Pages

Sunday, January 6, 2013

လွတ်လပ်ရေးနေ့၌ ကရင်ပြည်နယ် ကမမောင်း မြို့နယ်တွင် BGF အယောင် အဆောင်များ ဝင်ရောက်ပစ်ခတ်

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် တွင်း နယ်ခြားစောင့်တပ်(BGF) အယောင်ဆောင်များဟု ယူဆရသူများက မြို့နယ်တွင်းရှိ စစ်ဆေးရေးဂိတ်များအား ဝင်ရောက် ပစ်ခတ် သွားကြောင်း သိရသည်။ 
 
ဝင်ရောက် ပစ်ခတ်သွားသူများသည် BGF အဝတ်အစားများ ဝတ်ဆင် ထားကာ ဖာပွန်မြို့မှ VIGO အနက်ရောင် ကားဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရပြီး အုန်းတောဂိတ်နှင့် မီဆိုင်းဂိတ်တို့အား ဝင်ရောက် ပစ်ခတ် သွားခြင်းဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အုန်းတောဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် ယူဆောင်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီးတစ်ဦး နောက်ကျောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့် တပ်ကြပ်တစ်ဦး ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မီဆိုင်းဂိတ်မှ BGF ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားပြီး စအဖ အရာရှိတစ်ဦးထံမှ ပစ္စတို (၁)လက် ထပ်မံ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မြိုင်ကြီးငူဆရာတော်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်မှူးတို့ ဓမ္မပီယကျောင်းတိုက်တွင် ယမန်နေ့ ည ၁၀ နာရီ ခန့်၌ တွေ့ဆုံသွားကြောင်း သိရသည်။ တိုင်းမှူးမှ ငြိမ်းချမ်းရေး ဖော်ဆောင် စကာလ အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ လျှောက် ထားခဲ့ကြောင်း လည်း ထပ်မံသိရသည်။

 Myanmar Daily Star Group

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

လွတ်လပ်ရေးနေ့၌ ကရင်ပြည်နယ် ကမမောင်း မြို့နယ်တွင် BGF အယောင် အဆောင်များ ဝင်ရောက်ပစ်ခတ်

Labels:
၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် တွင်း နယ်ခြားစောင့်တပ်(BGF) အယောင်ဆောင်များဟု ယူဆရသူများက မြို့နယ်တွင်းရှိ စစ်ဆေးရေးဂိတ်များအား ဝင်ရောက် ပစ်ခတ် သွားကြောင်း သိရသည်။ 
 
ဝင်ရောက် ပစ်ခတ်သွားသူများသည် BGF အဝတ်အစားများ ဝတ်ဆင် ထားကာ ဖာပွန်မြို့မှ VIGO အနက်ရောင် ကားဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရပြီး အုန်းတောဂိတ်နှင့် မီဆိုင်းဂိတ်တို့အား ဝင်ရောက် ပစ်ခတ် သွားခြင်းဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အုန်းတောဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် ယူဆောင်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီးတစ်ဦး နောက်ကျောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့် တပ်ကြပ်တစ်ဦး ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မီဆိုင်းဂိတ်မှ BGF ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားပြီး စအဖ အရာရှိတစ်ဦးထံမှ ပစ္စတို (၁)လက် ထပ်မံ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မြိုင်ကြီးငူဆရာတော်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်မှူးတို့ ဓမ္မပီယကျောင်းတိုက်တွင် ယမန်နေ့ ည ၁၀ နာရီ ခန့်၌ တွေ့ဆုံသွားကြောင်း သိရသည်။ တိုင်းမှူးမှ ငြိမ်းချမ်းရေး ဖော်ဆောင် စကာလ အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ လျှောက် ထားခဲ့ကြောင်း လည်း ထပ်မံသိရသည်။

 Myanmar Daily Star Group
0 comments: