Pages

Monday, October 29, 2012

ရခိုင် ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ ကြောင့် သေဆုံးဒဏ်ရာ ရရှိသူများ နှင့် အိုးအိမ်စွန့်ခွာ ခဲ့ရသူများ ရှိ၍ ပြန်လည် နေရာချထားရေး သည် အဓိက အရေး ပါသော ကဏ္ဍတစ်ခု ဖြစ်လာ

29.10.2012

ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာလ၂၁ ရက်က မင်းပြားမြို့မှစတင်ခဲ့ သည့် မတည်မငြိမ် မှုများမှာ အခြား မြို့နယ် များသို့ ကူးစက်သွားပြီး ခြောက် ရက် အတွင်း မြို့နယ်ခြောက်မြို့ နယ်တွင် အပြန်အလှန် မီးရှို့မှုများ၊ ရခိုင်နှင့် ဘင်္ဂါလီ တိုက်ခိုက်မှုများ ရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြင်းပြင်း ထန်ထန် နှိမ်နင်း ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ လ ၂၆ ရက်နေ့ တွင် ရခိုင် ပြည်နယ် အစိုးရ အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် နောက်ဆုံး သတင်း အရ သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရသူ ၈၂ ဦး၊ နေအိမ် ၂၃၀၀ လုံး မီးလောင်ခဲ့ ကြောင်းသိရှိရပြီး နေရပ်စွန့်ခွာပြေး သူများရှိနေသဖြင့် ပြန်လည် နေရာချထားရေးမှာ လောလောလတ်လတ် အရေးကြီး နေကြောင်း သိရသည်။ လတ်တလော ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ မင်း ပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ရမ်းဗြဲစသည့် မြို့နယ်များမှ မိမိတို့၏ နေအိမ်များ ကို မီးရှို့ခြင်း၊ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် မီးရှို့ခြင်းတို့ကြောင့် ထွက်ပြေး တိမ်းရှောင် လာသည့် ဘင်္ဂါလီများ ကို မောင်တော မြို့နယ် မြောက်ပိုင်း တောင်ပြိုနှင့် လိပ်ရ ဒေသများ ဘက်တွင် နေရာချထားပေး နေသည် ဟု သတင်း ထွက်ပေါ် နေကြောင်း သိရသည်။

မောင်တော မြို့နယ်၏ လက်ရှိ မြေပြင် အနေအထားတွင် စုစုပေါင်း နေထိုင်သူ လူဦးရေအနက် ဘင်္ဂါလီလူ ဦးရေ ပမာဏမှာ ၉၆ ရာခိုင်နှုန်း ရှိနေပြီး တိုင်းရင်းသား လူဦးရေမှာ ၄ ရာခိုင်နှုန်း ခန့်သာ ရှိနေကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းသိရှိရပါသည်။ ကျောက်ဖြူ နှင့် ပေါက်တောမြို့ နယ်များက မောင်တော ဒေသ သို့ရောက် ရှိသွားခြင်းသည် ဒေသခံများ အတွက် စိုးရိမ်စရာ အနေထားသို့ ရောက်ရှိလာခဲ့ ကြောင်းလည်း သိရသည်။ ယင်းအတွက် ပြန်လည် နေရာချထားရေး သည် အဓိက အရေးပါသော ကဏ္ဍ တစ်ခု ဖြစ်ကြောင်း ဒေသခံ များက သုံးသပ် ပြောဆိုကြပါသည်။

“ဖြစ်သလိုထား လိုက်မယ်ဆိုရင် မောင်တောတစ်နယ်လုံး က တိုင်းရင်းသား တွေရဲ့ အနေအထားကို ထည့်တွက်စဉ်းစား ဖို့တော့ လိုမယ်။ တိုင်းရင်းသား အရေး ကို အလေးမထား ဘဲ တာဝန်ရှိသူ တွေက ဒီဘင်္ဂါလီ တွေကို မောင်တောနယ်မှာ ဒီအတိုင်းထားလိုက် မယ်ဆိုရင် နောက်ဖြစ်လာမယ့် ပြဿ နာအပေါ် ဘယ်သူ တာဝန်ယူမှာလဲ လို့ မေးစရာရှိတယ်။ ဒါကြောင့် နေရာချ ထားရေးဟာ တကယ့်ကို အရေးကြီးတဲ့ ကဏ္ဍတစ်ခု လို့ မြင် ပါတယ်” ဟု မောင်တောမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောကြားခဲ့သည်။

ဘင်္ဂါလီများ စီးနင်း လိုက်ပါလာ သည့် စက်လှေများ မောင်တောမြို့နယ်သို့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင် ၀င်ရောက်နေပြီ ဖြစ်ကြောင်းနှင့် ကနဦး သတင်းများ အရ စက်လှေ ၈၆ စင်းဝင်ရန် ရှိကြောင်းနှင့် ၀င်ရောက်လာ မည့် ဘင်္ဂါလီဦးရေသည် ၃၀၀၀၀ မှ ၆၀၀၀၀ ကြား ရှိနေကြောင်းလည်း ဒေသခံများ ၏ ပြောဆိုမှုအရ သိရသည်။ယင်းကြောင့် ဒေသခံ တိုင်းရင်းသားများ အတွက် စိုးရိမ်ရမည့်အခြေအနေသို့ ရောက် ရှိနေကြောင်းနှင့် ထိုသို့ ထပ်မံ၍ ဘင်္ဂါလီများအား မောင်တောမြို့နယ် အတွင်း ဆက်လက် လက်ခံနေခြင်း အပေါ်တိုင်းရင်းသား ကျေးရွာမှ ဒေသခံများ လုံခြုံမည့်နေရာများသို့ စတင် ပြောင်းရွှေ့နေကြပြီ ဖြစ်ကြောင်း လည်းသိရသည်။

၂၆ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေသော မီးရှို့မှု၊ မီးလောင်မှုများ သည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေခဲ့ရာ တည်ငြိမ်မှုများ ပြန်လည် ရရှိလာစေရန် အတွက် လက်နက်ကိုင် တပ်ဖွဲ့များမှ အင်အား အလုံးအရင်းဖြင့် ထိန်းသိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။၂၆ ရက်နေ့ နောက်ပိုင်းတွင် ဆူပူမှု အင်အားများ သိသာစွာ လျော့ကျ လာခဲ့ကြောင်း သိရပြီးစစ်တပ်မှ အင်အား သုံးဖြိုခွင်း လာခြင်းနှင့် ပဋိပက္ခဆက် ဖြစ်ရန်မလိုလားသူများ ရှိလာခြင်း ကြောင့် ပဋိပက္ခဖြစ်ပွားမှု မှာ လျော့နည်း သွားရခြင်း လည်း ဖြစ်သည်။

မီးလောင်ခြင်း မီးရှို့ခြင်းများ အနက် မိမိအိမ်ကို မိမိတို့ မီးရှို့သော ဖြစ်ရပ် များသည် မြန်မာနိုင်ငံ အတွင်း ရခိုင် ပြည် နယ် တစ်ခုတည်း တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။ ၁၉၈၇ ခုနှစ်၊ နဂါးမင်း စစ်ဆင် ရေးကာလ နှင့် ၁၉၉၂ ခုနှစ်များတွင်လည်း ဘင်္ဂါလီများသည် မိမိအိမ် ကိုမိမိတို့ မီးရှို့ပြီး ထွက်ပြေးခဲ့ကြသည့် သာဓက ရှိခဲ့ဖူးပြီး လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် တစ်ထပ်တည်း ဖြစ်နေကြောင်း၊ ပြည်ပ နိုင်ငံအချို့က ယုံကြည်မှုကင်း မဲ့ နေသော်လည်း ပကတိ အမှန်တရား သည် ရှိခဲ့ကြောင်းလည်း ပြည်နယ် အစိုးရ အဖွဲ့မှ တရားဝင် ထုတ်ပြန်မှုများ တွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ဒီက ကူးလာတယ် ...

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင် ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ ကြောင့် သေဆုံးဒဏ်ရာ ရရှိသူများ နှင့် အိုးအိမ်စွန့်ခွာ ခဲ့ရသူများ ရှိ၍ ပြန်လည် နေရာချထားရေး သည် အဓိက အရေး ပါသော ကဏ္ဍတစ်ခု ဖြစ်လာ

Labels:

0 comments: