Pages

Sunday, January 6, 2013

အမြင်ကျယ်စေ ချင်ပါသည်

တဖြည်းဖြည်းတော့ သတိထားမိလာတယ်..... အထူးသဖြင့် အခုလက်ရှိ အွန်လိုင်းမှာရှိနေတဲ့ လူတွေရဲ့ လက်ရှိအစိုးရအပေါ်ကို မြင်တဲ့အမြင်နဲ့ ပါတ်သက်လို့ပေါ့....... ဘယ်မှာသိသာသွားလဲ ဆိုတော့ လက်ရှိ အ စိုးရကို ၀န်းရံပီး လမ်းမှားမဆင်းအောင် လုပ်နိုင်မှ ၂၀၁၅ မှာ ဒီထက်ကောင်းတဲ့ အစိုးရ ရမယ်ဆိုတာကို ကျွန်တော်တင်လိုက်တဲ့အပေါ်မှာ တုံ့ပြန်လာတဲ့ တူးတူးခါးခါး တုံ့ပြန်ချက်တွေကို သတိထားမိသွားတယ်......

လူကြီးတစ်ယောက် ပြောသွားတာ မှတ်ထားဖူးပါတယ်..... ဒီအစိုးရဟာ စစ်တပ်ကနေ ဆင်းသက်လာတဲ့၊ တနည်းအားဖြင့် အရင်စစ်အစိုးရက လူတွေ ပြန်ပါလာတဲ့ အစိုးရ ဖြစ်တဲ့အတွက် ဘယ်လောက်ပဲ ကောင်း တာလုပ်လုပ် လူတွေအနေနဲ့ အကောင်းမမြင်တာ သဘာဝကျပါတယ်တဲ့..... ဒါပေမယ့်ဗျာ ကျွန်တော်တို့ တွေ ဒီလောက်ကြိုးစားနေတာ မြင်ကြမှာပါ...... တိုင်းပြည်ကောင်းဖို့ အားလုံးလက်တွဲပီး ဘာလို့ မကြိုး စားနိုင်ရတာလဲဗျာ ဆိုတဲ့စကားပါပဲ.......

အခုလက်ရှိ ၈၈ လည်း သူတို့တတ်နိုင်တဲ့ဘက်က ဒေါင့်တွေဖြည့်လာတယ်.... ဒေါ်စုလည်း သူနိုင်တဲ့ အခန်းကဏ္ဍတွေကနေ လိုတဲ့ကွက်လပ်တွေ ဖြည့်လာတယ်..... ဒါတွေဟာ အာဏာရ အစိုးရသဘောကျ လုပ်နေတာလား၊ ခိုင်းတာကို လုပ်နေတာလား၊ တိုင်းပြည်အတွက် လိုအပ်တဲ့ဒေါင့်တွေ ဖြည့်စည်းေ န တာလား ကွဲကွဲပြားပြား မြင်ကြည့်ဖို့လိုပါတယ်.....

ပြည်ပရောက် လူအများစုက လက်ရှိအစိုးရအပေါ် မကျေနပ်တာတွေကို သတိထားမိနေတဲ့ ပြည်တွင်းက အချို့ အချို့သော ဂျာနယ်လစ် အကြီးကြီးများနဲ့ ပြည်ပက အချို့အချို့သောသူတွေက လက်ရှိဖြစ်ခဲ့ တဲ့ ဖြစ်နေဆဲ သတင်းတွေအပေါ်မှာ လိုချင်သလို ပုံဖော်ရေးသားပီး လက်ရှိအနေအထားနဲ့ ကွာဟအောင် ဖန်တီးလာတာတွေ သတိထားမိတယ်.....

လက်ပန်းတောင်းတောင် ကိစ္စမှာဆိုရင်လည်း စ တက်လာတဲ့ သတင်းတွေဟာ ချက်ခြင်းကို လူထုအုံ ကြွမှု ဖြစ်လောက်အောင် ပြင်းထန်လှပေမယ့် အချိန်ကြာလာတာနဲ့အမျှ အမှန်တရားစကားတွေ တစ်စ တစ်စ ပေါ်လာချိန်မှာတော့ ခုဏက လူထုအုံကြွမှုဖြစ်အောင် လုပ်ခဲ့တဲ့ ဂျာနယ်လစ်တွေ၊ နာမည်ကြီးပုဂ္ဂို လ်ေ တွ၊ နာမည်လေးလုံးနဲ့ အမျိုးသမီးတို့ သူတို့မှားခဲ့တဲ့ ကိစ္စတွေအတွက် ဆောရီးတစ်ခွန်းတောင် မဆိုနိုင်ကြပါ......

အခုလက်ရှိ KIA နဲ့ ဖြစ်နေတဲ့ ကိစ္စတွေမှာလည်း စစခြင်းက ကျူးကျော်စစ်၊ ခံစစ်နဲ့ ပြောနေဆိုနေကြ ချိန်မှာ အချိန်ကြလာတာနဲ့အမျှ သိလာရတာကတော့ ငြိမ်းချမ်းရေး ယူကြစဉ်က နှစ်ဖက်သဘောတူ စခန်းတွေ ထားခဲ့ကြပီး တစ်ဖက်နဲ့ တစ်ဖက် ရန်စောင်တော့မှ ဒီစခန်းတွေက ထွက်သွားဖို့ နည်းပေါင်းစုံနဲ့ လုပ်နေတဲ့ KIA ရဲ့ လုပ်ရပ်တွေကို မြင်လာရတာပါပဲ...... ယခင် အေဘီ မြောက်ပိုင်း ဇတ်လမ်းတွေ ဖတ်ရတုန်းက KIA ရဲ့ ဌာနချုပ်ဟာ ပါဂျောင်မှာ ဆိုတာလည်း သတိထားမိခဲ့ပါတယ်..... ငြိမ်းချမ်းရေးယူ ပီး နောက်ပိုင်းမှ လိုင်ဇာကို ဌာနချုပ်အဖြစ် ပြောင်းခဲ့ပေမယ့် လိုင်ဇာနား ကပ်နေတဲ့ လွယ်ဂျားယန်က တပ်မတော်စခန်းကို အဲ့ဒိတုန်းက ကြည်ဖြူခဲ့ပီး ခုမှ မကြည်ဖြူနိုင်ပဲ နည်းပေါင်းစုံနဲ့ နှောင့် ယှက်နေ တာ မြင်နိုင်ပါတယ်......

ကျွန်တော့အမြင်အရတော့ ဒီစစ်ပွဲဟာ တိုင်းရင်းသားအရေးကိစ္စထက်၊ အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ စစ်ပွဲဖြစ်သလို၊ အစောပိုင်းက ကေအိုင်အေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ ပြည်တွင်းဖြစ်တဲ့ စစ်ပွဲဆိုတာထက် ပိုဆိုးတဲ့ အနေအထားတွေကို တွေ့နိုင်တာပါပဲ..... ဥပမာအားဖြင့် လူနာတင်ယဉ်ပါမချန် ပစ်တာတွေ၊ ဒီလမ်းကြောင်း လာမယ်ဆိုပီး လေးစားမှုနဲ့ ကြိုပြောကာမှ ဒီလမ်းကြောင်းကို ရွေးတိုက်တာတွေ၊ မိုင်းပဒေ သာတွေ သုံးတာတွေ၊ ရည်ရွယ်ချက်ရှိရှိနဲ့ကို ဒုက္ခသည်စခန်းတွေကို ၀င်ပစ်တာတွေ၊ ရှမ်းနီတွေကို ရည်ရွ ယ်ချက်ရှိရှိ သေစေခဲ့တာတွေ၊ ဒါတွေဟာ တိုင်းရင်းသားခြင်း ဖြစ်တဲ့ စစ်ဆိုတာထက် အများကြီးပိုနေပါ တယ်..... ဒါပေမယ့်လည်း သတင်းတွေမှာတော့ ထုံးစံအတိုင်းပဲ အမှန်တရားထက် အမှားတစ်ရာ များနေပါတယ်......

ဒီနေရာမှာ စကားပုံလေး တစ်ခုကို သွားသတိရပါတယ်..... အမှန်တရားဟာ ခရီးထွက်ဖို့ ဖိနပ်စီးနေချိန်မှာ အမှားတွေဟာ ကမ္ဘာကို တစ်ပါတ် ပါတ်ပီးပီ ဆိုတာပါပဲ..... လက်ပန်းတောင်းတောင်ကိစ္စ၊ ကေ အိုင်ေ အ နဲ့ကိစ္စ အစောပိုင်းက အမှန်နဲ့ရောတဲ့ အမှားတွေ ပလူပျံနေအောင် ထုတ်လွှင့်ခဲ့ပီး အွန်လိုင်းကလူတွေကို ရည်ရွယ်ချက်ရှိရှိ လိုချင်တဲ့ လမ်းကြောင်းကို မောင်းတင်ခဲ့တာတွေ၊ အမှန်တွေ နောက်ပိုင်းထွက်လာချိန်မှာ ခပ်တည်တည်နဲ့ သူတို့မလုပ်ခဲ့သလို မပြောခဲ့သလို နေတာတွေကို သတိထားကြည့်ရင် တွေ့လာပါလိမ့် မယ်........ ဒါမျိုးတွေ ဖြစ်လာတာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ်တော့ပါ.....

ဒါကြောင့် ဒေါ်စုရဲ့ ဒီလှိုင်းဂျာနယ် ရုံးခန်းသစ်ဖွင့်ပွဲ မိန့်ခွန်းမှာ သတင်းတွေနဲ့ ပါတ်သက်ပီး "ရိုးရိုးဘာေ တွဖြ စ်ေ နသလဲ ဆိုတာသိရုံက မလုံလောက်ပါဘူး။ ဘာတွေဖြစ်နေသလဲဆိုတာ အပေါ်မှာ အခြေခံပြီးေ တာ့ ဘာတွေဖြစ်သင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်" ဆိုပီး ပြောသွား တာေ လးဟာ အင်မတန်မှကို ပညာသားပါတယ် ဆိုရပါမယ်...... သူများထူးခတ်တဲ့ ကျုံးထဲမ၀င်မိအောင် ဆင်ခြင်နိုင်ကြဖို့ စဉ်းစားနိုင်ကြဖို့ အများကြီး လိုအပ်လှပါတယ်......

ပိုပြီး အမြင်ကျယ်ကျယ် ကြည့်မယ်ဆိုရင်တော့ လက်ရှိအစိုးရက ကောင်းမွေ ကမ်းနိုင်ပါမှ ၂၀၁၅ တက်မယ့် အစိုးရဟာ တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်းကို ပိုပီး လုပ်ဆောင်နိုင်မှာပါ..... လက်ရှိအစိုးရ ဟာ အရှုပ်ထုပ်နဲ့ ဆိုးမွေးတွေကို လွှဲပေးခဲ့ရင် နောင်တက်မယ့် အစိုးရ အရှုပ်ထုပ်တွေ ရှင်းနေတာနဲ့ တိုင်းပြည်အတွက် လုပ်ရန်အချိန်သိပ်ရမယ် မထင်ပါ..... မြစ်ဆုံ အရေးကိစ္စဟာလည်း နောက်အစိုးရ အတွက် ချိန်ကိုက်ဗုံးလိုပါပဲ...... Domino Effect ကို မြင်အောင်ကြည့်ဖို့ လိုပါတယ်...... ဘယ်အရာကိုမ ဆို ဘာတွေဖြစ်နေသလဲဆိုတာ အပေါ်မှာ အခြေခံပြီးတော့ ဘာတွေဖြစ်သင့်သလဲ ဆိုတာကို စဉ်းစားပါလို့ ပဲ ထပ်ဆင့်တိုက်တွန်းလိုက်ရပါတယ်......

James Mint
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: