Pages

Wednesday, October 31, 2012

ရဟန်းတော် များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်း သည် မည်သည့် သိက္ခာပုဒ် များနှင့် ငြိစွန်း နေပါသနည်း

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက် အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့် သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။ ( ကိုမြင့်သိန်း (စင်္ကာပူ) )

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်း ဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံ လုပ်တာ အခု ရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ် ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာ ပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ် ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကို ထုတ်ဖော် တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်း လုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲ ဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။

ဥပမာ တစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ( ရယ်သံများ )စကားကလည်းယဉ်ယဉ် ကျေးကျေး  လေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…

ဒေဝဒတ် ပြဿနာ ပေါ်လာ ခါနီးမှာ ရှင်သာရိပုတ္တရာ နဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ ( ကြားဖူးကြလား ) ( မကြားဖူးပါဘုရား ) မကြားဖူး ဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကို ဆန့်ကျင်ပြီးတော့ သူရာဇဝတ် အမှုမကင်း တဲ့ အလုပ်တွေကို လုပ်တော့မယ် ဆိုတာ ဘုရားက သိတယ်။ သိတဲ့ အခါကြတော့ မြတ်စွာဘုရား က ရှင်သာရိပုတ္တရာ ကို ဦးဆောင်ခိုင်း ပြီးတော့ ပကာသနိ ယကံ ဆို တာ ကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ် ရဲ့ သဘော ထားနဲ့ ဘုရား သာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလို ထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာ ရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရ တယ် ။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်း ကတစ်မျိုး အခု တစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ် လုပ်သမျှ ကိစ္စတွေ ဟာ သာသနာ နဲ့မဆိုင်ဘူး။ ကျန်တဲ့ ရဟန်းတွေ နဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့ သာဆိုင် တယ် ဆိုတာ ကို ထုတ်ဖော် ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒ ပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်း ဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ် ရယ် လို့ပြောစရာ အကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ် ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများ သိအောင် ကြေငြာတာတော့ လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့် သိက္ခာပုဒ်နဲ့ ငြိစွန်းပါ သနည်း လို့ဆိုရင် ...

မြတ်စွာဘုရားက “ ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ ” ဆိုတာမရှိဘူး အဲဒီ တော့ ဥပဒေမရှိသည့် အတွက်ကြောင့် ဘယ်သိက္ခာပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာ ရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာ လာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလို သာရှိတယ် ဒီတော့ ဒီမေးခွန်း က အဲဒီလိုသာ မှတ်ရမယ်။

( ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ )

အက်ရှင်ဘဘ ဒီမို

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: