Pages

Friday, January 18, 2013

ဒေါက်တာဆိပ်ဖွား၏နောက်ကွယ်

ယနေ့ နိုင်ငံတော်သည် အာဏာကြီးသုံးရပ်ကို အာဏာရှင်များမှ တစ်သွေးတစ်သံတမိန့် စနစ်နဲ့ စီမံခန့်ခွဲခဲ့သည့် ကာလတွေကို ကျော်လွန်ကာ လွှတ်တတော်အသီးသီးမှ ခွဲဝေကျင့်သုံးသည့် စနစ်ကို ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်မှ ပေါ်ပေါက်ခဲ့သည့် လွှတ်တော်အရပ်ရပ်မှ စီမံဆောင်ရွက်နေသည်မှာ ၂ နှစ်တာကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်ပေသည်

လွန်လေပြီးသောကာလတွေမှ တိုင်းပြည်၏ဒဏ်ရာဒဏ်ချက်တွေကို လက်ရှိ သမ္မတ အစိုးရ နှင့် လွှတ်ေ တာ် တို့မှ ကုစားနေသည့်ကာလ မှာလဲ စိမ်ခေါ်မှု သွေးတိုးစမ်းမှု တွေနဲ့ ပြည့်နှက်နေသည့် အချိန် တွင် တ ည်ရှိနေလေသည်

ယနေ့တိုင်းပြည်အရေး ဆောင်ရွက်နေကြသည့် သမ္မတ အစိုးရနှင့် လွှတ်တော်တို့သည်လဲ အတိုင်အဖေါက် မညီခြင်း ကိစ္စအသီးသီးတွေကိုလဲ သတိထားမိလေသည်

အငြင်းပွားစရာတွေ ပြည့်နှက်နေသည့် ၂၀၀၈ အခြေခံဥပဒေ သည်လည်း တိုင်းပြည်ရေးရာအဖြာဖြာ အ တွက် စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ state holder တွေနဲ့ လွှတ်တော်သည် အဓီကကျတဲ့ ကဏ္ဍ မှထည့်သွင်းစဉ်းစား နေရသည်

ဒေါက်တာဆိပ်ဖွား ကိစ္စသည် လွှတ်တော်နှင့် အခြေခံဥပဒေခုံရုံးတို့ အငြင်းပွားမှုမှ စတင်မြစ်ဖျားခံနေ သည် ကိုလည်း သတိထားမိသည်

ဒီကိစ္စတွေကို အကျယ်တဝန့် ဆန်းစစ်ဖို့ လိုလာပြီလဲဖြစ်နေပြီ

၂၀၁၀ ရွေးကောက်ပွဲကိုဝင်ကြတဲ့ ပါတီတွေအထဲမှာ ပြည်ခိုင်ဖြိုးပါတီမှတပါး အခြားသောပါတီတွေရဲ့ ရည် ရွယ် ချက်အသီးသီးသည် ၂၀၀၈ ကို ပြင်ဖို့ ရည်ရွယ်ခဲ့ကြသည် ၂၀၁၂ ကြားဖြတ်ကိုဝင်ခဲ့သည့် NLD သည် လဲ ရွေးကောက်ပွဲ ကြွေးကြော်သံအဖြစ် ကြွေးကြော်ခဲ့သည်ကိုလဲ အားလုံးအမှတ်ရမည်ထင်ပါသည်

လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ်ထွေးမှု တွေနဲ့ ပြည့်နှက်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် ထင်သလောက် ရိုးရှင်းသည့် လုပ်ငန်းစဉ်မဟုတ်သည်ကိုလည်း အားလုံးလက်ခံထားပြီးဖြစ်နေသည်

လွှတ်တော်အတွင်းရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး လုပ် စဉ် ကို တိုက်ရိုက် ကျော်ဖြတ်မည့်အစား အခြေခံဥပဒေထဲမှာပါတဲ့ ဥပဒေတစ်ခုကို ခြေဖျက်မိစေမည့် အခြားေ သာပုဒ်မတွေကို ရှာဖွေမိကြလေပြီ အဲဒီရှာဖွေမိတဲ့ ပုဒ်မတွေမှနေ ထွက်ပေါက်အဖြစ် ရှာ ကြံ နေကြလေပြီ ဒီဟာကလဲ ၁၉၉၃ မှာ စတင် ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေရဲ့ အားနည်းချက် ဖြစ်ေ နလေ သည်

အစိုးရသစ်ရဲ့ ၂နှစ်တာကာ လကို ကြည့်မယ်ဆိုရင် နိုင်ငံတကာက အကောင်းမြင်မှုတွေ တွန်းအားပေး မှုေ တွ စောင့်ကြည့်မှုတွေ ထောက်ခံမှုတွေ ပြည့်နှက်နေပြီး အံ့သြဖွယ် ဆုံးဖြတ်ချက်တွေကိုလဲ သမ္မတ အစိုးရ လွှ တ်ေ တာ် တို့က စွမ်းဆောင်ပြခဲ့ပြီးလည်းဖြစ်နေသည်

၂၀၁၂ နှောင်းပိုင်းနှင့် ၂၀၁၃ နှစ်ဦးပိုင်းကာတွေမှာ သမ္မတ အစိုးရ လွှတ်တော်တို့ ၏ ဟန်ချက်မညီ မှုေ တွ လဲ ပေါ်လာခဲ့ပါပြီ ပြည်သူတွေရဲ့ လိုလားတောင့်တချက်တွေကို အခြေခံပြီး ဖြစ်ပေါ်လာသည့် ဟန်ချက် မ ညီ ပင်ဖြစ်လေသည်

ပြည်သူတွေရဲ့ လိုလားတောင့်တချက်လို့ ဆိုရခြင်းကို ဥပမာအနေဖြင့် ဆဌမအ ကြိမ် ပြ ည်ေ ထာင် စု လွှ တ်ေ တ်ာမှာဆွေးနွေးကြတဲ့ အမျိုးသား စီမံကိန်း ကာလတို ၅ နှစ်ကိစ္စ က ပေါ်လွင်နေ သည်ကို သတိ ထား မိသည်

ဒီစီမံကိန်းကိစ္စဆွေးနွေးကြရာမှာ အစိုးရရဲ့ လုပ်ရပ်တွေနဲ့ပါတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးေ ဆွးနွေး ရာမှာ ပြည်ခိုင်ဖြိုးမှ အမတ်အများဆုံးဆွေးနွေးခဲ့ပြီး တိုင်းရင်းသားကိုယ်စားလှယ် တွေ ဒီမိုက ရက် ပါတီတွေက လဲဆွေးနွေးခဲ့ကြပါတယ်

အဲဒီလိုဆွေးနွေးကြတဲ့အထဲမှာ အစိုးရအဖွဲ့မှ တင်သွင်းလာတဲ့ ဥပဒေကြမ်း ရဲ့ အပုဒ်တစ်ပုဒ်ချင်း ဆီေ တွ ကို ထောက်ခံမှုတွေမပြုကြဘဲ ကန့်ကွက်မှု ဖြည့်စွပ်မှု အစားထိုးမှု အသစ်ထည့်သွင်းစေမှု တွေကို အား  မ နာ တ မ်းဝေဖန်ဆွေးနွေးပြီး အစိုးရရဲ့ ကတိကဝတ်မတည်မှု ပြောတဲ့အတိုင်းမလုပ်မှု အထက်အောက် စီး ဆင်း မှု မူမမှန်မှု တွေကိုလဲ ဆွေးနွေးခဲ့ကြတာ အလွန်ကို အသက်ဝင်ခဲ့ပါတယ် မွန်တိုင်းရင်းသားဆွေးနွေးချက်မှာဆိုရင် ပြည်သူသည်သာ အမိ ပြည်သူသည်သာအဖ ဆိုတဲ့ ဆောင်ပုဒ်ထည့်သွင်းဖို့ စစ်တပ်က လွှတ်တော်မှာလဲ ဘဂျက်တောင်းတယ် အပြင်မှာလဲ လယ်သမားတွေဆီက လယ်ယာမြေတွေသိမ်းပြီး စီးပွားရှာနေတယ် အဲဒီငွေတွေ ဘယ်ရောက်ကုန်ပြီလဲ ဆိုတဲ့ အထိ ဆွေးနွေးခဲ့ကြပါတယ်

ပညာရေးကဏ္ဍမှာ ဆရာ ကျောင်းသား အချိုးမညီမှု ကျမ်းမာရေးကဏ္ဍမှာ ဆရာဝန်နဲ့ လူနာ အချိုးမညီမှု သစ်တောကဏ္ဍ နဲ့မွေးမြူရေးကဏ္ဍမှာ အစိုးရကိန်းဂဏန်းတွေ လွဲမှားနေမှု စတဲ့ အချက်တွေကို အကျယ်တဝံ့ ဆွေးနွေးခဲ့ကြတာကိုလဲ လေ့လာမိပါတယ်

ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးပြန်တော့ အဲဒီဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက အားနည်းချက်တွေကို ဝေဖန်ပေးတဲ့ ထောက်ပြပေးတဲ့ ကိုယ်စားလှယ်တွေ ကို ကျေးဇူး ဥပကာ ရတင် ရှိပါကြောင်းနဲ့ အချိန်ယူပြီး ကိုယ်စားလှယ်များရဲ့ ဆွေးနွေးအကြံပြု ချက်တွေကို ထည့်သွ င်းပြိး ပြ ည်ေ ထာင် စုလွှတ်တော်ကို ပြန်လည်တင်ပြပေးသွားပါမည်ဆိုတဲ့ အကြောင်းကို နောက်ဆုံးနေ့ မှာပြော ကြား သွား တာလည်း သတိထားမိလိုက်ပါတယ်

နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်တွေနဲ့ ပြန်လည်ပေးပို့လာတဲ့ ဥပဒေတွေကို လဲ ပြည်ေ ထာင်စု လွှတ်တော်မှာ ကြားနာပြီး ဆုံးဖြတ်ခဲ့ကြတာကိုလဲ တွေ့မြင်မိပါတယ် နိုင်ငံတကာမှာလဲ ဒီလိုစနစ်ေ တွ နဲ့ ဆောင်ရွက်နေတာကိုလည်း သတိထားမိမှာပါ ဥပမာအနေနဲ့ US သမ္မတ ရဲ့ သဘောထားတွေကို လွှ တ်ေ တ်ာမှာ ကြားနာပြီး အတည်ပြုခြင်း ပယ်ဖျက်ခြင်းတွေ ဆောင်ရွက်နေပါတယ်

ဒါကြောင့်လွှတ်တော်သည် ပြည်သူ့အသံစုံလင်သည့် နေရာဖြစ်သည်နှုင့်အညီ လွှတ်တော်ရဲ့ အခန်း ကဏ္ဍသည်လဲ အရေးကြီးပါတယ် ကျွန်တော်တို့နိုင်ငံမှာ လွှတ်တော်မရှိခဲ့တဲ့ ကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အနိဌာရုံအများအပြားကို လဲသတိရကြမယ်ထင်ပါတယ်

ယနေ့ကာလသည် ပြုပြင်ရန်ခက်ခဲတဲ့ ၂၀၀၈ အခြေခံဥပဒေကို ရတဲ့ဘောင်အတွင်းကနေ ချဲ့ယူနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုလဲ အခြေအနေအမျိုးမျိုး ရှုဒေါင့်အမျိုးမျိုး အင်အားစုအမျိုးမျိုး ကနေ ပြစ်တင်ဝေဖန်မှုတွေလဲ ရှိလာပါတယ်

ဒီမိုကရေစီစနစ် ထူထောင်နေတဲ့ကာလမှာ ဒီလို ဝေဖန်မှုတွေက သီးခံနိုင်စရာ နားလည်ပေးနိုင်စ ရာတွေ ရှိနေပေမဲ့ ကာလကို စမ်းစစ်ဖို့လိုလာပါတယ် ဒီကာလအတွင်းမှာ လွှတ်တော်နဲ့ သမ္မတ အစိုးရ စီးချင် ထိုး နေကြသည်ကို သတိပြုမိဖို့ အလွန်ကို အရေးကြီးပါတယ်

စီးချင်းထိုးနေသည်ဆို့တဲ့စကားရပ်ဟာ ၂၀၀၈ ရဲ့ အားနည်းချက်တွေအပေါ်မှာအခြေခံသွားတာဖြစ်ပါ တယ် နောက်တစ်ချက်ကအစိုးရ ဟာ ပေးခဲ့တဲ့ကတိတွေ ပြောကြားတဲ့ စကားတွေဟာ လက်တွေ့မှာ ကွာဟချက်တွေပြည့်နှက်နေတာကိုလဲ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေကိုယ်တိုင်က ထောက်ပြထားပါတယ်

ဒေါက်တာဆိပ်ဖွားရဲ့ ဆောင်းပါးမှာ ပါတဲ့ "လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်ေ တ်ာတွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတဲ့ အချက်သည် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်မှုကို မှေးမှိန်စေရုံ မဟုတ်ဘဲ စီးခြင်းထိုးနေတဲ့ အခြားဘက်တွေကို အားဆေးေ ကြွးရာေ ရာက်နေ တယ်လို့ ကိုယ်စားလှယ်တွေက မှတ်ယူပြီး စုံစမ်းစစ်ဆေးပြီး အရေးယူဖို့အထိ ပြုလာတယ်လို့ ဘဲေ ကာက်ချက်ချမိပါတယ်

ဒီနေရာမှာလဲ FB ပရိတ်သတ်တွေအနေနဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ခံပြင်း စိတ်နဲ့ တုံ့ပြန် မှုတွေ ရှိလာတာကိုလဲ သိရပါတယ် ဒီလိုခံပြင်းစိတ်တွေထွက်ပေါ်လာတာလဲ သဘာဝကျပါတယ် ကျလဲကျသင့် ပါတယ်

လွှတ်တော်ရေးရာကော်မတီအနေနဲ့ ဒေါက်တာဆိပ်ဖွားကိစ္စကို လေ့လာပြိး ဆုံးဖြတ်တဲ့ အခါမှာ ခံပြင်းသူ တို့ရဲ့ သဘောထားမှတ်ချက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်

အခုကိစ္စသည် ဒေါက်တာဆိပ်ဖွားဖြစ်ခြင်း အခြားသူဖြစ်ခြင်း က အဓိကမဟုတ်ဘဲ လတ်တလောဖြစ်ေ ပ်ါနေ တဲ့ နိုင်ငံ အခြေအနေနဲ့ ချိန်ညှို စဉ်းစားကြည့်မိပြီး သုံးသပ်တင်ပြခြင်းသာဖြစ်ပါတယ် .........

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: