Pages

Wednesday, October 31, 2012

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံး သတင်း ထုတ်ပြန်ချက် ( ၂ / ၂၀၁၂ )

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ် ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ တစ်ကျော့ပြန် ဖြစ်ပွားလာသော ပဋိပက္ခ ဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင် ပျက် စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။

၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင် အ ကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်း တော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာခဲ့ပါသည်။ အကြမ်းဖက်မှု ပ ဋိပက္ခ ဖြစ်စဉ်များ မှ ဒေသန္တရလုပ် လက်နက်ငယ် ( ၁၈၀ )လက် သိမ်းဆည်း ရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက် ပြု လုပ်သူ အချို့နှင့် ပြုလုပ်ရာ တွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်း ဆီး ရမိသဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေး ဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စ များ တွင် တစ်ဖက် အဖွဲ့အစည်းမှာ ကြိုတင် ပြင်ဆင်ခြင်း၊ အသေးစိတ် စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက် များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေး အဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းများ ပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက် အဖွဲ့အ စည်းမှ လည်း အချို့သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေသည့် အထောက် အထား များ ကို တွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥ ပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခု ကဲ့ သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်း စေရေး အတွက် နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်း တို့ကလည်း ငြိမ်း ချမ်း စွာ ဖြင့် ပူးပေါင်း ကူညီ ဆောင်ရွက်ကြ စေလိုပါသည်။

၆။ လက်ရှိ အခြေအနေတွင် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ်များ ကို ထိခိုက်နစ်နာစေသည့် ဖြစ် ရပ် များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆက်စပ် ပတ်သက်သူများ ကို နောက် ကွယ် မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အား နိုင်ငံတော်မှ ထိရောက်စွာ အရေး ယူမည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံး သတင်း ထုတ်ပြန်ချက် ( ၂ / ၂၀၁၂ )

Labels:

0 comments: