Pages

Saturday, October 27, 2012

2012 -2013 တက္ကသိုလ် ၀င်တန်း မေးခွန်းလွှာ ......

၁။အောက်ပါမေးခွန်းများကို ပြည့် စုံစွာဖြေဆိုပါ။
(က)လက်ရှိအချိန်ထိ အဆဲမခံရသေးသော ၀န်ကြီးဌာနများကို ဖော်ပြပါ။

၂။ (က)အောက်ပါပေးထားသော အမည်များမှ ဆန္ဒပြခြင်းမရှိသေးသော သူ များအားရွေးချယ်ပြပါ။
(က)(၈၈)ကျောင်းသားဟောင်းများ
(ခ) အထည်ချုပ်အလုပ်သမားများ
(ဂ) အထွေထွေ သမဂ္ဂများ
(ဃ) ခေါင်းရွက်ထိုး ဈေးသည်များ
(င) နိင်ငံရေးပါတီများ
(စ)အဝေးရောက် တပ်ပေါင်းစုများ
(ဆ)မြန်မာနိုင်ငံကို ကယ်တင်မည့် သူများ (ဥပမာ -မိုးသီးဇွန်ကဲ့ သို့ )

(ခ)အောက်ပါတို့ အား ၀ါကျဖွဲ့ ပါ။
(က)မြစ်စုံ (ခ)လျှပ်စစ် (ဂ)ဘင်္ဂလီ (ဃ)ကျောက်မီးသွေး (င)အကျဉ်းသား

၃။ (က)အောက်ပါမေးခွန်းများအနက်သင်နှစ်သက်ရာ (၅)ပုဒ်ဖြေဆိုပါ။
(က)အသက်(၁၃)နှစ်ရှိမိန်းကလေး ရည်းစားဖြင့် ချိန်းတွေ့ ဆိုသော သတင်းအား မည်သူရေးသနည်း။ (ခ)ဇူကီးဖလား ခြေစစ်ပွဲတွင် မြန်မာ အသင်းအသုံးပြုသွားသောကစားကွက်အား ELEVEN မှ
၎-၄-၂ ဟုဖော်ပြကာ Myanmar National Leage မှ ၄-၅-၁ ဟုဖော်ပြခဲ့ ပါသည်။မည်သည့်  ကစားကွက်သည် အမှန်ဖြစ်သနည်း။
(ဂ)မော်ဒလ်ဖြစ်လျှင် ပေါ်အောင်ဝတ်ဆင်ရမည်ဟုမည်သူတားမြစ်ခဲ့ သနည်း။
(ဃ)အဘယ်ကြောင့်  မင်းသမီးအငြိမ့်  ခန်းများကို ကျော်ရစ်ကြည့် ကျသည်ကို သင်သိသလောက် ဖြေဆိုပါ။
(င)ဘာသာပြောင်းမည်ဟုပြောသော ရုပ်ရှင်သရုပ်ဆောင်နာမည်အား ရေးချပြပါ။
(စ)အဆိုတော် ဆိုတေး ဖိနပ်စီးပြီး VCD ရိုက်သော စီးရီး နာမည်ကိုဖော်ပြပါ။
(ဆ)အမှိုက်ကောက်သွားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တဦးအကြောင်းပြည့်စုံစွာ ရေးသားသီကုံးပါ။

၎။ (က)အောက်ပါမေးခွန်းများမှ ကြိုက်နှစ်သက်ရာ(၁)ပုဒ်အား ရေးသားဖြေဆိုပါ။
(က) ၅၀၀၀ တန်ဖုန်း မည်သည့် အချိန်တွင်ထွက်ပေါ်လာမည်နည်း။ထွက်ပေါ်လာပါက မည့် သည့်  နေရာ တွင်အသုံးပြုမည်ကို သင်ရည်ရွယ်ထားသည့်  အတိုင်း ပြည့်စုံစွာရေးသားဖြေဆိုပါ။
(ခ) အဘယ်ကြောင့် ရုပ်ရှင်ရုံများတွင် နိုင်ငံတော်သီးချင်းဖွင့် ချိန်မတ်တပ်မရပ်ကြတော့သနည်း။ (ဂ)လစာ သိန်းချီစားနေသော်လည်း ဇောက်ထိုးဆင်းနေသော မြန်မာ့ ဘောလုံး အသင်း အကြောင်း ပြည့်စုံ စွာဖြေ ဆိုပါ။

၅။ (က)အောက်ပါတို့ မှကြိုက်နှစ်သက်ရာ စာစီကုံးပါ။
(က)မြန်မာ့  ရိုးရာ အတာသင်္ကြန်တွင် ပြောင်းလဲလာသော Sexy အကများ၊ဘီယာများ ၊ထိုးထိုးထောင်ထောင် ပန့် များ၊မအားလပ်သော တည်းခိုးခန်းများအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။
(သို့ )
(ခ)ယခင်မုံရွာကြေးနီတောင် စီမံကိန်း မှ ခိုးလက်ယက်တွင်းလုပ်ငန်းအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။
(သို့ )
(ဂ)အစိုးရ ၀န်ထမ်းများအား တိုက်ခိုက်ဝေဖန်ခြင်း(သို့ )အောက်ပိုင်း ဟာသ မပါသော ယနေ့ ခေတ် အငြိမ့်  ကားများအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။
(သို့ )
(ဃ)
(က)ပါးရိုက်သောကြောင့်  တရားရုံးရောက်ပြီး လေဆိပ်တွင် ဆဲသော်လည်း တရားရုံးမရောက်သော...............။
(ခ)လေဆိပ်တွင် ကုလားမ စုကြည်ဟုရေးသော်လည်း သတင်းအဖြစ်တက်မလာသော....။
(ဂ)မြောက်ပိုင်းတွင်ဖြစ်ပွားနေသော စစ်ပွဲသတင်းအား အင်တာနက်ပေါ်မှ ကြည့် ကာသတင်း တင်နေသော........
(ဃ)စာပေစီစစ်ရေး ကင်းလွတ်ခွင့်  ပေးရန်နှင့် လွတ်လွတ်လပ်လပ်ရေးခွင့် ရရန် တဖွဖွပြောသော်လည်း ယင်းသတင်းဌာနတွင် ကွန့် မန့် ပေးပါက လွတ်လပ်စွာဖျက်သော ....
မြန်မာ့ အိမ်တွင်းပုန်း မီဒီယာများအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။

စာတည်းမှူး

ပုံရိပ်စစ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: