Pages

Sunday, December 16, 2012

“““ KIA မှ လမ်းတစ်ခု တွင် ဂိတ် ( ၁၂ ) ခု ဖွင့်ပြီး ကားတစ်စီး တစ်သောင်းထိ အခွန်ကောက်နေ ”””

ယခုရက်ပိုင်းအတွင်း မိုးကောင်းဖားကန့်လမ်းကြောင်းပေါ်တွင် KIA ရင်း ၆ မှ တပ်ဖွဲ့ဝင်အချို့နှင့် နယ်မြေ ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဂိတ်ဖွင့်ပြီး ခရီးသွားများ ကားများထံမှ အခွန်ပြန်လည်ကောက်ခံနေ ကြကြောင်း၊ လမ်းကြောင်းတစ်လျောက် ဂိတ် ၁၂ ခု ရှိပြီး လဘန်ကထောင်နှင့် နန့်ဟိုင်ဂိတ်များသည် အဆိုး ဆုံးဖြစ်ကြောင်း၊ ဂိတ်တစ်ခုလျင် လူ ၃ ဦးမှ ၅ ဦးအထိရှိပြီး စစ်ဝတ်စုံဝတ်သူ အရပ်ဝတ်ဝတ်သူ များပါဝင်ကြောင်း၊ ခရီးသည်တင်ကားတစ်စီး ၁၀၀၀၊ ကုန်တင်ကား တစ် စီး ၃၀၀၀ မှ ၁၀၀၀၀ အထိ ပေး ရကြောင်း၊ အမြဲတန်းမဟုတ်သော်လည်း မကြာခဏ အကြောင်း အမျိုးပြပြီးကောက်ခံတတ်ကြောင်း ဖားကန့်မှ ပြန်ဆင်းလာသော ယာဉ်မောင်းတစ်ဦးက ပြောပြ ခဲ့သည်။ ကုန်ကားတစ်စီး တစ်နှစ်စာကို ငွေ ၃ သိန်းမှ ၈ သိန်းအထိကောက်ခံထားသော်လည်း ၄င်း ကောက်ခံမှုမှာ ဗဟိုအတွက်ဖြစ်ပြီး ဗဟိုခွင့်ပြုချက် အရ နယ်ခံများအတွက် ယခုကဲ့သို့သီးခြား ကောက်ခံမှုများရှိခြင်း၊ အလိုရှိသောပစစည်းများ ကို ငွေမပေး ဘဲမှာခြင်း၊ မုံ့ဖိုးသီးသန့်တောင်းခြင်း၊ ခေါင်းစဉ်ပြ အလှူခံ ခြင်းစသော နည်းမျိုးစုံဖြင့်တောင်းခံရုံသာမက မထင်လျင် မထင်သလို မိမိ သားအရွယ်ရှိသော ကလေးများက ဆဲဆို ရိုက်နှက်တတ်သဖြင့် စီးပွားရေးလုပ် ရတာ စိတ်ကုန်နေ ကြောင်း ဒီတစ်ခေါက်ကုန် ပို့ပြီးပါ က ကျောက် ပန်းတောင်းသို့ သာပြန်တော့ မည်ဖြစ်ေ ကြာင်း ကျောက်ပန်းတောင်းမှကုန်သည်တစ်ဦးက ငြီးတွားပြော ဆိုသွားခဲ့သည်။

''ဒီကောင်တွေခုလို လုပ် နေတာ KIA ဗဟိုကခိုင်းလို့မဖြစ်နိုင်ဘူး သူတို့ဖာသာ စီးပွားရှာတာဖြစ်နိုင်တယ်'' ဟု ကားပေါ်ပါ လာသော သင်းအုပ်ဆရာတစ်ယောက်က ပြောကြားသွားသည်။ အစိုးရနဲ့တပ်မတော်က KIA ကို အပြတ်မတိုက်သည်ကိုနားမလည်နိုင်ကြောင်း၊ ပြီးခဲ့သည့်အပတ်က စစ်တပ်ရိက္ခာများပို့၇န် စစ်ကြောင်းများလမ်းပေါ်သို့ဝင်ရောက်လာစဉ် ငွေပေးရ သက်သာသဖြင့် ခရီးသွားများပျော် ရွှင် နေကြောင်း ၊ နောက်ပိုင်း တိုက်ပွဲများဖြစ်လာမှလမ်းပိတ်ထားသဖြင့် စိတ်ညစ်ရကြောင်း၊ KIA ဘက်မှ လူထုအကာ အကွယ်ယူ တိုက်ခိုက်သဖြင့် စစ်တပ်က လမ်းကြောင်းပိတ် မှသာ တောတွင်း သွားရောက်ပုန်းအောင်းနေ ကြသဖြင့် ၄င်းတို့စားစရာပြတ်လပ်ပြီး အချင်းချင်းစကားများ ခိုက်ရန် ဖြစ်ပွားမှု ပင်ရှိခဲ့ကြောင်း ခရီးသည် တစ်ဦး ကပြောကြားခဲ့သည်။ ၄င်း ခရီးသည် ကပင်ဆက်လက်၍ အစိုးရနှင့် စစ်တပ်အနေဖြင့် KIA ကိုလျော့ မတွက်သင့်ကြောင်း၊ KIA သည် ကချင်လူမျိုးစုကို မြန်မာတိုင်းရင်းသား များမှဖဲ့ထုတ်၍ သီးခြားနိုင်ငံအဖြစ် ရပ်တည်နိုင်အောင် စနစ်တကျစီမံနေ ကြောင်း၊ တာပိန်ရေအားလျပ်စစ် စက်ရုံပြသနာမှစခဲ့သော် လည်း နောက် ပိုင်းတွင် ကချင်လူမျိုး ရေးကိုဇောင်းတင် လာကြောင်း၊ ပြည်သူလူထု ကို အမှန်တကယ် ကာကွယ်လိုပါက ကချင်ပြည်နယ် အတွင်းမှ ကချင်အပါအ၀င် အခြားတိုင်းရင်းသားများ အားလုံးကို ကိုယ်စား မပြုနိုင်သော လူနည်းစု KIAသောင်းကျန်းသူများကို ထိထိရောက်ရေက်တိုက် ခိုက်ချေမှုန်း သင့်ကြောင်း၊ နိုင်ငံရေးပြ ယုဂ် ကောင်းရုံသာ ဆွေးနွေးပွဲလုပ်ခြင်းများသည် ပြည်သူလူထုကို ထိရောက်စွာ မကာကွယ်နိုင် ကြောင်း ၊ နိုင် ငံရေး ပုံရိပ်ကိုသာဂရုစိုက်နေပါက နောင် တွင်ပိုမိုဆိုးဝါး ကြပ်တည်းသော အခြေအနေ မျိုး ဖြစ်လာနိုင် သဖြင့် က ချင်ပြသနာကိုလည်း ရခိုင်အရေးအခင်းကဲ့သို့ ထိထိရောက်ရောက် ကိုင်တွယ်ပြီး ပြတ်ပြတ် သားသား ဆောင်ရွက်သင့်ကြောင်း ၄င်းကပင် သူ့အမြင်ကို ဆက်လက် ပြောကြားသွားသည်။

ကချင်ပြည်နယ်တွင် စစ်ပွဲကြာရှည်လာသည်နှင့်အမျှပြည်သူလူထုက ပိုမို ဒုက္ခ ရောက်နေသဖြင့် စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ချင်နေကြပြီး အမြန်ဆုံးအဆုံးသတ်ရေး သည် တစ်ဖက်နှင့်တစ်ဖက် ပြတ်ပြတ် သား သားတိုက်ခိုက်မှရမည်ကို သိရှိလာကြပြီဖြစ်သည်။

MyanmarExpress

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ KIA မှ လမ်းတစ်ခု တွင် ဂိတ် ( ၁၂ ) ခု ဖွင့်ပြီး ကားတစ်စီး တစ်သောင်းထိ အခွန်ကောက်နေ ”””

Labels:

0 comments: