Pages

Friday, January 18, 2013

ဂမ်ရှောင် ဘယ်မှာလဲ

နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်လာစေပြီး ဒီမိုကရေစီနိုင်ငံတော် ပီပီသသဖြစ်စေဖို့ KIA ကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် အပစ်မရပ်နိုင်ဘူး၊ နိုင်ငံရေးအရပဲ ဆွေးနွေးမယ်ပြောတယ်၊ ဘာလဲဖြစ်ဖြ စ် ဆွေးနွေးမယ်ဆိုတော့ ရက်ရွေးလိုက်၊ နေရာရွေးလိုက်နဲ့ အမျိုးမျိုးလှည့်ပတ်ပြောေ နပြန်တယ်။ တပ်မေ တာ် က ထိုးစစ်တွေ မလုပ်ပါဘူး၊ ခုခံကာကွယ်တာဘဲ လုပ်ပါမယ်ဆိုပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုအ တွက် ထိန်းသိမ်း ဆောင်ရွက်နေတာကို အခွင့်ကောင်းယူပြီး မင်းတို့က တိုက်ကွက်ဖော်လာတာကတော့ “ အိမ်ပျော်နေတဲ့ကျား သွားနှိုးသလို” မင်းတို့ခံရမှာဘဲ ဂမ်ရှောင်…

ဗဟိုဌာနချုပ် လုံခြုံရေးအတွက် လဂျားယန်ဒေသမှာရှိတဲ့စခန်းတွေကို အခိုင်အမာကွန်ကရစ် ဘန်ကာေ တွ ဆောက်၊ မိုင်းကွင်းတွေခင်း၊ KIA ရဲဘော်တွေကို သံခမောက်တွေ၊ ကျည်ကာအင်္ကျီ တွေဝတ်ဆင်ပေး၊ စံချိန်မမှီတဲ့ မင်းတို့ရဲ့ KIO သေနတ်တွေ တပ်ဆင်ပေးပြီး လုံးဝမကျဆုံးနိုင်တဲ့ ခိုင်မာသော ခံစစ်စခန်းေ တွပါလို့ ကြွေးကြော်ပြင်ဆင်ထားခဲ့ပေမယ့် တပ်မတော်ရဲ့ စုစည်းခိုင်မာတဲ့ တိုက်စစ် စွမ်းအားတွေကြောင့် စခန်းတွေ တစ်ခုပြီးတစ်ခုကျပြီး ခြေဦးတည့်ရာပြေးလွှားနေကြလို့ KIA တပ်ဖွဲ့ဝင်တွေ အင်အားလျော့ကျ လာတာ မင်းတို့ အသိဆုံးပါ။ မဆိုစလောက် အောင်မြင်မှုလေးရရင် မင်းကိုယ်တိုင် ရှေ့ထွက်ပြီး မီဒီယာေ တွကနေ၀ါဒဖြန့်နေတာ၊ ခုလိုပြေးလွှားနေချိန်မှာတော့ မင်းကိုမတွေ့ရတော့ပါလား ဂမ်ရှောင်ရေ…

လက်အောက်တပ်ဖွဲ့ဝင်တွေက အခက်အခဲ၊ လိုအပ်ချက်တွေ တင်ပြချင်လို့ လိုက်ရှာတော့လည်း ဂမ်ရှောင် ကို ဆက်သွယ်လို့မရဘူးဖြစ်တယ်။ လူချင်းရှာမတွေ့လို့ တယ်လီဖုန်းနဲ့တင်ပြဘို့ ကြိုးစားပေမယ့် ရှေ့တန်း မှာ တိုက်ပွဲဝင်နေတဲ့ KIA အရာရှိငယ်တွေနဲ့ ရဲဘော်တွေဆီမှာရှိတဲ့ တရုတ်ဖုန်းတွေ အားလုံးသိမ်းဆည်း ခံထားရလို့ ပြောလို့မရပြန်ဘူး၊ တစ်ခြားနေရာမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဆီကို အထိနာပြီး ထိ ခိုက်ကျဆုံးမှုတွေ များပြားနေတာကို မပြောနိုင်အောင်လို့ ဖုန်းတွေသိမ်းထားတာတဲ့၊ တပ်မတော်က ဖြတ် ၄ ဖြတ် မလုပ်ရသေးဘူး၊ ဂမ်ရှောင်က တပ်ဖွဲ့ဝင်တွေရဲ့ နား၊ မျက်စိဖြစ်တဲ့ ဆက်သွယ်မှု ကို ဖြတ်တော က် ခဲ့ပြီ။

ဂမ်ရှောင် “ မင်းအပါအ၀င် မင်းတို့ခေါင်းဆောင်ပိုင်းတွေက တိုက်ပွဲဝင်ရဲ့ဘော်တွေရှိတဲ့ နေရာကို ဘာ လို့ရှောင် နေတာလဲ၊ မင်းတို့ရဲ့ အစွန်းရောက်ခေါင်းမာမှုကြောင့် KIA ရဲဘော်သေကြေပျက်စီးမှုကို မတွေ့ ရဲလို့လား?.. လက်အောက်ငယ်သားတွေမှာလဲ အသက်တစ်ချောင်းဘဲပါတာ မင်းတို့ရဲ့ အသက်ကမှ ပိုပြီး တန်ဘိုးကြီး လို့လား?.. အရင်တုန်းက အဆောင်အယောင်အပြည့် ယူနီဖောင်းတကားကားနဲ့ေ ထာင်ေ ထာင် , ထောင်ထောင် လုပ်နေတဲ့ ဂမ်ရှောင် အခုဘယ်မှာ သွားပုန်းနေလဲ၊ မင်းအတွင် ပြေးစရာမြေမရှိ၊ ပုန်းစရာနေရာမရှိပါဘူး…

ရှေ့မှာ ငြိမ်းချမ်းရေးအတွှက် မျှော်လင့်နေတဲ့ ပြည်သူတွေရှိတယ်။ နောက်မှာတော့ သူတို့ကို မညှာမ တာ သေတွင်းပို့ခဲ့လို့ လက်စားချေချင်တဲ့ KIA တပ်ဖွဲ့ဝင်တွေ ရှိတယ်။ ဘေးမှာတော့ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး ထင်ရာစိုင်းနေတဲ့ မင်းကိုဖယ်ရှား ပစ်ဘို့ ကြိုးစားနေတဲ့ ဂွမ်မော် ရှိတယ်။ ခေါင်းဝှက်ထားတဲ့ လိပ်တစ်ကောင်လို..ခေါင်းမြီးခြုံလုံအောင်ပုန်းနေပါလို့ အကြံပေးလိုက်ချင် ပါတယ်။ ဂမ်ရှောင်ရေ…
Kachin Daily News
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဂမ်ရှောင် ဘယ်မှာလဲ

Labels:
  
0 comments: