Pages

Friday, December 7, 2012

“““ နိုင်ငံရေး နဲ့ သံဃာ ဆိုတာ ဘုန်းကြီိး နဲ့ ဘီးလို ပါပဲ ”””

နိုင်ငံရေးဟာ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ် ဖြစ်တဲ့အတွက် အများကြီး မပြောလိုပါ၊ ကျွန်တော်နားလည် သလောက် နိုင်ငံရေးဟာ တစ်ဖြတ်အမြင်နဲ့ မပြောနိုင်တဲ့အတွက် အခုလို ဆန္ဒပြနေတာ (ဥပဒေ ပြင်ပလို့ နားလည်ပါတယ်၊ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတာ) ဟာ အခုလောလောဆယ်မှာ ဘယ်လိုပဲ မြင်မြင် နောက် ၁၀ နှစ်လောက်ကျမှာ မှားခဲ့သကိုး ဒါမှမဟုတ် အဲလို လုပ်လိုက်မိ လို့ တော်သေးရဲ့ ဆိုတာမျိုး ဖြစ်နိုင် ပါတ ယ်။ အဲဒီကနေ နောက် အနှစ် ၂၀ လောက်ကျရင် နောက်ထပ် အဖြေတစ်မျိုးလို့ မြင်ေ ကာင်း မြင်နိုင် ပါ တ ယ်။

ကျွန်တော့် သဘောထား သက်သက်ကတော့ အခုလို ဥပဒေ ပြင်ပ ကဆန္ဒပြတာဟာ အလကား သက် သက် ရှုပ်ထွေးစေတယ်။ အလောင်းအစား ကြီးလွန်းတယ်လို့ မြင်ပါတယ်။ ကိုယ့်လူ သူ့ဘက်သားတွေက လုပ်တာ ဖြစ်နိုင်သလို၊ စိတ်ခံစားမှုကို ဦးစားပေးပြီိး ငါ့ဖမ်းလို့ကတော့ မိုးလုံးကြွက်ကြွက်ညံသွားမယ် ဆိုပြီး လုပ်တာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလိုပါပဲ ကျွန်တော်တို့ ရွှေနိုင်ငံတော်ကြီးရဲ့ အားကောင်းမောင်းသန် ပညာ ရှိကြီးများက ပြည်သူတွေက ပညာ မတတ် ဥာဏ်နဲတယ် ငါတို့မှ မတွန်းချရင် ဒီနိုင်ငံ ချောက်ကမ်း ပါး ရော က် ဖို့ သိပ်မလွယ်ဘူး ဆိုပြီး အားကြိုးမာန်တက် တွန်းနေကြတာလဲ ဖြစ်နိုင်တာပါပဲ။ ဒါမှမဟုတ် ရွှေတွေ ထွ က်နေတာနော် မြေကြီးတွေကို ပြန်ဦးထား လို့ ဘုရားဒကာက မြှောက်ပေးနေတာဆိုလဲ အံ့သြမိမယ် မဟု တ် ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်စိုက်တဲ့ အသီး ကိုယ်စားရမှာမို့ မြန်မာလူမျိုး ဖြစ်ပြီးသား ကျွန်တော်အတွက် ကတော့ ကိုယ်ရွှေမျိုးတွေ ဘာလုပ်လုပ် ခံစရာရှိလဲ တူတူ ခံလိုက်ရုံ စံစရာရှိတော့ လဲ တူတူစံလိုက်ရုံ ရှိ တာပါပဲ။

မှန်တာပြော ဦးပိုင် စားထားတာတွေ ပြန်ပေးပါစေရဲ့ မြန်မာလူမျိုး ဖြစ်ရတဲ့အတွက်တော့ ရင်ထဲ အသည်း ထဲကကို ကျေနပ်မိပါတယ် ဘယ်တုန်းကမှလဲ မြန်မာလူမျိုး ဖြစ်ရလေချင်းရယ်လို့ မတော်တဆတောင် မေ တွးဖူးပါဘူး ဘာတွေပဲ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ ကမ္ဘာမကြေ အသံလေးကြားလိုက်ရင်တော့ ရင်တွေက တဒုန်း ဒုန်းပါပဲ။ အဲဒီတော့ ဆန္ဒပြနေတဲ့ ဆရာ့ဆရာများကို အပြစ်လဲ မတင်လိုတော့ပါ။ ထင်တိုင်းသာ ကြဲကြပါ ကု န် နောက်အနှစ်နှစ်ဆယ်ဆိုလဲ အနှစ်နှစ်ဆယ်ပေါ့ ကွယ်တို့ရယ်။ ဦးရဲကြီးတို့ကတော့ ဖမ်းဝရမ်းလဲ ပါရက်နဲ့ ဂုတ်က ဆွဲပြီး တက်စီပေါ် ဆွဲတင်တာ မြင်မကောင် ရှုမကောင်းပါဗျာ တက်စီခတွေဘာတွေ ပေးနေ ရမှာေ ပါ့ လို့ပြောတာပါ။ နောက်နောင် ဆို လက်ထိပ်လေး ဘာလေးယူ နိုင်ငံခြားကားထဲက လို ရဲကား ဘေး ကပ် ခို င်းပြီး you have right to remain silent တို့ဘာတို့ လုပ်ရင် ပိုကြည့်ကောင်းမယ် ထင်တာပဲ။ နောက်ပြီိး ကိုယ့်လာပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် ဦးဇာဂနာ စကားယူပြီး ဆဲတဲ့သူကို စိတ်မထိန်းနိုင်ပဲ ပြန်ဆဲတော့ နင်ပဲင ဆတွေ ဖြစ်ကုန်တာပေါ့ တကယ်တန်းဆို ဆဲဆိုမှု ပုဒ်မ ဘာညာ ဆိုပြီး ရွတ်ပြစေချင်တာပဲ။ ဖေ့ဘွတ်က ဆ ရာ့ဆရာများကတော့ ဘုန်းကြီးနှစ်ပါး ရန်ဖြစ်တာတွေရတဲ့ ငါးစိမ်းသည်လို့ အားမလိုအားမရ ဖြစ်ပြီး အဆဲ သ င်တန်းများ ဖွင့်ပေးချင်နေမယ် ဆိုတာ ခံစားမိပါရဲ့ သင်ခန်းစာ နံပါတ်တစ်က ဘာပဲ ဆဲဆဲ ခေါင်းမြီးခြုံပြီး ဆဲ ဆိုတာဖြစ်မယ် ထင်ရဲ့။ ဘာဖြစ်ဖြစ်ပါလေ အခုအချိန်မှာတော့ ကိုယ့်ရွှေမျိုးများ ပထမဆုံး ရည်းစားထား သလို ကဗျာတွေ စာတွေရွတ် ခံစားချက်တွေ တဝေေ၀ ဖြစ်နေတာကတော့ ဘယ်သူ့ ကိုမှလဲ အပြစ်မမြင် ချ င်တော့ပါဘူး။

သို့သော်.. အဲဒီဆက်ပြောရမယ့် သို့သော် အတွက် ဗုဒ္ဓဘာသာဝင် ပီပီ လျှာတော့ ယားပါတယ်။ မနေနိုင် လွန်း လို့သာ ပြောရတာပါ။ ဆရာတော်၊ သံဃာတော်များကို နိုင်ငံရေးထဲ လုံးလုံးလျားလျားကို မပါစေလိုပါ။ မင်းတို့က ဘုရားပြီး ငြမ်းဖျက်တယ် ၂၀၀၇ တုန်းကတော့ ဘုရား၊ ဘုရား၂၀၁၂ ကျမှ ဘုန်းကြီိးကျောင်း သွား ခိုင်းတယ် လို့ ပြောလဲ ခံရမှာပဲ ဘုရား။ တပည့်တော် အမြင်မှာတော့ နိုင်ငံရေး နဲ့ သံဃာဆိုတာ ဘုန်း ကြီိးနဲ့ ဘီးလို ဘယ်လိုမှ မအပ်စပ်ဘူး ထင်ပါတယ်။ ဘုန်းကြီးစာချတယ် လို့သာ ငေါက်လိုက်ပါတော့ ဘုရား တပည့်တော် သိသလောက် ငြိမ်းချမ်းစွာ ဆန္ဒပြတယ်လို့ပဲ မိန့်မိန့် အကြမ်းမဖက်ပါဘူးလို့ပဲ ဆိုဆို၊ သံဃာေ တ်ာများရဲ့ အားဟာ ခန္ဓီစသည်းခံခြင်းပါ ဘုရား၊ ဟဲ့ငါ့ဒကာတွေ ထမင်းငတ်တယ်ဟဲ့ ဆိုလဲ တပည့်တော် ကတော့ ရဟန်းသံဃာတော်များရဲ့ အလုပ်ဟာ စာသင်တာနဲ့ တရားအားထုတ်ခြင်းသာလို့ပဲ မှတ်ဖူးပါတယ် ဘုရား။ သံသရာက လွတ်ရာ လွတ်ကြောင်း တရားများကို ကိုယ်တိုင်လဲ ကျင့်ကြံ၊ စောင့်လဲေ စာင့်ရှောက်ေ န တဲ့ သံဃာများအတွက်တော့ မြန်မာပြည် ဒီမိုကရေစီ ရခြင်း မရခြင်း ဟာ အရှင်ဘုရားတို့ အတွက် နည်း နည်းလေးမှ ၀မ်းသာစရာရှိစရာ မလိုသလို ၀မ်းနည်းစရာလဲ မရှိဘူးထင်ပါတယ် ဘုရား။ သဗ္ဗေသတ္တာ ကံမ္မ သကာလို့သာ ထားလိုက်စေချင်ပါတယ်ဘုရား။

နောက်အကြောင်းတစ်ကြောင်းကလဲ နိုင်ငံရေးဆိုတာ စစ်ပွဲတွေလဲ ပါနိုင်ပါတယ်ဘုရား ရန်ဖြစ်တာတွေလဲ ပါ ပါတယ်ဘုရား၊ အပေါ်မှာ ပြောသလို သူများစကားလုံး သုံးပြီး အလကားသက်သက် လိုက်ဆဲတာမျိုးတွေ လဲ ရှိနိုင်ပါတယ်ဘုရား။ အဲဒီတော့ အရှင်ဘုရားတို့များ နိုင်ငံရေးထဲ ပါရင် တရားဥပဒေ အတိုင်းဖြစ်ရအောင် ဆရာတော်များကို စော်ကားသလိုလဲ မဖြစ်ရအောင် လွှတ်တော်မှာ အခြေခံ ဥပဒေထဲက စစ်တပ်ထုတ်ဖို့ အ သာထားဦး အရှင်ဘုရားတို့ကို ထပ်ထည့်ဖို့ အရင်ဆုံး အဆိုတင်သွင်းရမလို ဖြစ်နေပါလိမ့်မယ် ဘုရား။ အဲ ဒီတော့ တပည့်တော်များ စိတ်ထင် နိုင်ငံရေးထဲမှာ ဆရာတော် သံဃာတော်များ မပါတာသာလျှင် အေ ကာင်းဆုံး ဖြစ်မယ်လို့ ထင်မိပါတယ်ဘုရား။ အရှင်ဘုရားတို့အနေနဲ့ လည်း တရုတ်ကိုဆော်ဟ၊ ကုလားကို ချဟ၊ ဒီအစိုးရ ဆင်းဟ၊ မဆင်းရင်ဆော်ဟ၊ တိုက်ပွဲကို အပြီးထိ တိုက်မဟ ဆိုတာတွေ မိန့်ကြားရင်လူ နတ် သတ္တ၀ါ အပေါင်း ကျန်းမာ ချမ်းသာကြပါစေ ဒီအစိုးရ မပါ၊ တရုတ်မပါ ကုလားမပါ၊ ဦးပိုင် မပါ၊ စစ်တပ်မပါ၊ မီး သတ်ပိုက်နဲ့ ထိုးတဲကောင်၊ မီးလောင်ဗုံးပြစ်တဲ့ကောင် မပါ ဆိုတာမျိုး ရွတ်ရမလို ဖြစ်နေပါ့မယ် ဘုရား ။ေ နာက်အကြောင်းကလဲ မဆီမဆိုင် ဟိုးအရင် အောင်မင်္ဂလာ ကန်တော်မှာ ကနောင်မင်းသား ကြီးေ ရမြှုပ်ဗုံး စမ်းတော့လဲ နန်းတော်မှာ ဆွမ်းစားနေတဲ့ သာသနာပိုင်ဆရာတော် က ဆွမ်းဆက်မစားတော့ဘူး ဆိုပြီိး ရပ်လိုက်တာကိုလဲ သွားသတိရ မိတယ်ဘုရား။ ဖြစ်ဖြစ်သမျှ ကံကံ၏ အကျိုး၊ အကျိုးတွေ ရှိလို့ အေ ကြာင်းတွေ ဖြစ်ခဲ့ရတာ ဆိုးသည် ကောင်းသည် မရှိဆိုသလို ဖြစ်တဲ့အတွက် မြန်မာတွေ အင်္ဂလိပ်ကို ရှုံးခဲ့ လို့ ကောင်းတယ် ဆိုးတယ် မပြောတတ်ပါဘုရား။ အဲဒီလို သာသနာပိုင် ဆွမ်းစားရပ်လိုက်လို့ ရေမြှပ်ဗုံးတွေ ဆက်မလုပ်တော့တာ ရေသတ္တ၀ါတွေ အသက်ချမ်းသာ ရာ ရသွားတာ၊ အင်္ဂလိပ်တွေ ရေတပ်နဲ့ တက်သိမ်း သွားတာတွေကို ရာဇ၀င်ထဲမှာ ပဲ ထားခဲ့ချင်ပါတယ်ဘုရား။

တပည့်တော်များ လျှောက်ချင်တဲ့ အကြောင်းကတော့ ဘယ်လိုပဲ အကျိုးအကြောင်းတွေ ပြပြ ရှင်ဒေ၀ဒတ် ဟာ မြတ်စွာဘုရား သာသနာက သံဃာမဟုတ်ပါဘူး လို့ လိုက်ပြောတာကို ဘုရားက မတားမြစ်ခဲ့လို့ ကျုပ် တို့လဲ ဦးပိုင်စီမံကိန်း ရပ်ဖို့ တိုက်ပွဲကို အဆုံးထိ တိုက်ခွင့်ရှိတယ် လို့ပဲ မိန့်မိန့် အရှင်ဘုရားတို့နဲ့ နို င်ငံေ ရး ဟာ မအပ်စပ်ဘူးဆိုတာပါပဲ ဘုရား။ တပည့်တော်အနေနဲ့ အရှင်ဘုရားတို့ အနေနဲ့ တိုက်ပွဲ အဆုံးအထိ တို က်ဖို့ ညွှန်ကြားသံတွေ ဗိန်းမောင်းသံတွေ အစား တစ်ဦးနဲ့ တစ်ဦိး မေတ္တာ ထားကြဟဲ့ တစ်ဦး အပြစ်ကို တ စ် ဦး ခွင့်လွှတ်ကြဟဲ့။ ငရဲကျမှာကို ကြောက်ကြဟဲ့ မဟုတ်တာတွေ မလုပ်ကြနဲ့ဟဲ့ ဆိုတဲ့ မေတ္တာနဲ့ ဆုံးမ သံတွေ ကြားချင်ပါတယ် ဘုရား။ ဘုရင် စနစ်ကို နည်းနည်းလေးမှ မကြိုက်ပေမယ့် ဘုရင်ဆိုတာ ဘုရင် အ လုပ်လုပ်ရမယ်၊ ဘုရင်က ဘုရင် အလုပ်မလုပ်ရင်လဲ ငါနဲ့ မဆိုင်ဘူး ငရဲနဲ့ပဲ ဆိုင်တယ် ဆိုတဲ့ သံဃာေ တာ်ေ တွရဲ့ ဆုံးမသံများ နဲ့ တရားပြည့်ဝမှုများ ကိုပဲ မျှော်လင့်နေမိပါတယ် ဘုရား။

အရေးအကြီးဆုံး အကြောင်းတစ်ခုလဲ ရှိသေးတယ် ဘုရား၊ အခုတပည့်တော်တို့ တွေ့နေရတဲ့ ခေတ်ကြီးမှာ အရှင်ဘုရားတို့ တွေ့ရတဲ့အတိုင်း လူစွမ်းကောင်းတွေ အလွန်အင်မတန် မှ ပေါများလှပါတယ်ဘုရား။ အဲဒီ လူစွမ်းကောင်းတွေကလဲ အစွမ်းထက်လွန်းတော့ သူတို့ အဖမ်းခံရမှာ စိုးသကိုးဘုရား သူတို့ တွေမှ မရှိရင် မဖြစ်တဲ့အတွက်၊လွယ်လွယ်ကူကူ ဗုဒ္ဓဘာသာတွေရဲ့ အသည်းနှလုံးလိုဖြစ်တဲ့ အရှင်ဘုရားများ ကို ချော က် ထဲ တွန်းတွန်းချတယ် ဘုရား။ အရှင်ဘုရားတို့ကလဲ မေတ္တာထားတယ်ဆိုတာ သိပါတယ် ဘုရား ဒါပေမယ့် လည်း ဟဲ့ ဒကာ နင်နေစမ်း ငါအရင်ဆင်းမယ် ဆိုရင်ဖြင့် အလျှိုအလျှိုသော လူစွမ်းကောင်းများဟာ လက် အုပ်လေးတွေ ချီပြီး ကြည့်စမ်း ကြည့်စမ်း ဆရာတော်များ ချောက်ထဲ ကျကုန်ပြီးလိုသာ ထိုင်အော်နေကြ မ ယ့် ဓါတ်ပုံတွေ ၀ိုင်းရိုက်ကြမယ့် သဘောရှိပါတယ်ဘုရား။ တပည့်တော်များ ပြောရင် ပိုတယ် ထင်မယ် ဘု ရား ဒါပေမယ့် တပည့်တော် မမေ့နိုင်ရအောင် ဖြစ်ရတာ ကတော့ တောင် ဥက္ကလာပ က ငွေကြာရံ ဘုန်း ကြီးေ ကျာင်းမှာ သံဃာတော်များ သွေးမြေကျစဉ်ကလဲ အရှင်ဘုရားတို့ ဘယ်လောက် အော်ေ အာ် ခွေး တ စ်ကောင် ကြောင်တမြီးမှ တုတ်တုတ်မလှုပ်ခဲ့ပါဘုရား။ အရှင်ဘုရားတို့သာ သေနတ်မကြောက် မိုးမေ ကြာ က် လမ်းလျှောက်ရတာ ဘုရား လူသာမန် ပြည်သူတွေကတော့ ဘာမှ လုပ်ရဲတာ မဟုတ်ပါဘုရား။ တပ ည့်ေ တ်ာဆိုရင်ကော ဆိုရင်လဲ သံဃာကို မလိမ်ဝံ့ပါ ခေါင်းမြီးခြုံပြီးသာ မျက်ရည်ကျ မိပါလိမ့်မယ် လူဆို တာ အသက်ကိုတော့ နှမြောသေးတာပေါ့ ဘုရား။ လူ့သဘာဝမို့ ခွင့်လွှတ်ပါတယ် ဆိုရင် ဒီထက်ဆိုးတာေ လး လျှောက်ပါရစေဦိးဘုရား။

အရေးအခင်းပြီိးလို့ Burma VJ က သတင်းထောက် ရဲ့ ၂၀၀၇ ရုပ်ရှင်မှာ ပြောတဲ့စကားများ အရှင်ဘုရားတို့ ကြားစေချင်တယ်။ သတင်းထောက်က ပြောပုံက သင်းပါ့ဘုရား၊ သူ့ကို ရက်စက်တယ်ပဲ ဆိုဆို အဲဒါမျိုးေ တွ များများ ဆက်ဖြစ်စေချင်သေးတယ်။ လူတွေ သံဃာတွေ သွေးမြေကျစေချင်သေးတယ် ဒါမှ အဲဒါတွေ ကို နိုင်ငံတကာမှာ ပြပြီး အစိုးရကို ဖြုတ်ချလို့ ရမှာတဲ့ဘုရား။ သူကိုယ်သူ ဓါတ်ဆီလောင်း မီးရှို့ပြီး ကင်မရာ ၁၆ လုံးလောက်နဲ့ တစ်ပြိုင်ထည်း ရိုက်ဖို့တော့ စိတ်ကူး ရပုံမပေါ်ဘူး ဘုရား။ အခု လဲ အရှင်ဘုရားတို့ ဒဏ် ရာတွေကို တပြပြနဲ့ သူတို့ လိုချင်တဲ့ လမ်းကို အရှင်ဘုရားတို့ ဒဏ်ရာတွေ ပေါ်ကနေ နင်းလျှောက် တုန်းဘု ရား။ ဘယ်ဘက်က မှန်ဘယ်ဘက်ကမှားဆိုတာ တပည်တော်တို့လဲ မသေချာပါဘူး ဘုရား၊ သို့သော် မေ တ်ာလို့များ အရှင်ဘုရားတို့ကတော့ သိမ်ကို စောင့်နေတယ်၊ အဲဒီအလျှိုလျှိုသော လူစွမ်းကောင်းများ ကေ တာ့ ဒီစီမံကိန်းများ ရပ်ရင် ငါတို့ဟာ ငါတို့ ရွှေတူးရကောင်းရဲ့၊ လျှော်ကြေးလေးများ မြိုးမြိုးမျက်မျက် ရရဲ့ ဆိုပြီး လောဘနဲ့ လုပ်နေတာ ဆိုရင် အရှင်ဘုရားတို့ သွေးမြေကျရတာ ရင်နာဖို့ ကောင်းပါတယ် ဘုရား။ တပည့်တော် အနေနဲ့ အကန်းလမ်းပြ ဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အရှင်ဘုရားတို့ ချည်းပဲ ကျန်ကျန်ခဲ့ရတာ တစ်ခါလဲ မဟုတ် နှစ်ခါလဲ မဟုတ်ပါဘုရား။

တပည့်တော်များ တတ်သလောက် မှတ်သလောက် ကြားဖူးနားဝရှိသလောက်နဲ့ ရဟန်း၊ သံဃာတော်များ ဟာ နိုင်ငံရေး ကိစ္စတွေမှာ နည်းနည်းလေးမှ မပါသင့်ပါလို့ပဲ နောက်ဆုံးအနေနဲ့ ဦးတင် လျှောက်ထားပါ ရေ စဘုရား။

Htet Aung

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: