Pages

Tuesday, October 30, 2012

စစ်မှန်သော ပြည်ထောင်စုနှင့် ထာဝရ ငြိမ်းချမ်းရေး

ယနေ့ ၃၀.၁၀.၂၀၁၂ ရက်နေ့ ရွှေလီမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲနှင့် ကချင် လွတ်မြောက်ရေးအဖွဲ (ကေအိုင်အို) တို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆွေးနွေးပွဲကို အဆင့်တစ်ခုအနေဖြင့် တစ်လအတွင်း နိုင်ငံရေးနည်းလမ်းအရ ပြန်လည်ဆွေးနွေးမည်ဟု အဆုံးသတ်ခဲ့ခြင်း အတွက် မြန်မာပြည် သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်များမှာ တစ်ခုသော အတိုင်းအတာအထိသာ အောင်မြင်မှုဖြင့် ပြီးမြောက် ခဲ့ပြီဖြစ်ပါသည်။

လက်ရှိ နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အဆင့်အလိုက်
(၁) အပစ်အခတ်ရပ်စဲရေး။
(၂) ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း

(၃) ပြည်ထောင်စုအဆင် ငြိမ်းချမ်းရေးဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသား အား လုံး ပါဝင်နိုင်သော ညီလာခံကြီးဖြင့် ဆွေးနွေး သဘောတူ လက်မှက်ရေး ထိုးပြီးထာဝရငြိမ်းချမ်းရေး တည်ဆောင်နိုင်ရေး၊
ဆိုပြီး အဆင့်ဆင့်သတ်မှတ်ကာ တော်တည့်မှန်ကန်သော စနစ်ကျသော အဆင့်များဖြင့် ပြည်တွင်းငြိမ်း ချမ်းရေး ကိုတည်ဆောက်နိုင်ခဲ့သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖြင့် အဆင့် ၂ ခုမြောက် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့သည်ကိုလည်း ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက် ပီတိဖြစ် စ ရာ တွေ့မြင်ခဲ့ကြရပါသည်။

ယခု ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန် ရွှေလီမြို့ (သူတစ်ပါးတိုင်းပြည်အတွင်း) တွင်ချိန်းဆိုတွေ့ဆုံကြပြီး ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုအဆင့် အဆုံးအဖြတ်ပေးနိုင်သည့် ဦးအောင်မင်းနှင့် တပ်ပိုင်းဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့က ဦးဆောင်ပြီး သန်း ၆၀ သော ပြည်သူတို့၏ လိုအင်ဆန္ဒတစ်ခုဖြစ်သော ကချင်ပြည်နယ်ကြီး အမှန်တကယ်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရန်သွားရောက် ကြရာ တွင် ကေအိုင်အို မှ ဦးဆွမ်လွတ်ဂန် သာရောက်ရှိလာပြီး အဓိက ကေအိုင်အို အဖွဲ့ကို သြဇာရှိ သည့် ကေ အိုင်အေ (တပ်ပိုင်းဆိုင်ရာ) ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်နိုင်ခဲ့ခြင်းမှာလည်း ၀မ်းနည်းစိတ် မကောင်းဖြစ်မိပါသည်။

မြန်မာ့တပ်မတော်က စစ်သားတစ်ယောက်ကျဆုံးခြင်းဟာ မြန်မာတိုင်းရင်းသားတစ်ယောက် ကျ ဆုံးခြင်းဖြစ် ရသလို ကချင်လွတ်မြောက်ရေးတပ်မတော်က စစ်သားတစ်ယောက်ကျဆုံးတာကလည်း တိုင်း ရင်း သားတစ်ယောက်ဆုံးရှုံးရတာပါပဲ။ လက်နက်ကိုင်အဖွဲအစည်းများကို ကွပ်ကဲအုပ်ချုပ်ခေါင်းဆောင် လုပ် သူများအနေဖြင့် ယခုလက်ရှိအချိန်မှာ မိမိတို့ လိုချင်သော ဆန္ဒတစ်ခုတည်းပေါ်မှာသာ ရယူလို စိတ်ပြင်းပြစွာ တစ်ဖက်သတ်ဆန်နေခြင်း ထက် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်နောက် ကျနေသော မြန် မာပြည်သူ အားလုံး၏ အကျိုးကိုမျှော်တွေးပြီး အားလုံးရဲ့ ဆုံမှတ်တစ်ခုစီသို့ ဦးတည်လျှောက် လှမ်းရတော့မည့်အချိန်အခါဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာနိုင်ငံပေါင်းမြောက်များစွာအလယ်တွင် ပြည်တွင်းငြိမ်းချမ်းရေးမရရှိသောနိုင်ငံအဖြစ် ဒဏ် ရာ ဒဏ်ချက်များ၊ ထိခိုက်ရှနာများဖြင့် နာတာရှည်ရောဂါကြီးကဲ့သို့ ခံစားခဲ့ရသည့် အမိပြည်ထောင် စုမြန် မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ စည်ပင်သာယာရေး၊ နိုင်ငံတကာနှင့် အမီ ရင်ဘောင် တန်းနိုင်ရေး တို့အတွက် လက်အောက်ငယ်သားများ (မြန်မာပြည်သားများ) ရဲ့ အသက်ခန္ဓာများ ဆုံးရှုံးမှုနည်းနိုင် သမျှနည်းအောင် အလျှင်အမြန် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါသည်။

Sitt Thura Aung

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: