Pages

Sunday, November 18, 2012

“““ စစ်တက္ကသိုလ် ( Defence Services Academy ) ”””

စစ်တက္ကသိုလ်သမိုင်းအကျဉ်း

စတင်တည်ထောင်သည့်နေရာ -ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့
စတင်တည်ထောင်သည့်ရက် -၁၉၅၄ခုနှစ်၊ သြဂုတ်လ(၁)ရက်

ပထမပတ်သင်တန်းစတင်သည့်ရက် -၁၉၅၅ခုနှစ်၊ ဇူလိုင်လ(၁)ရက်

အမည် -စစ်တက္ကသိုလ် (Defense Services Academy)
ပြင်ဦးလွင်သို့ပြောင်းရွှေ့သည့်ကာလ -၁၉၅၇ခုနှစ်၊ ဇွန်လ(၂၀)ရက်မှ (၂၆)ရက်အတွင်း

ဗိုလ်လောင်းများရွေးချယ်ခြင်း

အခြေခံပညာအထက်တန်းစာမေးပွဲကို(က)အဆင့်မှ အောင်မြင်ပြီးသော အသက်(၁၆)နှစ်မှ (၁၈)နှစ် အ တွင်း ကျန်းမာရေးနှင့် ပြည့်စုံသူ အိမ်ထောင်မရှိသည့် (လူပျို)လူငယ် အမျိုးသားများအနေဖြင့် စစ်တက္က သိုလ်သို့ တက်ရောက်လိုပါက ကိုယ်တိုင်လျှောက်ထားရပါသည်။

နောင်တစ်ခေတ်၏ အောင်စစ်သည်များမွေးထုတ်ရာ စစ်တက္ကသိုလ်
မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ကြသည့် အရာရှိနှင့် စစ်သည်အဆင့်အတန်းအားလုံးအတွက် စစ်ပညာရပ်များ ကျွမ်းကျင်ပြည့်ဝစေရန် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးရန် ကျောင်း/တပ်/စခန်းအသီးသီး တည်ထောင်ထားရှိပါသည်။ ၎င်းသင်တန်းကျောင်းများအနက် စစ်ပညာနှင့် စာပေပညာ စွယ်စုံကျွမ်းကျင်သည့် မြန်မာ့တပ်မတော်အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် စစ်တက္က သိုလ် ကို တည်ထောင်ထားရှိခြင်း ဖြစ်ပေသည်။

တည်နေရာ

စစ်တက္ကသိုလ်ကို ၁၉၅၄ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့၌ စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့တွင် ပထ၀ီအနေအထားအရ ပိုမိုသင့်လျော်မည့် မန္တလေး တိုင်း၊ ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

ဖွဲ့ စည်းပုံ

စစ်တက္ကသိုလ်ကို ဗိုလ်မှူးချုပ်အဆင့်ရှိသော ကျောင်းအုပ်ကြီးတစ်ဦးမှ ကွပ်ကဲအုပ်ချုပ်ပါသည်။ ကျောင်း ဌာနချုပ်တွင် ကျောင်းအုပ်ကြီးအပြင် ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိတစ်ဦးမှ ဒုတိယကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ စစ်တက္ကသိုလ်တွင် လေ့ကျင့်ရေးဌာန၊ စာပေဌာနနှင့် အုပ်ချုပ်မှု ဌာနဟူ၍ ဌာနကြီး(၃)ခုရှိသည်။ လေ့ကျင့်ရေးဌာနတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ နည်းပြမှူးချုပ်တစ်ဦး၊ စာပေဌာနတွင် ဗိုလ်မှူးကြီးအဆင့်ုရှိ စာပေညွှန်ကြားရေးမှူး တစ်ဦးတို့က စစ်တက္ကသိုလ်၏ ရည်မှန်းချက် တာဝန်များ ပြီးမြောက်အောင် အကောင်အထည်ဖော်ရေးနှင့် လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံသော အရာ ရှိကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ် ကွပ်ကဲလေ့ကျင့် သင်ကြားလျက်ရှိသည်။

လေ့ကျင့်ရေးဌာန

လေ့ကျင့်ရေးဌာနတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ နည်းပြမှူးချုပ်သည် ဗိုလ်လောင်းတပ်ရင်း၏ တပ်ရင်းမှူး အဖြစ် တာဝန်ယူကွပ်ကဲအုပ်ချုပ်သည်။ ဤဌာန တွင် ဗိုလ်လောင်းတပ်ခွဲ(၈)ခွဲအပြင် လက်နက်သင်ဌာန၊ စစ်ရေးပြဌာနနှင့်ကြံ့ခိုင်ရေး ဌာနတို့ရှိသည်။ ဗိုလ်လောင်းတပ်ခွဲတစ်ခွဲစီတွင် ဗိုလ်မှူးအဆင့်ရှိ တပ်ခွဲမှူးတစ် ဦးက ကွပ်ကဲပြီး ဗိုလ်လောင်းတပ်စုငါးစု ပါဝင်သည်။ ဗိုလ်လောင်းတပ်စုတစ်စုချင်းကို ဗိုလ်ကြီးအဆင့်ရှိ တပ် စုမှူးတစ်ဦးစီက တာဝန်ခံအုပ်ချုပ်သည်။ ဗိုလ်လောင်းတပ်ခွဲ တိုင်းကို ပထမနှစ်မှ နောက်ဆုံးနှစ်အထိ သင်တန်းသားဗိုလ်လောင်းများဖြင့် ဖွဲ့ စည်း ထားသည်။ နှစ်ရင့်ဗိုလ်လောင်းများ က နှစ်ငယ်ဗိုလ်လောင်း များ ကို ဆင့်ကဲထိန်းကျောင်း သည့်စနစ်လည်း ထားရှိစေသဖြင့် ဗိုလ်လောင်းများ၏ တစ်ကိုယ်ရေစည်း ကမ်း ၊ စိတ်ဓာတ်၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် စစ်ပညာ၊ စာပေပညာတိုးတက်မှုအတွက် အထောက်အကူပြုစေပါသည်။

စာပေဌာန

စာပေဌာနတွင် ဗိုလ်မှူးကြီးအဆင့်ရှိသော စာပေညွှန်ကြားရေးမှူးတစ်ဦးက ကွပ်ကဲပါသည်။ စာပေဌာနတွင် ၀ိဇ္ဇာနှင့် သိပ္ပံဘာသာရပ်အလိုက် ဌာန(၁၀)ခုရှိသည်။ ၎င်းဌာနများမှာ ၀ိဇ္ဇာဘာသာရပ်အတွက် ပထ၀ီဌာန၊ သမိုင်းဌာန၊ ဘောဂဗေဒဌာနနှင့် စိတ်ပညာဌာနတို့ဖြစ်ကြပြီး သိပ္ပံဘာသာရပ်အတွက် သင်္ချာဌာန၊ ရူပဗေ ဒဌာန၊ ဓာတု ဗေဒဌာနနှင့် ကွန်ပျူတာဌာနတို့ ဖြစ်ကြသည်။ ဘာသာစကားဆိုင်ရာဌာန အဖြစ် မြန် မာစာ ဌာ နနှင့် အင်္ဂလိပ်စာဌာနတို့ ရှိကြသည်။ စိတ်ပညာဌာနမှလွဲ၍ ကျန်ဌာနများ ကို ဒုတိယဗိုလ်မှူးကြီး အဆင့် ရှိ ပါမောက္ခတစ်ဦးစီက တာဝန်ယူကြီးကြပ် သင်ကြား ပေးသည်။ စာပေညွှန်ကြားရေးမှူး၏အောက်တွင် ဒု တိ ယဗိုလ်မှူးကြီးအဆင့်ရှိ လက်ထောက်စာပေညွှန်ကြားရေးမှူးတစ်ဦးက တာဝန်ခံကြီးကြပ်ပါသည်။ စာေ ပဌာန တွင် စာကြည့်တိုက်တစ်ခုနှင့် ပုံနှိပ်စက်တစ်လုံးလည်း သီးခြားထားရှိပါသည်။

စစ်တက္ကသိုလ်ဘွဲ့ နှင်းသဘင်အခမ်းအနား

စာပေဌာနတွင် ဗိုလ်လောင်းများအား တက္ကသိုလ်အဆင့် စာပေပညာရပ်များ ကျွမ်းကျင်နှံ့စပ်စွာ တတ်မြော က်ေ ရး အတွက် တာဝန်ယူသင်ကြားပေးကာ တတိယနှစ် အောင်မြင်ပြီးစီးပါက ၀ိဇ္ဇာဘွဲ့ သို့မဟုတ် သိပ္ပံ ဘွဲ့ ကို အပ်နှင်းပါသည်။ ကျောင်းဆင်းအရာရှိများအား မည်သည့်လက်ရုံး/၀န်ထမ်းတပ်ဖွဲ့ ဆိုင်ရာ သင် တန်း များကိုမဆို လွယ်လင့်တကူ ဆက်လက်ဆည်းပူးနိုင်ရေးအတွက်လည်း ရည်ရွယ်သင်ကြားပေး ပါ သည်။ စာပေဌာနတွင် သင်ကြားပြသလျက်ရှိသော စစ်ဘက်/နယ်ဘက် ဆရာ/ဆရာမများအား မဟာဝိဇ္ဇာ /မဟာသိပ္ပံဘွဲ့ များ ရရှိနိုင်ရေး အတွက် ပညာဆက်လက်ဆည်းပူးခွင့်ကို စီစဉ်ဆောင်ရွက်ပေးပါသည်။

အုပ်ချုပ်မှုဌာန

ဤဌာနတွင် ဗိုလ်လောင်းများလေ့ကျင့်ရေး၊ စာပေသင်ကြားရေးနှင့် စစ်တက္ကသိုလ်တစ်ခုလုံး၏ လိုအပ် သည့် အုပ် ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင် ရန် ဗိုလ်မှူးတစ်ဦးမှ တာဝန်ခံကြီးကြပ်ဆောင် ရွက်ပါ သည်။ သရုပ်ပြတပ်ခွဲ၊ တပ်ထောက်တပ်စု၊ မော်တော်ယာဉ်တပ်စု၊ ဆေးတပ်စု၊ အထွေထွေတပ်စုနှင့် စစ် တီးဝိုင်းတပ်ခွဲတို့ကိုလည်း အသီးသီးဖွဲ့ စည်းထားရှိပါသည်။

ကြီးကြပ်ညှိနှိုင်းရေးကော်မတီ

အထက်ပါဌာနသုံးခုအပြင် စစ်တက္ကသိုလ်ကြီးကြပ်ညှိနှိုင်းရေး ကော်မတီကို လည်း ဖွဲ့ စည်းထားရှိပါသည်။ ဤကော်မတီသည် ဗိုလ်လောင်းများ၏ သက်သာ ချောင်ချိရေး၊ စစ်ပညာ၊ စာပေပညာသင်ကြားရေးဆိုင်ရာ ကိစ္စများအတွက် ညှိနှိုင်း ဆောင်ရွက်ပေးရပါသည်။ ကျောင်းအုပ်ကြီးသည် စစ်တက္ကသိုလ်အတွက် အပြည့် အ၀ တာဝန်ရှိသူဖြစ်ပြီး ဤကော်မတီနှင့် ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းကိစ္စရပ်များကို အောင်မြင်စွာ အကော င်အထည်ဖော် ဆောင်ရွက်ရပါသည်။

စစ်ပညာ စာပေပညာ လေ့ကျင့်သင်ကြားမှု စာမေးပွဲ စစ်ဆေးမှု

အရာရှိငယ်သင်တန်း အဆင့်နှင့် တူမျှသည့် စစ်ဘက် လေ့ကျင့်ရေးသင်တန်းကို လေ့ကျင့် သင်ကြားပေး သည်။ အထူးသဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ရေးကို အဓိကထား၍ သင်ကြားပေးသည်။ စစ် ဘက်လေ့ ကျင့်ရေးနှင့် တွဲဖက်၍ စစ်စည်းကမ်းကို အထူးအလေးထား သင်ကြား လိုက်နာစေပါသည်။ ကြံ့ ခိုင် ကျန်းမာရေးနှင့် ပတ်သက်၍ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ သင်ကြား လေ့ကျင့်စေသည့်ပြင် နှစ်သက်ရာ အားကစားများကို လေ့ကျင့်နိုင်ရန် ပစ္စည်းကိရိယာ အစုံအလင် ထားရှိပေးသည်။ စစ်တက္ကသိုလ် သင်တန်း ကာကလတွင် စစ်ပညာရပ်နှင့် ပတ်သက်၍ နှစ်စဉ် စစ်ရေးပြ လက်နက်ငယ် မြေပုံဖတ် စစ်ဥပဒေ စစ်သမိုင်း စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု အုပ်ချုပ်မှု ဖွဲ့စည်းပုံ အခြေခံစစ်ပညာရပ်များနှင့် စစ်ပရိယာယ်များ အခြား လက် ရုံးနှင့် ဝန်ထမ်းတပ်များ လေ့ကျင့်ရေးပြင်ပ လေ့ကျင့်မှုများ ဗိုလ်လောင်းများ၏ ဟောပြောမှုများ ပါ ဝင်သည်။ စစ်ပညာနှင့် ပတ်သက်၍ စနစ်တကျ သုတေသနပြု၍ သင်ခန်းစာ လေ့လာပြုစုရန် ၁၉၅၅ ဇူလိုင် တွင် စစ်ရေးပြနှင့် စစ်ဥပဒေကော်မတီ လက်နက်ငယ်သင်တန်းနှင့် မြေပုံဖတ်နည်း ကော်မတီ စစ်သ မိုင်း ခေါ င်းဆောင် မှုနှင့် အထွေထွေကော်မတီ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှု ကော်မတီဟူ၍ ကော်မတီများ ဖွဲ့ စည်းဆောင်ရွက်ခဲ့သည်။

စာပေပညာကို ထိုခေတ်ကာလက ခေတ်ပညာဟု သုံးစွဲခဲ့သည်။ ထိုခေတ်ကာလ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းတစ်ဦး နေထိုင် သင်ကြားရမည့် အချိန် ၄ နှစ်တကာကာလကို ၂ ပိုင်း ခွဲခြား၍ ပထမပိုင်း ၂ နှစ် ကို အောက်တန်း ပထမနှစ် နှင့် အောက်တန်း ဒုတိယနှစ် (Junior one and Junior two) ဟုခေါ်၍ ရန် ကုန် တက္ကသိုလ်၏ ဥပစာတန်း အဆင့်အတန်းနှင့် ညီမျှသော ပညာရပ်များကို သင်ကြားပို့ချပေးသည်။ ဒု တိယပိုင်း ၂ နှစ်ကို အထက်တန်း ပထမနှစ် နှင့် အထက်တန်း ဒုတိယနှစ် (Senior One and Senior Two) ဟု ခေါ်၍ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ သိပ္ပံ အဆင့်အတန်းနှင့် ညီမျှသည့် ပညာရပ်များကို သင်ကြား ပို့ ချပေး သည်။

အောက်တန်း ၂ နှစ်တွင် မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ ဓာတုဗေဒ ရူပဗေဒ နိုင်ငံသမိုင်း ပထဝီဝင် နှင့် ဘော ဂဗေဒတို့ကို သင်ကြားပေးသည်။ မြန်မာစာနှင့် အင်္ဂလိပ်စာကို ဗိုလ်လောင်းတိုင်း သင်ကြားရသည်။ ကျန် ၆ ဘာသာတွင် သင်္ချာ ဓာတုဗေဒ ရူပဗေဒ ကို ဘာသာတွဲတစ်ခု သမိုင်း ပထဝီဝင် ဘောဂဗေဒ ဘာသာတွဲ တစ် ခုထားသည်။ ဗိုလ်လောင်း တစ်ဦးသည် ပထမ အတွဲဖြစ်သော သိပ္ပံဘာသာရပ်များကို ပင်ရင်းဘာသာ ယူ၍ ဝိဇ္ဇာဘာသာရပ်များကို အရန်ဘာသာအဖြစ် ယူရသည်။ ဒုတိယ ဘာသာတွဲဖြစ်သော ဝိဇ္ဇာဘာသာ ရပ် ကို ပင်ရင်း ဘာသာယူသော ဗိုလ်လောင်းသည်လည်း သိပ္ပံ ဘာသာရပ်များကို အရန်ဘာသာအဖြစ် သင် ရသည်။ ဘာသာရပ်အားလုံးကို အနှံ့အစပ် သိရှိနိုင်ရန် ဖြစ်သည်။ စစ်တက္ကသိုလ်မှ အောင်မြင်ပြီး၍ လက် ရုံးတပ်ဆိုင်ရာ မည်သည့် အဆင့်မြင့် ပညာသင်တန်းများကိုမဆို ဆက်လက်ဆည်းပူးချိန်တွင် အခက် အခဲ မရှိရန် ဖြစ်သည်။

အထက်တန်းနှစ်တန်းတွင် သင်ကြားပို့ချသော ဘာသာရပ်များမှာ မြန်မာစာ အင်္ဂလိပ်စာ စစ်ပထဝီဝင် နိုင် ငံရေးဗေဒ စစ်သမိုင်း ဥရောပသမိုင်း ဘောဂဗေဒ သင်္ချာ ဓာတုဗေဒ ရူပဗေဒ နှင့် စစ်သုံးသိပ္ပံ ဖြစ်သည်။ ဘာသာတွဲကို အောက်တန်းတွင်ယူခဲ့သော ဘာသာရပ်အလိုက် သင့်တော်ရာ ဘာသာတွဲကို ယူခွင့်ပြု သည်။

ရန်ကုန်တက္ကသိုလ် ပါမောက္ခများ၏ သတ်မှတ် ကြီးကြပ်သည့် သင်ရိုးဇယားအတိုင်း သင်ကြားပြီး ရန်ကုန် တက္ကသိုလ် စာစစ်အဖွဲ့ကပင် အောင်ရှုံး စိစစ်ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သော ဝိဇ္ဇာ သိပ္ပံ ဘွဲ့များကို ခံယူကြရသည်။ စစ်တက္ကသိုလ်တွင် သင်ကြားပို့ချသော ဆရာ အရာရှိ များသည် ဝိဇ္ဇာ သိပ္ပံ (ဂုဏ်ထူး)၊ မဟာဝိဇ္ဇာ မဟာသိပ္ပံ ဘွဲ့ရများ ဖြစ်ကြသည်။ ၁၉၅၉ ခုနှစ် ကာလအထိ ဗိုလ်လောင်း ၁၅၀ ခန့်သာရှိပြီး ဆရာ ၄၀ ကျော် ဖြစ်သောကြောင့် ဆရာ ဗိုလ်လောင်း အချိုးမှာ သုံးချိုး တစ် ချိုး ခန့် ရှိသည်။

၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ် မတိုင်မီ မြန်မာစာ ဘာသာရပ်မှလွဲ၍ ကျန်ဘာသာရပ် အားလုံးကို အင်္ဂလိပ် လိုသာ ပို့ချသည်။ ၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ်မှ စ၍ သိပ္ပံသာသာရပ်များမှအပ ကျန်ဘာသာရပ် အားလုံး ကို မြန်မာဘာသာဖြင့်သာ ပို့ချသည်။ အောက်တန်း ပထမနှစ်ကိုပါ မြန်မာဘာသာဖြင့် သင်ကြား ပို့ချပါ သည်။

လက်ခံပတ် ၁ အောက်တန်း ပထမနှစ် စာမေးပွဲကို စစ်တက္ကသိုလ် စာပေဌာနက ကြီးကြပ် စစ်ဆေးခဲ့သည်။ သို့သော် ၁၉၅၆-၅၇ ပညာသင်နှစ်မှစ၍ ၁၉၆၃-၆၄ ပညာသင်နစ်ထိ စစ်တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ စာမေးပွဲများ အားလုံးကို ရန်ကုန်တက္ကသိုလ်က စစ်မေးခဲ့ပါသည်။

စစ်တက္ကသိုလ်သည် ၁၉၆၄-၆၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ တက္ကသိုလ်ဘဝမှ သီးခြား တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။ စာမေးပွဲ မေးခွန်းထုတ်ခြင်း စစ်မေးခြင်းတို့ကို စစ်တက္ကသိုလ် စာပေဌာနက ဆောင်ရွက်ခဲ့သည်။

၁၉၈၈ အရေးအခင်း ဖြစ်ပေါ်လာသည့် ကာလတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ အားလုံး ပိတ်ထားခဲ့ ရသော်လည်း စစ်တက္ကသိုလ်သည် အရှိန်အဟုန်မပျက် ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။ နိုင်ငံတော် ငြိမ် ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တိုင်းပြည်ကို ထိန်းသိမ်းတာဝန်ယူပြီး နိုင်ငံရေး စီးပွားရေး မူဝါဒများ ပြောင်း လဲ ကျင့်သုံး လာသည့်အခါ စစ်တက္ကသိုလ်၏ ရည်ရွယ်ချက် သင်ရိုးညွှန်းတမ်းကို ပြင်ဆင် ပြောင်းလဲ ခဲ့ သည်။

စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော် လွတ်လပ်ရေးနှင် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ကို ကာ ကွယ်မည့် ပြည်သူ့တပ်မတော်အတွက် လက်ရုံးရည် နှလုံးရည် ပြည့်ဝသော အရာရှိကောင်း များ လေ့ ကျင့် မွေးထုတ်ပေးရန် ဟူ၍ ပြင်ဆင်ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်သော ကျောင်းသူ ကျောင်းသားများသည် ဘာသာ ရပ် အများစုတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ပြောဆိုခဲ့ရသည်။ ထို့ကြောင့် အရပ်ဘက် တက္ကသိုလ် များ တွင် ၁၉၈၇ ခုနှစ် စာသင်နှစ်က စပြီး ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ရန် သင်ရိုးညွှန်း တမ်း အသစ် ရေးဆွဲပြီး တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေး ၂/၈၇ တွင် တင်ပြ အတည်ပြု ပြ ဌာန်းချက် ရယူခဲ့သည်။ ၁၉၈၈-၈၉ ပညာသင်နှစ်မှ စပြီး အတည်ပြု သင်ရိုးညွှန်းတမ်းအတိုင်း အင်္ဂလိပ် ဘာသာဖြင့် သင်ကြားခဲ့သည်။

၁၉၈၈ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်မှ စပြီး စစ်တက္ကသိုလ်တွင် ယ ခင်က သင်ရိုးဇယားတွင် ပါဝင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် သဘောတရား ဘာသာရပ်ကို အခြား ဘာ သာရပ်ဖြင့် အစားထိုး သင်ကြားခြင်း ဘောဂဗေဒ သမိုင်း ဘာသာရပ်များတွင် ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်ရေး ဆိုရှယ်လစ် ဘောဂဗေဒ ဘာသာရပ်တို့ကို အလေးပေး သင်ကြားမှု လျှော့ပေးခဲ့သည်။

Source: dsa43intake.blogspot.com

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: