Pages

Saturday, October 27, 2012

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံသည့် ကိစ္စ

27.10.2012

၁။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ် တာဝန်ယူဆောင် ရွက်ခဲ့ သူ ဖြစ်ပါသည်။

၂။ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဝိုင်းဝန်းကူ ညီ ထောက်ပံ့မှုများ အဓိကကျသလို နိုင်ငံတကာမှ လူသားချင်း စာနာထောက် ထားမှုထောက်ပံ့ ကူညီမှုများ သည်လည်း တစ်တပ်တစ်အား ဖြစ်ကြောင်း သိရှိထားပါသည်။ ဆိုလိုသည်မှာ ပြည့်အင်အား သည် ပြည်တွင်းမှာသာ ရှိသည် ဟု ခံယူထားသလို ပြည်ပမှ အပြုသဘော ထောက်ပံ့မှုသည်လည်း အကျိုး ရှိသည် ဟူသော သဘော ဖြစ်ပါသည်။

၃။ ရခိုင်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်းအားလည်း လူသားချင်း စာနာထောက်ထား မှုဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို လက်ခံမည် ဖြစ်ကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ အညီအမျှ ပေးအပ်စေလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပါသည်။

၎။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပါက ဝိုင်းဝန်းကူညီကြသည့် သဘောသဘာဝ ရှိသလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လိုက်လျောညီထွေ ဆောင်ရွက်ရပါသည်။ အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတကာဆက်သွယ်ဆက်ဆံမှုများ ပိုမို ကျယ်ပြန့်လာနေသည့် အချိန်အခါမျိုးတွင် ပိုမို၍ အလေးထားရန် လိုအပ်ပါသည်။

၅။ သို့ပါ၍ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးနှင့် လူသားချင်း စာနာထောက်ထား မှု (၂)ခုစလုံးကို ချိန်ဆ ဆောင်ရွက်နေရသည့် အခြေအနေများကို သိမြင်နားလည်ကြပါ ရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

ဒီနေရာ က ကူးလာတယ် ....

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံသည့် ကိစ္စ

Labels:

27.10.2012

၁။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ် တာဝန်ယူဆောင် ရွက်ခဲ့ သူ ဖြစ်ပါသည်။

၂။ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဝိုင်းဝန်းကူ ညီ ထောက်ပံ့မှုများ အဓိကကျသလို နိုင်ငံတကာမှ လူသားချင်း စာနာထောက် ထားမှုထောက်ပံ့ ကူညီမှုများ သည်လည်း တစ်တပ်တစ်အား ဖြစ်ကြောင်း သိရှိထားပါသည်။ ဆိုလိုသည်မှာ ပြည့်အင်အား သည် ပြည်တွင်းမှာသာ ရှိသည် ဟု ခံယူထားသလို ပြည်ပမှ အပြုသဘော ထောက်ပံ့မှုသည်လည်း အကျိုး ရှိသည် ဟူသော သဘော ဖြစ်ပါသည်။

၃။ ရခိုင်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်းအားလည်း လူသားချင်း စာနာထောက်ထား မှုဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို လက်ခံမည် ဖြစ်ကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ အညီအမျှ ပေးအပ်စေလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပါသည်။

၎။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပါက ဝိုင်းဝန်းကူညီကြသည့် သဘောသဘာဝ ရှိသလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လိုက်လျောညီထွေ ဆောင်ရွက်ရပါသည်။ အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတကာဆက်သွယ်ဆက်ဆံမှုများ ပိုမို ကျယ်ပြန့်လာနေသည့် အချိန်အခါမျိုးတွင် ပိုမို၍ အလေးထားရန် လိုအပ်ပါသည်။

၅။ သို့ပါ၍ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးနှင့် လူသားချင်း စာနာထောက်ထား မှု (၂)ခုစလုံးကို ချိန်ဆ ဆောင်ရွက်နေရသည့် အခြေအနေများကို သိမြင်နားလည်ကြပါ ရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

ဒီနေရာ က ကူးလာတယ် ....
0 comments: