Pages

Sunday, January 6, 2013

BTR-3U များ၏ Slat Armor စနစ်သစ်

The BTR-3U is armed with Shkval armament module. It is fitted with a 30-mm dual-fed cannon, 7.62-mm coaxial machine gun, 30-mm automatic grenade launcher and Konkurs anti-tank guided missiles. Weapons on the Shkval module can be replaced, fitting it with different anti-tank missiles and so on.

မြန်မာ့တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများမှ (ကပစ) သံချပ်ကာယန္တာရား တပ်ဖွဲ့များ အတွက်လိုအပ်သော အပိုပစ္စည်းများနှင့် တင့်အစိတ်အပိုင်းများကို တပ်ဆင်ထုတ်လုပ်ပေးနိုင်နေပြီဟု သိ ရပါသည်။ထို့ပြင် သံချပ်ကာ၊တင့်ယာဉ်များအတွက် အဆင့်မြှင့်တင်မှုလုပ်ငန်းများအား လည်း ဆောင် ရွှ က်နိုင်နေပြီဟု သိရရာ ဘီတီအာ-၃ယူ ကဲ့သို့သော ခေတ်မှီ သံချပ်ကာလူသယ်ယာဉ် များကိုပါ ပြည် တွင်း တွင် တပ်ဆင်ထုတ်လုပ်နိုင်နေပြီဖြစ်ပါသည်။

Myanmar Army Type-59D MBT & BTR-3U

ဘီတီအာ-၃ယူ သံချပ်ကာယာဉ် ယူကရိန်းနိုင်ငံ၏ နည်းပညာသစ်ဖြင့် ထုတ်လုပ်သော ခေတ်မှီ သံချပ်ကာ ယာဉ်များဖြစ်ပြီး ရုရှားနိုင်ငံ၏ ဘီတီအာ-၈၀ သံချပ်ကာယာဉ်ထက်ပင် စွမ်းဆောင်ရည် မြှင့်မားသည်ဟု သိရပါသည်။ ဘီတီအာ-၃ယူ၏ ခေတ်ပြိုင် သံချပ်ကာများဟု ဆိုနိုင်သော သံချပ်ကာယာဉ်များမှ အမေ ရိကန်၏ Stryker ၊ ရုရှားနိုင်ငံ၏ BTR-90 နှင့် တရုပ်နိုင်ငံ၏ ဇက်ပီအယ်-၀၉ သံချပ်ကာယာဉ်များ စသည် တို့ ဖြစ်သည်။

(နာမည်ကျော် သံချပ်ကာယာဉ်အမြောက်အများရှိပါသေးသည်။)

အမေရိကန်စစ်တပ်သုံး Stryker သံချပ်ကာယာဉ်

ရုရှားစစ်တပ်သုံး BTR-90 သံချပ်ကာယာဉ်

တရုပ်စစ်တပ်သုံး ဇက်ဘီအယ်-၀၉ သံချပ်ကာယာဉ်

ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများအပြင် အာဆီယံဒေသတွင်းနိုင်ငံများရှိ စစ်တပ်သုံး သံချပ်ကာယာဉ် (ဂ×ဂ) ဘီးယက် သံချပ်ကာယာဉ်များကို လေ့လာကြည့်မည် ဆိုပါက-

ယိုးဒယားစစ်တပ်သုံး BTR-3E1 ၊ ဘင်္ဂလားဒေ့်စစ်တပ်သုံး BTR-80 ၊ မလေးရှားစစ်တပ်သုံး FNSS Pars AV-8 နှင့် စင်ကာပူစစ်တပ်သုံး Terrex အစရှိသည့် သံချပ်ကာယာဉ်များကို အသုံးပြုကြပါသည်။

သံချပ်ကာယဉ်များသည် တင့်များကဲ့သို့ အားကောင်းသော အကာကွယ်များမရှိသော်လည်း လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ရန် ရည်ရွှယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ရာ အာပီဂျီ ကဲ့သို့သော ရန်သူ့တင့်ဖျပ်လက် နက် များ၏ ရန်မှကာကွယ်ရန်အတွက် အထူးလိုအပ်ပါသည်။ထို့ကြောင့် ယာဉ်၏ လုံခြုံရေးအတွက် စနစ် သစ် များအား တီထွင်ထုတ်လုပ်လာကြသည်။ထို့ပြင်ရန်သူမှ မမြင်နိုင်စေရန်အလို့ဌါ မီးခိုးဗုံးများကိုလည်း တပ်ဆင်လာကြသည်။

ထို့သို့သောတီထွင်မှုများအနက် အမေရိကန်နှင့် အနောက်နိုင်ငံများ အဓိက အသုံးပြုလာသော နည်းမှာ သာမရိုးကျဟုစနစ်ဟု ခေါ်ဆိုနိုင်မည့် Slat Armor ဟုခေါ်သည့် သံစကာအုပ်သည့် နည်းပင်ဖြစ်သည်။

အီရတ်ကဲ့သို့သော စစ်မြေပြင်များတွင် ရန်သူ့ ချုံခိုပစ်ခတ်မှုများအား ကာကွယ်ရန်အတွက် ရည်ရွှယ်သည် ဟု သိရပါသည်။အဆိုပါ သံစကာအုပ်သည့် စနစ်သည် ရုရှား၏ အာပီဂျီ-၂၉ ကဲ့သို့သော ခေတ်မှီတင့်ဖျက် ယာဉ်များကိုပင် ကာကွယ်နိုင်သည်ဟု သိရပါသည်။ သံချပ်ကာယာဉ်များသာ မကဘဲ တင့်ကားများတွင်ပင် တပ်ဆင်လာကြသည်ကို တွေ့ရပါသည်။

မြန်မာ့တပ်မတော်သည်လည်း နိုင်ငံတကာရှိ စစ်တပ်များနည်းတူ တပ်မတော်အား ခေတ်မှီစေရေးအ တွ က် ဆောင်ရွှက်မှုအနေဖြင့် လက်ရှိထုတ်လုပ်နေသော ဘီတီအာ-၃ယူ သံချပ်ကာယာဉ်များအား သံစကာ အုပ် သည့် နည်းပညာအား စမ်းသပ်တပ်ဆင်နေသည်ဟု သိရပါသည်။

မြန်မာ့တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့များတွင် အသုံးပြုမည့် ဘီတီအာ-၃ယူ စနစ်သစ်များ

ရုရှား၏ ဘီတီအာ-၈၀ သံချပ်ကာယာဉ်

Myanmar Defence Weapons

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: