Pages

Tuesday, December 4, 2012

“““ အနောက် ကမ္ဘာနဲ့ အစ္စလာမ် လောကသား တို့ ရခိုင်အရေး မှာ ဘာလို့ တစ်သံတည်း ထွက်ကြသလဲ ”””

(Fuadi Pitsuwan ရေးသား၍ ကျော်ဇောဦး ဘာသာပြန်သည်။ ရှုမြင်သုံးသပ်ချက် ရပ်တည်ချက်တို့မှာ မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။)
 
အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ထောမတ်စ် ဒွန်နီလွန် က အိုဘားမား ကို ပြောတယ်။ မြန်မာသမ္မတဦးသိန်းစိန် နဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့နဲ့တွေ့ တဲ့ အခါ ကျရင် ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေ ရဲ့ ဖြစ်အင် အတွက် ပူပန်မိကြောင်းကို ထုတ်ဖော်ပြ သဖို့ လိုအပ် လိမ့် မယ်လို့ သူက အိုဘားမား ကို အကြံပေးတယ်။

တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ဆိုရင် ပြီးခဲတဲ့လက နောက်ဆုံး အကြိမ် ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် လူများစုနဲ့ မူဆလင် လူနည်းစု အကြား ပဋိပက္ခတွေမှာ လူ့အသက်ပေါင်း (၈၉)သက် ဆုံးရှုံးခဲ့ရတယ်။ ကမ္ဘာကြီး တစ်ခုလုံးလိုလိုက ဒါကို သြော် . . . ဗုဒ္ဓဘာသာဝင်တွေ နဲ့ မူဆလင်တွေ အကြား တိုက်ကြခိုက်ကြပေ သကိုး လို့ မြင်ရုံမျှ မြင်နေကြစဉ်မှာ၊ တကယ့် အဖြစ်တွေက ဒါထက်မက ရှုပ်ထွေး နက်နဲလှတယ်။

ဒီပဋိပက္ခတွေရဲ့ ချက်မ ဗဟိုမှာ သွားသွားမြင်ကြတာက ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကို (မြန်မာ)နိုင် ငံတော် က အကာ အကွယ် မပေးဘူး ဆိုတဲ့အချက်ပဲ။ သူတို့တတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မျိုးဆက်ပေါင်း များ စွာ နေခဲ့ကြပြီဖြစ်ေ သ်ာငြားလည်း သူတို့ ကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုတဲ့အတွက် သူတို့ကို ဒီလို အကော အကွယ် မပေး တာဖြစ် တယ် လို့ မြင်နေကြတယ်။ ဗုဒ္ဓ ဘာသာ ရခိုင်တွေကလည်း အဲဒီ ဘင်္ဂါလီေ တွကို သံသယ မျက်မှန်စိမ်း နဲ့ ကြည့်မြင်ကြတယ်။ ဒီလူတွေဟာ တစ်ဘက် ဘင်္ဂလာဒေ့ရှ် ကနေ ခိုးဝင်လာ တဲ့ ကောင်တွေ၊ ဒီနိုင်ငံမှာလာနေပြီး တိုင်းရင်း ရခိုင်စကား ဗမာစကား မပြောကြတဲ့လူတွေ၊ ဒီက ယဉ်ကျေး မှု ကို လက်မခံကြတဲ့ လူတွေ ရယ်လို့ပဲ မြင်ကြတယ်။

အဲ . . . မျှမျှ တတ ဖြစ်အောင် ကျွန်တော်ကြားကနေ ၀င်ပြောရ မယ်ဆိုရင် ကိုယ့်ကိုယ် ကို ရိုဟင်ဂျာ ပါ လို့ ဆိုနေကြတဲ့ လူ တော်တော်များများဟာ တကယ်လည်း ခိုးဝင်လာကြတဲ့လူတွေဖြစ်နေတယ် ဗျ။ နောက်ပြီးတော့ ဘယ် သူက ဘင်္ဂါလီရိုဟင်ဂျာ အစစ်အမှန်လဲ၊ ဘယသူတွေကရော ဘင်္ဂလာဒေ့ရှ်ကနေ ခိုးဝင်ကူးပြောင်းအခြေချတဲ့ သူတွေ ဖြစ်နေသလဲ ဆိုတာ ခွဲခြားဖို့ရာ အလွန်အမင်း ခက်ခဲလွန်းလှပါတယ်။

ဒီပဋိပက္ခတွေအတွင်းမှာ ဗုဒ္ဓဘသာတွေဖက်ကနေ ပင်းပါတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့စွပ်စွဲဖြင်းကို ခံရတဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို အခုထက် ပိုမိုပြီး ကောင်းကောင်းမွန်မွန် လူလူသူသူ ဆက်ဆံပေးဖို့အရေးကို မူဆလင်နိုင်ငံတွေက လိုချင် အားကြီးပြီး စိတ်ရော ကိုယ်ပါ အိနြေ္ဒမရ ဖြစ်နေကြတယ်။

တူရကီဝန်ကြီးချုပ်ရဲ့ဇနီး Emine Erdogan နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu တို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်ကို လာရောက် လည်ပတ် တယ်။ ဒီခရီးစဉ်ကြောင့် ဒီ(ရခိုင်ပြည်နယ်)ပဋိပက္ခကို နိုင်ငံတကာမီဒီယာက ကျယ်ကျယ်ပြန့်ပြန့် တင်ပြမှုတွေဖြစ်လာခဲ့ရပြီး၊ အစ္စလမ်မစ်ကမ္ဘာကလည်း ဒီအရေးကို အာရုံစိုက်မိလာခဲ့တယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ်ဆောင်ရွက်ဖူးပြီးတဲ့အပြင် အင်ဒိုနီးရှား ကြက်ခြေနီ အဖွဲ့ကြီး ရဲ့ လက်ရှိ အကြီးအကဲ အဖြစ် ဆောင်ရွက်နေသူ Jusuf Kalla ဆိုရင် လည်း ဒီအရေးကို သူ့အတွက် တကယ့် မဟာ တာဝန်ကြီးပမာ ကိုယ့်ဘာသာ ကိုယ် သတ်မှတ်ပြီး သကာလ၊ ဒီဘင်္ဂါလီ ရိုဟင်ဂျာ အရေး မှာ မြန်မာ အစိုးရ အနေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်စေဖို့ရာ အင်ဒိုနီးရှား အစိုးရက ဖျောင်း ဖျ ရာမှာ ဦးဆောင်ပါဝင်ခဲ့တယ်။

ဆော်ဒီအာရေဗီးယား ဆိုရင်လည်း ဒီပဋိပက္ခဟာ မူလဆင်ဘာသာဝင် ဘင်္ဂါလီရိုဟင်ဂျာ တွေကို “လူမျိုးတုံး ရှင်းထုတ်သတ်ဖြတ်မှု (ethnic cleansing)” လုပ်နေတာဖြစ်ပါတယ် ဆိုပြီး ရှုတ်ချလိုက်တယ်။ ဆော်ဒီဘုရင် အဗ္ဗဒူလာဆိုရင်လည်း ဘင်္ဂါလီရိုဟင်ဂျာ တွေသက်သက် အတွက် ဒေါ်လာ သန်း ငါးဆယ်ဖိုး အကူအညီတွေ ပို့လိုက်တယ်လို့ ဆိုကြတယ်။

အဲ . . . နောက်တစ်ခါ အီရန်။ ဘင်္ဂါလီရိုဟင်ဂျာတွေအပေါ် ဒီလိုဆက်ဆံနေမှုတွေကို အီရန်နိုင်ငံက ဆန့်ကျင် ကန့်ကွက်ပြောဆိုတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ “လူမျိုးတုံး သတ်ဖြတ်မှု(genocide)” ကို ရပ်တန်းကရပ်နိုင်အောင် မူဆလင်နိုင်ငံတွေနဲ့တကွ နိုင်ငံတကာ အဖွဲ့အစည်းတွေ က မြန်မြန် ထက်ထက် အရေးယူ ဆောင်ရွက်မှုတွေ ပြုကြဖို့ တိုက် တွန်း ဆော်သြတယ်။

နောက်တစ်ခုကတော့ အိုအိုင်စီ။ အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၊ အင်္ဂလိပ် လိုကတော့ The Organisation of Islamic Cooperation (OIC) လို့ခေါ်တယ်။ မူဆလင် နိုင်ငံပေါင်း (၅၇)နိုင်ငံပါဝင်တဲ့ ဒီအဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ ကစေလွှတ်ပြီး ဒီအရေးနဲ့  ပတ်သက် လို့ စကားပြောစေတယ်။ ဒါ့တင်မက ဒီအရေးနဲ့ ပတ်သက်လို့ စဉ်ဆက် မပြတ် ပြောနေ ဆိုနေဆဲ လည်းဖြစ် တယ်။ အို အိုင်စီရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ ပြောစကားတွေအရဆိုရင်၊ အိုအိုင်စီဟာ အိုဘား မားမြန် မာပြည်ကို အလည်အပတ် မလာခင်ကကို သမ္မတအိမ်ဖြူတော်ဆီ စာတစ်စောင် ပို့ထားတယ်လို့ဆိုပါတယ်။ အဲသည် စာထဲမှာ အမေရိကန် သမ္မတ တစ်ယောက်ယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံကို အလည်အ ပတ်ရောက်ရှိခြင်း အနေနဲ့ သမိုင်းဝင်လာမယ့် အဲသည်ခရီးစဉ်မှာ သမ္မတအိုဘားမားအနေနဲ့ ဘင်္ဂါလီရို ဟင်ဂျာ အရေး ကို ထုတ်ဖော်တင်ပြပြောဆိုဖို့ရာ အိုအိုင်စီက တိုက်တွန်းထားတယ်။

အခြေအနေတွေကို လှမ်းကြည့်လိုက် . . . ။ မူဆလင် ကမ္ဘာရဲ့ စည်းလုံး ညီညွတ်မှုကို အရင့်အရင်က တစ်ခါ မှ မမြင်ဖူးတဲ့ စုစည်း မှုမျိုးနဲ့ မြင်တွေ့ရတယ်။ မူဆလင် ပြည်ထောင်တွေဟာ အသံတစ်သံတည်း နဲ့ အော်ေ နကြတ  ယ်။ အဲသည် အသံ ကလည်း လူ့အခွင့် အရေးကို ကာကွယ်ပေး ဖို့ ပြောနေတာ ဖြစ်နေ ပြန်တယ်။

ဒီမူဆလင်နိုင်ငံတွေထဲက တချို့သောနိုင်ငံတွေဟာ ဒီ(ဘင်္ဂါလီ) အရေးကို အသုံး ချပြီး မိမိတို့နိုင် ငံတွေ ကိုယ်နှိုက် ရဲ့ လူ့အခွင့် အရေးဆိုင်ရာ မူဝါဒတွေ ချွတ်ချော် လွဲမှားနေတာ ကို အာရုံလွဲနိုင်ဖို့ ကြိုးစားတဲ့ သဘော လည်း ပါတယ်။ ဒီတော့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ရဲ့ ဖြစ်အင်ဟာ မူဆလင်နိုင်ငံတွေ အတွက် အကျိုး တူဖြစ် ထွန်းစေတဲ့ ဘုံ အနေအထား တစ်ရပ်ကို ဖော်ဆောင်လိုက်ပါတယ်။ ဒါအပြင် ပိုအရေးကြီးတဲ့ အချက် တစ်ချက်က၊ အခုပြောနေတဲ့ မူဆလင်နိုင်ငံတွေရဲ့ အခုတူညီနေကြတဲ့ အကျိုးစီးပွားတွေဟာ အနောက် ကမ္ဘာ အနေနဲ့ အစဉ်အလာ အားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြတဲ့ စံတန်ဖိုးတွေဖြစ်နေပြန်တယ်။ (ဥပမာ လူ့အခွင့် အရေး ဆိုတာမျိုးပေါ့။)

ဒီလိုအခြေအနေမျိုးကတော့ အမေရိကန်အတွက် ပွပေါက်တိုးတာပါပဲ။ ဒီလိုအခွင့်အရေး မျိုးကို လုံးဝကို လက်လွတ်ခံလို့ မဖြစ်ပါဘူး။ မူဆလင်နိုင်ငံတွေ များများစားစားနဲ့ အခုလို သဘောထားချင်း တိုက်ဆိုင် နေကြတဲ့ ကြုံတောင့်ကြုံခဲအနေအထားမှာ စကားလေး ဘာလေး ၀င်ပြော လိုက်မှ ဖြစ်မှာပေါ့။ ဒါမှ နောက် များ အာရပ်-အစ္စရေး ပဋိ ပက္ခတို့ ဘာတို့ကျရင် ဟိုလိုလို ဒီလိုလို အီးယောင်းဝါးခွင့် သာမှာပေါ့။

တူရကီ ဆိုတဲ့နိုင်ငံကလည်း ကိုလူလည်။ တူရကီအစိုးရကို ဝေဖန်ပြစ်တင်သူတွေကို ကာ့ဒ်လူမျိုး တက်ကြွလှုပ်ရှား သူတွေကို တူရကီ အစိုးရက ပယ်ပယ် နယ်နယ် ဆော်ပလော်တီးတဲ့ အကြောင်းနဲ့ ပတ်သက် လို့မေးခွန်းတွေ အမေးခံ ရရင် တူရကီဟာ ရွာကို ပတ်ပြေးပြီး ရှောင်ပုန်းနေ တတ်သူ ဖြစ်တယ်။

အင်ဒိုနီးရှား ကျတော့ သူတို့နိုင်ငံက ခရစ်ယန် လူနည်းစုတွေကို ဘယ်လို ခွဲခြား ဆက်ဆံ သလဲ ဘယ်လိုနွှာ သလဲ ဆိုတဲ့အကြောင်း ကိုရောက်ရင် အင်းမလုပ် အဲ မလုပ်နဲ့ မြုံစိစိ လုပ်နေတတ် တဲ့နိုင်ငံ ပေါ့။

ဆော်ဒီအာရေးဗီးယားကျတော့ သူတို့နိုင်ငံက အမျိုးသမီးတွေအခွင့်အရေး ဆုံရှုံးနေရတဲ့ ကိစ္စတွေ ကိုရှောင်တယ်။ မပြောဘူး။ အီရန်ကျတော့ (ဆီးရီးယားသမ္မတ) အာဆဒ် အစိုးရ လက်ထက်မှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တယ် ဆိုတာ သိသိကြီးနဲ့ ဆီရီးယားအရေးမှာ ၀င်မစွက်ပါနဲ့ ဆီးရီးယားအရေးမှာ ၀င်မစွက်ပါနဲ့လို့ တကျော်ကျော် အော်တဲ့ နိုင်ငံမျိုးဖြစ်တယ်။

အေး . . . ၊ ဒါပေမဲ့ ဒီလိုနိုင်ငံတွေအကုန်လုံးဟာ ဒီနေရာကျမှ ရုတ်ချင်း မေတ္တာဓါတ် တွေ ကြီးမားလာပြီး မူဆလင်ဘာသာဝင် ဘင်္ဂါလီရိုဟင်ဂျာတွေဟာ အခြေခံ လူသား အခွင့် အရေးတွေရရှိဖို့ ထိုက်တန်သူတွေ ဖြစ်ပါတယ် ဆိုတာတို့၊ မြန်မာ အာဏာပိုင် တွေ အနေနဲ့ ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ကောင်းပါတယ် ဆိုတာ တို့တွေ ဘာတွေ ပြောကုန် ကြပါလေရော။

မူဆလင်( ဘင်္ဂါလီ) ရိုဟင်ဂျာတွေရဲ့ ခံစားနေရတဲ့ဖြစ်အင်အတွက် အမေရိကန်အနေနဲ့ စိုးရိမ်ပူပန်မှု ရှိနေပါ တယ် ဆိုတာကို ပြောလိုက်ခြင်းဟာ အမေရိကန် ဟာ မူဆလင် ကမ္ဘာ နဲ့ ရန်ဘက် အနေအထားမှာ ရှိမနေပါ ဘူးလို့ ပြလိုက် ရာရောက်ပါတယ်။ မူဆလင်နိုင်ငံ တွေနဲ့ လက်တွဲပြီးတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ကိုလေး စားမှု နဲ့ မတူကွဲပြား မှုကို သည်းခံနိုင်မှုတို့ တိုးတက် ထွန်းကားအောင် လုပ်ဆောင်နိုင် ဖို့ရာ မူဆ လင်နိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင် နိုင်မယ့် ဒီအခွင့် အလမ်းကို အမေရိကန် အနေနဲ့ မလွတ်တမ်း အသုံး ချနိုင်ခွင့်ရှိ လာပါတယ်။

မနေ့က (ဆိုလိုတာက နိုဝင်ဘာလ ၁၆ ရက်နေ့က) ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော တဲ့အခါ၊ ဘယ်လို မျိုး ဆင်ခြေဆင်လက်တွေနဲ့မျှ အပြစ်ကင်းတဲ့ လူတွေကို အပြစ်မရှိတဲ့ လူတွေကို အကြမ်းမဖက်ရဘူး ဆိုတာ ကို ပြောပြီးသကာလ? ဘာသာကွဲ အုပ်စုကွဲတွေကြား မငြိမ် မသက် ပဋိပက္ခကို ရပ်စဲကြဖို့ မစ္စတာ အိုဘား မားက တိုက်တွန်း သွားခဲ့တယ်။

ဒါပေမဲ့ ဒီပဋိပက္ခကို ကမ္ဘာကြီးက တုံ့ပြန်ကြရာမှာ တူညီစွာ ထားရှိကြ တယ်လို့ ပေါ်ပေါက် တဲ့၊ လောကအလယ်မှာ ပွင့်လန်းလာတဲ့ ဓမ္မပါလ တရားတွေ တန်ဖိုးစံတွေကို ဒီထက် မက ဖွံ့ဖြိုးအောင် အမေရိကန်သမ္မတ က ဆက်လက် လုပ်ဆောင် သွားသင့်ပါတယ်။ (အေး . . . ဟုတ်တော့ ဟုတ်တာပေါ့၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ဟာ ဒီအရေးမှာ အသုံးချခံသွားရတဲ့ လူတွေလို့ မိမိတို့ကိုယ်မိမိ မခံစားမိရ လေအောင် အိုဘားမားအနေနဲ့ နုညံ့သိမ်မွေ့စွာကိုင်တွယ် လုပ်ဆောင်သွားရ မှာပေါ့ လေ။)

အစ္စလမ်ကမ္ဘာ နဲ့ အနောက် ကမ္ဘာ တို့ဟာ ရခိုင်ပြည်နယ်မှာ တူညီတဲ့ ဆုံမှတ်တစ်ခုကို ရှာမယ် ဆိုရင် ရှာေ တွ့နိုင်ကြ ပါတယ်။ အစ္စလမ် ကမ္ဘာ နဲ့ အနောက် ကမ္ဘာတို့ ရဲ့ ပြန်လည် ချစ်ကြည်ပေါင်း စည်းနိုင်မှု ဆီကို သွားရာ လမ်းဟာ မြန်မာနိုင်ငံ ရဲ့ အနောက် ဘက် အစွန်ဆုံးက ကြမ်းတမ်း ခက်ထရော် လှတဲ့ ရခိုင်ပြည်နယ် ကနေ ဖြတ်သွား တယ် လို့ပဲ ပြောမယ်ဆို ပြောလို့ ရနိုင်ပါတယ်။

(ကျော်ဇောဦး ဘာသာပြန်သည်။)
 
၂၅ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ ဘာသာပြန်ဆောင်းပါး ]
 
စာရေးသူ ဖူအဒိ ပစ်ဆူဝန် (Fuadi Pitsuwan )ရဲ့ ဒီဆောင်းပါးကို ဒီ ဘန်ကောက်ပို့စ် မှာ မဖော်ပြခင် Pacific Forum CSIS Pacnet series မှာ ပုံနှိပ် ဖော်ပြပြီးဖြစ်ပါတယ်။ မူရင်းဆောင်းပါး အမည်က West, Islam can unite over Rohingya cause ဖြစ်ပြီး၊ အောက်ပါ လင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: