Pages

Friday, December 7, 2012

“““ ဒါလေးကို အရင်ရှင်းပြီးမှ လမ်းပေါ်ထွက် ကြပါ ”””

အစိုးရနှင့် ပြည်သူ သင့်မြတ်အောင် ကြားခံ ဆောင်ရွက်ခြင်း မဟုတ်။ ငြိမ်းချမ်း စွာ မေတ္တာ ပို့သည်ဟု အကြောင်းပြ၊ ဘေး မှာ ခွပ်ဒေါင်း အလံ ချနေသည့် သံဃာတော် များသည် ထေရ ၀ါဒ ဗုဒ္ဓ ဘာသာ ကိုး ကွယ်သော မြန်မာနိုင်ငံ တွင် မည်သို့သော သာသနာ သုတေ သနများ ၊ သာသနာတော် တိုးတက် ပျံ့ ပွားရေးကို မည်သို့ လုပ်ဆောင်နေသည် လဲဟု မေးခွန်းထုတ် လိုက်ချင်ပါသည်။ လမ်းပေါ်ထွက်သော သံ ဃာေ တာ် များ ထဲမှ မည်သည့် သံဃာသည် သာသ နာရေးကို လုပ်နေပါသလဲ။
 
ဒေါင်းအလံချပြီး ကျောင်းပြန်ကြွမှ သံဃာစစ်တော့မယ် သံဃာများ 
 
အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ သံဃာ့ဂိုဏ်းခွဲတွေ အများကြီး ရှိပါတယ်။ ရွှေကျင်၊ သုဓမ္မာ၊ ဒွါရ၊ မူလ ဒွါရ၊ မဟာဒွါရ၊ အနောက်ချောင်းဒွါရ၊ စတုဘုမ္မိက၊ ဝေဠုဝန် … စသဖြင့်ပေါ့လေ။ ဂဏ၀ိမုတ် (ဂိုးဏ်း လွတ်ဂိုဏ်း )ဆိုတာက ပါသေးတယ်။ ရယ်ဖို့လည်း အတော်ကောင်းပါတယ်။ ဒွါရကလည်း ကြည့်လေ… မူလ ဒွါရ၊ မဟာဒွါရ၊ အနောက်ချောင်းဒွါရ ဆိုပြီး ထပ်ကွဲပြန် တယ်။ ရွှေကျင် မှာ လည်း ရွှေ ကျင်၊ တော ရရွှေကျင်ဆိုပြီး အယူစွဲသူက ရှိသေးတယ်။ နေရင်းထိုင်ရင်း ဘယ်ဂိုဏ်းမှ မပါချင်လို့ ကိုယ့်ဟာနဲ့ ကိုယ် အသာနေ တာတောင် သူ့အဖွဲ့ကို ဂဏ၀ိမုတ် (ဂိုဏ်းလွတ်ဂိုဏ်း)လို့ စာရင်းသွင်းလိုက်ပြန်တယ်။

ခွပ်ဒေါင်းအလံ ရှေ့နောက်ညှပ်လို့ မလိုတာကို တောင်းဆိုနေတဲ့ သံဃာတော်များ

ရွှေကျင်ဂိုဏ်း ကွဲတာဆိုရင် ဘာမှ ဟုတ်တဲ့ကိစ္စ မဟုတ်ဘူး။ ရှေးဆရာတော်ကြီး (အချို့)ဟာ ၀ိနည်းလေး စား တာေ တာ့ ဟုတ်ပါတယ်။ အတ္တက အတော်ကြီးကြ ပါတယ်။ ရွှေကျင်ဂိုဏ်း ကွဲတာဆိုရင် သဘော ထားသေး သိမ်လို့ ဖြစ် ရတာပဲ။ မြတ်စွာ ဘုရားတောင် သံဃာ ညီညွတ်ရေး အားပေးသေး တာ။ အခုတော့ သံဃာ ချင်း တူတာကို ဟိုကျောင်းက ကိုယ်တော် ကတော့ ဘာ၊ ဒီကျောင်းက ကိုယ်တော် ကျတော့ ဘာနဲ့ သံဃာ ကို သံဃာလို့ မမြင်နိုင် ရှာကြပဲ ပုဂ္ဂိုလ်ကို သွားမြင်ကြတော့ ဂိုဏ်းတွေက မကွဲသင့်ဘဲ ကွဲကုန်ကြ တယ်။ ဂိုဏ်း ကွဲတော့ သူ့အုပ်စု၊ ကိုယ့် အုပ်စုနဲ့ ညီညွှတ်ရေး မဖြစ်တော့ဘူး။

မီဒီယာက အနီးကပ်မြှောက်၊ ဓာတ်ပုံရိုက်ခံတဲ့ ရှေ့ဆုံးက ကိုယ်တော်တွေကလွဲရင် ကျန်တာ ကိုယ်ကြိုက် တာ ကိုယ်လုပ်

ရွှေကျင် ဆရာတော် ဘုရားကြီးကြောင့် ရွှေကျင်ဂိုဏ်း၊ ရွှေကျင်အုပ်စု ဖြစ်သွားတာက အရေး မကြီးဘူးပဲ ထား လိုက် ပါအုံး။ နေရင်း ထိုင်ရင်း သုဓမ္မာ ဇရပ်မှာ ညီညီ ညွတ်ညွတ် နေထိုင်တဲ့ သံဃာတွေက သုဓမ္မာ ဂိုဏ်းဖြစ် သွားရတယ်။ တကယ်တော့ သုဓမ္မာက ဂိုဏ်းမှ မဟုတ်တာ။ မြတ်စွာ ဘုရားရှင်ရဲ့သာသနာမှာ သံဃာ အချင်းချင်း ညီညီ ညွတ်ညွတ်နဲ့ ဘာ(သီးသန့်) ထွင်လုံးမှ မပါဘဲ ရိုးရိုး သားသား နေထိုင်ကြတဲ့ သံ ဃာတွေပါ။ ရွှေကျင် ဂိုဏ်းဖြစ်တာနဲ့ ရွှေကျင် ဂိုဏ်းဝင်တွေက လွဲတဲ့ သံဃာတွေက နေရင်း ထိုင်ရင်း သုဓမ္မာ ဂိုဏ်းဝင်တွေ ဖြစ်သွားခဲ့ရတယ်။ အမှန်က သမိုင်းကြောင်းပြန်ကြည့်ရင် သုဓမ္မာ ဆိုတာ ဘာဂိုဏ်းမှ မဟုတ်ပါဘူး။

ပြီးတော့လဲ ဒီလို ပျော်ပျော်ပါးပါး ရယ်ကြမောကြ ပြောကြ 
 
နောက် ဒွါရဂိုဏ်းတဲ့။ သြကာသမှာ (ကျန်တဲ့အယူအဆ အသေးအမွှားလေးတွေလည်း ပါသေး တယ်ပေါ့ေ လ) ကျန် ဂိုဏ်းတွေက ကာယကံ၊ ၀စီကံ၊ မနောကံ လို့ ဆိုတာကို မသင့်လျှော်ဘူး။ ကာယဒွါရ၊ ၀စီဒွါရ၊ မနော ဒွါရလို့ ဆိုမှ မှန်တယ်ဆိုတော့ ဒွါရဂိုဏ်းက တိုးလာရပြန်ရော။ အော် … ဒုက္ခ၊ ဒုက္ခ..လို့ တ..နေရ ပါတယ်။ ဒွါရ ဂိုဏ်းမှာလည်း မူလဒွါရ၊ မဟာဒွါရ၊ …. ကွဲပြန်ရော…။ အော် … ဘုရား… ဘုရား..လို့ တ..နေ ရပြန်ရော။ အုပ်စုတွေက ကွဲလည်း ကွဲနိုင်လွန်းတယ်။ အားမနာတမ်းဆိုရရင် ကင်းကောင်ပြောသလို “အဲဒါ မြန်မာကွ”လို့ ဆိုရ မလိုပါပဲ။ 
 
ဆရာဒကာ အမေးအဖြေ(၁) လေးသာ ဖတ်လိုက်ပါတော့ 

အဖြစ်အပျက်လေးတစ်ခု ကြားဖူးတယ်။ အနောက်တိုင်းသား ဒကာတစ်ယောက်က မြန်မာနိုင်ငံ သာသနာ အခြေအနေကို လေ့လာတယ်တဲ့။ လေ့လာတော့ ဂိုဏ်းကွဲတွေ အများကြီး ရှိနေတာကို သွားတွေ့တယ်။ ဒီဂိုဏ်းတွေ အကြောင်းကို ဆရာတော်ကြီးတစ်ပါးပါးထံကို သွားမေးမှပဲဆိုပြီး စုံစမ်းတော့ ရွှေကျင်ဂိုဏ်းက ဆရာေ တ်ာကြီးတစ်ပါးထံ ရောက်သွားတယ်တဲ့။

ဒကာ = အရှင်ဘုရား မြန်မာမှာ ဂိုဏ်းကွဲတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ အရှင်ဘုရားက ဘာ ဂိုဏ်း လဲ။
ဆရာတော် = ကျုပ်က ရွှေကျင်ဂိုဏ်းပါ။

ဒကာ = ရွှေကျင်ဂိုဏ်းမှာ ပိဋကတ် ဘယ်နှစ်ပုံရှိပါသလဲ။
ဆရာတော် = သုံးပုံပါ။
 
ဒကာ = အော် သုံးပုံပဲလား။ ဒါဆိုရင် အခြားဂိုဏ်းက ပိဋကတ်သုံးပုံနဲ့ ဘာကွာပါသလဲ။
ဆရာတော် = ဘာမှ မကွာပါဘူး။
 
ဒကာ = အော် … အံ့သြစရာပဲ။ ပိဋကတ်သုံးပုံဆိုတဲ့ ကျမ်းဂန်တူရဲ့သားနဲ့ ဂိုဏ်းကွဲလို့ ဆိုရသေးလား။
ဆရာတော် = အင်း … ဆိုရတာပေါ့။ ပိဋကတ်တူပေမယ့် ကျင့်တာက မတူဘူး။
 ဒကာ = ထူးဆန်းလှချည်လား ဆရာတော်။ ပိဋကတ်သုံးပုံဆိုတဲ့ လမ်းညွှန်ချက် တူရဲ့သားနဲ့ ကျင့်တာက ဘယ်လိုများ ကွဲသွားရတာလဲ။
ဆရာတော် = ရွှေကျင်က စည်းကမ်းကြီးတယ်၊ မြတ်စွာဘုရား ပညတ်ခဲ့တဲ့ ၀ိနည်းတော်နဲ့အညီ နေထိုင် ကြ ပါတယ်။

 ဒကာ = ရွှေကျင်က စည်းကမ်းကြီးတယ်ဆိုတော့ သုဓမ္မာနဲ့အခြားဂိုဏ်းတွေက အကျင့်ပျက်တယ်လို့ ဆိုချင်တာလား။ နောက်ပြီး အခြားဂိုဏ်းတွေက မြတ်စွာဘုရား ပညတ်ခဲ့တဲ့ ၀ိနည်းတွေကို ပယ်သလား။ ၀ိနည်းနဲ့အညီ မနေကြဘူးလား။
ဆရာတော် = အဲ့ဒီလိုလည်း ဟုတ်ပါဘူး။ ရွှေကျင်က အပြင်သွားရင် သင်္ကန်းရုံရတယ်။ ဆေးလိပ်မသောက် ဘူး ။ ကွမ်းမစားဘူး။ …….။

ဒကာ = အော် .. ပိုထူးဆန်းသွားပြီ ဆရာတော်။ ဆရာတော် ပြောသလိုဆို သုဓမ္မာက အပြင်သွားရင် သ င်္ကန်း မရုံရ၊ ဆေးလိပ်သောက်ရမယ်။ ကွမ်းစားရမယ်လို့ စည်းကမ်းပညတ်ထားလို့လား။ အဲဒီပညတ်တော် စည်းကမ်းတွေက ၀ိနယပိဋကတ်ကနေ ပယ်ထုတ်ထားလို့လား။

ဆရာတော် = စည်းကမ်းတော့ မပညတ်ထားပါဘူး။ သူတို့ ၀ိနည်းနဲ့ ကျုပ်တို့ ရွှေကျင်ဝိနည်းနဲ့လည်း အတူ တူပါပဲ။
 
ဒကာ = အော် … ဒါဆိုရင် ရွှေကျင်နဲ့ သုဓမ္မာ အတူတူပဲပေါ့ ဆရာတော်။ လိုက်နာခြင်း၊ မလိုက်နာချင်းက ဂိုဏ်း နဲ့မှ မဆိုင်တာ။ ပုဂ္ဂလိက ကိစ္စပဲ။ ရွှေကျင်မှာ ကွမ်းစားသူမရှိဘူး၊ ဆေးလိပ်သောက်သူ မရှိဘူးလို့ ဆရာတော် အာမခံနိုင်ပါသလား။ သုဓမ္မာကိုယ်တော်တွေကရော အားလုံး ဆေးလိပ်နဲ့ကွမ်းကို စားကြပါ သလား။ ဒီေ တာ့ ရွှေကျင်နဲ့သုဓမ္မာ အတူတူပေါ့။

ဆရာတော် = တော် တော်… ဟေ့ကောင်တွေ၊ အဲဒီအဖြူကောင်ကို ဆွဲထုတ်သွားစမ်း။ ဘာတွေ လာေ မးနေ မှန်း မသိဘူး။ အေး ပြောလိုက်မယ်။ မတူဘူးကွ။ ဘယ်တော့မှ ရွှေကျင်နဲ့ သုဓမ္မာ ဘယ်တော့မှ မတူ ဘူး။ ဟင်းးးး (ဗလုံးဗထွေး ဒေါသတကြီးနဲ့ တစ်ပါးတည်း ရေရွတ်နေတော့တယ်)
 
ဒီအဖြစ်အပျက်လေးကို တွေ့မိတော့ အော် … မြန်မာတွေ မြန်မာတွေ ….. ကွဲရ ပြဲရတာ တော်တော် ၀ါသနာပါကြပါလားလို့။ သာသနာဘောင်က ဒီလို ကွဲနေမှတော့ အော် လူတွေ ကွဲတာ ဘာများ ဆန်းသေး လို့လည်း ….. ကွယ်။

 အရှင်ကုသလသာမိ.. http://www.ashinkusala.com/

( ဘုရားဟောကြားသည့် တရားတော် ပိဋကတ်သုံးပုံကို လက်ခံထားတာခြင်းလဲတူ၊ ကျင့်စဉ်အဖြစ် သီလ သမာဓိ ပညာ မဂ္ဂင်ရှစ်ပါးလမ်းကြောင်းကို ကျင့်ကြံတာခြင်းလဲတူ၊ နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်လဲတူညီ ကြတာမို့ ကွဲပြားသည်ဟု မဆိုနိုင်ပါ၊ ပုဂ္ဂုလ်ရေး အမြင်ကျဉ်းမြောင်းမှုများသာ ဖြစ်ပါ၏ ) ( အရှင်တိက္ခဥာဏ ) 
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: