် မရပ်စဲ သေး ဘဲ တွေ့ဆုံ ဆွေးနွေးကြပြီ ဆိုပါတော့ ... ။ သေနတ်သံ ၊ ဗုံးသံ တွေကြားမှာ နောက်ကြောက လုံပါ့မလား .... ? ။ ကိုယ်စားလှယ်တွေ သွားရေး - ပြန်ရေး ကရော စိတ်အေး နိုင်ပါ့မလား .... ? ။ ဒါကြောင့် ကျွန်တော့် အမြင်ကတော့ အပြန်အလှန် ယုံကြည်မှု ရရှိအောင် အရင်ဆုံး နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲရေးကို ဦးစားပေး လုပ်သင့်တယ်လို့ ပြည်ချစ်သားက မြင်ပါတယ်။

နောက်တစ်ချက်က ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲရဲ့ ရည်မှန်းချက်က ပစ်သံ ၊ ခတ်သံတွေ မကြားရတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ပဲ မဟုတ်လား .... ။ ဒါနဲ့များတောင် KIO က အပစ်အခတ် ရပ်စဲရေးကို အရင်ဦးဆုံး မလုပ်ဘဲ ၊ မရွေးချယ်ဘဲ နိုင်ငံရေးအရ ဆွေးနွေး နေချင် ရတာလဲ ... ? ဘယ်လို ရည်ရွယ်ချက် တွေများ ရှိနေလို့ ပါသလဲ ...... ? ။

ပြည်ချစ်သား

ကချင်နေစဉ်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: