Pages

Thursday, November 22, 2012

“““ မိခင်စိတ် မရှိသော မိခင် ( သို့ ) လူမဆန်သော လုပ်ရပ် ”””

မိခင်စိတ်မရှိသောမိခင် (သို့) လူမဆန်သောလုပ်ရပ်

မေမေ ---- သားကို မချစ်ဘူးလားဟင် -- အင်းပေါ့နော် မေမေ သားကို မချစ်လို့သာ ဒီလို အမှိုက်ပုံးထဲ ရက် ရက်စက်စက် ပစ်ထားရက်ခဲ့တာပေါ့နော် ... မေမေ --- သား ချမ်းတယ်မေမေ နံစော်နေ တဲ့ အမှိုက်တွေ ကြား မှာ သားဘာကြောင့်များ လူလာဖြစ်လာရသလဲဟင် မေမေ --

မေမေ့ကို သားမမုန်းပါဘူး မေမေကတော့ဘာလို့ သားကိုမုန်းတာလဲဟင်--မေမေ သား ဘာများမှားခဲ့လို့လဲ သားမေမေ့ဝမ်းဗိုက်ထဲမှာ နွေးထွေးလုံခြုံမှုအပြည့်နဲ့နေခဲ့တုန်းကပေါ့ ...သားကိုယ်သား စစ်သူ ကြီး တစ်ယောက် လိုလို -- စည်းစိမ်အပြည့်နဲ့ ဘုရင်ကြီးတစ်ယောက်လိုလို ဘ၀င်တွေမြင့်ခဲ့သေး တယ် မေမေ ရယ် --မေမေ့ ၀မ်းကြာတိုက်က သားအတွက် တကယ့် ကို နွေးထွေးတဲ့ ဘုံဗိမ္မာန်ကြီးတစ်ခုပါပဲ မေမေ ---ဒါ နဲ့များ သားကို ဘာကြောင့် ဒီလိုစွန့်ပစ်ရတာလဲဟင် မေမေ --မေမေ ဖြေပေးပါဦး သားကိုဖြေပါဦးမေမေ

သားကိုမလိုချင်တော့ဘူးလားဟင်-- သားကြီးလာရင်မေ့မေ့ကို ဒုက္ခမပေးပါဘူး မေမေ -- မေမေဟာ သား လူ့ဘ၀ကြီးထဲ စရောက်လာ ကတည်းက ပထမဆုံးထိတွေ့ခွင့်ရတဲ့လူသားဟာမေမေပါ

မေမေရယ်---တဖြည်းဖြည်းအေးလာပြီ မေမေ
သား ဒီလိုနဲ့ လူ့ဘ၀ထဲကနေ ပြန်ထွက်ခွာရတော့မယ်ထင်ပါရဲ့မေမေ ---မေမေ ကျန်းမာပါစေနော်---တစ် ခု ပဲတောင်းဆိုချင်ပါတယ်မေမေရယ်
မေမေ သားတို့ကိုမချစ်ရင် နောက်ဆို သားတို့ကို လူ့ဘ၀ထဲကိုမခေါ်ပါနဲ့မေမေရယ်မေမေတို့ခေါ်လို့သားတို့လာရတာပါ ဘာကြောင့်များ အခုမှ မလိုချင်လို့ စွန့် ပစ်ရက်တာလဲဟင်

မေမေရယ်---သား သွားရတော့မယ်လေ သား နေချင်ပါသေးတယ် မေမေတို့နဲ့အတူ လူ့လောက ထဲ ပျော်ေ ပျာ်ကြီးနေချင်ပါသေးတယ်မေမေ
အို----မေမေ--ဘေးနားမှာ ခွေးနက်ကြီးတွေရောက်လာကြပြီမေမေ ---သူတို့အစာကို အမှိုက်ပုံးထဲ လာရှာ ရင်း နဲ့သားကိုတွေ့သွားကြတော့မယ်
သူတို့ --သားကိုရောစားပစ်မှာလားဟင်မေမေ ---မေမေ သားကြောက်တယ်မေမေ ---သားအရမ်းကြောက် တယ် သားကို မေမေ လှည့်မကြည့်တော့ဘူးလားဟင်

သားနှုတ်ဆက်ခဲပါတယ်မေမေ နော်--မေမေလည်း နေကောင်းအောင်နေ ပါနော် --- သားအရမ်း ချစ် တယ် မေမေ့ကိုလေသား အရမ်းချစ်ပါတယ်
မေမေ----
ေ မ ေ မ - - --
ေ မ ေ မ -- - - - - - --

သက်တန့်ချို

1 comment:

  1. အ၇မ်းကြိုက်တယ်ဗျာ
    အခုခေတ်ကအဲဒီလိုမျိးတွေပေါနေတယ်ဗျ
    အခုတင်ထားတဲ့စာလေးကိုတက္ကသိုလ်ကျောင်းသူတွေများများဝင်ကြည့်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
    မေမေတိုကခေါ်လို့သားတို့ကလာရတာပါလို့ဆိုတဲ့စာသားလေးကတော့တကယ်ကိုသက်ရောက်တယ်ဗျာ

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

1 comments:

အ၇မ်းကြိုက်တယ်ဗျာ
အခုခေတ်ကအဲဒီလိုမျိးတွေပေါနေတယ်ဗျ
အခုတင်ထားတဲ့စာလေးကိုတက္ကသိုလ်ကျောင်းသူတွေများများဝင်ကြည့်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
မေမေတိုကခေါ်လို့သားတို့ကလာရတာပါလို့ဆိုတဲ့စာသားလေးကတော့တကယ်ကိုသက်ရောက်တယ်ဗျာ

Post a Comment