Pages

Monday, October 29, 2012

ပြည်ထောင်စု အပေါ်တွင် သစ္စာမဲ့ သော သတင်း ဌာန များ ( BBC, DVB, RFA And VOA )

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မရှိတဲ့ အကြောင်းနှင့် ရိုဟင်ဂျာ ဆိုတဲ့ အခေါ် အဝေါ် အသုံး အနှုန်းကို ဘင်္ဂလီ ဟုပြောင်း လဲခေါ်ဆိုကြဖို့ကို ရခိုင်နှင့် မြန်မာတိုင်း ရင်းသား ပြည်သူလုထုများ၊ ပြည်တွင်းပြည်ပ ရခိုင်နှင့် မြန်မာ တိုင်းရင်းသား အဖွဲ့အစည်းများ၊ သမိုင်းသုတေသီများနှင့် နိုင်ငံတော် အစိုးရကပါ သမိုင်း ဆိုင်ရာ အထောက်အထား တွေနဲ့အတူ ပြည်တွင်း ပြည်ပမီဒီယာများကို တောင်းဆိုရှင်းလင်း မေတ္တာ ရပ်ခံ ထားသည်မှာ အကြိမ်ပေါင်း မြောက်များစွာ ရှိခဲ့ပြီးဖြစ်သည်။

ထိုသို့သော အထက်ပါပြည်သူများ၊သမိုင်းသုတေသီများနှင့်နိုင်ငံတော်အစိုးရမှပါ တောင်းဆို ရှင်းလင်း မေ တ္တာ ရပ်ခံ ထားသော်လည်း ပြည်သူများကို အလုပ်အကျွေးပြုသော ပြည်သူ့ လူထုအတွက် သတင်းနဲ့ အ လုပ် အကျွေးပြု မည် ဟူသော ကောင်းမြတ်သော ခေါင်းစဉ် အောက်မှာ တိုင်းပြည်နှင့် လူမျိုးမျက်နှာ ကို ထောက် ထား ညှာတာမှုကင်းမဲ့စွာ အများပြည်သူများ၏ ဆန္ဒကို မထီမဲ့မြင် ဖီလာဆန့် ကျင်ပြုလုပ် လျက် သ တင်း စာမျက်နှာပေါ်မှာရော သတင်းအသံဖိုင်တွေမှာပါ ရိုဟင်ဂျာ ရိုဟင်ဂျာဟု ထပ်ကာထပ်ကာ သုံးနှုန်းထားဆဲ သုံးနှုန်းမြဲရှိကြသည်ကို တွေ့ ရမြင်ရ ကြားနေကြရသည်။

သတင်းဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော သတင်း သမားများ အားလုံးသည် သတင်း သမား များ ကျင့်ဝတ်အပါအ၀င် သတင်းနှင့် မီဒီယာကျင့်ဝတ်များကိုပါ က ကြီးအစအ အဆုံး A အစ Z အဆုံး အား လုံးနီးပါး သိနားလည်ပြီးသား ဖြစ်ကြသည်။သို့သော် ထို အသိတွေ ဟာ အကျင့်မပါတဲ့အတွက် အသိ သာသာ လောက်သာဖြစ်ပြီး အကျိုးမရှိ တန်ဖိုးမရှိ ဖြစ်နေသည်ကို သာမန်လူများတောင်မှ ရှင်းလင်းလွယ် ကူ စွာ သိမြင်နိုင်ကြမည်ဖြစ်သည်။

ယခုလည်း ကျနော်တို့ မြင်တွေ့ကြားတွေ့နေရသည့် ဦးသူရိန်ကျော်နှင့် RFA ၀ိုင်းတော် သားများ၏ တစ် ဖက်စောင်းနင်း သတင်းထုတ်လွင့်မှုနှင့် “ ရိုဟင်ဂျာ ရိုဟင်ဂျာ ”ဟု ထပ်ကာအလီလီ ထပ်ကာအလီလီ ရေး သား ပြောဆိုနေသော လုပ်ရပ်သည် ရခိုင်လူမျိုးတစ်မျိုးတည်းအပေါ်တွင်သာမက တိုင်းပြည်နှင့် လူမျိုး အပေါ်မှာပါ သစ္စာဖောက်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံသားက ခံယူထား ကြသည်။

အလားတူပင် BBC, DVB နှင့် VOA ၀န်ထန်းများအားလုံးသည် မိမိတို့ ထမင်းတစ်လုတ် ရေတစ်မုတ် အ တွက် ဒေါ်လာမြက်ကို မြမြလေးစားပြီး အော်နေကြ သည်မှာ အလွန်တရာမှ အော့နှလုံးနာ အံ့သြဖွယ် ရာကောင်း လှသည်။

မိမိတို့ ရခိုင်လူမျိုးများမှာ ကုလားခုတ်၍လည်းသေ၊ စစ်တပ်က မောင်းဖြုတ် ၍လည်းသေ၊ ကိုယ့်နေရာ ကိုယ့်ဒေသမှာ သေပြီးရင်းသေ ဘ၀အသက်တွေ ပေးဆပ်လိုက်ရတာ ကျန်ရစ်သူ မိသားစုတွေမှာလည်း ဒုက္ခပင်လယ်ထဲတွင် သောကတွေနဲ့ဒုက္ခသည်တွေဖြစ်လို့ ကျန်ခဲ့ကြရသည်။ဒါတွေအားလုံး ဟာ ပြည် သူတွေကို အလုပ်အကျွေးပြုပါတယ်ဆိုတဲ့ ပြည်ပက ထထအ အော်နေကြတဲ့ ခင်ဗျားတို့ရဲ့ အတို့အထောင် သတင်း တင်ဆက်မှု နဲ့ ပြည်ပရောက် ဘင်္ဂလီ အစွန်းရောက်တွေရဲ့ သွေးထိုး လှုံ့ဆော်မှု ပရော ဂတွေကြောင့် ဆိုတာ မမေ့ပါနဲ့။

တိုင်းပြည်နှင့် ရခိုင် လူမျိုး တွေ အပေါ်မှာ သစ္စာမဲ့ ခြင်းဟာ မြန်မာ တစ်မျိုး သားလုံးအပေါ် မှာ ရော ပြည်ထောင် စု အပေါ်မှာပါ သစ္စာ မဲ့ခြင်း ပဲဖြစ် တယ် ဆိုတာကို ထမင်း တစ်လုပ် ရေတစ် မုတ် သောက်တိုင်း ခင်ဗျားတို့ ပြည်လည်သုံးသပ် နှလုံးမှတ်သွင်း ကြစေချင်သည်။

တိုင်းပြည်နှင့် ပြည်ထောင်စုအပေါ်တွင် သစ္စာဖောက်သော လုပ်ရပ်များကိုလည်း ကျနော်တို့က ဘယ်တော့ မှ မေ့မည်မဟုတ်ကြောင်း အသိပေးလိုက်သည်။

ခိုင်မျိုးသူ  ( အမေရိကန် )

drmyochit

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ပြည်ထောင်စု အပေါ်တွင် သစ္စာမဲ့ သော သတင်း ဌာန များ ( BBC, DVB, RFA And VOA )

Labels:

0 comments: