Pages

Wednesday, October 31, 2012

*** ပေးဆပ်ခြင်း ***



လှတော့လှတယ်
တန်ဆာဆင်ထားမှတော့
အရှေ့ယဉ်လို့ အနောက်မြင်တဲ့
ဥဒေါင်းအသွင်တော့ငါမဆောင်ဘူး
အကျည်းတန်ရတာကိုကျေနပ်တယ် ......

အရှုံးအမြတ်ကိုတွက်မိတိုင်း
ပုခုံးအထက်နားက
အမာရွတ်ကလှောင်ရယ်တယ်
လှပတဲ့နေ့သစ်တွေအတွက်
မရေးဖြစ်လိုက်တဲ့ရာဇဝင်မှာ
ငါဘုရင်ဖြစ်ချင်ဖြစ်ခဲ့မယ်
လက်တွေ့မှာတော့
အခက်တွေ့နေရတာ နေ့စဉ်ပေါ့ ......

အမုန်းမဲ့သောမေတ္တာ
ရှုံးမှမြတ်သောသစ္စာနဲ့
နာကျည်းစရာများစွာအတွက်
ငါ့နိုင်ငံအတွက် ငါပေးဆပ်နေတဲ့
အမြဲ ထွန်းလင်းနေတဲ့ ဖီးနှစ်ငှက်ငယ် ......

လမ်းပြ ကြယ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

*** ပေးဆပ်ခြင်း ***

Labels:


လှတော့လှတယ်
တန်ဆာဆင်ထားမှတော့
အရှေ့ယဉ်လို့ အနောက်မြင်တဲ့
ဥဒေါင်းအသွင်တော့ငါမဆောင်ဘူး
အကျည်းတန်ရတာကိုကျေနပ်တယ် ......

အရှုံးအမြတ်ကိုတွက်မိတိုင်း
ပုခုံးအထက်နားက
အမာရွတ်ကလှောင်ရယ်တယ်
လှပတဲ့နေ့သစ်တွေအတွက်
မရေးဖြစ်လိုက်တဲ့ရာဇဝင်မှာ
ငါဘုရင်ဖြစ်ချင်ဖြစ်ခဲ့မယ်
လက်တွေ့မှာတော့
အခက်တွေ့နေရတာ နေ့စဉ်ပေါ့ ......

အမုန်းမဲ့သောမေတ္တာ
ရှုံးမှမြတ်သောသစ္စာနဲ့
နာကျည်းစရာများစွာအတွက်
ငါ့နိုင်ငံအတွက် ငါပေးဆပ်နေတဲ့
အမြဲ ထွန်းလင်းနေတဲ့ ဖီးနှစ်ငှက်ငယ် ......

လမ်းပြ ကြယ်
0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။