Pages

Monday, January 7, 2013

“ စေ့စေ့တွေးတော့ ရေးရေးပေါ် ”

နိုင်ငံမှာ ဒီမိုကရေစီစနစ်အရ အာဏာရလာတဲ့အစိုးရဟာ စတင်တာဝန်ယူစဉ်ကာလကတည်းက တည်ငြိ မ် အေးချမ်းမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသွားမယ်လို့ ကြေငြာခဲ့တယ်ဗျာ။ ဒါဟာ ကျွန်တော်တို့နိုင်ငံ အတွက် ဓမ္မဓိဌာန်ကျတဲ့ လိုအပ်ချက်တွေပဲ။ ကျွန်တော်တို့ထောက်ခံတယ်။ 

အစိုးရဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ မြင်သာထင်သာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အစွမ်းကုန်လုပ်နေတာ မျက်စေ့ကန်းနေသူတစ်ချို့ကလွဲလို့ အကုန်လုံးမြင်ပါတယ်။ နားကန်းနေသူ တစ်ချို့ ကလွဲလို့ အကုန်လုံးကြားပါတယ်။ အစိုးရအပိုင်းပြီးတော့ တပ်ဘက်ကို ကြည့်ရင်လည်း တပ်ဟာ ဒို့တာ ဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ဖို့ အ ဓိကတာဝန်ရှိတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း တာဝန်ကျေပွန်မှု၊ အမိန့်နာ ခံမှုတွေနဲ့ သူ့အလုပ်သူလုပ်နေတာ တွေ့ရတယ်။
 
လတ်တလော အရေးအကြီးဆုံးကိစ္စတစ်ခုအနေနဲ့ ကချင်ပြည်နယ်တိုက်ပွဲတွေအပေါ်စေ့စေ့တွေးကြည့် ပါတယ်။ အဲဒီလိုတွေးကြည့်တော့ ပြည်တွင်းမီဒီယာတစ်ချို့နဲ့ပတ်သက်ပြီး ပြောစရာသွားတွေ့ရတယ်။ မီဒီယာတွေက ကချင်ပြည်နယ် တိုက်ပွဲတွေအကြောင်းရေးကြတယ်။ တစ်ချို့မီဒီယာတွေ မှာ ဖြစ်နေ တဲ့ အခြေအနေတွေအပေါ် သာသာထိုးထိုးရော၊ တစ်ဖက်စောင်းနင်းရော အစိုးရနဲ့တပ်ဘက်ကို ဝေဖန် အပြစ် တင်ချင်တဲ့ သဘောထားတွေပါဝင် နေတယ်။ ကျွန်တော် မီဒီယာသမားတစ်ဦးမဟုတ်ပါ။ သို့ပေမယ့် မီ ဒီညာသမားတစ်ဦးတော့ မဖြစ်လိုပါ။ ပြည်တွင်း ဂျာနယ်တစ်ချို့ရဲ့ ရေးသားဖော်ပြချက်တွေဟာ အဖြစ်မှန်ေ တွ နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဆိုသလို ဖြစ်နေပါတယ်။ အများအားဖြင့် ကချင်ပြည်နယ်အကြောင်းေ ဖ်ာပြေ နတဲ့ Eleven Media Group နဲ့ The Voice Weekly ဂျာနယ် တွေပါပဲ။ ဒီလူတွေဘာကြောင့် ဒီလိုေ ရးနေရသလဲ။ တကယ့်အခြေအနေမှန်ကိုမသိဘဲ ဘာကြောင့် ထင်ရာမြင်ရာ ရေးရသလဲ။ 

ပြည်တွင်းသတင်းဂျာနယ်က အယ်ဒီတာတစ်ချို့၊ သတင်းထောက်တစ်ချို့ဟာ KIA နဲ့ပတ်သက်နေကြောင်း သတင်းတွေလည်းကြားရပါတယ်။ KIA ဆီက လစဉ်ရတဲ့ ထောက်ပံ့ကြေးဟာ တိုက်ပွဲတွေအပေါ် ပြော င်းပြန် အယူအဆတွေကို ဖြစ်ပေါ်စေပါတော့တယ်။ မီဒီယာတွေကိုပြောချင်တာက ခင်ဗျားတို့ ငွေ မျက်နှာကိုပဲကြည့်ပြီး မီဒီယာကျင့်ဝတ်တွေကို ဖောက်ဖျက်နေတာ သိပ်ပြီးအန္တရာယ်များ တယ်။ ပြည်သူေ တွကို သတင်းမှားတွေမပေးပါနဲ့၊ ပြည်သူတွေရဲ့အမြင်သဘောထားတွေ လွဲမှားအောင်မလုပ်ကြပါနဲ့။ အဲဒီလိုသာဆက်လုပ်နေရင် ဒီမိုကရေစီ Back Gear ထိုးသွားပါလိမ့်မယ်။ 

အစိုးရသစ်တက်လာကတည်းက ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ခဲ့တယ်။ အခုအဖွဲ့ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရပြီ။ ကျန်နေတဲ့တစ်ဖွဲ့က ခင်ဗျားတို့အဖေ KIA ပဲ။ ခင်ဗျားတို့ သောင်းကျန်းသူဆိုတာဘာလဲသိအောင် အရင် ကြိုးစားပါဦး။ တိုက်ပွဲတွေပြန်ဖြစ်လာတာလဲ KIA က ဖန်တီးခဲ့တာပဲ။ KIA ဆိုတဲ့ စကားလုံး ၃ လုံးရဲ့ အဓိပ္ပါယ်ကို ခင်ဗျားတို့သိကြရဲ့လား။ Kachin Independence Army လို့ဆိုတယ်။ လွတ်မြောက်ရေး၊ လွတ်လပ်ရေးဆိုတာ သူတို့ အဖွဲ့နာမည်မှာပါနေတယ်။ ဒါဟာ ပြည်ထောင်စုထဲက ခွဲထွက်လိုရင်းပါပဲ။ ရှင်းပြီလား။ ဒါကြောင့် ခွဲထွက်ဖို့ လမ်းကြောင်းကိုပဲသွားနေတယ်၊ ဘယ်လိုဆွေးနွေး ဆွေးနွေး၊ ဘယ်လော က်ညှိနှိုင်း ညှိနှိုင်း သဘောတူညီမှု မရဘူး။ အခြားလက်နက်ကိုင် အဖွဲ့တွေ ဥပမာ KNU ဆိုရင် Karen National Union၊ SSA ဆိုရင် Shan State Army၊ လွတ်မြောက်ရေးလဲ မပါဘူး၊ လွတ်လပ်ရေး ဆိုတာလဲ မပါဘူး။ ဒါကြောင့် သူတို့တွေအပစ်ရပ်ပြီး နိုင်ငံရေး ဆက်ဆွေးနွေးနေ တယ်။ ပြည်နယ်တွေ အတွင်း လည်း  အေးချမ်းသွားတယ်။

မီဒီယာများအနေနဲ့ KIA ဘက်ကိုယိမ်းတဲ့ အရေးအသားမျိုး ဆောင်ရွက်နေခြင်းဟာ ခွဲထွက်ရေးကို ဦး တည်နေတဲ့အဖွဲ့ကို ထောက်ခံနေတာလို့ယူဆရပါမယ်။ ခင်ဗျားတို့ သမိုင်းတရားခံမဖြစ်ချင်ရင်ဆင်ခြင်ကြပါ။ ရာဇဝင် ထဲက မျက်မမြင်ပုဏ္ဏားတွေဟာ သူတို့မမြင်နိုင်တဲ့အရာမို့ ထင်ရာကိုသာမှန်းပြီးပြောခဲ့ကြတယ်။ မမြင်ဘဲပြောတော့ တလွဲတွေချည်းဖြစ်ခဲ့တယ်။ ရိုးသားစွာမှားယွင်းတာမို့ လက်သင့်ခံနိုင်ဖွယ်ရှိပေမယ့် ခင် ဗျားတို့က အမှန်အတိုင်း မြင်နိုင်ရက်နဲ့ ဆန့်ကျင်ဘက်ပြောနေတာဆိုတော့ မျက်မမြင်ပုဏ္ဏားတွေ ထက် ဆိုးတဲ့ ခေတ်သစ် မျက်မြင်လူညာများ လို့သာ သတ်မှတ်ရပါတော့မယ်။

မီဒီယာတွေကိုမေးချင်တာက ခင်ဗျားတို့ တကယ်မသိတာလား၊ ငွေမျက်နှာကြောင့် မသိချင်ယောင်ေ ဆာ င် နေကြတာလား၊ တိုင်းပြည်ပြိုကွဲအောင်လုပ်နေတာလား၊ ကျုပ်တို့က ကချင်ပြည်နယ်ထဲ မှာနေေ နတော့ မျက်စေ့ရှေ့တင် ဖြစ်နေတာတွေကို လုံးစေ့ပတ်စေ့မြင်နေပါတယ်။ အဝေးကနေ ခင်ဗျားတို့ကေ  ရး ချင် တာေ ရးနေတယ်။ အဖြစ်မှန်တွေနဲ့ လုံးဝဥဿုံလွဲချော်နေတယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသထဲကတည်ရှိ ပြီး အခြေခံ အဆောက်အဦးတွေကို ဖျက်ဆီးပြီး စစ်တိုက်နေတဲ့ KIA လို သူပုန်မျိုးကို ခင်ဗျားတို့မို့ အမွှမ်း တင်ရဲသေးတယ်။ KIA ဘယ်လောက်မိုက်တွင်းနက်သလဲ ရထားလမ်းပေါ်ဖောက်ခွဲဖျက်ဆီးမှုက အကြိမ် ငါးဆယ်ကျော်ခဲ့ပြီ၊ ကားလမ်းနဲ့ ကားလမ်းပေါ်က တံတားတွေကို ဖျက်ဆီးခဲ့တာက အကြိမ် ၁၀၀ ကျော်ခဲ့ပြီ၊ လျှပ်စစ်ဓါတ်အားတာဝါတိုင်တွေကို မိုင်းခွဲခဲ့တာတွေကတော့ ရေနိုင်မယ် မထင်တော့ဘူး။ 

ကမ္ဘာပေါ်မှာဖျက်ဆီးရေးအလုပ်နိုင်ဆုံး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဆိုပြီး KIA ကို ဂင်းနစ် မှတ်တမ်း စာအုပ်ထဲတောင် ထည့်ရမယ့်အဆင့်ရောက်နေပြီ။ လျှပ်စစ်မီးမလုံလောက်တော့ ခင်ဗျားတို့က အစိုးရကို လက်ညှိုးထိုးချင်တယ်။ လျှပ်စစ်မီးရအောင်လုပ်ထားတာကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ KIA ကိုကျတော့ မျက်ကွ ယ်ပြု ထားတယ်။ KIA ပေးတဲ့ငွေတွေက ခင်ဗျားတို့ပါးစပ်ကိုပိတ်လိုက်ပြီပေါ့လေ။ 

အခုနောက်ပိုင်းသတင်းတွေအရ Eleven Media Group နဲ့ The Voice Weekly ဂျာနယ်က လူတွေဟာ KIA နဲ့ဆက်သွယ်ပြီး ငွေကြေးရယူဆောင်ရွက်နေတယ်ဆိုတာတွေ တော်တော်များများ ကြားနေရပါတယ်။ The Voice Weekly က ကျော်မင်းဆွေရဲ့ KIA အတွက် သတင်းတစ်ပုဒ်ဟာ ယွမ် ၂၅၀၀၀ တန်တယ်ဆိုပဲ။ သဘောထားမမှန်တဲ့ KIA နဲ့ ယွမ်မျက်နှာသာကြည့်တဲ့ မီဒီယာသစ္စာဖောက်တို့ လက်ဝါးချင်း ရိုက်နေတာ ဟာ နိုင်ငံတော်သစ္စာဖောက်မှုကြီးဖြစ်တဲ့အတွက် ပြည်သူအားလုံးသိအောင် ဖော်ပြရခြင်းပဲဖြစ်ပါတယ်။

ပြည်သူအပေါင်းတို့ခင်ဗျား… မြန်မာပြည်မြေပုံထိပ်ပိုင်းကို ဖဲ့ထုတ်ချင်နေတဲ့ KIA နဲ့ ငွေမျက်နှာကိုသာ ကြည့် တဲ့ ပြည်တွင်းမီဒီညာသမားတွေကို အမျိုးသားသစ္စာဖောက်များအဖြစ် ယနေ့မှစပြီး စုပေါင်းချေမှုန်းကြပါစို့ ခင်ဗျား…

Kachin Daily News

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: