Pages

Saturday, January 12, 2013

ကချင် လွတ်မြောက်ရေး အမည်ခံ သောင်းကျန်းသူ KIA များ ဖြစ်တည်လာမှု

၁၉၆၀ ပြည့်နှစ်   ဖေဖော်ဝါရီလ ၅ ရက်နေ့က ဇော်ထူး၊ ဇော်ဆိုင်းနှင့် ဇော်ဒန် ညီအစ်ကို ၃ ဦး ခေါင်းဆောင်သော  အင်အား ၂၇ ယောက်ဖြင့် လားရှိုး ငွေတိုက်ကို လုယက်ရာမှ စတင်ခဲ့သော အဖွဲ့ အစည်းဖြစ်သည်။   ကချင် တိုင်းရင်းသားများ နေထိုင်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ဒေသတွင် စတင် ပေါက်ဖွားခဲ့သော်လည်း ကချင်ပြည်နယ်တွင်း ရောက်မှ ကြီးထွား လာသည်။ အထူးသဖြင့် ဗုဒ္ဓ ဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ် ကြေငြာ လိုက်သည်ကို မကျေနပ်သဖြင့် ရုတ်တရက် အင်အား ကြီးထွား လာခြင်း ဖြစ်သည်။  ဖက်ဒရယ်မူ တောင်းဆိုသော ပဒေသရာဇ်များနှင့် ကေအမ်တီ (KMT) တရုတ်ဖြူ ကျူးကျော်ရေး  သမားများထံမှ ထောက်ပံ့ကူညီသော လက်နက် ခဲယမ်းများ၊ ဘိန်းနှင့်    ကျောက်စိမ်းများကို   ခိုးထုတ်ရောင်းချရာမှ ရရှိသောငွေများဖြင့် ၀ယ်ယူသော ငွေများဖြင့် ဆူ ပူသောင်းကြမ်း ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် အင်အား ၅၀၀၀ ခန့်အထိ တိုးတက် လာခဲ့ကြသည်။

သို့သော် မိမိတပ်မတော်၏ ထိုးစစ်များကြောင့် အင်အားအနည်းငယ်သာ ကျန်တော့သည့် အခြေ အနေ သို့ ရောက်ရှိသွားခဲ့သည်။ ကေအိုင်အေ ဌာနချုပ်သည် ပင်လျင် မိမိနိုင်ငံတွင်းတွင် အခြေမပြုနိုင်တော့ပဲ ထိုင်းနိုင်ငံ ထန်းဝိုးတွင်သာ အခြေပြုခဲ့ကြရသည်။ ၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ပီး ကျောက်စိမ်း တွင်းများကို ချုပ်ကိုင်နိုင်ရန် ကြိုးစားလာခဲ့ကြသည်။ သို့သော် ၁၉၆၅ ခုနှစ် တွင် နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်း တွေ့လာသဖြင့် ပြည်ပအကူ အညီများ ရရှိနိုင်ရန် ကြိုးပမ်းခဲ့ ကြသည်။ ၁၉၆၇ ခုနှစ်တွင် ဗကပ များထံမှ အကူအညီကို မျှော်ကိုးပြီး ကွန်မြူနစ် ၀ါဒကိုပင် ကြွေးကြော်လာခဲ့ကြသည်။ သို့သော် ဗကပ များ ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေတို့ စတင် ပေါက်ဖွားရာ နယ်မြေသို့ ၀င်ရောက် လာသည့်အခါ ဇော်ဒန်ဦးဆောင်သော ကေအိုင်အေ တပ်မဟာ (၄) က ဗကပများကို တိုက်ခိုက်သည်။

မိမိ တပ်မတော် စစ်ကြောင်း များကိုလည်း တိုက်ခိုက်ခဲ့သည်။ ထိုသို့ စစ်မျက် နှာ ၂ ခုဖွင့်ပီး တိုက်ခိုက် ခဲ့ကြသဖြင့် အခက်အခဲများစွာ ဖြစ်ခဲ့ကြသည်။ ဗကပ နှင့် မိမိ တပ်မတော် အကြားတွင် ညပ်လာသည့်အခါ ၁၉၇၃ ခုနှစ်တွင် တပ်မတော် နှင့် စေ့စပ်ဆွေးနွေးရန် ကြိုးစား လာခဲ့ကြသည်။ ယခင် ၁၉၆၃ ခုနှစ်တုန်း ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အခွင့်ကောင်းယူကာ အမြတ် ထုတ်ခဲ့ကြ သည့် ကေအိုင်အေ များသည် ယခု ၁၉၇၃ ခုနှစ် ဆွေးနွေးပွဲ မှာလည်း အလားတူ ယခင်အတိုင်း အခွင့်ကောင်းယူကာ အမြတ် ထုတ်လာ သည်ကို တွေ့ရသဖြင့် ဆွေးနွေးပွဲ အောင်မြင်မှု မရခဲ့။ ဗကပ ကို ဆန့်ကျင် သော ညီနောင် ၃ ဦး အနက် တပ်မဟာ (၄) မှူး ဇော်ဒန်က ၁၉၇၅ ခု မတ်လ တွင် ဗကပ တို့နှင့် တိုက်ပွဲဖြစ်ပြီး ကျဆုံး သွား ခဲ့သည်။

ဇော်ဆိုင်း၊ ဇော်တူနှင့် ပုံရွှေ ဇော်ဆိုင်းတို့လည်း ထိုင်းနိုင်ငံ ထန်းဝိုးတွင် ၁၉၇၅ ခုနှစ် သြဂုတ်လအတွင်း၌ ဆိုင်းတူ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံး ခဲ့ကြ ပြန်သည်။ ဗကပ ကို ဆန့် ကျင်သော   ကေ အိုင်အေ ခေါင်းဆောင်များ မရှိတော့သည့် အခါ ဗကပ ကို လိုလားသော မရန် ဘရန်ဆိုင်း   ခေါင်းဆောင် သည့် အုပ်စုက ကေအိုင်အေ သူပုန်များကို ဦးဆောင်လာခဲ့သည်။ ကေအိုင်အေ စစ်ဦးစီး ဌာန  ချုပ်ကို တြိဂံဒေသအတွင်းရှိ လဘန်အင်ဘောက်တူ တွင် အခြေပြုပြီး လမုန်တူးဂျိုင်က စစ်ရေးခေါင်းဆောင်  အဖြစ် တာဝန်ယူ သည်။ ရှေ့တန်း စစ်ဦးစီဌာနချုပ်ကတော့ မဂျီ ဘွမ်ဒေသ ကော့လွန်ရွာတွင် အခြေ စိုက်ပြီး မဂျီ ဇော်အိမ်က တာဝန်ယူခဲ့ သည်။ ပြည်တွင်းရှိ ကေအိုင်အေ များကို မရန်ဘရန်ဆိုင်း၊ လမာလရိန်နှင့် ဇောင်းဟရားတို့က နိုင်ငံရေး ဦးဆောင်မှု ပေးခဲ့သည်။ သူတို့၏ ကွန်မြူနစ်လိုလားသော အုပ်စု တွင် လမုန်တူးဂျိုင်၊ မဂျီဇော်အိမ်နှင့် ဇော်မိုင်စသည့် စစ်ရေးခေါင်းဆောင် များလည်း ပါဝင်သည်။

စစ်ဦးစီးဌာနချုပ်က ကေအိုင်အေ တပ်မဟာ (၁) ကို အနီးကပ် ကွတ်ကဲပြိး တြိဂံဒေသတွင် လည်းကောင်း၊   ရှေ့တန်း စစ်ဦးစီးဌာနချုပ်သည် တပ်မဟာ (၂) ကို အနီးကပ် ကွတ်ကဲပြီး မိုးကောင်း၊ မိုးညှင်း၊   ဖားကန့် စသည့် ကျောက်စိမ်း နယ်မြေတွင် လည်းကောင်း၊ ကေအိုင်အေ တပ်မဟာ (၃) ကို ဗန်းမော် နယ်မြေတွင် လည်းကောင်းထားရှိပြီး တပ်မဟာ (၂) မှ ပေး ပို့သော ကျောက်စိမ်း များကို ပြည်ပသို့ ဆက်လက် ပို့ဆောင်ရေး တာဝန်ယူစေသည်။ ကေအိုင်အေ တပ်မဟာ (၄)  ကတော့ ကေအိုင်အေများ စတင်ရာ ရှမ်းပြည် မြောက်ပိုင်းတွင် အခြေစိုက်ပြီး ဗကပ များနှင့် ဆက်သွယ်မှု ပြုလုပ်နေသည်။

ကေအိုင်အေ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ၁၉၇၆ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် တပ်မဟာ (၃) ဌာနချုပ်နယ်မြေ တပ်ရင်း (၃) ဌာနချုပ် ပါဂျိုချောင်း အရှေ့ဘက်ကမ်းရှိ တရုတ်ရွာ ဓါးကောင်   ကထောင်၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ ဗဟိုကော် မတီနှင့်   ကချင်လွတ်လပ်ရေး ကောင်စီ (KIC, Kachin Independence Council) ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။ အသစ်ဖွဲ့စည်းသည့်အခါ ဘရန်ဆိုင်းက ပါတီဗဟိုကော်မတီ ဥက္ကဌ၊ ဗိုလ်မှူးကြီး ဇော်မိုင်က ဗဟို ကော်မတီ ဒုတိယ ဥက္ကဌနှင့် ဒုတိယ စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် လမုန်တူး ဂျိုင်က ကောင်စီဥက္ကဌနှင့် စစ်ဦးစီးချုပ်၊ ဇောင်းဟရားက ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရသည်။ ယင်းအစည်းအဝေးမှာပင် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို ပြန်လည်သုံးသပ်ပြီး တစ်ဖက်နိုင်ငံနှင့် အရှိန် အဟုန်မပျက် ဆက်လက် ဆက်သွယ်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ ဗမာနက် ” များဖြစ်သည့် မိမိတို့ အစိုးရကို အဓိကထား တိုက်ခိုက်ရန်နှင့် “ ဗမာနီ ” များဖြစ်သော ဗကပ များကို ကေအိုင်အေ သြဇာ မခံယူမချင်း ဆန့်ကျင်တိုက်ခိုက်ရန်လည်း ပါဝင်သည်။

ကေအိုင်အေ ဌာနချုပ်ကို တြိဂံဒေသမှ ပါဂျိုဒေသသို့ ၁၉၇၇ ခုနှစ်တွင် ပြောင်းရွှေ့ အခြေပြုခဲ့ကြသည်။ ဗဟိုဌာနချုပ် ပြောင်းရွှေ့ရခြင်းမှာ တစ်ဖက် နိုင်ငံနှင့် ပိုမိုနီးစပ်စေရန်သာမက မိမိတို့၏ လေကြောင်းတိုက် ခိုက်မှုကို မခံရစေရန် ဖြစ်သည်။ ကေအိုင်အေနှင့် ဗကပ တို့ ဆက်ဆံရေးက ယခင် အဆင်မပြေမှု၊ အချင်းချင်း တိုက်ခိုင်ခြင်းများ ဖြစ်နေရာမှ “ တဖက်နိုင်ငံ၏ ” ဖိအားပေးမှုကြောင့် ဗကပ သခင် ဘသိန်း တင်၏ ၁၉၇၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ကပေးပို့သော ညီညွတ်ရေး ကမ်းလှမ်းချက်ကို ၁၉၇၆ ခုနှစ် ဇန်န၀ါရီ လ (၁၂) ရက်နေ့တွင် ကျင်းပသော ကေအိုင်စီ (KIC) ဗဟိုကော်မတီ အစည်း အဝေးက လက်ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဗကပ နှင့် ကေအိုင်အေတို့ မဟာမိတ်အဖြစ် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။ မတ်လ (၂၇) ရက်နေ့မှစ၍ ကေအိုင်အေနှင့် ဗကပ တို့ အပစ် အခတ် ရပ်စဲရေး လုပ်ခဲ့ကြသည်။ ကေအိုင်အေများသည် ဗကပနှင့် ပြေလည်မှု ရသွားသဖြင့် စစ်နှစ်ဖက် ညပ်နေ သည့်ဘေးမှ လွတ်ကင်း သွားခဲ့သည်။ ထို့ကြောင့် အင်အားသုံးရသည့် တိုက်ပွဲကြီး များကို ဖော်ထုတ် လာသည်။

ဗကပ တပ်ရင်း (၁၀၁) ခေါင်းဆောင်မှာ မရူလူမျိုး စခုန်တိမ်ယိမ်းဖြစ်ပြီး ယခင်ကတော့ ကေ အိုင်အေ ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ဇော်တူး တဖက်နိုင်ငံတွင် ဆွေးနွေးစဉ် ကေအိုင်အေ ဂျင်းဖော လူမျိုး တစ်မျိုးအတွက် သာ ဦးစားပေး ဆောင်ရွက်ခဲ့ပြီး လက်နက်တပ်ဆင် ရာတွင်လည်း ဂျင်းဖော မျိုးနွယ်များကို ဦးစားပေးသဖြင့် ကေအိုင်အေကို မကျေနပ်။ ထို့ကြောင့် စခုန်တိမ့်ယိမ်းနှင့် လယောက်ဇေ လွန်တို့ ဦးစီးသော ကေအိုင်အေ တပ်ရင်း (၄) အင်အားစုများက ကေအိုင်အေမှ ခွဲထွက်ကာ ၁၉၆၈ ခုနှစ် မတ်လတွင် တဖက်နိုင်ငံသို့ ၀င်သွားခဲ့ကြခြင်းဖြစ်သည်။

မှတ်ချက် ။ ။ ဗိုလ်ထွန်းကြည် (မုံရွာ) နှစ် ၅၀ ကျော် ကိုယ်တွေ့များ စာအုပ်မှ ကူးယူပါသည်...... စာအုပ် အစပိုင်းမှာ ပုဂ္ဂိုလ်ရေး အကျဉ်းမှာလည်း အငြိမ်းစား ပေးခံခဲ့ရသည်လို့ ထူးထူးခြားခြား အဖြစ်မှန် ကို ရေးထားတာ လည်း တွေ့ရပါသည်...... KIA နဲ့ ပါတ်သက်လို့ သတိပြုမိတာတော့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေကို ခုတုံးလုပ်တာ၊ ဘိန်းနဲ့ ကျောက်စိမ်းကို တရုတ်ပြည်ကို ထုတ်တာ၊ တရုတ်အစိုး ရကို မလွန်ဆန်နိုင်တာ၊ အထောက် အပံ့ ရဖို့ မလိမ့်တပါတ် လုပ်တာလေးတွေ ပါပဲ..... အဲ့ဒိအချိန် ထိလည်း KIO ဆိုတာကို မတွေ့ရသေးပဲ ၁၉၇၆ မှာမှ ဖွဲ့စည်းလိုက်တဲ့ KIC ဆိုတာကိုပဲ တွေ့ရ ပါတယ်....

From:James Mint

Myanmar Daily Star Group 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: