Pages

Saturday, December 29, 2012

လဂျားယန် တစ်ဝိုက်အား KIA နှင့် ABSDF မှ ပူးပေါင်း ခုခံရန် တစ်ဖက် နိုင်ငံမှ KIO ခေါင်းဆောင်များ က အမိန့်ပေးထား

ကေအိုင်အိုဌာနချုပ် လိုင်ဇာသို့ ၀င်ပေါက်ဖြစ်ပြီး လိုင်ဇာပတ်လည်ရှိ ကေအိုင်အေစခန်းများအား စိုးမိုး ထားနိုင် သည့် လဂျားယန် တစ်ဝိုက်အား ကေအိုင်အေနှင့် ABSDF မှ ပူးပေါင်းခုခံရန် တစ်ဖက်နိုင်ငံမှ ကေ အိုင်အို ခေါင်းဆောင်များက အမိန့်ပေးထားကြောင်း သိရသည်။
 
ခံစစ်စည်း လဂျားယန်နှင့် နယ်စပ်မျဉ်းပေါ်မှ လိုင်ဇာ
 
 လွန်ခဲ့သည့် ၂ ပတ်ကျော်ကပင် လဂျားယန်သို့ မြန်မာ့တပ်မတော်မှ ရိက္ခာပို့သွားရောက်ရန် ကေအိုင် အေ သို့အကြောင်းကြားခဲ့သည်။ ထိုအခြေအနေကို လက်မခံသည့် ကေအိုင်အို ထိပ်သီးပိုင်းများ တရုတ်နိုင်ငံ အတွင်း ပြောင်းရွေ့ကာ ထိတွေ့မှုများ ပြုလုပ်ရန် ABSDF အား ငွေကြေး၊ လက်နက်များ ပံ့ပိုး စေခိုင်းခဲ့ သည့် အတွက် မြောက်ပိုင်းတိုင်း တိုင်းမှူးမှ ကေအိုင်အေ တပ်ဖွဲ့များ ဆုတ်ပေးရန် တရား ၀င် အကြောင်း ကြား ခဲ့ရသည်။

နောက်ဆုံး ဆုတ်ခွာပေးရန် သတ်မှတ်ရက် ကုန်ဆုံးပြီးနောက် ဒဏ်ရာရ စစ်သားများအား သယ်ယူရန် နှင့် ရိက္ခာ ပို့ဆောင်ရန်အတွက် မြန်မာ့တပ်မတော်မှ လမ်းကြောင်းရှင်းလင်းမှုအား တပ်မတော်(လေ) ၏ အကူ အညီဖြင့် ဆောင်ရွက်ခဲ့ရာ ကေအိုင်အေတို့ ထိခိုက်ကျဆုံးမှု များပြားလာသည်။ ကေအိုင်အေ အရာရှိ များမှာ တစ်ဖက်နိုင်ငံရှိ ကေအိုင်အို ခေါင်းဆောင်ကြီးများအတွက် တိုက်ပွဲသတင်းများကို အချိန်နှင့် တစ်ပြေး ညီ ပို့ပေးနေရပြီး ထို ခေါင်းဆောင်ကြီးများမှ နိုင်ငံတကာ၏ ၀င်ရောက်စွက်ဖက်မှု ရရှိရန် အခြားနိုင်ငံ များမှ အထောက်အပံ့ယူထားသည့် ကချင်ကွန်ယက်များနှင့် ဆက်သွယ်ပြီး သံရုံး များ ရှေ့တွင် ဆန္ဒပြ ရန် စီစဉ်နေကြောင်း သိရသည်။
 
တစ်ဖက်နိုင်ငံရှိ ကေအိုင်အို ခေါင်းဆောင်များထံ သတင်းပေးပို့နေသည့် တိုက်ပွဲအတွင်းမှ ကေအိုင်အေများ

ယနေ့(၂၈-၁၂-၂၀၁၂) တွင် တပ်မတော်(လေ)၏ တိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်ဖွဲ့ဝင်များ အတုံး အရုံးကျဆုံးကြောင်း သိရသော်လည်း ကေအိုင်အေမှ တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေ။ တစ် ဖက်နိုင်ငံရှိ ကေအိုင်အို ခေါင်းဆောင်းများမှ လဂျားယန်မှ ခုခံရန် ညွှန်ကြားထားသော်လည်း ကေအိုင်အေ စစ်ဖက်အရာရှိများက မနက်ဖြန်တွင် လဂျားယန်မှ ဆုတ်ခွာပြီး ဒုက္ခသည် စခန်းများနှင့် လိုင်ဇာမြို့တွင်းမှ ဒေ သခံ များအား ဓားစာခံအဖြစ် အသုံးချကာ ဌာနချုပ် ပတ်လည်ရှိ အခိုင်အမာ ပြင်ဆင်ထားသည့် စခန်း များမှသာ ခုခံသွားမည် ဖြစ်ကြောင်း ကြားဖြတ် သိရှိရသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

လဂျားယန် တစ်ဝိုက်အား KIA နှင့် ABSDF မှ ပူးပေါင်း ခုခံရန် တစ်ဖက် နိုင်ငံမှ KIO ခေါင်းဆောင်များ က အမိန့်ပေးထား

Labels:

ကေအိုင်အိုဌာနချုပ် လိုင်ဇာသို့ ၀င်ပေါက်ဖြစ်ပြီး လိုင်ဇာပတ်လည်ရှိ ကေအိုင်အေစခန်းများအား စိုးမိုး ထားနိုင် သည့် လဂျားယန် တစ်ဝိုက်အား ကေအိုင်အေနှင့် ABSDF မှ ပူးပေါင်းခုခံရန် တစ်ဖက်နိုင်ငံမှ ကေ အိုင်အို ခေါင်းဆောင်များက အမိန့်ပေးထားကြောင်း သိရသည်။
 
ခံစစ်စည်း လဂျားယန်နှင့် နယ်စပ်မျဉ်းပေါ်မှ လိုင်ဇာ
 
 လွန်ခဲ့သည့် ၂ ပတ်ကျော်ကပင် လဂျားယန်သို့ မြန်မာ့တပ်မတော်မှ ရိက္ခာပို့သွားရောက်ရန် ကေအိုင် အေ သို့အကြောင်းကြားခဲ့သည်။ ထိုအခြေအနေကို လက်မခံသည့် ကေအိုင်အို ထိပ်သီးပိုင်းများ တရုတ်နိုင်ငံ အတွင်း ပြောင်းရွေ့ကာ ထိတွေ့မှုများ ပြုလုပ်ရန် ABSDF အား ငွေကြေး၊ လက်နက်များ ပံ့ပိုး စေခိုင်းခဲ့ သည့် အတွက် မြောက်ပိုင်းတိုင်း တိုင်းမှူးမှ ကေအိုင်အေ တပ်ဖွဲ့များ ဆုတ်ပေးရန် တရား ၀င် အကြောင်း ကြား ခဲ့ရသည်။

နောက်ဆုံး ဆုတ်ခွာပေးရန် သတ်မှတ်ရက် ကုန်ဆုံးပြီးနောက် ဒဏ်ရာရ စစ်သားများအား သယ်ယူရန် နှင့် ရိက္ခာ ပို့ဆောင်ရန်အတွက် မြန်မာ့တပ်မတော်မှ လမ်းကြောင်းရှင်းလင်းမှုအား တပ်မတော်(လေ) ၏ အကူ အညီဖြင့် ဆောင်ရွက်ခဲ့ရာ ကေအိုင်အေတို့ ထိခိုက်ကျဆုံးမှု များပြားလာသည်။ ကေအိုင်အေ အရာရှိ များမှာ တစ်ဖက်နိုင်ငံရှိ ကေအိုင်အို ခေါင်းဆောင်ကြီးများအတွက် တိုက်ပွဲသတင်းများကို အချိန်နှင့် တစ်ပြေး ညီ ပို့ပေးနေရပြီး ထို ခေါင်းဆောင်ကြီးများမှ နိုင်ငံတကာ၏ ၀င်ရောက်စွက်ဖက်မှု ရရှိရန် အခြားနိုင်ငံ များမှ အထောက်အပံ့ယူထားသည့် ကချင်ကွန်ယက်များနှင့် ဆက်သွယ်ပြီး သံရုံး များ ရှေ့တွင် ဆန္ဒပြ ရန် စီစဉ်နေကြောင်း သိရသည်။
 
တစ်ဖက်နိုင်ငံရှိ ကေအိုင်အို ခေါင်းဆောင်များထံ သတင်းပေးပို့နေသည့် တိုက်ပွဲအတွင်းမှ ကေအိုင်အေများ

ယနေ့(၂၈-၁၂-၂၀၁၂) တွင် တပ်မတော်(လေ)၏ တိုက်ခိုက်မှုကြောင့် ကေအိုင်အေ တပ်ဖွဲ့ဝင်များ အတုံး အရုံးကျဆုံးကြောင်း သိရသော်လည်း ကေအိုင်အေမှ တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေ။ တစ် ဖက်နိုင်ငံရှိ ကေအိုင်အို ခေါင်းဆောင်းများမှ လဂျားယန်မှ ခုခံရန် ညွှန်ကြားထားသော်လည်း ကေအိုင်အေ စစ်ဖက်အရာရှိများက မနက်ဖြန်တွင် လဂျားယန်မှ ဆုတ်ခွာပြီး ဒုက္ခသည် စခန်းများနှင့် လိုင်ဇာမြို့တွင်းမှ ဒေ သခံ များအား ဓားစာခံအဖြစ် အသုံးချကာ ဌာနချုပ် ပတ်လည်ရှိ အခိုင်အမာ ပြင်ဆင်ထားသည့် စခန်း များမှသာ ခုခံသွားမည် ဖြစ်ကြောင်း ကြားဖြတ် သိရှိရသည်။

0 comments: