Pages

Sunday, January 6, 2013

ခံစစ် ထိုးစစ်

ခံစစ် ထိုးစစ်ဆိုတာအတော်ရှုပ်တဲ့ ဟာဗျ ရှင်းရအတော်ခက်တယ် ခံစစ်အသေနဲ့ အရှင် ဆိုပြီးရှိသေးတယ် ... ခံစစ် အသေကတော့ ဘယ်လောက်ကောင်းကောင်း တကယ်တွယ်ရင်ကျတာပဲ ခံစစ်မှာပြင်ထားတဲ့ မိုင်းကွင်းတွေ စည်းရိုးတွေ အတားအဆီးတွေအားလုံးဟာ တိုက်ပွဲ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ပျက်သွားတာပဲ ... ခံစစ်တစ်ခုဟာတိုက်ပွဲ ဖြစ်ချိန်ကြာလာတာနဲ့ အမျှ sitting duck ဖြစ်လာတယ် ... တိုက်တဲ့ ရန်သူ က ညမှာတောင် ဘယ်နားဘာရှိတယ် လို့  အလွတ်ရလာတယ် ... လက်နက်ကြီးတွေလည်း ချိန်သားမိကုန်တယ် ... ပစ်မှတ်အသေကိုး ... အဲတော့ ခံစစ်သည် ဘယ်ခံစစ်မဆို ခံစစ်အသေဆို ကျသွားတာပဲ  .... မကျအောင်ဆိုခံစစ် အရှင်ပြင်ရမယ် ... နယ်မြေ သတင်းရယူတာတွေ လှည့်ကင်း တိုက်ကင်း ကင်းပုန်းထောက်ကင်း စသဖြင့် နယ်မြေတွင်းအမြဲ လှုပ်ရှားနေရတယ် .... စစ်ကူပစ်ကု ပေးရေးစီမံချက်တွေ ဘေးနံတပ်နဲ့ ပေါင်းစပ်ညှိနိုင်းတာတွေ လုပ်ထားရတယ် .... ခံစစ်မှာကိုပဲ တန်ပြန် တိုက်စစ် အတွက် အရန် အင်အားကိုဖွဲ့ ထားရတယ် ....  ဥပမာ ရန်သူ က ကိုယ့် မျက်နှစာမှာကျားထိုးဖို့ပြင်နေတုန်း .... ကိုယ်က ဦးအောင် ဆင်းတိုက် လိုက်တာမျိုး .... ကိုယ့်နယ်မြေထဲမှာ စခန်းကိုချဖို့ ပြင်ဆင်နေတဲ့ သူ ကို srp နဲ့ ဦးအောင်သွားချတာမျိုးက လဲ ခံစစ်စီမံချက်မှာ အကြုံးဝင်တယ်ဗျ ....

ကိုယ့်စခန်းကို စိုးမိုးနေတဲ့ တောင်ကြော မှာ ရန်သူက နေရာလာယူရင် တိုက်ရမှာပဲဗျ ... အဲဒါထိုးစစ်လို့ ပြောမရဘူး ...  ကိုယ့်ရဲ့ supporting line ကိုခြိမ်းခြောက်နေတဲ့ စိုးမိုးနေတဲ့ ရန်သူကို တိုက်ရမှာပဲဗျ .... အနော်တော့ ဒါ ထိုးစစ်လို့ မမြင်ဘူး ... မတိုက်ရင် အဲဒီline ကိုမှီခိုနေတဲ့ တပ်စခန်းတွေကျကုန်မယ် ....

ကချင်မှာတိုက်ပွဲတွေ ဆက်ဖြစ်ရတဲ့ ၈၀ ရာခိုင်နူန်းက ဒါကြောင့်ဗျ .... တိုက်ပွဲအားလုံးကိုကြည့်ရင်လမ်းကြောင်းပေါ်မှာ သွားနေတဲ့ စစ်ကြောင်းတွေကို စောင့်တွယ်တာများတယ် ... စခန်းလာ တိုက်ခံရ တာတော့ ၂၀ ရာနူန်းလောက်ရှိမှာပေါ့ဗျာ ... တပ်နေရာကကြည့်ရင် ဒါရှင်းဖို့ ကလွယ်လွယ်လေး ... လိုင်ဇာကိုချလိုက် အမာခံ စခန်းတွေရှင်းပစ် ... support line တွေ ဖြတ်ပစ် ... ခွင်ထဲမှာ တပ်တွေဆွဲသွင်း ... ထိတွေ့မူဖြစ်ရင် ဝိုင်းပိတ် .... ထပ်ချက်လိုက်ချ ... အသေလိုက် စစ်ကြောင်း ၄ ၅ကြောင်းလောက်နဲ့ ပိတ်လိုက်ခံရတာကိုရှောင်ဖို့ အတော်ခက်တယ် .... ရန်သူ လူသစ်စု မရအောင်လုပ် ... ဆက်ကြေးကောက်မရ ဝင်လာရင်ကို အသေလိုက်ချရင် အလိုလိုကြောက်လာတာပဲဗျ .... လူသစ်စုမရ ဒဏ်ရာရသူတွေ ကုဖို့ အခြေစိုက်ဆေးရုံမရှိ ခဲယမ်းကို လွယ်လွယ်သယ်မရ ရင်KIA ခံနိုင်တစ်နှစ်ပေါ့ဗျ ....

ဒါပေမယ့် ထိုးစစ်လုပ်မရတော့ လက်ရှိစခန်းတွေမှာပဲ ထိုင်ထား အုပ်ချုပ်မှူ ကိစ္စ ပဲ လုပ်ရတော့ ဒီလမ်းကြောင်းတွေမှာ ခေါက်တုံ့ ခေါက်ပြန်သွားနေရတဲ့ တပ်တွေ ဂြိလ်ဆိုး ဝင်တော့တာပေါ့ ... အစိုးရက စစ်တပ်အပေါ် သြဇာရှိတော့ သိပ်မသိသာပေမယ့် အရပ်သား အစိုးရ စစ်စစ်ဆိုရင်တော့ သူတို့ မဲရဖို့ တပ်ကို ထိုးကျွေးတယ်လို့ မြင်မှာ အသေအချာပေါ့ .... ၅၈ အာဏာသိမ်းတာမှာ အဲဒီလို ကိစ္စ တွေ အများကြီးပါတာပေါ့ဗျာ ....

တိုက်ပွဲဆက်ဖြစ်နေလို့ ပဲ တပ်က အစိုးရအမိန့် မနာခံဘူးလို့  ရေးတဲ့  မီဒီယာတွေတော့ ဆလံ ဆယ်ခါသသဗျာ .... အင်းလေ နိုင်ငံခြားလို စစ်သတင်းထောက်ဆိုပြီး စစ်ရဲ့ သဘောကို တီးမိ ခေါက်မိ ရှိတဲ့ ကောင်တွေ သီးသန့်မထားနိုင်သရွေ့ တော့ ဒီလိုသောက်တလွဲမှတ်ချက်တွေပဲလာမှာပါပဲဗျာ .... စကားမစပ်ပြောရရင် KIA ကိုထောက်ခံတဲ့ သူတွေပြောလေ့ရှိတဲ့ စကားက ဒါငါတို့ ပြည် မင်းတို့  ဗမာတွေက လာကျုးကျော်နေတာဆိုတဲ့ အပြောဗျ .... ပြည်ထောင်စုဆိုတဲ့ ဟာကိုနားမလည် ... ကချင်ပြည်ထဲမှာ ကချင်လူမျိုးပဲရှိနေတယ်ပုံစံအပြောမျိုးအလုပ်မျိုးနဲ့ ကတော့ ပြည်ထောင်စုက ခွဲမထွက်ပါဘူးလို့  အဝှာစားပြီးပြောတောင်မယုံဘူးဗျာ .....

အားလုံးsorry ပါ.... ပြန်ဖတ်ကြည့်တော့ ခံစားချက်တွေပါသွားလို့လားမသိ စာအတော်ရှည်ပြီး စစ်ပညာပိုင်းတွေ အများကြီးရေးမိသွားတယ် .... အားလုံးကိုတောင်းပန်ပါတယ် ....

Ye Moe 

1 comment:

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ခံစစ် ထိုးစစ်

Labels:

1 comments:

Thanks brother. One vote from Canada.

Post a Comment