Pages

Thursday, December 6, 2012

“““ အမှောင်ကို အသုံးချကာ ချစ်တင်းနှော နေကြသူများ ”””

မန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်း ဝင် အမွေ အနှစ်များ ဖြစ်သောကြောင့် နို င်ငံတော်မှ ပြုပြင် ထိန်းသိမ်း ခဲ့ကြသည်။  နိုင်ငံခြား ခရီးသွားများ သည်လည်းထိုနေရာသို့လာရောက်၍ လေ့လာနေသည် ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ကြီးနှင့် ကျုံး၊ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇ ရပ်တန်းသည် အလွန် ပနံသင့် လှပေသည်။

ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ၏ကြီစိုးရာဇုန်တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှလည်း မျက်ကွ ယ်ပြု ထားသည်ဟုထင် သည်။ အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ။  အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာသောအချိန်တွင်အမျိုးသားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်မှာနိုင် ငံ သူနိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ 

ရိုးရိုးသားသားဖြင့် မိသားစု ဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြသည်ကို ဂုဏ်ယူမိပါသည်။ ရိုးရိုးသား သား ဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မဇရပ်များနှင့် အအေးဆိုင်များမှာ အလွန် ပင်နှစ်လိုဖွယ်ဖြစ် သည်။ အခုတော့ ခြုံတွေကြားမှာ ထီးတိုင်ပုတွေနှင့် ကာရံထားကြပြီး အတွဲများသီးသန့် ထိုင်ရန် ပြုလုပ်မြူဆွယ် ၍ ရောင်းချနေခြင်းမျိုးမှာ မဖြစ်သင့်ပေ။  ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဗုဒ္ဓအမွေအနှစ်များ ထွန်းကား ရာ နေရာတွင် ဤသို့သောအမြင်မတင့်စရာများ မရှိသင့်ဘူးဟု ထင်သည်။
မန္တလေးမြို့တော်သူမြို့တော်သားများသည်လည်း မြင်တွေ့ကြ ရမည်မှာမလွဲပေ။  အထူးသဖြင့် မြောက်ပြင် တွင်နေထိုင်ကြသူများ ပို၍ပင်မြင်တွေ့ကြရပေမည်။ ညမှောင်ရိပ်လေးသမ်းလာလိုက်သည်နှင့် သမီးရည်း စား အတွဲများသည် အလျှိုလျှိုအဖြိုင်ဖြိုင် လာရောက် နေထိုင်ကြပေတော့သည်။ ရိုးရိုးအတွဲရော၊ဆန်းဆန်း အတွဲရော အလွယ်တကူပင်ကူးလူး နေကြတော့သည်။  ည(၁၀)နာရီရောက်သည့် တိုင်အမှောင်ထုထဲ တွင် အအေးသောက် နေကြသည်။ လူများကိုတော့မတွေ့ရ။ ရပ်ထားသည့်ဆိုင်ကယ်နှင့် စက်ဘီးတစ်ချို့ သာမြင်တွေ့ နေကြရသည်။
ပို၍ဆိုးသည်ကမီးထွန်း မထားခြင်းပင်။ ဝန်ဆောင်မှုများမှာလည်းအလွန်ကောင်းသည်။ ခြင်ဆေးခွေ များ ထွန်းပေးထား သောကြောင့်ဖြစ်သည်။
အသိမကြွယ်၊ စမ်းသပ်ချင်သောအရွယ်များသည်ထိုနေရာကို စမ်းသပ်ကွင်းတစ်ခုနှယ် အသုံးချနေ ကြ သ ည် ။ မိဘအများစုသည်လည်း သားသမီးများကျုံးဘေးအအေးသောက်သွားမည် ဆိုလျှင်ယုံကြည်စိတ်ချ လွှတ်တတ်ကြ သည်။ သို့ပေမယ့် သုဓမ္မဇရပ်တန်းကို မကျော်နိုင်ကြပေ။ 

ငယ်ရွယ်သူတွေကိုအမှားထဲဇွတ်တိုးဝင်စေရန် သုဓမ္မဇရပ်တန်းကိုအမှီပြုပြီး အအေးဆိုင်များဖွင့်လှစ်နေ ကြသူများက ကာဗာပေးပြီးတွန်းပို့ သလိုဖြစ်နေတော့ မိဘများမှာသောကမီးတွေ ဝေနေကြရတော့သည်။  အမျိုးဂုဏ် နှင့်ယဉ်ကျေးမှု အမွေကို ဖျက်ပြီး နိုင်ငံ၏ မျက်နှာကို အိုးမဲ သုတ်နေသလို ခံစားနေကြရ သည် ။နိုင်ငံတကာမှလေ့လာသူများ အများဆုံး ဝင်ထွက် သွားလာရာတွင် ဟန်ပြပြီးမဖွယ်မရာ ရောင်းချနေသော အအေးဆိုင်များ ဖယ်ရှားရှင်းလင်းပြီး စနစ်တကျအချိန်သတ်မှတ်ကာ မီးများ လင်းထိန်စွာ ထွန်းပြီးရောင်း ချနိုင် လျှင်မိသားစု ဝမ်းရေးမခက်ခဲဘဲနှင့်မန္တလေး သည်လည်းမန္တလေးပင်ဖြစ်လာပေလိမ့်မည်။

အောင်ကိုဦး 

Myanmar Daily Star Group

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အမှောင်ကို အသုံးချကာ ချစ်တင်းနှော နေကြသူများ ”””

Labels:

0 comments: