Pages

Sunday, January 6, 2013

KIA နှင့်ပတ်သက်၍ တပ်မတော်သားတစ်ဦး၏ ပေးစာ

သမ္မတကြီးဦးသိန်းစိန်ခင်ဗျား အမေမျက်နှာကိုပြန်ကြည့်ကြည့်ပါ အမေ့သားတွေအသက်  ပေးဆပ်ခဲ့ ရပါပြီ စစ်သည်တွေကြွေလွင့်ခဲ့ရပါပြီ… နောင်တော်တစ်ယောက်အနေနဲ့ ကျွန်တော်မေးလိုပါတယ် ကျဆုံး သွားတယ်ညီငယ်တွေ ခန္ဓာကိုယ်စွန့်ခဲ့ရတဲ့ ညီငယ်တွေ သူတို့မျက်နှာကိုတွေးကြည့်ပါ..။ ကျွန်တော်တို့ မိသားစုလိုဖြစ်နေတဲ့ စစ်သည်တွေကျခဲ့ပါတယ် သူတို့တွေ စွန့်လွတ်ခဲ့တာ ဘာမှန်းဘာမှဖြစ် မလာမှန်း သိခဲ့ရင်……။ သူတို့ဘယ်လိုနေမလဲ စဉ်းစား  ကြည့်ပါ။ ကျွန်တော်အကြံပြု လို တာ ကတော့ အပြီးသတ် တိုက်ပါ (သို့) ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အချက်မှာ လက်နက်လုံးဝ (လုံးဝ) စွန့်လွှတ်ရမယ်ဆိုတာ ထည့် ကိုထည့်ပါ

ကဲ.. ပြောစရာတွေတော့ ရှိလာပါပြီ ဒီနေ့ Eleven Short SMS New ကနေ့ KIAနဲ့ ငြိမ်းချမ်းရေးဆွေးနွေး မယ် လို့သိရပါတယ်… လာပြန်ပါပြီ…. ။
ပြီးခဲ့တဲ့ လပိုင်းလောက်က အပစ်ခတ်ရပ်ဆိုင်းမိန့်ထုတ်ထားပါတယ်….. KIAက စည်းမစောင့်ပဲ လုံခြုံရေး ကပြန်လာတဲ့တပ်ကို ခြုံခိုတိုက်တယ်..။ လူ ၆၀ ကျော်လောက် ကျတယ်။ ရထားလမ်း မိုင်းခွဲတယ်…။ အဲဒါတွေကြောင့်ဆက်တိုက်တယ်… အခု လိုင်ဇာကိုရတော့မယ် …။ ခုထပ်လုပ်လာပြန်တယ်…..။ သစ္စာ ကိုတစ်ခါမက နှစ်ခါဖောက်တယ်……။ ၁၉၉၀ လောက်တုန်းက တစ်ခါငြိမ်းချမ်းရေးယူ ပါတယ်..။ေ နာ က်ပိုင်းမှာ အေးအေးဆေးဆေးပဲ သူတို့ပြော ပြောနေတဲ့ စစ်အစိုးရလက်ထက် တုန်းကပေါ့ဗျာ… အဲဒီ တုန်းက ဘာသံမှမထွက်ဘူး…။ ငြိမ်နေတယ်..။ ငြိမ်မှာပေါ့ တစ်နိုင်ငံလုံးရဲ့ အာဏာက စစ်တပ် လက် ထဲမှာရှိနေတယ်.. တိုက်ချင်ရင်တိုက်လိုက်ရုံပဲ ဘာမှတွေးစရာမလိုဘူး…ကြည့်စရာမလိုဘူး..။ 
အဲတုန်းကတော့ ငြိမ်နေတယ်…။ အကောင်းငြိမ်နေ တာမဟုတ်ဘူး ခိုးပြီးအင်းအားစုေ နတာ နောက် နှစ် (၂၀)ကျော်ကြာလာခဲ့တယ်.. အရှေ့မြောက် ဗကပ ကုန်ပြီ KNUလဲ ဓားပြအဆင့်လောက်ပဲ ကျန်တဲ့ အချိ န်မှာ တပ်မတော်က တိုက်ပွဲကြီးတွေနဲ့ ကင်းကွာလာတယ်…။ ဒီကောင်တွေကတော့ အခိုင်အမာ ဖြစ် သ ထက်ဖြစ်အောင်လုပ်နေတယ်…။ နောက်မြစ် ဆုံ ကိစ္စပြီးတဲ့အချိန်မှာ တိတိပပ ကိုစပုန်ကန်တယ်..။ အား လုံးလဲသထိထားမိမှာပါ သူတို့ကိုင်တဲ့ လက်နက်တွေကအစ စစ်ဝတ်စုံပုံစံတွေအဆုံး ဘယ်နိုင် ငံလုပ်လဲ ဆိုတာကို…။ အဲဒီမှာ တပ်မတော်နဲ့ထိတွေမှုတွေဖြစ်တယ်။ ရှေးယခင်က အဆိပ်မရှိတဲ့ KIAလိုကောင်ေ လာက်တော့ ရပါတယ်ဆိုတဲ့ စိတ်နဲ့ပေါ့ ပေါ့တွေးလိုက်တယ် … ။ လူ ကြီးတွေသတိမေ့သွားတာက KIAက သူတို့ခောတ်တုန်းက KIA ထပ်သာလာသလို မိမိတို့တပ်တွေကလည်း ယခင်ကထက် တိုက်စွမ်းရည် ကြနေပြီဆိုတာကို မေ့သွားတယ်…. ။ အဲဒီအချိန်မှာ အစပိုင်းမှာ အထိအခိုက်တွေများခဲ့တယ်…။ အဲတုန်းက သိတဲ့သူတွေသိကြမှာပါ..မသိ ရင် အမေရိကန်ပါ တက်သိမ်းတော့မလို့လေ လုံးထွားခဲ့တာတွေကို…။ 
အဲဒီအထိအခိုက်တွေက ရဲဘော်ရဲဘက်ကို အသက်လောက်ချစ်တဲ့ စစ်သည်တွေရဲ့ ဒေါသကိုေ ဖာက်ခွဲပြီး သတ္တိတွေ စိတ်ဓာတ်တွေ မာကျောလာအောင် လုပ်ခဲ့သလိုဖြစ်တယ်ဆိုတာ ဒီကောင်တွေကြိုသိခဲ့ရင် အဲ လိုတောင်မနေပါဘူး။ အဲ ဒီမှာ ကျွန်တော်သိရသလောက် တပ်မ(၈၈)က တိုက်ခွင့်တောင်းပြီး စစ်ဆင်ရေး ချက်ခြင်းပြန်ထွက်လာခဲ့တယ်လို့ ကြားပါတယ်…။ အဲမှာတင် မိမိတို့သေ ဖော်ရှင်ဖက်တွေ ကျဆုံးခဲ့ရမှုကို ဘယ်လောက် ခံပြင်းနေလဲဆိုတာကို မြင်နိုင်ပါတယ်..။ တပ်ဦးဘီလူးတွေကို ရင်ဆိုင်ရရခြင်းမှာ ဒီကောင်ေ တွလှည့်ကွက် သုံးခဲ့ပါတယ်.. အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ ငြိမ်းချမ်းရေးပဲ.. သမ္မတက ထိုးစစ်ရပ်လို့ အ မိန့်ပေးတဲ့အချိန်မှာ တစ်သွေးတစ်သံတစ်မိန့် အောက်ကစစ် သားတွေက ရပ်ခဲ့ပါတယ်..။ ဒါကိုအခွင့်ေ ကာင်း ယူပြီး ခြုံခိုတယ် ရထားလမ်းမိုင်းခွဲတယ် ရဲစခန်းကို ၀င်စီးတယ်စတဲ့ အဖျက်အမှောင့် လုပ်င န်းတွေ လုပ်ပါ တယ်..။ 
နောက်ဆုံးထိုးစစ်ပြန်ဆင်တော့ အမြောက်နဲ့ ခြေလျင် ပစ်အားနဲ့စစ်ကစားမှု ဒဏ်တွေမခံနိုင်တော့ဘူး..။ ဒီကောင်တွေ တံတားတွေမိုင်းခွဲပြီးတော့ ဖြတ်တောက်ရေးလုပ်လဲ လေကြောင်းကထောက်ပံ့တယ်…။ အမောင်းသင်လေယာဉ် K-8တွေက လေ့ကျင့်ရင်းတိုက် တိုက်ရင်းလေ့ကျင့်ဆိုသလို ကူပစ် တော့ေ သွးပျက်ကုန်တယ်.. ဂျက်တိုက်လေယာဉ်တွေသုံးပါတယ်ဆိုပြီးအော်တယ်..

ARTICLE XXIV
( 1 ) Aerial bombardment is legitimate only when directed at a military objective, that is to say, an object of which the destruction or injury would constitute a distinct military advantage to the belligerent.

( 2 ) Such bombardment is legitimate only when directed exclusively at the following objectives: military forces; military works; military establishments or depots; factories constituting important and well-known centres engaged in the manufacture of arms, ammunition, or distinctively military supplies; lines of communication or transportation used for military purposes.

လေကြောင်း ဥပဒေမှာပါပြီးသားပဲ တရားဝင်ပါတယ်…။အဲဒီတော့ ဓာတုလက်နက်တွေသုံးပါ တယ်ဆိုပြီးေ အ်ာတယ်.. အဲဒီမှာပြောစရာရှိလာတာက မီဒီ ယာတွေ ပြောတော့လွတ်လပ်ခွင့် လုပ်တော့ စစ်တပ် ခံ ရပြီးရော သူတို့ကိုယ်တိုင်ကဘက်လိုက်တယ် မီဒီယာဆိုတာ အမှန်ကို အမှန်အတိုင်းရေးရမယ် စစ် တ ပ်ဘက်ကခံရတော့ ဘာသံမှမထွက်ဘူး..။ မိုင်းခွဲတော့ ဘာသံမှမထွက်ဘူး။ အမြောက်နဲ့ပစ်တာ ကိုကြေ အ်ာကြတယ် ဒါလား စာနယ်ဇင်း ဒါလား စာပေလွတ်လပ်ခွင့်..။ ကျွန်တော် တို့ တွေရဲ့ ညီနောင်တွေ တိုက် ပွဲ ကျတဲ့သတင်းတွေကို အခြင်းခြင်း ဖေ့ဘွတ်မှာ ဂျီတော့မှာ ဖုန်းမှာပြောမှ သိကြတယ် သိတိုင်းလဲ ရင်ထဲ မှာ ကြိတ်ငိုခဲ့ရတယ်..။ အဲဒီကျဆုံးသွားတဲ့ အရာရှိစစ်သည်တွေကို သူရဲကောင်းအဖြစ် အသိအမှတ်ပြုဖို့ နေေ နသာသာ ၀မ်းနည်းပါ တယ်ဆိုတဲ့စကား ဘယ်ဂျာနယ် မှာမှမတွေ့ခဲ့ဘူး..။ 
ဂွမ်မော်ဆေးရုံတက်တာကိုတောင် သတင်းထုတ်ပြန်နိုင်တဲ့ မီဒီယာက ကိုယ်ဘက်သားတွေအ တွက် ဘာလို့ မတင်ပေးနိုင်ကြတာလဲ..။ ဘာလုပ်ပေးနိုင်ခဲ့သလဲ… အလကားမီဒီယာတွေ….။ ထားတော့ အဲဒါေ တွနောက်မှဆွေးနွေးမယ်ဗျာ..လောလော ဆယ် KIA ကိစ္စကို ဆက်ပြောမယ်။ ခုလဂျားယန် ကျေ တာ့ ပြ ည်သူတွေကို လိုင်ဇာပတ်ဝန်းကျင်မှာ တံတိုင်းသဘောမျိုးကာတယ် စည်းကမ်းကရှိပြီးသား အကယ် ၍ သိမ်း ပိုက်ရမယ့်နေရာက အရမ်းအရေးပါနေတယ် အဓိကနေရာဖြစ်မယ်ဆိုရင် လူသားတံတိုင်းရှိလဲ တိုက် လို့ရတယ်..။ 
ဒါပေမယ့် စစ်တပ်က မတိုက်ခဲ့ဘူး… ရပ်တယ်…။ ရပ်တော့ဒီကောင်တွေက ကြောက်သယောင် ဘာသေ ယာင်အော်တယ်…။ ပြီးတော့မှာငြိမ်းချမ်းရေးဆိုတာလာတယ်…..။ အကိုတို့အမတို့ ညီတို့ညီမ တို့ စဉ်း စား ကြည့်ကြပါ…။ ဒီကောင်တွေကို နောက်တစ်ခေါက် အခွင့်အရေးပေး သင့်ပါသလား..။ နောက် တစ်ခေါက် ဆိုတာ ဖြစ်လာခဲ့ရင် တိုက်ပွဲကြောင့်မဟုတ်ပဲ မိန်းမကျင့်မိန်းမကြံကြောင့် ကျဆုံးခဲ့ရတဲ့ အရာရှိ/စစ် သည်ေ တွ ရဲ့ မျက်နှာဘယ်လိုထောက်မလဲ သူပြီးရင်နောက် အဖွဲ့တွေက အဲလိုတွေလိုက်လုပ်ရင်ကော တို က်လိုက် မနိုင်ရင် ငြိမ်းချမ်းရေးယူလိုက် အင်အားစုလိုက် ကောင်းရင်ပြန်တိုင်လိုက်လုပ်နေကြရင် ဘယ်လို
လုပ်မလဲ…။ 
တိုက်ရတာ စစ်သားအတွက်မဆန်းပေမယ့် ကျသွားတဲ့အခါ ကျန်ခဲ့တဲ့မိသားစုတွေအတွက်….. ဘယ် လိုကြည့်ကြမလဲ..။.. ရှေ့က တစ်ကြိမ်မှားခဲ့ ပါပြီ မတော်တဆလို့လက်ခံလို့ရပါတယ် ဒုတိယ တစ်ကြိမ် လည်းမှားခဲ့ပါတယ် ရန်သူလုပ်ကြံမှုကြောင့်လို့ ပြောလို့ရပါသေးတယ်တတိယ  အကြိမ်တော့ မမှားပါ နဲ့တော့ မိမိတို့ညံ့လို့ဖြစ်သွားပါလိမ့်မယ်.. ။ ကျွန်တော်တွေးမိတာကတော့ အပြီးသတ်တိုက်ရင်တိုက် မ ဟုတ် ရင် ငြိမ်းချမ်းရေးဆွေး  နွေးမယ့် အချက်မှာ လက်နက်လုံးဝ (လုံးဝ) စွန့်လွှတ်ရမယ်ဆိုတာ ထ ည့် ကိုထည့်ပါ။ ဒါဆိုရင်တော့ ဒီလိုအမှားတွေ ဖြစ်လာတော့မှာမဟုတ်ပါဘူး ....
Pyae Sone Hlaing

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

KIA နှင့်ပတ်သက်၍ တပ်မတော်သားတစ်ဦး၏ ပေးစာ

Labels:

0 comments: