Pages

Monday, October 29, 2012

KIA လူသစ် ရှားပါးလာ၍ လူ တစ်ယောက်ကို ( ၅၀၀၀၀ ) မှ ( ၁၀၀၀၀၀ ) ပေး၍ ၀ယ်မယ်လို့ တပ်မဟာမှူး ပြော

KIA မှ အတင်းအဓ္ဓမ ဖမ်းဆီးခံထားရသော တပ်သားသစ်များ

29.10.2012

KIA တပ်မဟာ ( ၂ ) တပ်မဟာမှူးမှ လူသစ်တစ်ယောက်ဖမ်းပေးလျှင် လူမျိုးအလိုက် (၅၀၀၀၀)မှ (၁၀၀၀၀၀) ကျပ် အထိဆုကြေး ထုတ်ပေးရန် အောက်တိုဘာလ( ၂၆ )ရက်နေ့က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ( ၂၆ )ရက်နေ့တွင် လက်အောက်ခံ တပ်ရင်း( ၅/၆/၁၁/၁၄/၂၀/၂၆ ) တပ်ရင်းမှူးများနှင့် တိုက်နယ်မှူးများအား ခေါ်ယူ တွေ့ဆုံ၍ လူသစ် အရေအတွက် ပြည့်အောင် မဖမ်းနိုင်ခြင်းနှင့်ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ခဲ့ရာ တပ်ရင်များမှ ကျေးရွာများတွင် လူသစ် လိုက်လံဖမ်းဆီး သော်လည်း ရွာသား များ မှာ ပုန်းအောင်နေကြကြောင်း တပ်ရင်းမှူးများမှ တင်ပြကြသောကြောင့် တပ်မဟာမှူး မှ ဈေးနှုန်း သတ်မှတ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ တပ်မဟာမှူးမှသတ်မှတ်ပေးရာတွင် လူသစ် စုဆောင်းပေး သူ မည်သူ့ကို မဆို ကချင်လူမျိုးတစ်ဦးလျှင် (၅၀၀၀၀)ကျပ်၊ ရခိုင်လူမျိုး တစ်ဦးလျှင် (၁၀၀၀၀၀)ကျပ်နှင့် ဗမာ၊ ရှမ်း နှင့် အခြားလူမျိုးများအား ( ၅၀၀၀၀ ) မှ ( ၁၀၀၀၀၀ ) ကျပ်အထိ လူအရေအတွက်ပေါ် မူတည် ၍ ပေးရန်နှင့် အမျိုးသမီး များအား ပိုပေးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

``အခုကျွန်တော်တို့ တပ်မဟာ(၂)ကစပြီး ဒီအစီအစဉ်ကို စလုပ်တာပါ။ အလွယ်ပြောရရင် လူဝယ် တာပေါ့ဗျာ။ ဈေးကတော့ (၅၀၀၀၀) ကနေ (၁၀၀၀၀၀) ပေးရမယ်လို့ ပြောတယ်။  ကျန်တဲ့ တပ်မဟာတွေ လည်း နောက်က လိုက်လုပ်လာပါလိမ့်မယ် ။ တပ်ရင်းမှူးပြောသလိုဘဲ ဘယ်ဟာလုပ်လုပ် တပ်မဟာ(၂) က အဦးဆုံးပါဘဲ၊ အဖွဲ့အတွက် ငွေရှာပေး နေတာလည်း ကျွန်တော်တို့ တပ်မဟာပါဘဲ´´ဟု တပ်ရင်း(၆)မှ အရာရှိတစ်ဦးက ဆိုပါတယ်။

KIA သည် ၂၀၁၂ ခုနှစ်အတွင်း၌ လူသစ်စုဆောင်းခြင်းအား ကျေးရွာများ၊ မြို့အစွန်ရပ်ကွက် များ၊ တောင် ယာ တဲများ၊ စိုက်ခင်းများ၊ ရာဘာခြံများတွင် အလုပ်လုပ်နေသူများအား ၀င်ရောက်ဖမ်းဆီးရန် စီမံချက် ချ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ဒေသခံပြည်သူ အမျိုးသား/အမျိုးသမီးတို့မှာ KIA ၏ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်မှုများ ရှိလာသဖြင့် KIA တပ်မဟာများဟာ လိုင်ဇာဌာနချုပ်မှ သတ်မှတ်ပေးထား သည့် တစ်လလျှင် တပ်မဟာ တစ်ခုအနေဖြင့် လူသစ်(၂၅၀)ရအောင် ဖမ်းဆီးနိုင်ခြင်း မ ရှိတော့သောကြောင့် အခက် ကြုံနေသဖြင့် ဆုငွေထုတ်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

KIA လူသစ် ရှားပါးလာ၍ လူ တစ်ယောက်ကို ( ၅၀၀၀၀ ) မှ ( ၁၀၀၀၀၀ ) ပေး၍ ၀ယ်မယ်လို့ တပ်မဟာမှူး ပြော

Labels:

KIA မှ အတင်းအဓ္ဓမ ဖမ်းဆီးခံထားရသော တပ်သားသစ်များ

29.10.2012

KIA တပ်မဟာ ( ၂ ) တပ်မဟာမှူးမှ လူသစ်တစ်ယောက်ဖမ်းပေးလျှင် လူမျိုးအလိုက် (၅၀၀၀၀)မှ (၁၀၀၀၀၀) ကျပ် အထိဆုကြေး ထုတ်ပေးရန် အောက်တိုဘာလ( ၂၆ )ရက်နေ့က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ( ၂၆ )ရက်နေ့တွင် လက်အောက်ခံ တပ်ရင်း( ၅/၆/၁၁/၁၄/၂၀/၂၆ ) တပ်ရင်းမှူးများနှင့် တိုက်နယ်မှူးများအား ခေါ်ယူ တွေ့ဆုံ၍ လူသစ် အရေအတွက် ပြည့်အောင် မဖမ်းနိုင်ခြင်းနှင့်ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ခဲ့ရာ တပ်ရင်များမှ ကျေးရွာများတွင် လူသစ် လိုက်လံဖမ်းဆီး သော်လည်း ရွာသား များ မှာ ပုန်းအောင်နေကြကြောင်း တပ်ရင်းမှူးများမှ တင်ပြကြသောကြောင့် တပ်မဟာမှူး မှ ဈေးနှုန်း သတ်မှတ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ တပ်မဟာမှူးမှသတ်မှတ်ပေးရာတွင် လူသစ် စုဆောင်းပေး သူ မည်သူ့ကို မဆို ကချင်လူမျိုးတစ်ဦးလျှင် (၅၀၀၀၀)ကျပ်၊ ရခိုင်လူမျိုး တစ်ဦးလျှင် (၁၀၀၀၀၀)ကျပ်နှင့် ဗမာ၊ ရှမ်း နှင့် အခြားလူမျိုးများအား ( ၅၀၀၀၀ ) မှ ( ၁၀၀၀၀၀ ) ကျပ်အထိ လူအရေအတွက်ပေါ် မူတည် ၍ ပေးရန်နှင့် အမျိုးသမီး များအား ပိုပေးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

``အခုကျွန်တော်တို့ တပ်မဟာ(၂)ကစပြီး ဒီအစီအစဉ်ကို စလုပ်တာပါ။ အလွယ်ပြောရရင် လူဝယ် တာပေါ့ဗျာ။ ဈေးကတော့ (၅၀၀၀၀) ကနေ (၁၀၀၀၀၀) ပေးရမယ်လို့ ပြောတယ်။  ကျန်တဲ့ တပ်မဟာတွေ လည်း နောက်က လိုက်လုပ်လာပါလိမ့်မယ် ။ တပ်ရင်းမှူးပြောသလိုဘဲ ဘယ်ဟာလုပ်လုပ် တပ်မဟာ(၂) က အဦးဆုံးပါဘဲ၊ အဖွဲ့အတွက် ငွေရှာပေး နေတာလည်း ကျွန်တော်တို့ တပ်မဟာပါဘဲ´´ဟု တပ်ရင်း(၆)မှ အရာရှိတစ်ဦးက ဆိုပါတယ်။

KIA သည် ၂၀၁၂ ခုနှစ်အတွင်း၌ လူသစ်စုဆောင်းခြင်းအား ကျေးရွာများ၊ မြို့အစွန်ရပ်ကွက် များ၊ တောင် ယာ တဲများ၊ စိုက်ခင်းများ၊ ရာဘာခြံများတွင် အလုပ်လုပ်နေသူများအား ၀င်ရောက်ဖမ်းဆီးရန် စီမံချက် ချ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ဒေသခံပြည်သူ အမျိုးသား/အမျိုးသမီးတို့မှာ KIA ၏ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်မှုများ ရှိလာသဖြင့် KIA တပ်မဟာများဟာ လိုင်ဇာဌာနချုပ်မှ သတ်မှတ်ပေးထား သည့် တစ်လလျှင် တပ်မဟာ တစ်ခုအနေဖြင့် လူသစ်(၂၅၀)ရအောင် ဖမ်းဆီးနိုင်ခြင်း မ ရှိတော့သောကြောင့် အခက် ကြုံနေသဖြင့် ဆုငွေထုတ်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကချင်သတင်း
0 comments: