Pages

Wednesday, October 31, 2012

လူငယ် မီဒီယာသမား တို့ ယခု ကတည်းက ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည့် လမ်းပေါ် တင်ထားသင့် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

31.10.2012

လူငယ်မီဒီယာသမားတို့သည် မိမိတို့ဘ၀တွင် ရှေးက စံထားခဲ့ကြသော သတင်းစာဆရာကြီးများ ကဲ့သို့ လူရိုသေ ရှင်ရိုသေ တစ်သက်လုံး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ယခုက တည်းက ကြိုတင် ၍ ပြင် ဆင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးစကား ပြောကြားခဲ့သည်။ "လူငယ်သတင်း သ မားတွေ သတင်းတွေယူ တဲ့၊ မေးတဲ့အခါမှာ၊ အခြေအနေတွေကို သုံးသပ် တဲ့အခါ မှာ လေးလေး နက် နက် လုပ်ကြပါ။ အပေါ်ယံကြော မကြည့်ပါနဲ့။ နောက်တစ်ခုက လူတွေ၊အဖွဲ့အစည်းတွေ ရဲ့ လုပ်ဆောင် မှုနဲ့ ပတ် သက် လို့ ရှေ့နောက်ညီရဲ့လားဆိုတာ သေသေချာချာ သုံးသပ်ဖို့လိုတယ်။ ခုတစ် မျိုး၊ ခု တစ် မျိုး ဆိုတဲ့ဟာ မျိုးက ဘယ်တော့မှ စိတ်မချရဘူးဆိုတာသိရ မယ်။ အပေါ် ယံကြော ကြည့်ပြီး ဆုံးဖြတ် ချက်ချမိ ရင် နိုင်ငံ့ အကျိုးလည်းမပြု၊ ဘယ်သူ့ကို မှလည်း အကျိုးမပြုနိုင်ဘူး။ အမေကတော့ မီဒီယာကို တစ်ချိန်လုံး သ တိပေးနေ ပါတယ်။ လူငယ်မီဒီယာတွေဟာ အခုကတည်းက ကိုယ့် ကိုယ်ကိုယ် ဖြောင့် မတ်တဲ့ လမ်းပေါ် တင် ထား ကြပါ။ နောက် အ သက်ကြီး လာမှ ဆိုရင် ပြောင်းရ၊ ပြင်ရ ခက် တယ်" ဟု  ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော် ပဉ္စမအစည်း အဝေး ပထမနေ့၊ အောက်တိုဘာ ၂၂ ရက်တွင် မီဒီယာ များနှင့် ခေ တ္တ တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ် ခဲ့သော နိုင်ငံတော်သမ္မတ၏ ပထမဆုံးအကြိမ် သတင်း စာရှင်း လင်းပွဲနှင့်ပတ်သက်ပြီး မည်သို့သဘောထားပါသလဲဟူသည့် အမေးနှင့်ပတ်သက်၍ လည်း "အခုလို မီဒီယာနဲ့ ထိတွေ့ ဆက်ဆံတယ်ဆိုတာ ကောင်းပါတယ်။ အစိုးရနဲ့ မီဒီယာနဲ့ ဆက်ဆံ သင့်တာပေါ့။ မီဒီယာတွေက လည်း ဒီလိုဆက်ဆံခြင်းအားဖြင့် အခြေအနေ တွေကို သုံးသပ်နိုင်တာပေါ့။ မီဒီယာတွေ ဘက် ကလည်း အရေးကြီးပါတယ်။ မီဒီယာအနေနဲ့ အဖန်ဖန် သုံးသပ်နိုင်မှသာ လူတွေအကြောင်းကို သိတာ။ တစ်ခါ နှစ်ခါ တွေ့ရုံလောက်နဲ့တော့ အကြောင်း မသိနိုင်ဘူး။ ကိုယ့်မိတ်ဆွေတွေ တောင်မှ အ ဖန် ဖန်သုံးသပ်မှ သိနိုင်တာ။ အစိုးရ ဆိုရင် ပိုပြီးတော့ တောင်မှ အဖန်ဖန် အကြိမ်ကြိမ် တွေ့ပြီး သုံး သပ်ရမှာပေါ့" ဟုဖြေကြားခဲ့သည်။ သမ္မတကြီး၏ဖြေကြားချက်များအပေါ် မီဒီယာအများစုတို့က အား ရမှု နည်းပါးခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ဤသို့ဖြေကြားခဲ့သည်။

"အစိုးရအဖွဲ့အနေနဲ့တော့ ဒီလိုပဲရှိမှာပါ။ ဒါ ကြောင့် ပြောတာပေါ့။ အခုလို ကိုယ့်ဘာသာ ကိုယ်သိ ကြ ရတော့ ပိုပြီးကောင်းတာပေါ့။ နောက်ပြီးတော့လည်း အစိုးရအဖွဲ့နဲ့ လွှတ်တော် ရဲ့သဘာဝက မတူ ကြဘူး။ လွှတ်တော်က သဘာဝအရ ပိုပြီးတော့ အစိုးရအဖွဲ့ထက် ပွင့်လင်းမှုရှိတယ်။ မပွင့်လင်း လို့ လည်း မရဘူး လေ။ လွှတ်တော်ကိုယ်စားလှယ်က ၆၅၁ ယောက်ရှိတာဆိုတော့ ဘယ်အရာ ကိုမှ ဖုံးထား ဖိထားလို့မှ မရဘဲ" ဟု မြန်မာတိုင်း(မ်)ကို ဖြေကြား ခဲ့သည်။ ထို့ပြင် လူငယ်မီဒီယာသမားတို့အနေဖြင့် ယခုကဲ့သို့ မီဒီယာခေတ်ဖြစ်လာချိန်တွင် အထူးသတိ ထားပြီး မိမိကိုယ်မိမိ ထိန်းမတ်ရမည့် အဓိက အချက် များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေး ပြောကြားခဲ့သည်။

"အခုခေတ်က မီဒီယာခေတ်၊ မီဒီယာက တော်တော်ဩဇာရှိလာပြီ။ ဩဇာရှိလာတဲ့ အလျောက်မြောက် သွား တတ်တယ်။ ပိုးဝင်သွား နိုင်တယ်။ အမြဲသတိထား၊ ကိုယ့်ကိုယ်ကိုယ်လည်း သတိ ထား၊ သူ များတွေ ကိုလည်း ကြည့်နေ၊ နေရာ၊ အာဏာနဲ့ ဩဇာတွေမှာ သာယာသွားနိုင် တယ်။ ပိုးဝင်နိုင် တယ်။ ဘယ်သူက ပိုးဝင်သွား သလဲဆိုတာ ကြည့်နေဖို့လိုတယ်။ ပိုးဝင်သွားတာ နဲ့ ပညာ ကလေးတွေ ပြ တတ်တယ် ။ မြင်အောင် ကြည့် ဖို့လို တယ်။ ရှေ့နောက်မညီတဲ့စကားတွေ၊ လုပ်ရပ် တွေ၊  (နေရာ၊ အာဏာနဲ့ ဩဇာအပေါ်) သာယာယစ်မူးလာတဲ့ကိစ္စတွေ။ ဩဇာ၊ အာဏာရှိလာရင် ပျက်စီးတတ် တယ်။ ကိုယ့်ကိုယ် ကိုယ် လည်း အမြဲဆင်ခြင်နေ ရမယ်။ ငါတို့ပြောလိုက်တယ်ဆိုရင် လူ တစ်ယောက် ရဲ့ဘ၀ ကို ပြောင်း လဲနိုင်စေတယ်ဆိုတဲ့အသိ ထားရမယ်။ ဒါဟာ ဩဇာအာဏာလို့ မမြင်နဲ့၊ သာယာဖို့ မဟုတ်ဘူး၊ ဒါဟာ တာဝန်လို့ သတ်မှတ်ရမယ်။ ရိုးရိုးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာ အတင်းအ ဖျင်းတွေ ကို ရေး သားဖော်ပြ တာမျိုးဟာ တကယ်တော့ တိုင်းပြည်နဲ့လည်းမဆိုင်ဘူး။ မိမိရဲ့ အသိုက် အ၀န်း အကျိုးစီးပွားနဲ့ လည်း မဆိုင်ဘဲ လူတွေဖတ်လို့ကောင်းအောင်ရေးတာမျိုးဟာ ပုဂ္ဂိုလ်တွေ ရဲ့ ဘ၀တွေကို ပျက် စေနိုင်တယ်။"ဟု ၎င်းက ပြောကြားခဲ့သည်။မီဒီယာလုပ်ငန်းကို စီးပွားရေးအမြင်အရ လုပ် ရသည်များ ရှိနိုင်သော်လည်း ဖတ်ကောင်းရုံ ပုဂ္ဂိုလ်ရေး အတင်း အဖျင်းများ မရေးစေလို ကြောင်း၊ မည်သည့် အကြောင်းအရာ ကိုမ ဆို လေးလေး နက်နက် ဆင်ခြင်ရေးသားဖော်ပြစေ လိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

myanmar times

Myanmar Express

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: