Pages

Friday, January 18, 2013

ယနေ့အချိန် ယနေ့ခေတ်တွင် တိုင်းရင်းသားများ သည် ၄င်းတို့ လိုလားချက် များကို လက်နက်ကိုင်ပြီး တောင်းဆိုရမည့် အချိန် မဟုတ်တော့ကြောင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် မှပြော

ကုလ ဌာနချုပ်၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပဋိပက္ခတုံ့ ပြန်မှုဆိုင်ရာလေ့လာ ဆန်းစစ်ရေး အဖွဲ့ (PDCA) မှ ဌာနေညှိနှိုင်းရေးမှူး Mr. Laura M C Grew နှင့်အဖွဲ့ဝင်များသည် (၁၇-၁-၂၀၁၃) ရက်နေ့ (ဝ၇၃ဝ)ချိန်မှ (ဝ၉ဝဝ)ချိန်ထိ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးေ ဖာ် ဆောင်မှု ကော်မတီ ဥက္ကဌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုကြံ့ ခိုင်ေ ရးနှ င့်ဖွံ့ဖြိုးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်အား ပါတီဌာနချူပ်ရုံး သို့လာရော က်ေ တွ့ဆုံခဲ့ကြောင်း၊

အဆိုပါတွေ့ဆုံရာတွင်   ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်မှ ယနေနိုင်ငံရေးအခြေ အနေ များအား ပွင့်လင်းမြင်သာစွာ ဆွေးနွေးရာတွင် “ မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၀၀)ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံသည့်ရှေ့ယခင်ကတည်းက အချင်းချင်း သံသယများကြောင့် စစ်ပွဲများ မကြာခဏဖြစ်ပွားခဲ့ရသည့် သမိုင်းသက်သေများရှိကြောင်း၊ ရှေ့ဘုရင် ခေတ်ကတည်းက တိုင်းရင်းသား မျိုးနွယ်စုများအချင်းချင်း သံသယစိတ်များကြောင့် တိုက်ခိုက်မှု များရှိနေကြောင်း၊ ယခု ဒီဖက်ခေတ်တွင် လည်း လွပ်လပ်ရေးရပြီးနောက် အာဏာရ ဖဆပလ ပါတီကြီး (၂)ပိုင်းကွဲပြီးနောက် ဗမာပြည်ကွန်မြူနစ် ပါတီ သည် လက်နက်စွဲကိုင် တိုက်ခိုက်လာကြောင်း၊ အလားတူ အဆိုပါခေတ်တွင် ကူမန်တန် တရုတ်ဖြူ တပ်များမှ မြန်မာနိုင်ငံတွင်း ကျူးကျော်စစ်ပွဲများ ၀င်ရောက်လာရာ တပ်မတော် မှအောင်မြင်စွာ တွန်းလှန်ေ ချမှုန်းခဲ့ရကြောင်း၊ ကူမင်တန် တပ်များကြောင့် မြန်မာ နိုင်ငံတွင်  ဘိန်းစိုက်ပျိုးမှု များရှိလာကြောင်း၊ ဘိန်း စိုက်ပျိုးမှုကြောင့် ဘိန်းရောင်းဝယ်ရေးအတွက် တိုင်းရင်းသား မျိုးနွယ်စုများသည် လက်နက်ကိုင် တပ်ဖွဲ့ များ ကို ဖွဲ့စည်းတည်ထောင်လာပါကြောင်း၊ အဆိုပါ အကျိုးဆက် များကြောင့် မြန်မာပြည် တောင်တန်းေ ဒသများ တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်များ ပေါ်ပေါက်လာ ပါကြောင်း၊ ယနေ့ခေတ်တွင် ဒီမိုကရေ စီ အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ သည် အော င်မြင်မှုများရှိကြောင်း၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊”၀”တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ကယား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ချင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေး နွေးမှုများ သည် အောင်မြင်မှု များရ ရှိခဲ့ပါကြောင်း၊ မိမိသည်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ် ဦးဖြစ်ပြီး နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ တွင်လည်း ဒုတိယဥက္ကဌ တစ်ဦး ဖြစ် ပါကြောင်း၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံတိုင်းမိမိတွေ့ဆုံတိုင်းပြောဆိုလေ့ရှိသည်မှာ-- “ ယနေ့အချိန် ယနေ့ခေတ်တွင် တိုင်းရင်းသားများသည် ၄င်းတို့လိုလားချက်များကို လက်နက်ကိုင်ပြီးေ တာင်းဆိုရမည့် အချိန်မဟုတ်သလို ၊ တိုင်းရင်းသားများတောင်းဆိုမှုများကို နိုင်ငံတော်အစိုးရ မှလည်းလက် နက်ဖြင့် ပြန်လည်ထိန်းချုပ်ရတော့မည့် အချိန်မဟုတ်တော့ကြောင်း ” ကို ပြောဆိုလေ့ရှိေ ကြာင်း၊ယနေ့ ကချင်ပြည်နယ်တွင်းဖြစ်စဉ်များသည် ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့ သည် ဒေသတွင်းမှာ ဆက်ကြေးကောက်ယူခြင်း၊ အဓမ္မ လူသစ်စုဆောင်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးဖြစ်သည့် ရထားလမ်း များကို မိုင်းထောင်ဖေါက်ခွဲခြင်းများကြောင့် တပ်မတော်မှ ထိုးစစ်ဆင်နေရခြင်း ဖြစ်ပါကြောင်း၊ ကချင် အ ကြမ်း ဖက်သောင်းကျန်းသူများမှ အဆိုပါအချက်များကို မလုပ်ပါက တပ်မတော်မှလည်း ထိုးစစ်ဆ င်ေ တာ့ မည့် မဟုတ်ပါကြောင်း၊

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးသွားရန်မှာ တိုင်းရင်းသားပြည်သူများမှ ဘယ်လို ဘယ်ပုံ တွေ့ဆုံဆွေးနွေးသင့်ပါကြောင်း လူထုသဘောထားများလိုအပ်နေပါကြောင်း၊ က ချင်ပြည်နယ်တွင် တိုင်းရင်းသားမျိုးနွယ်စု (၆)မျိုးနှင့် ရှမ်း၊ ဗမာ တိုင်းရင်းသားများပါ ပေါင်းပါက (၈)မျိုးရှိ ပါကြောင်း၊ KIA အဖွဲ့သည် အဆိုပါ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုပါကြောင်း၊ လူနည်းစုကိုသာ ကိုယ်စားပြုပါကြောင်း ဂျိန်းဖေါ် လူနည်းစုကိုသာ ကိုယ်စားပြုပါကြောင်း စသည်ဖြင့် အကျယ်တ၀ံ့ပြော ကြားခဲ့ပြီး ဌာနေညှိနှိုင်းရေးမှူး Mr. Laura M C Grew မှ ရှင်းလင်းဆွေးနွေးသွားသည်များကို ပိုမိုနားလည်း သဘောပေါက်သွားပါပြီ ဖြစ်ကြောင်း ၊ မြန်မာပြည်တွင်း လူပေါင်း(၁၀၀)ကျော်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပဋိပက္ခတုံ့ ပြန်မှုဆိုင်ရာလေ့လာ ဆန်းစစ်ချက်များကို လုပ်ခဲ့ပါကြောင်း ခြုံငုံ ရှင်းလင်း နိုင်စွမ်း မရှိပါကြောင်း။ ကုလအနေဖြင့် မည်သို့ကူညီရမည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ရာ ဦးသိန်းဇော်မှ မိမိတို့ ပြည်တွင်းရေး သာဖြစ်၍ မိမိတို့ဘာသာ ပြေလည်အောင် ဖြေရှင်းသွား မည် ဖြစ်ေ ကြာင်း ပြန်လည် ရှင်းလင်း ဆွေးနွေးသွားပါသည်။

ခေတ်သစ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: