Pages

Sunday, January 6, 2013

စစ်အာဏာရှင် လက်အောက်မှ မီဒီယာ အာဏာရှင်လက်အောက်သို့

မီဒီယာအချို့ဟာ ခုချိန်ထိ စစ်တပ်နဲ့အစိုးရကို ကြုံရင်ကြုံသလို ၊ မကြုံလဲ မကြုံကြုံအောင်လုပ်ပြီးတော့ တိုက်နေခိုက်နေတာကိုသတိပြုမိပါတယ် ။ ၊ ငါတို့မီဒီယာသမားတွေကို ခေတ်အဆက်ဆက်နှိပ်ကွပ် လာ တဲ့ကောင်တွေ ငါတို့အလှည့်ကြုံတုန်းနှိပ်ထည့် လိုက်ဦးမယ်ဆိုတဲ့ အတွေးက ဦးဆောင်နေတယ် ၊ဒါေ ခတ် အဆက်ဆက် အာဏာရှင်ပုံစံနဲ့ အုပ်ချုပ်လာတဲ့ အကျိုးဆက်လို့ ဆိုချင်ဆိုနိုင်ပေမယ့် ပြုပြ င်ပြောင်းလဲေ ရး လုပ်တယ်ဆိုတာ ပြုပြင်ပြောင်းလဲရေး ကိုလိုလားသူတိုင်းက ဟန်ချက်ညီပြောင်းနိုင်ပါမှ အရွေ့ကကော င်း မယ် ၊ ဒီလိုမဟုတ်ပဲ သူ့အလှည့်ကိုယ့်အလှည့်လုပ်နေလို့ကတော့ ဒီတစ်သက်ပြီးတော့မှာမဟုတ်ဘူး ။
 
အခုလွတ်လပ်လာတာလေးနည်းနည်းကြာလာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုလည်း သိပ်မကြ ည်ေ တာ့ဘူး မသိမသာတမျိုး ၊ သိသိသာသာကြီးတဖုန် တိုက်ခိုက်လာတာကိုတွေ့ရပါတယ် ၊ ဘယ်အခ မ်းအ နားလုပ်လုပ် ၊ ဘာပွဲလုပ်လုပ် မီဒီယာသမားဟာ လုပ်ချင်သလိုလုပ်မယ် ၊ ဟိုဟာကန့်သတ် ဒီဟာ ကန့်သတ်မကြိုက်ဘူး ၊ သွားချင်သလိုသွားမယ် ၊ ဓါတ်ပုံကိုရိုက်ချင်တဲ့နေရာကနေ ရိုက်ချင်တဲ့အချိန် ရိုက်မယ် မေးချင်တဲ့လူကိုမေးချင်တာမေးမယ် ၊ဖိတ်ရင်လည်းလာချင်မှလာမယ် ၊ မဖိတ်ပြန်ရင်လည်း စိတ်ကောက်မယ် ၊ ဘယ်သူမှမဖိတ်ပဲနဲ့လည်း သူလာချင်ရင် ဇွတ်လာမယ် ၊  ၁၀၀% လွတ်လပ်နေရမယ် ၊ ၁၀၀% ဦးစားပေးရမယ် ၊ ဒီလိုမဟုတ်လို့ တစ်ခုခုများအဆင်မပြေဖြစ်လို့ကတော့မီဒီယာသမားဟာ စိတ်ေ ကာက်မယ် ၊ ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားမယ် ၊ မဟုတ်မဟတ်တွေ ဖေ့စ်ဘုတ်ေ ပ်ါရေးတ င်မယ် ၊ ဂျာနယ်ကနေနှိပ်မယ် ၊ ဆော်မယ် ။

တစ်ခါကမန္တလေးမြို့မှာ မီဒီယာသမားတစ်ယောက်က ဆိုင်ကယ်ဦးထုတ်မဆောင်းပဲစီးလာလို့ ယာဉ် ထိန်းကဖမ်းလိုက်တယ် ၊ သူအဖမ်းခံလိုက်ရတဲ့အတွက် ဒီယာဉ်ထိန်းကို မီဒီယာသမားက ငြှိုးပြီး ကင်မရာ တစ်လုံးနဲ့ ဒီယာဉ်ထိန်းဘာအမှားလုပ်မလဲဆိုတာတစ်နေကုန်ထိုင်ထိုင်စောင့်နေတယ်  ၊ မယ်မယ်ရရပြော စရာမရတော့ နောက်နေ့ထပ်စောင့်တယ် ၊ မရပြန်တော့ နောက်တစ်နေ့မှာ အခြားသူတစ်ယောက်ကို ပုန်းပြီးစောင့်ခိုင်းတယ် ဒီလိုလုပ်နေမှန်းသိလို့ သက်ဆိုင်ရာက ပြဿနာမတက်အောင် အဲဒီရဲကို ရုံးတွင်း မှာပြောင်းပြီး ဂျူတီချလိုက်ရတယ် ။

ဘာတွေးမိလည်းဆိုတော့ ကလောင်တစ်ချောင်းရှိပြီး ရေးချင်တာရေးခွင့် ဆိုတဲ့ အခွင့်လေးရတာနဲ့ တောင် မဟာမီဒီယာစိတ်ကြီးဝင်ပြီး ကိုယ့်စိတ်နဲ့မတွေ့တိုင်းနှိပ်နေ ၊ ဆော်နေတဲ့လူတွေလက်ထဲကို သေနတ် ထည့်ပေးလိုက်ရင်  ဒီလူတွေဟာ စစ်အာဏာရှင်ဖြစ်သွားမှာပဲ လို့ တွေးနေမိတယ် ။ ဒီတော့ခင်ဗျားတို့မီဒီယာသမားအများစုဟာ သွားလေသူဘဘကြီးတို့နဲ့ဘာမှမထူးဘူး ၊ စစ်အာဏာရှင်နဲ့ မီဒီယာအာဏာရှင်ဆိုတာပဲကွာတယ် ၊ ပြည်သူတွေကတော့ စစ်အာဏာရှင်လက်အောက်ကနေ မီဒီယာအာဏာရှင်လက်အောက်ကိုရောက်သွားတာပဲအဖတ်တင်တယ် .....။
ဒေါက်တာဆိတ်ဖွား
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: