Pages

Friday, December 7, 2012

“““ အလုပ်သမား အခွင့်အရေး မလေးစားလို့ RFA ကို အမေရိကန်အလုပ်သမား သမဂ္ဂ က တရားစွဲပြီ ”””

RFA မြန်မာသတင်းဌာနက ဖွဲ့စည်းပုံပြင်ဆင်မှုအရ မြန်မာဝန်ထမ်းအချို့ကို အောက်တိုဘာလဆန်းပိုင်းက အလုပ်မှ ချက်ခြင်း ရပ်စဲခဲ့ပြီးနောက် အဆိုပါဝန်ထမ်းများဖက်က အလုပ်သမား သမဂ္ဂ တခုက ရပ် တ ည်ပြီး ပြန် လှန်အရေးယူမှုတရပ် ဖြစ်ပွားပြီ ဖြစ်ပါတယ်။ RFA ကနေ အလုပ်ဖြုတ်လိုက်တဲ့ မြန်မာဌာနက ၀န်ထမ်း (၄)ဦးအပါဝင် ကမ္ဘောဒီးယားဌာနက ၀န်ထမ်း (၃)ဦးနဲ့ လာအိုစ်ဌာနက ၀န်ထမ်း (၁) ဦး တို့ နဲ့ ပတ်သက်လို့ အမေရိကန် အလုပ်သမား သမဂ္ဂကနေ RFA ကို နိုဝင်ဘာလအတွင်း မှာ ပြန်ပြီး တရားစွဲ လိုက်ပါတယ်။

RFA အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်း (၈)ဦးလုံး အလုပ်နေတဲ့အချိန်မှာ ကြို တင်အကြောင်းကြားခြင်းမရှိ၊ ဘာအပြစ်မှ စွဲဆိုခြင်းမရှိဘဲ လုံခြုံရေးအစောင့်အရှောက်တွေကို အသုံးပြုပြီး ရုံးကနေချက်ချင်းထွက်ဖို့နဲ့ RFA မှာ အလုပ်မလုပ်တော့ဘူးဆိုတဲ့စာချုပ်ကို လက်မှတ်ရေးထိုးဖို့ပြု လုပ်ခဲ့ ပါ တယ်။ အုပ်ချုပ်ရေးပိုင်းက လက်မှတ်ရေးထိုးခိုင်းတဲ့ စာချုပ်မှာ ပါတဲ့အချက် တော်တော်များများ ဟာ အမေ ရိကန် ပြည်ထောင်စုက ပြဌာန်းထားတဲ့ ဥပဒေတွေအပါအ၀င် အလုပ်သမားသမဂ္ဂနဲ့ RFA သဘော တူထားတဲ့ အချက်တွေကိုပါ ချိုးဖောက်ထားပါတယ်။ ဒါအပြင် အလုပ်ထုတ်ခံရသူတွေကို နစ်နာကြေး သေ ဘာ မျိုးပေးမယ်ဆိုတဲ့ စာချုပ်ကို အလုပ်သမားဥပဒေအရ ပြန်လည်ညှိုနှိုင်းပြင်ဆင်ဆောင်ရွက်ဖို့ကိုလည်း RFA ကပျက်ကွက်ခဲ့ပါတယ်။

RFA က၀န်ထမ်းတွေအလုပ်ထုတ်ခံရတဲ့ကိစ္စကို အလုပ်သမားသမဂ္ဂအနေနဲ့ ဥပဒနဲ့အညီ RFA ကိုတရားစွဲ စိန်ခေါ်လိုက်ပါပြီ။ အဓိကအားဖြင့် အလုပ်ဖြုတ်ဖို့အတွက် ၀န်ထမ်းတွေကိုအသိပေး ထုတ်ပြန်တဲ့ စာနဲ့ပတ် သက်လို့ သမဂ္ဂနဲ့သဘောတူစာချုပ်အတိုင်း RFA အုပ်ချုပ်ရေးပိုင်းက သတ်မှတ်တဲ့အချိန်အလုံ အလောက် မပေး တာ၊ အလုပ်ထုတ်ဖို့ ၀န်ထမ်းတွေကိုရွေးချယ်ရာမှာ RFA ကမှန်မှန်ကန်ကန်မဆောင်ရွက်တာ၊ အလုပ် သ မားသမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အလုပ်ဖြုတ်တာ စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး တရားစွဲ ထားပါတယ်။

ဥပမာ မြန်မာနဲ့ ကမ္ဘောဒီးယားဌာနက အထုတ်ခံရတဲ့ ၀န်ထမ်းနှစ်ဦးဆိုရင် အလုပ်သမားသမဂ္ဂ၀င်အဖြစ် တက်တက်ကြွကြွဆောင်ရွက်ခဲ့ပြီး သမဂ္ဂနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို RFA အုပ်ချုပ်သူတွေ ချိုးဖောက်တယ်ဆိုရင် ပြန်ပြီးထောက်ပြခဲ့တဲ့ အစဉ်အလာရှိသူတွေဖြစ်ပါတယ်။ ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ ၀န်ထမ်း (၈)ဦးစလုံးဟာ သူတို့ဌာနအသီးသီးမှာ အထုတ်မခံရဘဲ ကျန်နေတဲ့ဝန်ထမ်းအများစုထက် လုပ် သက်ရင့်သူတွေဖြစ်ပါတယ်။  မြန်မာဌာနက အဖြစ်အပျက်မှာဆိုရင် လုပ်သက်တစ်နှစ်တောင် မပြည့်ေ သး တဲ့ဝန်ထမ်းတဦး အပါဝင် နောက်ဝန်ထမ်းတဦး စုစုပေါင်းနှစ်ဦးကို အယ်ဒီတာအဖြစ်ခန့်လိုက်ကြောင်း RFA အုပ်ချုပ်ရေးတာဝန်ရှိသူက ကြေညာပြီးနောက် တချိန်တည်းမှာပဲ ကျန်တဲ့ဝန်ထမ်း အလုပ်သမားသမဂ္ဂ အ ဖွဲ့ ၀င်တွေကို မြန်မာဌာနတွင်း အလုပ်ဖြုတ်ဖို့ရှိတယ်ဆိုတဲ့ ကြေညာချက်ကိုပြုလုပ်ခဲ့ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ RFA မြန်မာဌာနက အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေနေရာမှာ အချိန်ပိုင်းခန့် ထားသူတွေ အစားထိုးအလုပ်ခိုင်းစေတာဟာ အလုပ်သမားသမဂ္ဂနဲ့ သဘောတူထားတဲ့စာချုပ်ကို RFA က ထင်ထင်ရှားရှားချိုးဖောက်နေပါတယ်။ ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေအပေါ် ချုပ်ဆိုထားတဲ့ စာ ချုပ်ပါအချက်တွေကို ပြန်လည်ညှိုနှိုင်းဖို့RFA အုပ်ချုပ်ရေးပိုင်းကပျက်ကွက်တဲ့အချက်ကိုလည်း အလုပ်သ မား သမဂ္ဂ အနေနဲ့ တရားစွဲထားပါတယ်။ လက်ရှိမှာ RFA မြန်မာပိုင်းအကြီးအကဲ ဒေါ်ငြိမ်းရွှေအပါအ၀င် RFA အကြီးအကဲအချို့၊ BBG လို့ ခေါ်တဲ့ အမေရိကန်အစိုးရပြန်ကြားရေးအဖွဲ့ ဦးဆောင်သူများ ဟာ မြန် မာပြည်ကို ခေတ္တရောက်ရှိနေတယ်လို့ ကြားသိရပါတယ်။

မိုးမခ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အလုပ်သမား အခွင့်အရေး မလေးစားလို့ RFA ကို အမေရိကန်အလုပ်သမား သမဂ္ဂ က တရားစွဲပြီ ”””

Labels:

0 comments: