Pages

Sunday, December 16, 2012

“““ တပ်မတော် ( လေ ) တွင် မစ် - ၂၉ တိုက်လေယာဉ် ( ၃၀ ) ကျော်ပြီလား ”””

မြန်မာ့တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်ပကျူးကျော်စစ်များမှသည် ပြည်တွင်းသောင်းကျန်းမှုများ အထိ ကာကွယ်ရင်ဆိုင်တိုက်ခိုက်ရင်း နိုင်ငံအကျိုးကိုထမ်းဆောင်နေကြောင်း အားလုံးလည်း သိပြီးဖြစ် ပါ သည်...။ တပ်မတော်တွင် ( ကြည်း၊ရေ၊လေ ) ဟူ၍ တပ်ဖွဲ့ကြီးများဖြင့် ဖွဲ့စည်းထားရာ ထိုအထဲတွင်လည်း တပ်မတော် (လေ)သည်လည်း သမိုင်းဝင်တိုက်ပွဲကြီးများကို တပ်မတော် (ကြည်း) နှင့် တပ်မတော် (ရေ) နည်းတူ ပါဝင် တိုက်ပွဲဝင်ခဲ့သော တပ်ဖွဲ့ကြီးဖြစ်ပါသည်....။

မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်မှုးများ တောင်ပံအပ်နှင်းပွဲ၊ "စွန့်လွတ်စွန့်စား လေသူရဲများ" ကဲ့သို့ေ သာ အစီအစဉ်များကို ကျွှန်တော်တို့သည် စိတ်ဝင်စားစွာနှင့် အမြဲစောင့်စားကြည့်ရှုခဲ့ကြရပါသည်....။ တပ် မတော် (လေ)၏ ဂုဏ်ပြုတေးသီချင်းများကိုလည်း မြင်တွေ့ခွင့်ရခဲ့ကြပြီဖြစ်ပါတယ်.....။

ယခုနှစ် ဒီဇင်ဘာလသည်   တပ်မတော် (လေ)၏ (၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး အရင်နှစ် များနှ င့် မတူကာ အထူးစိတ်ဝင်တစား လေ့လာမိပါသည်....။ ထိုအထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံးအချက် မှာ တပ်မတော် (လေ) ၏ ခေတ်မှီတိုက်လေယာဉ်အမျိုးအစားဖြစ်သော အမ်အိုင်ဂျီ-၂၉ (မစ်-၂၉) တိုက်ေ လယာဉ်များပင် ဖြစ်ပါသည်....။

မစ်-၂၉ တိုက်လေယာဉ်များသည် ၂၀၀၂ ခုနှစ်များမှ စတင်ကာ တပ်မတော် (လေ)တွင် တာဝန်ထမ်းေ ဆာ င် ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ခုနှစ်ထဲတွင်လည်း တပ်မတော် (လေ)၏ ဝေဟင်ပိုင်နက်ကာကွယ်နိုင်မှု စွမ်းေ ဆာ င်ရည်မြှင့်တင်မှုတစ်ခုဖြစ်သည့် နောက်ထပ် တိုက်လေယာဉ် အစင်း (၂၀) ဝယ်ယူမှုများရှိခဲ့ပါသည်...။ အ ဆိုပါတိုက်လေယာဉ်များထဲတွင် SE ကဲ့သို့သော အဆင့်မြှင့်နည်းပညာများပေါင်းစပ်ထားသည့် တိုက်လေ ယာဉ်များ လက်ခံရရှိခဲ့ပါသည်....။

မစ်-၂၉ တိုက်လေယာဉ်များထဲတွင် SMT အဆင့်သည် SE အဆင့်များထက်ပင် အဆင့်မြှုင့်မားသည်ဟု သိ ရပါသည်....။ မြန်မာ့တပ်မတော် (လေ)တွင် အဆိုပါတိုက်လေယာဉ်များကို ဝယ်ယူရရှိထားနိုင်ပါက မစ်-၂၉ ချင်းတူလျင်ပင် လေတပ်၏ တိုက်လေယာဉ်များသည် ပို၍ပင် အစွမ်းထက်လာမည်ဟု မိမိတို့အနေဖြင့် သုံး သပ်ဘူးပါတယ်....။

တပ်မတော် (လေ)၏ လက်ရှိပိုင်ဆိုင်မှုသည် အမှန်ပင် မစ်-၂၉ အစီး (၃၀)တည်းလား...?

မစ်-၂၉ တိုက်လေယာဉ်များ၏ အမှတ်စဉ်တွေနှင့် ပုံစံတွေကို လေ့လာကြည့်ရင် အကြမ်းအားဖြင့် သိရှိနိုင် ပါ တယ်....။ စိတ်ဝင်စားတဲ့သူတွေအတွက် ကျွှန်တော်လေ့လာမိသလောက် တင်ပြပေးချင်ပါတယ် .... ။ေ လတပ်၏ မစ်-၂၉ များကို လေ့လာကြည့်ကြရအောင်လားခင်ဗျာ.....

အမှတ်စဉ် (၂၇၀၂-၂၇၁၀)

တပ်မတော် (လေ)၏ အစောဆုံးရောက်လာသော အသုတ်ဖြစ်ပါသည်....။

အမှတ်စဉ် (၂၇၁၁-၂၇၀၆)

နံပတ်စဉ်အရဆိုရင်တော့ (၁) စင်းမြောက်ဖြစ်ပါတယ်...။ (မှတ်ထားကြပါ :D) ပထမဆုံးသုတ်မှ အစီးရေ (၁၂) စင်းမို့ ၂၇-၂၂ ဟာလည်း ပထမသုတ်ပါ... ဒါပင်မဲ့ ၁၀စင်းဆီ မှတ်သားလွယ်အောင် ပြ ထားတာဖြစ် ပါတယ်...။

အမှတ်စဉ် (၂၇၂၀-၂၇၃၀)

နံပတ်စဉ်အရဆိုရင် (၃၀) စင်းမြောက်ထဲက ဖြစ်ပါတယ်....။ ကျွှန်တော်ခန့်မှန်းတာ မမှားရင် ဒါဟာနောက် ဆုံးသုတ် ဖြစ်ပါမယ်...။ ၂၇-၀၁ မှ ၂၇-၃၀ ထိ (သို့) အမောင်းသင်နှင့်ဆိုရင် အစီးရေ (၂-၃) ပိုများနိုင်ပါ တယ်... ဒါပင်မဲ့ ၂၇-၃၅ ထိတော့ မဖြစ်နိုင်တော့ပါဘူး....။

1 comment:

MIG 29 SMT ပါ။ Pilot seat နောက်က humpback က အပိုဆီ သယ်အားကောင်းအောင် SMT တွေမှာ modified လုပ်ထားခြင်းဖြစ်ပါတယ်။ MIG 35 ကသွယ်ပါတယ်။ဒီ link ကပုံကိုကြည့်ပါ။

1 comment:

  1. there is only 3 mig 35 ever built and they all in Russia. that is not definitely a mig-35. it is only mig 29.

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

1 comments:

there is only 3 mig 35 ever built and they all in Russia. that is not definitely a mig-35. it is only mig 29.

Post a Comment