Pages

Monday, October 29, 2012

အပစ်အခတ် ရပ်စဲရုံမျှ နှင့် ထာဝရ ငြိမ်းချမ်းရေး မဖြစ်လာနိုင်ကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ပြော ...

29.10.2012

ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်း ရေးဖော်ဆောင်မှု့အခြေအနေများ၊ အပြန်အလှန် အပစ်အခတ် ရပ် စဲ ရေးကိစ်္စရပ်များနှင့်ပတ်သက်၍ Hot News သတင်းထောက်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစစ်အောင်မြတ် အား တွေ့ ဆုံကာ မေးခွန်းများမေးမြန်းဖြစ် ခဲ့ပါသည်။

ရှမ်းတိုင်းရင်းသားတစ် ဦးဖြစ်သူ ၀န်ကြီးချုပ်ဦးစစ်အောင် မြတ်မှလည်း Hot Newsဂျာနယ် ၏ မေးမြန်းချက် များအား လက်ရှိ ရှမ်းပြည်နယ်အတွင်း လက်နက် ကိုင်အဖွဲ့များနှင့်ပတ်သက်သောအခြေအနေများ ပူးေ ပါင်းေ ဆာင် ရွက်မှု များအား စိတ်ရှည်စွာဖြင့် ပြန်လည်ရှင်းပြပေးခဲ့ပါသည်။

အဘတို့လို အစိုးရတာဝန် ရှိသူတွေနဲ့ ရှမ်းပြည်နယ်အတွင်း က လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ ဆုံဆွေးနွေး တဲ့ အခါ အများအား ဖြင့် နှစ်ဦးနှစ်ဖက်ဘယ်လိုသဘော တူညီချက်တွေရကြပါသလဲ?။

အဓိကကတော့ အပစ်အခက် ရပ်စဲရေး၊ဒို့တာဝန်အရေးသုံးပါး ကို နားလည်သဘောပေါက်ပြီး ကျင့် သုံးရေးပေါ့နော် ပြည်နယ် အဆင့်ငြိမ်းချမ်းရေးေ ဆွးနွေးမှုတွေ ကစပြီးတော့ အားလုံးက ညီရင်း အစ်ကို ပမာပဲ အဆင်ပြေကြပါ တယ်။ကျွန်တော်တို့အစိုးရတာဝန် ရှိသူတွေအနေနဲ့ကလည်း တိုင်း ရင်းသား လက်နက် ကိုင်တွေနဲ့ တွေ့ ဆုံဆွေးနွေးတဲ့ အခါ သိပ်ပြီးလက် နက် စွဲကိုင်ထားလိုတဲ့ တိုင်းရင်း သား လူငယ်လူရွယ်လေးတွေ ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေယူဖို့ စဉ်းစားပေးဖို့ လူလတ် ပိုင်းအရွယ် တိုင်းရင်းသားတွေကို တော့ ကုမ္ပဏီတွေထောင်ပြီး စီးပွားရေးတွေ လုပ်ဖို့ နောက်သက်ကြီးပိုင်းတွေကို ကျေ တာ့ သူတို့ အနေနဲ့နိုင်ငံရေးပါတီကြီးတွေ ထောင်ပြီး လွှတ်တော်ထဲဝင် ကိုယ့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ကနေ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ကြံဖို့ အဲသလိုတော့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းထားတယ် အဲ သလို သဘောတူညီ ချက်လေးတွေ ရကြပါတယ်။

ရှမ်းပြည်နယ် တွင်း ငြိမ်းချမ်း ရေးဖော်ဆောင်မှု အပြန်အလှန် ဆွေးနွေးမှုတွေက ဘယ်အဆင့် ထိ  အောင်မြင်မှု  ရနေပါ သလဲ?။

ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်း ရေးဖော်ဆောင်မှုတွေ၊ဆွေးနွေးမှုတွေက အားလုံးနီးပါးအဆင်ပြေပြီး အပြန် အလှန် သဘောတူညီ ချက်တွေ ရခဲ့ပါတယ်။ ခုဆို ရှမ်းပြည်နယ်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း တွေ အားလုံးနီးပါးနဲ့ အဆင်ပြေသွားပြီး ခုပြည်နယ် အဆင့်တွေမှာ အားလုံး နီးပါး အောင်မြင် မှုတွေ ရခဲ့ပြီ သူတို့ဘက်ကလည်း အပစ် အခတ်ရပ်စဲရေး ဆိုတာကို သဘော တူတယ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ မှာတော့ တစ်ဖက်နဲ့ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ် ပြီးရင် ပြည်ထောင် စုလွှတ်တော်အဆင့်ထိ ဆွေးနွေးသွားနိုင်မှာပါ လက်ရှိတော့ ရှမ်းပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုဟာ ပြည်ထောင်စု အဆင့်အထိအောင်မြင်နေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ဆက်လက် လက်နက်ကိုင်စွဲထား လိုတာဟာ တစ်စုံတစ်ရာရဲ့ ဖိအားကြောင့်လား ဒါမှ မဟုတ် ဘာအတွက် ကြောင့်ပါသလဲ ?။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဆက်လက် လက်နက်ကိုင်စွဲ ထားလိုကြတာဟာ ဖိအား တစ်စုံတစ်ရာကြောင့်လို့ လည်းပြောလို့ရတယ် အဲဒါဘာ လည်းဆိုတော့ ရှမ်းပြည်နယ်မြောက် ပိုင်းကွတ် ခိုင်မြို့ ထဲမှာ ခြေလုပ် ယူထားတဲ့ ကချင်တပ်မဟာ(၄) က ရှမ်းပြည်နယ်ထဲမှာလာပြီး နည်းနည်း ထိတွေ့မှု ရှိတယ် အရင် က ဒီတိုင်းသွားလာနေကြတာ အားလုံးခင်ခင်မင်မင်ပဲ အဲဒါကို KIA ဌာန ချုပ်က မင်းတို့တပ်မ ဟာ(၄) က လူတွေ သတ်္တိမရှိဘူး လား မလုပ်ရဲဘူးလား ထမီဝတ် ထားကြ ပါလားဆိုပြီး ဖိအားေ တွ ပေးလာတယ်။ဒါကြောင့် သူတို့ အနေနဲ့ကလည်း မလွှဲသာလို့ ရှမ်း ပြည်ထဲမှာ ထိတွေ့ မှုတွေ လုပ်တာ နောက်ထပ် တိုင်းရင်းသားတွေကို လက်နက် စွဲ ကိုင်ထားစေဖို့ ဖိအားတစ်ခုဖြစ် နေတာက သူတို့ တိုင်းရင်းသား တွေကို ပယ်ထားတယ်ဆိုတဲ့ အယူအဆတွေ၊ ခံယူချ က်တွေ၊ အတွေး အခေါ်တွေကြောင့်ပဲ။ ဒါ တွေက သူတို့ကို ဆက်ပြီး လက် နက်ကိုင်ဆွဲ ထားစေဖို့ ဖြစ်စေတာ ပဲ။ ကျွန်တော်တို့အနေနဲ့တိုင်းရင်း သားတွေကို မပယ်ထားပါဘူး။ လစ်လျူ မရှုထားပါဘူး။ ဒါကြောင့် ပြောရမယ်ဆိုရင် သူတို့တွေကို လက်နက် ဆက်လက် ကိုင်ဆွဲစေ တာဟာ အထက်ဌာနချုပ်ရဲ့ ဖိ အားလည်းပါတယ်။ သူတို့ကို ၀ိုင်း ပယ်ထားကြတယ် ဆိုတဲ့ အယူအ ဆတွေကြောင့်လည်း ပါပါတယ်။

လတ်တလော ရှမ်းပြည်တွင်း မှာ ထိတွေ့မှုဖြစ်နေတဲ့ တိုင်းရင်း သားလက်နက်ကိုင် ဘယ်နှစ်ဖွဲ့ လောက် ရှိပါသလဲ။ သူတို့တွေ နဲ့   တွေ့ဆုံဆွေးနွေးဖို့ လုပ်တဲ့အခါ မှာရော သူတို့ရဲ့ သဘော ထား က ဘယ်လိုရှိ ပါသလဲ?။

ထိတွေ့မှုရှိတာက ရှမ်းပြည် တပ်မတော် (SSA) ၊ပြီးတော့ ရှမ်းပြည် တိုးတက်ရေးပါတီ(SSDP) တို့နဲ့ပဲ ရှိတယ်။ ထိတွေ့ မှုလုံးဝမရှိ ဘူး။ သူတို့ကလည်း နည်းနည်း ပါးပါးပါပဲ။ “၀”အမျိုးသားအဖွဲ့ အထူးဒေသ (၂)နဲ့ အထူးဒေသ (၄) တို့ကတော့ ထိတွေ့မှုလုံးဝမရှိ ဘူး။ သူတို့ကလ ည်း ရှောင်တယ်။ နှစ်ဦးနှစ်ဖက် အပစ် အခတ် ရပ်စဲ ရေးဆိုတာကို သူတို့က အပြည့် အ၀ လိုက်နတယ်။ ကျန်တဲ့အဖွဲ့ တွေကတော့ အဆက် အသွယ် ပြက်နေတဲ့ အခါကြတော့ ထိတွေ့ တာတော့ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ က လည်း လက်နက်ကိုင် ချင်ကြတော့ တာမဟုတ် ဘူးလေ။ ထိတွေ့နေတဲ့ တပ်တွေ ကလည်း ပြန့်ကြဲနေ တဲ့ အနေ အ ထားအရ စုစုစည်းစည်း မရှိနိုင်ဘဲ ထိတွေ့ရတဲ့သဘောရှိပါတယ်။ လက်ရှိ ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ လက် နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၁၀) ဖွဲ့ထဲမှာ ရှမ်းပြည်နယ်က (၄)ဖွဲ့ ပါနေတယ်။ အဓိကတော့ ပါတီ အမည်ခံ လက်နက်ကိုင် အဖွဲ့အ စည်းတွေပါပဲ။ ရှမ်းပြည်တိုးတက် ရေးပါတီ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကော်မတီ သူတို့က နိုင်ငံရေး ကို စစ်ရေးနဲ့တွဲပြီး လုပ် နေကြတဲ့အဖွဲ့တွေပါ။

ကချင်တပ်မဟာ (၄)က ရှမ်းပြည်နယ်မြောက်ပိုင်း ထဲမှာက ပါနေတော့ ကချင်ပြည်နယ် တွင်း မတည်ငြိမ် မှုတွေဖြစ်လာတာနဲ့ ရှမ်းပြည်မြောက်ပိုင်း ဘက်တွေ ကို သက်ရောက်ကူးစက်မှု အခြေ အေ နရော ဘယ်လို ရှိပါသလဲ?။

ကွတ်ခိုင်ဒေသမှာ အခြေ ပြုခြေကုပ်ယူထားတဲ့ ကချင် တပ်မဟာ (၄)က ရှမ်းပြည်မြောက် ပိုင်းထဲမှာ လာ ပါနေ တယ်။ သူတို့ မှာက တပ်မဟာ ၁၊၂၊၃၊၄ ရှိတာ လေ။ ဒါကြောင့် ကချင်ပြည်နယ် မှာမ တည်ငြိမ် မှုတွေ  ဖြစ်တာနဲ့ အတူ အဲဒီမတည်ငြိမ်မှုတွေ၊ ထိ တွေ့မှုတွေက ရှမ်းပြည်နယ်ဘက် ကို ကူးစက် တာမျိုး သက်ရောက် မှုဖြစ်စေတာမျိုးတော့ရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ တောင် ကချင်တပ်မဟာ (၄)နဲ့ နမ့်ခမ်းမြို့ ပတ်ဝန်းကျင်နဲ့ မိုးကုတ် မြို့ရဲ့ မြို့နယ်ခွဲတွေအချို့မှာ ထိ တွေ့မှုဖြစ်သွားသေးတယ်။ သူတို့ အနေနဲ့ ကလည်း ငြိမ်းချမ်းရေး ယူဖို့ကို ကြိုးစားနေကြပါတယ်။ အမှန်တော့ ရှမ်းပြည်နယ်ထဲပါ နေတဲ့ တပ်မ ဟာ (၄)က သူတို့ ဌာနချုပ်က ဖိအားပေးလွန်း လို့ ခုလိုမျိုး မလွဲမရှောင်သာတဲ့ ပြီးခဲ့တဲ့နှစ် စက်တင် ဘာ လကစပြီး ထိတွေ့ခဲ့တာ အဲဒီမှာတော့ သေ နတ်သံလေးတွေ ရှိနေတာပေါ့။

ထာဝရငြိမ်းချမ်းရေးဆိုတာ တည်ဆောက်နိုင်ဖို့အတွက် လက်နက်စွန့် တိုင်းရင်းသားတွေရဲ့ အသက်ရှင် ရပ်တည်မှု ဘ၀ရပ်မှု ကလည်း အရေးကြီးပါတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ရော ဘယ်လို စီစဉ်  ဆောင် ရွက် သွားဖို့ ရှိ ပါသလဲ?။

သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါအစိုးရဘက်က ရှင်းပြထား တာကတော့ လူငယ်ပိုင်းေ တွက နိုင်ငံတော် ကာကွယ်ရေးမှာပါဝင်၊ လူလတ်ပိုင်းတွေက လုပ်ငန်းတွေ ထောင်၊ သက်ကြီးပိုင်းတွေ ကတော့ ပါတီထောင်
လွှတ်တော် ၀င်ပြီး ဒေသအကျိုးလုပ်ဆိုတဲ့အတိုင်းပါ ဘဲ။ ကျွန်တော်တို့ တိုင်းပြည်ဟာ သယံဇာတ အရမ်းကြွယ် ၀တယ် ရှမ်း တိုင်းရင်းသား တွေကလည်း အရမ်းကိုစိတ်ရင်းကောင်းကြပါ တယ်။ ဒီတော့ ဒီလောက်သယံဇာ တပေါများစွာထွက်နေတဲ့ ရှမ်းပြည် ကြီးဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ခဏလေးနဲ့ တိုးတက် သွားမှာလေ ရှမ်းပြည်ကြီးရဲ့ တိုးတက်ဖွံ့ဖြိုးမှုအသီးပွင့်တွေ တိုင်းရင်းသားတွေ မခံစား ရလို့ ဘယ်သူတွေခံစားရမှာလဲ တိုက်ပွဲ တွေဖြစ်နေရင်တော့ ဘယ်လောက် ပဲ သယံဇာတ ထွက်နေ ပါစေ ဒီဒေသကို ပြည်ပရင်းနှီးမြှုပ်နှံမှု ဘယ်လာမလဲ။ ဒီတော့ တိုင်းရင်း သားအဖွဲ့တွေအားလုံးက ကိုယ့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိုပဲ။ ဦးတည်ပြီးတိုက်ပွဲဝင်နေတာလေ။အားလုံးသားငြိမ်းချမ်းသွားမယ်လို့
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ ရှမ်းပြည်ကြီးလည်းတိုးတက်ပြီပေါ့။ ဒါဟာ အစိုးရလုပ်ပေးလို့ဖြစ်လာ မှာမဟုတ်ဘူး။

ငြိမ်းချမ်းရေးရဲ့ အကျိုးရလာဒ်ကြောင့်ြ ဖစ်လာမြှာ မန်မာပြည်ရဲ့ ပြည်နယ် ကြီးတစ် ခုမှာ အကြီးအကဲ လည်းဖြစ်ပြီးတော့ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေမှာလည်း ဦးဆောင်ပါဝင်သူ တစ်ယောက် အနေ နဲ့ ငြိမ်းချမ်းရေး ဆိုတာကိုဘယ်လို နားလည်ပါသလဲ။ ကိုယ့်ညီနောင် သားချင်းတွေနဲ့ ငြိမ်းချမ်းရေးဆုံမှတ်မှာ ခုလိုတွေ့ဆုံခွင့် ရတဲ့အတွက် ရော ဘယ်လိုပီ တိဖြစ်မိပါသလဲ?။

အဓိက တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ဖြစ်သွားတာဟာ သူတို့ရဲ့ အတော မသတ်နိုင်တဲ့ သံသ ယတွေေ ကြာင့် ပါ ခုချိန်မှာ နိုင်ငံရေးအရလည်း ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ် ကို  လျှောက်လှမ်းနေ ပြီ သူ တို့ အနေနဲ့ ကလည်း ဒီလမ်းစဉ်ကို လက်ခံ တယ်။ ပြီးတော့ သူတို့ရဲ့ အယူ အဆ တွေ ဟာ လည်း နိုင်ငံရဲ့ နိုင်ငံရေး လမ်းစဉ်ြေ ပာင်းလဲမှုပေါ်အခြေခံ ပြီး။ တည်ငြိမ်လာကြတယ်။ ပူးပေါင်းပါဝင်လိုစိတ် ရှိလာကြတယ်။ အဲဒါကို မြင်ရတော့ အတိုင်းမသိ ၀မ်းသာမိရပါတယ်။ တိုင်းရင်း သား တွေ အနေနဲ့ သူတို့ရိုးရာအရ တူမီး သေနတ်ကိုင်တာလောက်ပဲ ရှိပြီး။ ဘယ်သူမှ လက်နက် ကိုင်ချင် ကြ တာ မဟုတ်ပါ ဘူး။ ဆန့်ကျင်တိုက် ခိုက်ဖို့ဆိုတာ သူတို့ အတွက် တော်တော်ဝန်လေးပါတယ်။ သူတို့ လည်း အမြဲပြောတယ်။ ရှမ်းပြည် နယ်အလယ်ပိုင်းမှာ ရှိတဲ့ ပင်လုံမြို့ လေးကစပြီး ပြည်ထောင်စုစိတ် ဓာတ်လေးတွေ တည်လာတာဖြစ်တဲ့ အတွက် အဲဒါကိုလည်း သူတို့အနေ နဲ့အမြဲ အမှတ်ရနေပါတယ်တဲ့။ သူတို့မှာ အဲသလိုပြည်ထောင်စု စိတ်ဓာတ်လေးတွေရှိတယ်။ ခု လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ လမ်းစဉ် လို လည်း ပူးပေါင်းပါဝင် လိုတဲ့ စိတ်လေးတွေရှိတာ အရမ်း ၀မ်းသာမိပါတယ်။ တစ်ယောက် တစ်ယောက် တစ်ဖက်နဲ့ တစ်ဖက် အယူအဆတွေလွဲမှားစွာနဲ့ ကာလ တစ်ခုကို ဖြတ်သန်းခဲ့ရပြီးခုလိုမျိုး ငြိမ်းခမ်းရေး ဆိုတာနဲ့ ညီရင်းကိုယ် ပမာဖြစ်လာကြတယ်။ အရမ်းကို လည်းပီတိဖြစ်မိတယ်။ ဒါဟာ ရှမ်း ပြည်ကြီး ကနေ စပြီးတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပြီး ထာဝရငြိမ်း ချမ်းမယ့် နိမိတ်လက္ခဏာတွေပါ။

ခန့်ခန့်(ဒဿနိက)

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: