Pages

Sunday, December 9, 2012

“““ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် တပ်မတော် ( လေ ) ”””

မြန်မာ့တပ်မတော် (လေ)၏ အခုနောက်ပိုင်း တိုးတက်ပြောင်းလဲ လာမှုတွေကို တွေ့နေ ၊ကြားနေ ရပါတယ် ခင်ဗျာ....။အဲဒီထဲက ကျွှန်တော်တို့ရဲ့ စိတ်ဝင်အစားဆုံးသော တိုက်ခိုက်ရေးရဟတ်ယာဉ်အကြောင်းကို အ နည်းငယ်ပြန်ပြောရမယ်ဆိုရင်.....

တပ်မတော် (လေ)၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်

အထက်ပါပုံတွင် ရဟတ်ယာဉ်၏ အင်ဂျင်များအား အပူလျှော့နည်းစေနိုင်သည့် ကိရိယာများ တပ်ဆင်ထား သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရနိုင်ပါသည်....။

တပ်မတော် ( လေ ) ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ Mi-2 နှင့် Mi-35 ရဟတ်ယာဉ်များကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်...။ ယခင်အချိန်က တပ်မတော် (လေ)တွင် အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာ ဉ် များသာ ရှိခဲ့ရာမှ ယခုအခါတွင်မှု ခေတ်မှီ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 များကို ပိုင်ဆိုင်လာခဲ့ပြီဖြ စ်ပါတယ်....။

တကယ်တော့ တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် မြေပြင်ပစ်ကူပေးရေး၊ ချေမှုန်းရေးအတွက်သာ အဓိ က အသုံးပြုလျက်ရှိရာ လက်ရှိပိုင်ဆိုင်ထားသော Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် အဆိုပါ အ င်္ဂရပ်များနှင့် အကိုက်ညီဆုံးဟူ၍ပင် သတ်မှတ်နိုင်ပါသည်.... တင့်ကားပျံများဟူ၍ပင် သတ်မှတ်ထား ကြ သည့် Mi-35 ရဟတ်ယာဉ်များသည် ဆိုဗီယက်တပ်မတော်မှ အာဖဂန်စစ်မြေပြင်တွင် အသုံးပြုခဲ့ရာ တာ လီဘန်များကို အကူအညီပေးခဲ့သော အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ စိုးရိမ်မှုကို အများဆုံးေ ပးနိုင်ခဲ့သော တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြစ်ပါသည်....။

မြေပြင်ပစ်မှတ်များအား ချေမှုန်းနေစဉ်

ထို့ကြောင့်ပင် အမေရိကန်စစ်တပ်သည် တာလီဘန်သူပုန်များအား ပုခုံးထမ်းဒုံးများ အလောတကြီး တပ် ဆ င်ပေးခဲ့ခြင်း ဖြစ်ပါသည်...။ ထို့ကြောင့်လည်း ဆိုဗီယက် လေတပ်၏ တိုက်ရဟတ်ယာဉ်များ အကျ အ ဆုံးရှိခဲ့ပါသည်....။ ပုခုံးထမ်းဒုံးများသည် အပူလိုင်းရှာ၍ ပစ်ခတ်ရခြင်းဖြစ်သဖြင့် ရဟတ်ယာဉ်၏ အင်ဂျင် အ ပူအား ရှာဖွေပစ်ခတ်ရခြင်းဖြစ်သည်....။ ဆိုဗီယက်နှောင်းပိုင်းကာလ ရုရှားတပ်မတော်သည် အဆို ပါ အားနည်းချက်များအား ရှာဖွေကာ ရဟတ်ယာဉ်၏ အင်ဂျင်အပူအား လျှော့နည်းစေနိုင်သည့် ကိရိယာ များ အား တပ်ဆင်ထားကြပြီးဖြစ်ပါသည်.....။ 

တပ်မတော် ( လေ )ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များတွင်လည်း အဆိုပါ စနစ်များတပ်ဆင်ထားပြီး ဖြစ်ရာ ရန်သူ့ပုခုံးထမ်းဒုံးများ၏ တိုက်ခိုက်မှုမှ ကာကွယ်ထားနိုင်ပြီဖြစ်ပါသည်....။ ထို့ပြင် ရန်သူ့ဒုံး လက်နက်များ အား လမ်းကြောင်းဖယ်ကွင်းသွားစေနိုင်သည့် ( ပစ်မှတ်အတုများထုတ်ကာ ) စနစ်များ ( Jammer ) စနစ် များလည်း တပ်ဆင်ပေးထားနိုင်ပြီဟု သိရပါသည်....။

မြန်မာ့တပ်မတော် ( လေ ) ၏ ဂုဏ်ယူဖွယ် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း

ရန်သူ့တင့်များအား ချေမှုန်းရာတွင်လည်း နာမည်ကျော်လက်ရှိရာ ရန်သူ့ဘင်္ဂလားဒေ့်စစ်တပ်၏ တင့်များ အားလည်း ချေမှုန်းရာတွင် အသုံးဝင်ပေလိမ့်မည်.... ရန်သူ့တပ်များ၏ လက်ရှိဝယ်ယူထားသည့် MBT - 2000 တင့်များကိုလည်း ကောင်းကောင်းလက်စွမ်းပြချေမှုန်းသွားနိုင်တော့မည် ဖြစ်ပါသည်....။

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ဒုံးများဖြင့် တိုက်ခိုက်နေစဉ်

နောက်ပိုင်းတွင်မည်သို့ဆက်လက် ဝယ်ယူဖြည့်တင်းမည်ကို မသိရသေးချိန်တွင် ( Mi-28Nများနှင့် KA- 50 , 52 ရဟတ်ယာဉ်များလည်း တပ်မတော် (လေ)မှ စိတ်ဝင်စားမှုရှိနေကြောင်း သိရပါသည်...။ )  လေတပ် ၏ အကောင်းဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ်များအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည့် Mi-35 တိုက်ခို က်ရေးရဟတ်ယာဉ်များသည် မြန်မာ့တပ်မတော် (လေ)၏ စစ်ဆင်ရေး၊တိုက်စွမ်းရည်ကို မြှင့်တင်ပေးသော အဓိကတိုက်ခိုက်ရေးရဟတ်ယာဉ်များပင် ဖြစ်ပါတော့သည်ခင်ဗျာ....။

တပ်မတော် (လေ)မှ စိတ်ဝင်စားမှု ရှိနေသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ

Mi-28 ရဟတ်ယာဉ်

KA-50 တိုက်ခိုက်ရေး ရဟတ်ယာဉ်

  KA-52 တိုက်ခိုက်ရေး ရဟတ်ယာဉ်

( သတင်းကောင်းတစ်ခုပြောခဲ့မယ်နော်.... တလောက လေတပ်ကအရာရှိ တစ်ယောက်နှင့် စ ကားပြောဖြ စ်တော့ လေတပ်က ရုရှားရဲ့ SU-35 တွေကို အတော်လေးသဘောကျနေ တယ်တဲ့.... လေ့ လာမှုတွေ ရှိေ နတယ်တဲ့ဗျာ.... ကဲကဲ.... ၃-၄အုပ်လောက် ရောက်လာရင်တော့ မဆိုးဘူးနော်... :) တကယ်ဝ ယ်ဖြစ် ပါေ စဗျာ....။ )

Myanmar Defence Weapons

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: