Pages

Monday, December 3, 2012

“““ သာသနာရေး ၀န်ကြီးဋ္ဌာန ဘာလဲ ? ဘယ်လဲ ? ”””

ယနေ့မြန်မာနိုင်ငံတော်ကြီးဟာ ဘိုးဘွား မိဘများ လက်ထက်ကလို မီးဘေး၊ ရေဘေး၊ လေဘေး၊ အန္တ ရာ ယ် ကင်းပါသေးရဲ့လား? ယခင်က ဆိုရင် နိုင်ငံခြား တိုင်းပြည်တွေမှာ ဘေးအမျိုးမျိုး ကျရောက်လို့ လူပေါင်း များစွာ သေကြေပျက်စီးခဲ့ကြတယ်။ ထိုအချိန်အခါတုန်းက ဘိုးဘွား မိဘများက “ ငါတို့ မြန် မာနိုင်ငံ ကေ ထရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံဆိုတော့ အန္တရာယ်အားလုံး ကင်းတယ်ကွ” လို့ လက်မထောင်နိုင်ခဲ့ ကြတယ် ။ မြန် မာနိုင်ငံ ကို ကမ္ဘာက သိကြတာ လူမျိုးနဲ့ ဘာသာတွဲပြီး သိကြတယ်။ “ဗုဒ္ဓဘာသာ မြန်မာတွေ” လို့်ေ ခ်ါစမှတ်ပြုကြပါတယ်။

ဘာသာခြား တစ်ဦးဦးနဲ့ လက်ထပ်ပြီး ထိုဘာသာခြားက ဗုဒ္ဓဘာသာကို ကူးပြောင်းဝင်ရောက်ရင်တောင် “ ဗမာဖက်လိုက်တယ်” လို့ အရပ်ပြော ပြောကြပါတယ်။ ကောင်းပြီ အခု ကျွန်တော်တို့ နိုင်ငံ ဘာကြောင့် သ ဘာဝ ဘေးအန္တရယ်တွေ ကျရောက် လာသလည်း? ထေရ၀ါဒ ဗုဒ္ဓဘာသာရော ဟုတ်သေးရဲ့လား? ဘုရား သားတော် ဆိုတဲ့ သံဃာတော်တွေကရော ထေရ၀ါဒ အဆုံးအမအတိုင်း နေထိုင်ကျင့်သုံးသလား? အရည်း ကြီး ရဟန်းတွေလို သောက်စား၊ လောင်းကစား၊ ဗေဒင်၊ ဂဏန်းပေး၊ နေ့လွဲညစာစား၊ သီလ မဆောက် တ ည်၊ ငွေအလှုခံ၊ ရဟန်းနဲ့ မအပ်စပ်တာတွေ လုပ်ပြီး လူတွေလို နေကုန်ပြီလား? ထေရ၀ါဒဗုဒ္ဓဘာသာမှာ ၀ိ နည်းဟာ အသက်ပါ။ ၀ိနည်းမရှိရင် အသက်မရှိသလိုပဲ သာသနာ သေ သွားပါမယ်။ ၀ိနည်းကို မသိလို့ ကျူးလွန်ရင်လဲ အပြစ်က အပြစ်ပါ။ သိလျက်နဲ့ ကျူးလွန်လဲ အပြစ်က လျော့ မသွားပါဘူး။

လဇ္ဇီ= ၀ိနည်းသီလ ချိုးဖောက်ရမည်ကို ရှက်သောသူ၊ သာသနာတော်ကြီးကို စောင့်ရှောက်သူ၊သူတော်ကောင်း
အလဇ္ဇီ= အာပတ်သင့်မည်ကို သိလျက် ၀ိနည်းသီလကို ချိုးဖောက်သူ၊ အရှက်မရှိသူ၊ သာသနာဖျက်သူ၊ သူယုတ်မာ။

အလဇ္ဇီပုဂ္ဂိုလ်သည် ၀ိနည်းတတ်သော်လည်း မကျင့်သောကြောင့် သာသနာတော် မတည်မြဲနိုင်ပေ-
လဇ္ဇီပုဂ္ဂိုလ်ဖြစ်သော်လည်း ၀ိနည်း မတတ်သော် သာသနာတော် မတည်မြဲနိုင်ပေ-

ဒါကြောင့် သာသနာတော် တည်မြဲဖို့ ၀ိနည်း မတတ်လျှင် တတ်အောင်သင်ရပါမယ်။ တတ်သော်လည်း ကျင့်ရပါမယ်။ လဇ္ဇီပုဂ္ဂိုလ် ၀ိနည်းသီလ မြဲသူဖြစ်မှသာလျှင် သာသနာတော် တည်မြဲမှာ ဧကန်ဖြစ်ပါတယ်။

“အလဇ္ဇီရဟန်းတို့အား ပစ္စည်းထောက်ပံ့ ချီးမြှင့်ကြကုန်သော ဒါယကာ၊ ဒါယကာမ အပေါင်းတို့သည်လည်း အလွန် အပြစ်ကြီးသည်။ သာသနာဖျက်သူလည်း ဖြစ်ပါသည်။ ဆရာဒကာ နှစ်ဦးလုံး အကျိုးနည်းလေပြီ။”
( သီလ၀ိသောဓနိကျမ်း)
(မြတ်စွာဘုရား၏ သာသနာတော်မြတ်ကြီးကို လဇ္ဇီသူမွန် စောင့်လတ္တံ့)

ယနေ့ မြန်မာနိုင်ငံမှာ သင်္ကန်း အကာကွယ်ယူပြီး ရာဇ၀တ်မှုတွေ ချိုးဖောက်နေကြသည်။ သာသနာတော် ကို ဖျက်စီးနေကြသည်။ သက်ဆိုင်ရာမှ တကယ်တန်း တိတိကျကျ လိုက်နာဆောင်ရွက်ခြင်း မရှိ မသိကျိုး ကျွံ့ပြုခြင်း သည် သာသနာတော်ကို ဖျက်စီးနေမှန်း သိသိနှင့် အားပေး အားမြှောက် လုပ်နေသလိုဖြ စ်နေ ပါသည်။ တစ်ခဏပဲ ဖမ်းဆီး အရေးယူပြီး နောက် ၀ိနည်းတော်နဲ့ မညီသော လုပ်ရပ်တွေကို ကျူးလွန်မြဲ ကျူး လွန်လျှက် ရှိနေသည်ကို သိလျက် အရေးယူဆောင်ရွက်ခြင်း မရှိတော့ပါ။ သာသနာတော်ကို ကာ ကွယ်စောင့်ရှောက်ရန် နိုင်ငံတော်မှ သာသနာရေးဦးစီးဋ္ဌာနရယ်လို့ သီးခြား ဖွဲ့စည်းထား သော်လည်း ပဂ္ဂ ဟ( လှုဒါန်းချီးမြှောက်ခြင်း) တစ်ခု ထဲနဲ့ သာသနာကို မကာကွယ်နိုင်ပါဘူး။ သာသနာ့ အရေခြုံ ရဟန်းတု ရဟန်းအယောင်ဆောင်များ (အလဇ္ဇီ) များကို နိဂ္ဂဟ ( နှိမ်နင်းခြင်း) နဲ့လဲ ကာကွယ်ရမှာကို သိပါလျက်နဲ့ သာသနာရေး ၀န်ကြီးဋ္ဌာန ဘာ လဲ? ဘယ်လဲ?

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: