စစ်တတ္ကသိုလ်တည်ထောင်ရန် စိတ်ကူးနှင့် ဆွေးနွေးမှု
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း ရဲဘော်သုံးကျိပ် အဖွဲ့သည် ၁၉၄၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့ထိ ဟိုင်နန်ကျွန်း စန်ယ တောင်သူလယ်သမား သင်တန်းကျောင်း (The Sanya Peasants Training Center In Hainan)တွင် စစ်ပညာများကို သင်ကြားခဲ့ကြသည်။ စစ်ပ ညာ ကို လေ့ကျင့်သင်ကြား နေစဉ်အတွင်း ဂျပန်နိုင်ငံတွင် ရှိသော စစ်တက္ကသိုလ်များ၏ အခြေအနေကို တစ်စေ့တစ်စောင်း လေ့လာ အကဲခတ် ခဲ့ကြသည်။ ဂျပန်နိုင်ငံတွင် ကြည်း ရေ လေ စစ်တက္ကသိုလ်များ သီးခြား တည်ထောင် လေ့ကျင့်ပေးနေသောကြောင့် ဂျပန် တပ်မတော်အတွင်း လက်ရုံးတပ်ဖွဲ့ တစ်ခုနှင့် တစ်ခု မနာလို ဝန်တိုစိတ်များ ထားရှိမှု၊ ဂုဏ်တု ဂုဏ်ပြိုင်စိတ်များ ကိန်းအောင်းမှုတို့ကို လေ့လာ သုံးသပ် မိသည်။ ထိုဖြစ်ရပ်ကို သင်ခန်းစာယ၍ နောင်အနာဂတ် မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်မည့် အ ရာရှိများသည် စည်းလုံးညီညွတ်မှု ရှိစေရန် အတွက် ကြည်း ရေ လေ လက်ရုံးတပ် အရာရှိများကို စစ်ကျောင်း တစ်ကျောင်းတည်း ထားရှိ လေ့ကျင့်ပေးလျှင် ပို၍ အဆင်ပြေမည်ဟု ဆွေးနွေးတိုင်ပင် မိကြ သည်။ စစ်တက္ကသိုလ် ဖွင့်လှစ်တည်ထောင်ရန် စိတ်ကူးမှုသည် မြန်မာတပ်မတော်၏ အစဖြစ်သော ဗမာ့ လွတ်လပ်ရေး တပ်မတော် (Burma Independence Army) မဖွဲ့စည်းမီကပင် သန္ဓေတည်ခဲ့သည်ဟု ဆို နိုင်ပါသည်။
စစ်တက္ကသိုလ် ဖွင့်လှစ်ရန် ပြင်ဆင်မှု
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်တွင် ရဲဘော်သုံးကျိပ် ဘဝနှင့် စစ်ရေး လေ့ကျင့်စဉ်က ကြံစည် စိတ်ကူး ခဲ့သော စစ်တက္ကသိုလ်ကို အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ကြသည်။ စစ်ရုံးချုပ် က လေ့လာရေး မစ်ရှင် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းပြီး အိန္ဒိယ ပါကစ္စတန် ဗြိတိသျှ ယူဂိုစလားဗီးယား အမေရိ ကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများသို့စေလွှတ်၍ စစ်ကျောင်းကြီးများ ဖွင့်လှစ်နိုင်ရေး လေ့လာစေ ခဲ့ သည်။ လေ့လာရေးအဖွဲ့များ ပြန်လည် ရောက်ရှိလာသောအခါ စစ်ကျောင်းများ ဖွဲ့စည်းတည်ထောင်ရေး ဆပ်ကော်မတီ ကို စစ်ဦးစီးဌာနက ဖွဲ့စည်းပေးခဲ့သည်။ ထိုကော်မတီက လေ့လာရေး အဖွဲ့များ၏ အစီရင် ခံ စာများ အကြံပြုတင်ပြချက်များ မှတ်တမ်းများကို အခြေခံပြီး မြန်မာ့ တပ်မတော်အတွက် လေ့ကျင့်ရေး ဆိုင် ရာ မူဝါဒများ ရေးဆွဲခဲ့ပါသည်။
၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဗမာ့တပ်မတော်အတွက် စစ်ကျောင်းကြီးများ ဖွဲ့စည်း နိုင်ေ ရးေ ဆွးနွေးမှုကို စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။ သဘာပတိ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီး၊ အတွင်းရေး မှူး ဗိုလ်မှူးထွန်းအုံ ဖြစ်ပြီး ဗိုလ်မှူးကြီး မောင်မောင်၊ ဒုတိယ ဗိုလ်မှူးကြီး သောင်းကြည်၊ ဒုတိယ ဗိုလ်မှူး ကြီး ကျော်ဦး၊ ဒုတိယ ဗိုလ်မှူးကြီး သန်းစိန်၊ ဒုတိယ ဗိုလ်မှူးကြီး ဘသန်းနှင့် ဗိုလ်ကြီး မောင်မောင်လေးတို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် စစ်တက္ကသိုလ် ဖွဲ့စည်းတည်ထောင်ရေး အတွက် ဆွေးနွေး ရာတွင် တပ်မတော်စစ်တက္ကသိုလ် ကို တပ်မတော် ဗိုလ်သင်တန်းကျောင်းအား အခြေပြု၍ ၁၉၅၃ ခုနှစ် အတွင်း ဖွင့်လှစ်ရန် စစ်တက္ကသိုလ် ဝင်ခွင့် အရည်အချင်း သင်တန်းကာလ သင်ကြားပေးမည့် စာပေပညာ အဆင့်အတန်းများကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ စစ်ကျောင်းကြီးများ ဖွဲ့စည်းရေး စီမံကိန်း တစ် ရပ် ရေးဆွဲ တင်ပြရန် အမှတ်(၁) ခြေလျင်တပ်မဟာ တပ်ပေါင်းစု တပ်မင်း ဗိုလ်မှူးကြီး မောင်မောင် ဦးဆောင်သော လေ့လာရေး အဖွဲ့ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။
၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဗမာ့တပ်မတော်အတွက် စစ်ကျောင်းကြီးများ ဖွဲ့စည်း နိုင်ေ ရးေ ဆွးနွေးမှုကို စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။ သဘာပတိ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီး၊ အတွင်းရေး မှူး ဗိုလ်မှူးထွန်းအုံ ဖြစ်ပြီး ဗိုလ်မှူးကြီး မောင်မောင်၊ ဒုတိယ ဗိုလ်မှူးကြီး သောင်းကြည်၊ ဒုတိယ ဗိုလ်မှူး ကြီး ကျော်ဦး၊ ဒုတိယ ဗိုလ်မှူးကြီး သန်းစိန်၊ ဒုတိယ ဗိုလ်မှူးကြီး ဘသန်းနှင့် ဗိုလ်ကြီး မောင်မောင်လေးတို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် စစ်တက္ကသိုလ် ဖွဲ့စည်းတည်ထောင်ရေး အတွက် ဆွေးနွေး ရာတွင် တပ်မတော်စစ်တက္ကသိုလ် ကို တပ်မတော် ဗိုလ်သင်တန်းကျောင်းအား အခြေပြု၍ ၁၉၅၃ ခုနှစ် အတွင်း ဖွင့်လှစ်ရန် စစ်တက္ကသိုလ် ဝင်ခွင့် အရည်အချင်း သင်တန်းကာလ သင်ကြားပေးမည့် စာပေပညာ အဆင့်အတန်းများကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ စစ်ကျောင်းကြီးများ ဖွဲ့စည်းရေး စီမံကိန်း တစ် ရပ် ရေးဆွဲ တင်ပြရန် အမှတ်(၁) ခြေလျင်တပ်မဟာ တပ်ပေါင်းစု တပ်မင်း ဗိုလ်မှူးကြီး မောင်မောင် ဦးဆောင်သော လေ့လာရေး အဖွဲ့ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။
ဗိုလ်မှူးကြီး မောင်မောင် ဦးစီးသော လေ့လာရေး အဖွဲ့သည် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ရုံးအရာရှိရိပ်သာ အသစ်တွင် အစည်းအဝေး ကျင်းပခဲ့သည်။ စစ်တက္ကသိုလ်ကို ပြင်ဦးလွင်မြို့ မြန်မာ့ တပ်မတော် ဗိုလ်သင်တန်းကျောင်းကို အခြေပြု၍ အနီးစခန်း လေယာဉ်ကွင်းအနီးတွင် ဖွင့်လှစ်ရန် ကြည်းရေလေ အမြဲတမ်း ပြန်တမ်းဝင် အရာရှိများ ဖြစ်လာမည့် ဗိုလ်လောင်းများကို ခေါင်းဆောင်မှု ကွပ်ကဲ မှု အခြေခံများ ပညာအရည်အချင်းများ ပြည့်စုံအောင် လေ့ကျင့်ပေးရန် ဝိဇ္ဇာ သိပ္ပံနှင့် ညီမျှသော တက္က သိုလ် ပညာကို စစ်တက္ကသိုလ် တွင် ၄ နှစ် သင်ကြားပေးရန် ဝိဇ္ဇာ သိပ္ပံ ပညာရပ်များအပြင် လူမှုရေးသိပ္ပံ နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ဘာသာစကား စစ်သမိုင်းဘာသာရပ်နှင့် အခြေခံ စစ်သင်တန်းများကိုပါ ထည့် သွင်း သင်ကြားပေးရန် တပ်မတော်(လေ၊ရေ) အတွက် ဒုတိယနှစ် အပြီးတွင် မြန်မာနိုင်ငံ သို့မဟုတ် ဗြိ တိန်နိုင်ငံတွင် သက်ဆိုင်ရာ ဘာသာရပ်များ လေ့လာဆည်းပူးနိုင်ရေး စေလွှတ်ပေးရန် စစ်တက္ကသိုလ် သင် တန်းဌာနတွင် ဗိုလ်လောင်းအင်အား ၄၀၀ ခန့် ဗိုလ်သင်တန်းဌာနတွင် ဗိုလ်လောင်း ၃၀၀ ခန့် လေ့ကျင့် သင်ကြားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
စစ်တက္ကသိုလ် အကောင်အထည်ဖော်ရေး အဖွဲ့
စစ်တက္ကသိုလ် ဖွဲ့စည်း တည်ထောင်ရေးအတွက် ပဏာမ ဆွေးနွေးပြီး စစ်သေနာပတိချုပ် ကိုယ်တိုင် ဦး စီးသော စစ်တက္ကသိုလ် အကောင်အထည် ဖော်ရေးအဖွဲ့ကို၁၉၅၃ ခုနှစ် မေလအတွင်း ကာကွယ်ရေး ဝန် ကြီး က ဖွဲ့စည်းပေးခဲ့သည်။ စစ်တက္ကသိုလ် အကောင်အထည် ဖော်ရေးအဖွဲ့၏ ပထမအကြိမ် အစည်း အဝေး ကို ၁၉၅၃ ခုနှစ် ဇွန်လ ၁၈ ရက် နေ့တွင် စစ်ရုံး စစ်သေနာပတိချုပ်၏ အစည်းအဝေးခန်းမတွင် ကျင်း ပခဲ့သည်။ စစ်တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံ ပညာရပ်များကို ရန်ကုန်တက္ကသိုလ် အစီအမံဖြင့် သင်ကြား ရန် စီမံအုပ်ချုပ်မှုကို တပ်မတော် အာဏာပိုင်များ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရန်၊ ပညာသင်ကြား ရာတွင် ရန်ကုန်တက္ကသိုလ်နှင့် အပြိုင်အဆိုင် မဖြစ်ရေး၊ ရန်ကုန်တက္ကသိုလ်၏ အကူအညီဖြင့်သာ သင် ကြား ရန် ဆုံးဖြတ်ခဲ့သည်။
စစ်တက္ကသိုလ်ဖွဲ့စည်းရေး အထူးကော်မတီ
စစ်တက္ကသိုလ်အကောင်အထည် ဖော်ဆောင်ရေးအဖွဲ့က စစ်တက္ကသိုလ်ဖွဲ့စည်းရေး အထူးကော်မတီကို ဗိုလ်မှူးကြီးမောင်မောင်အား ဦးစီးစေပြီး ဖွဲ့စည်းပေးခဲ့သည်။ အထူးကော်မတီက ၁၉၅၃ ခု ဇူလိုင်လ ၄ ရက်နေ့တွင် အစီရင်ခံ တင်ပြခဲ့သည်။
အထူးကော်မတီသည် စစ်တက္ကသိုလ်၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် လမ်းညွှန်ချက်များအဖြစ် အထွေထွေပဋိညာဉ် (General Charter) တစ်ရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲအကြံပြုခဲ့သည်။ တင်ပြ ချက်ကို စစ်တက္ကသိုလ်၏ ပထမ ပဋိညာဉ်အဖြစ် ၁၉၅၃ ဇူလိုင် ၆ ရက်နေ့တွင် ပြဌာန်းသတ်မှတ်ခဲ့သည်။
အထူးကော်မတီသည် စစ်တက္ကသိုလ်၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် လမ်းညွှန်ချက်များအဖြစ် အထွေထွေပဋိညာဉ် (General Charter) တစ်ရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲအကြံပြုခဲ့သည်။ တင်ပြ ချက်ကို စစ်တက္ကသိုလ်၏ ပထမ ပဋိညာဉ်အဖြစ် ၁၉၅၃ ဇူလိုင် ၆ ရက်နေ့တွင် ပြဌာန်းသတ်မှတ်ခဲ့သည်။
ယင်းပဋိညာဉ်တွင် စစ်တက္ကသိုလ်၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ စစ်ဘက်ပညာများ တတ်ကျွမ်းပြီး ထိုး ထွင်းဥာဏ်ဖြင့် ဆောင်ရွက်တတ်ရန်၊ အမြင်ကျယ်စေရန် သိပ္ပံပညာ ဓာတုဗေဒပညာ လူမှုရေး ပ ညာရေး နှင့် ဗဟုသုတများ သင်ကြားပြီး တိုးချဲ့ဆည်းပူးရန် သူရသတ္တိနှင့် ပြည့်စုံပြီး ကတိသစ္စာရှိ ရန် မြင့်မြ တ်သောစိတ်ထား အကျင့်စာရိတ္တ ကိုယ်ကျင့်တရား ပြည့်စုံစေရန် ကြံ့ခိုင်မှု ဇွဲရှိပြီး ပူးပေါင်း ဆောင် ရွက် တတ် ရန် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် ပြည့်စုံစေရန်ဟူ၍ ကျယ်ပြန့်စွာ ဖော်ပြထားသည်။
၁၉၅၃ ခုနှစ် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ စစ်ပညာရော ခေတ်ပညာပါ ကျွမ်းကျင်တတ်မြောက် သည့် မြန်မာ့တပ်မတော် အရာရှိများ မွေးထုတ်နိုင်ရေး တစ်နည်းအားဖြင့် နိုင်ငံတော်အ တွက် ခေါင်းေ ဆာင်ကောင်းများ မွေးထုတ်နိုင်ရေး ပင်ဖြစ်သည်။
စစ်တက္ကသိုလ် ဖွဲ့စည်းဖွင့်လှစ်ရေး အမိန့်အာဏာ
စစ်တက္ကသိုလ် ဖွဲ့စည်းပုံအမိန့် ရရှိရေးအတွက် ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင် ဆောင် ရွက်ခဲ့သည်။ နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက် ရရှိသောကြောင့် ၁၉၅၄ ခု သြဂုတ်လ ၂၈ ရက်နေ့တွင် ကာ ကွယ်ရေး စစ်တက္ကသိုလ် (ပထမဆင့်) ကို ဖွဲ့စည်းတည်ထောင် ခွင့်ပြုကြောင်း စစ်ရုံး အမြဲတမ်း အတွင်း ဝန် ဌာနက စစ်ဦးစီးချုပ်ရုံး (တာဝန်နှင့် စီမံဌာန)ကို အကြောင်းကြားခဲ့သည်။ စစ်ဦးစီးချုပ်ရုံး တာဝန်နှင် စီမံ ဌာနက ၁၉၅၄ သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်တက္ကသိုလ် ဖွဲ့စည်းခွင့် အမိန့်အာဏာကို စစ်ရေးချုပ်ဌာန သို့ ထုတ်ပြန်ပေးခဲ့သည်။ စစ်ရေးချုပ်ဌာနက ကာကွယ်ရေး စစ်တက္ကသိုလ် ဖွဲ့စည်းရမည့်နေ့နှင့် ကာလ အပိုင်းအခြားကို ၁၉၅၄ သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့သည်။ အမိန့်စာတွင် ကာကွယ်ရေး စစ် တက္ကသိုလ်ကို ၁၉၅၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ သို့မဟုတ် ထို့ထက် နောက်ကျသော အမှန်တ ကယ် ဖွဲ့စည်းသည့် နေ့ရက်မှ စတင် ဖွဲ့စည်းရန် ပါရှိခဲ့သည်။ ထို့ကြောင့် ၁၉၅၄ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ကို စစ်တက္ကသိုလ် စတင် သန္ဓေယူသောနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
မူလက စစ်တက္ကသိုလ် အမည်ကို Defence Services Military Academy ဟု သုံးနှုန်းခဲ့သော်လည်း အပြီး သတ် အမည်ပေးရေးအတွက် စဉ်းစားကြရာတွင် အင်္ဂလိပ်လို အက်ဥပဒေ ထည့်သွင်းရေးအတွက် Defence Services Academy ဟု ခေါ်ရန်နှင့် မြန်မာလို သင့်တော်သလို နောက်မှ ပြန်ယူရန် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပသော စစ်တက္ကသိုလ် အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ စစ်ရုံး စစ်ဦးစီးဌာနက ဖွဲ့စည်းခွင့် အမိန့်ထုတ်ပြန်ရာတွင် ကာကွယ်ရေး စစ်တက္ကသိုလ် ဟု သုံးစွဲခဲ့သည်။
၁၉၅၄ ခု စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ရုံး စစ်ဦးစီးဌာနက စစ်ရေးချုပ်ဌာနသို့ စစ်တက္ကသိုလ် ဖွဲ့ စည်း ခွင့် အမိန့်အာဏာ ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းခြင်း၌ မူတည်ရန် ဖွဲ့စည်းပုံဇယား ပထမဆင့် ဖွဲ့စည်း ပုံတွင် အရာရှိ ၁၂ ယောက် အခြားအဆင့် ၂၄၅ ယောက် တွဲဖက် ၄ ယောက် ပေါင်း ၂၆၁ ဦးပါရှိ သည် ။ ကျောင်းအုပ်ကြီးမှာ ဒုတိယဗိုလ်မှူးကြီး အဆင့်သာဖြစ်ပြီး သင်တန်းသား ဗိုလ်လောင်း ၁၀၀ ကို ဖွဲ့စည်းပုံ အင်အားတွင် မထည့်သွင်းခဲ့ပါ။ စစ်ဘက် အာဏာပိုင်များနှင့် တက္ကသိုလ် အာဏာပိုင်များ သဘော တူညီ ချက်အရ စစ်တက္ကသိုလ် စာပေဌာနခွဲ ၈ ခု (အင်္ဂလိပ်၊ မြန်မာ၊ ရာဇဝင်၊ ပထဝီဝင်၊ ဘောဂဗေဒ၊ သင်္ချာ၊ ရူ ပဗေဒ၊ ဓာတုဗေဒ) ဖွဲ့စည်းပုံ အပြင်တွင် သီးသန့် ၃၀ ယောက် ခန့်အပ်ခဲ့ပါသည်။
၁၉၅၅ ခု မတ်လ ၂၃ ရက်နေ့နှင့် ၁၉၅၅ ခု ဇွန်လ ၆ ရက်နေ့တွင် စစ်ရေးချုပ်ဌာန ဖွဲ့စည်းပုံ ၂ ကြိမ် ပြင် ဆင် ခဲ့ပါသည်။ စုစုပေါင်း အခြားအဆင့်အင်အား ၂၄၀ ဖြစ်လာပါသည်။ ထပ်မံ၍ ၁၃-၈-၅၆ တွင် ပြင်ဆင် ချက် ၁၊ ၂၅-၇-၅၇ တွင် ပြင်ဆင်ချက် ၂ နှင့် ၁-၁၂-၅၉ တွင် ပြင်ဆင်ချက် ၃၊ ၉-၁-၆၁ တွင် ပြင်ဆင်ချက် ၄၊ ၉-၈-၆၁ တွင် ပြင်ဆင်ချက် ၅ တို့ကို စစ်ရေးချုပ်ရုံးမှ အတည်ပြုပေးခဲ့သည်။ ထိုသို့ ပြင်ဆင်ခြင်း ၂ ကြိမ် ၊ ပြင်ဆင်ချက် ၅ ကြိမ်အပြီးတွင် စစ်တက္ကသိုလ် ဖွဲ့စည်းပုံမှာ အရာရှိ ၁၉၊ အခြားအဆင့် ၃၀၄၊ ဗိုလ်ေ လာင်း ၂၀၀ စုစုပေါင်း ၅၂၃ ယောက် ရှိလာပါသည်။ ထို့ပြင် သင်ကြားရေး အရာရှိ ၁၀၃၊ အခြားအဆင့် ၁၆ ပေါင်း ၁၁၉ ယောက် ဖြစ်လာပါသည်။ ကျောင်းအုပ်ကြီးသည် ဗိုလ်မှူးကြီးအဆင့် ဖြစ်လာပါသည်။
စစ်တက္ကသိုလ် ဖွင့်လှစ်ခြင်း
စစ်တက္ကသိုလ် ဖွင့်လှစ်ရန် နေရာကို ပြင်ဦးလွင်မြို့ အနီးစခန်း လေယာဉ်ကွင်းအနီးဟု လျာထားသတ် မှတ် ခဲ့သော်လည်း အမှန်တကယ် ဖွင့်လှစ်သောအခါတွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အနီး၌ ဗထူး တပ်မြို့ နေရာကို ရွေးချယ်ခဲ့သည်။ ၁၉၅၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗထူးတပ်မြို့ ဖွင့်ပွဲအခမ်းအနား တွင် စစ်တက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို ဝန်ကြီးချုပ် ဦးနု တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
၁၉၅၅ ခု ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တက္ကသိုလ်၏ ပထမဆုံး ယာယီကျောင်းအုပ်ကြီး အဖြစ် ဂျပန် နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် ( Imperial Japanese Academy) သင်တန်းဆင်းသော ကြည်း ၃၅၂၆ ဒုတိယ ဗိုလ်မှူးကြီး ကျော်စိုးနှင့် လေ့ကျင့်ရေးမှူးချုပ်အဖြစ် ဒုတိယ အပတ် ဗိုလ်သင်တန်းကျောင်းဆင်း ကြည်း ၅၅၈၀ ဗိုလ်ကြီး ဝင်းဖေတို့ကို ခန့်အပ် တာဝန်ပေးခဲ့သည်။ စစ်တက္ကသိုလ် စာပေဌာနအတွက် ၁၉၅၅ ဇွန် လအတွင်း စာပေညွှန်ကြားရေးမှူး ဦးဘိုးသုန် အပါအဝင် အင်အား ၃၀ ကို သတ်မှတ် တာဝန်ပေးခဲ့သည်။
ကျောင်းဌာနချုပ်ရုံးတွင် ကျောင်းအုပ်ကြီး ဒုလက်ထောက် စစ်ရေးနှင့် စစ်ထောက်ချုပ် နှင့် တပ်ရေးဗိုလ်ကြီး တို့ ရှိပြီး ကျောင်းဌာနချုပ် အောက်တွင် လေ့ကျင့်ရေးဌာန (Training Wing)၊ စာပေဌာန (Academic Wing)၊ အုပ်ချုပ်မှုဌာန (Administrative Wing) ဟူ၍ ဌာနကြီး သုံးခု ရှိသည်။ လေ့ကျင့်ရေး ဌာန ကို လေ့ ကျင့်ရေးမှူးချုပ် (Chief Instructor) က အုပ်ချုပ်၍ လက်လောက်တွင် တပ်ခွဲတစ်ခွဲ ရှိသည်။ စာပေဌာနကို စာပေညွှန်ကြားရေးမှူး (Director of Studies ) က အုပ်ချုပ်၍ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သင်္ချာဌာန၊ ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ ရာဇဝင်ဌာန၊ ပထဝီဝင်ဌာန၊ ဘောဂဗေဒဌာန ဟူ၍ ဌာနကြီး ၈ ခု ရှိပါသည်။ အုပ်ချုပ်မှုဌာနကို အုပ်ချုပ်မှု ဌာနမှူးက အုပ်ချုပ်ပါသည်။ ကျောင်းဌာနချုပ်ရုံးတွင် ဒုလက်ထောက် စစ်ရေး နှင့် စစ်ထောက်ချုပ်မှာ ဗိုလ်ကြီးလှမောင် ဖြစ်ပြီး အုပ်ချုပ်မှု ယာယီတပ်ခွဲမှူး တွဲကိုင်ပါသည်။ တပ်ရေးဗိုလ် ကြီးမှာ ဗိုလ်ကြီး ခင်မောင်လေး ဖြစ်ပါသည်။
လေ့ကျင့်ရေးဌာနတွင် ယာယီ လေ့ကျင့်ရေးမှူးချုပ်မှာ ဗိုလ်ကြီး ဝင်းဖေ ဖြစ်၍ ဗိုလ်လောင်း တပ်ခွဲမှူး တာ ဝန်ကိုပါ ပူးတွဲထမ်းဆောင်ပါသည်။ အင်္ဂလန် ဘုရင့် စစ်တက္ကသိုလ် (ပထမပတ်) ဆင်း ဗိုလ် ကြီး ကျော်ေ ဇာက ဒုတပ်ခွဲမှူး တာဝန် ယူပါသည်။ နောင် ဗိုလ်ကြီး ကျော်ဇောက တပ်ခွဲမှူး ဖြစ်လာပြီး ဒုတပ်ခွဲမှူးမှာ အင်္ဂလန် ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် ၈ ဆင်း ဗိုလ်ကြီး ချစ်ဆွေ ဖြစ်လာပါသည်။ တပ်စုမှူးများမှာ တပ်စု ၁ မှူး အင်္ဂလန် ဘုရင့် စစ်တက္ကသိုလ် အပတ်စဉ် ၉ ဆင်း ဗိုလ်ဝင်းမောင် (ခြေလျင်တပ်ဖွဲ့)၊ တပ်စု ၂ မှူး အင်္ဂလန် ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ဆင်း ဗိုလ်သောင်းထိုက် (အမြောက်တပ်ဖွဲ့) နှင့် တပ်စု ၃ မှူး အင်္ဂလန် ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ဆင်း ဗိုလ်ခင်မောင်တင့် (သံချပ်ကာယန္တရားတပ်ဖွဲ့) တို့ဖြစ်ကြပါသည်။ ကြံ့ခိုင်ရေး အရာရှိအဖြစ် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၉ ဆင်းပြီး အင်္ဂလန်နိုင်ငံ (Aldershot Physical Training School) မှ ကြံ့ခိုင်ရေးနည်းပြ သင်တန်း တက်ခဲ့သော ဗိုလ်ကျော်အေးက တာဝန်ယူပါသည်။
စာပေဌာနတွင် ဦးဘိုးသုန်က စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူပြီး လက်ထောက် စာပေညွန် ကြားေ ရး မှူးမှာ ဗိုလ်ကြီး ဘသေင်း (မောင်သုတ) ဖြစ်သည်။ စစ်တက္ကသိုလ် စာပေဌာနအတွက် အရာရှိများကို ၁၉၅၅ ခု ဧပြီလနှင့် မေလများတွင် ရန်ကုန်မြို့၌ ခေါ်ယူခန့်ထားပြီး ဗထူးသို့ မပို့မီ မှီငြမ်းပြုစုရမည့် စာ အု ပ်များ စုဆောင်းခြင်း ရန်ကုန်တက္ကသိုလ် ဆိုင်ရာ စာပေဌာနမှူးများနှင့် တိုင်ပင်၍ စစ်တက္ကသိုလ်အတွက် သင့်လျော်မည့် သင်ရိုးဇယားများ ရေးဆွဲခြင်း နှင့် လက်တွေ့ပြသရန် သင်ခန်းစာ အစီအစဉ်များ ရေးဆွဲခြင်း ကိစ္စရပ်များကို ဆောင်ရွက်ပြီး ၁၉၅၅ ခု ဇွန်လအတွင်း ဗထူးမြို့သို့ ပို့ပေးခဲ့ပါသည်။
လက်ခံပတ် ၁ ဖွင့်ချိန်တွင် စာပေဌာန အရာရှိများမှာ မြန်မာစာဌာနတွင် လထ ကထိက ဦးမြင့်ကြည်၊ နည်းပြ ဦးတင်မောင်၊ နည်းပြ ဦးလှမိုး၊ အင်္ဂလိပ်စာဌာနတွင် လထကထိက မစ္စတာ ဒါးဘား၊ နည်းပြ ဗိုလ် ကြီး မောင်မောင်၊ နည်းပြ ဗိုလ်မျိုးအောင်၊ ပထဝီဝင်ဌာနတွင် လထကထိက ဦးကျော်၊ နည်းပြ ဗိုလ်စိန်ဘန်း၊ ရာဇဝင်ဌာနတွင် လထကထိက ဗိုလ်မှူးမြအောင်(ရေ)၊ နည်းပြ ဗိုလ်ကြီး မြကျော်၊ နည်းပြ ဦးတင်မောင် ရင်၊ ဘောဂဗေဒ ဌာနတွင် လထကထိက မစ္စတာဝူးဟား၊ နည်းပြ ဗိုလ်ကြီး လှရွှေ၊ သင်္ချာဌာနတွင် နည်းပြ ဗိုလ်ကြီး ထွန်းလွင်၊ ဓာတုဗေဒ ဌာနတွင် နည်းပြ ဗိုလ်ကြီး စောအောင်၊ နည်းပြ ဗိုလ်ကြီး စောမြင့်နှင့် ရူ ပဗေဒ ဌာနတွင် လထကထိက ဦးအေးသိန်း၊ နည်းပြ ဗိုလ်ကြီး မီးလင်းတို့ ဖြစ်ပါသည်။
အုပ်ချုပ်မှု ဌာနတွင် တပ်ခွဲမှူးအဖြစ် ဗိုလ်ကြီး လှမောင်က ပူးတွဲကိုင်ပြီးနောက်ပိုင်းတွင် ဗိုလ်ကြီး ပီတာေ အာ င်ဝင်း၊ ဒုတပ်ခွဲမှူး ဗိုလ်ကြီး ဖေကြည်၊ တပ်ထောက်နှင့် မော်တော်ယာဉ် အရာရှိ ဗိုလ်ကြီး ခင်မောင်ေ ကျာ်နှင့် ကျောင်းအရာခံဗိုလ် အရာခံဗိုလ် မောင်ကျော်တို့ ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာ အရာထမ်း အမှုထ မ်း တို့သည် ၁၉၅၅ ခု မတ်လတွင် ဗထူးသို့ ရောက်ရှိတာဝန် ထမ်းဆောင်ခဲ့ပါသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းများ ရွေးချယ်ခြင်း
စစ်တက္ကသိုလ်သို့ ဝင်ရောက်သင်ကြားလိုသော ဗိုလ်လောင်းများကို ရွေးချယ်ရန် စစ်တက္ကသိုလ်ဝင် စာစစ် အဖွဲ့ လုပ်ထုံးလုပ်နည်းများကို အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲပြီး ၁၉၅၅ ခု မတ်လ ၇ ရက်နေ့တွင် စစ်ရုံးေ က်ာမတီ အမိန့်အမှတ် င/အထူး/၅၅ ဖြင့် ထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးက ဖွဲ့စည်းပေးသော အ ဖွဲ့ ဝင် ၇ ဦးတွင် ရန်ကုန်တက္ကသိုလ် ဆီးနိတ် အဖွဲ့ဝင် ၃ ဦးပါဝင်သည်။ စစ်တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ အ ဆင့်အတန်းကို မက်ထရစ် (Metric) စာမေးပွဲ အဆင့်အတန်း မနိမ့်ကျစေရန် သတ်မှတ်ခဲ့သည်။ စစ်တ က္က သိုလ် စာစစ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၁၉၅၅ မတ်လ ၂၁ ရက်နေ့တွင် စစ်ရုံး ဒဂုံရိပ်သာ တွင် ကျင်းပခဲ့သည်။ သဘာပတိအဖြစ် ဗိုလ်မှူးချုပ်ကျော်ဝင်းက ဆောင်ရွက်ပြီး ရန်ကုန်တက္ကသိုလ် ပါမော က္ခ ချုပ်၊ ဝိဇ္ဇာပညာ မဟာဌာနမှူး၊ သိပ္ပံပညာ မဟာဌာနမှူး၊ စစ်တက္ကသိုလ် စာပေ ညွှန်ကြားရေးမှူးတို့က အ ဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ စစ်တက္ကသိုလ် စာမေးပွဲ ဝင်ခွင့် ပြုစုခြင်း၊ စစ်ဆေးခြင်းတို့ကို တက္ကသိုလ်မှ ဘာသာရပ် ပါမောက္ခများက တာဝန်ယူပြီး အထွေထွေ ဗဟုသုတ မေးခွန်းကို တပ်မတော် ဗိုလ်ရွေးအဖွဲ့က တာဝန်ယူခဲ့သည်။ စစ်တက္ကသိုလ် လက်ခံပတ် ၁ ဝင်ခွင့် စာမေးပွဲကို ၁၉၅၅ ခု ဧပြီလ ၄ ရက်မှ ၆ ရက်နေ့ထိ မြို့ကြီး ၁၉ မြို့တွင် တစ်ပြိုင်တည်း ကျင်းပခဲ့သည်။
စစ်တက္ကသိုလ် အမည်
စစ်တက္ကသိုလ် အမည်နှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် Defense Services Academy ဟု သုံးစွဲခဲ့ပါ သည်။ စစ်ဦးစီးချုပ်ရုံးဌာနက ဖွဲ့စည်းခွင့် အမိန့်အာဏာ ထုတ်ပြန်ရာတွင် ကာကွယ်ရေးစစ်တက္ကသိုလ် ဟု သုံးစွဲခဲ့ပြီး ၁၉၅၅ မေလ ၂၆ ရက်နေ့တွင် စစ်ဦးစီးဌာန (တာဝန်စီမံရေး) က စစ်တက္ကသိုလ် ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။ ကြေးနန်းရေးရာတွင် စတသ ဟု သုံးစွဲခဲ့သည်။
လက်ခံပတ် ၁ ဗိုလ်လောင်းသင်တန်း
၁၉၅၅ ခု ဧပြီလဆန်းတွင် စစ်တက္ကသိုလ် ဝင်ခွင့် ရေးဖြေစာမေးပွဲ ကျင်းပပြီး ဧပြီလကုန် တွင် ရေးဖြေေ အာ င်မြင်သူများကို ဗိုလ်ရွေးအဖွဲ့သို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။ စစ်ဆေးမှု အရပ်ရပ်ပြုလုပ်ပြီး ဗိုလ်လောင်း ၅၄ ဦးကို အပြီးသတ် ရွေးချယ်ခဲ့ပါသည်။ လက်ခံပတ် ၁ အတွက် အပြီးသတ် ရွေးချယ်ခံရသော ဗိုလ်လောင်း ၅၄ ဦးသည် ဗထူးမြို့သို့ ၁၉၅၅ ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့တွင် ရောက်ရှိပါသည်။ စစ်တက္ကသိုလ် လက်ခံ ပတ် ၁ သင်တန်းကို ၁၉၅၅ ခု ဇူလိုင်လ ၁ ရက်နေ့တွင် စတင် သင်ကြားသည်။ ဖွင့်ပွဲ အခမ်းအနားကို ဇူ လိုင် ၄ ရက် နေ့မှသာ ကျင်းပပြီး ထိုစဉ်က ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။ စစ်ရုံးချုပ် စစ်ဦးစီးဌာနမှ ဗိုလ်မှူးကြီး အောင်ကြီး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် စစ်ရုံးချုပ်မှ အရာရှိကြီးများ တက်ရောက်သည်။ ကာကွယ်ရေးဝန်ကြီး နှင့် ဗိုလ်မှူးကြီး အောင်ကြီးတို့က သြဝါဒ စကား များ ပြောကြားခဲ့သည်။
ဗိုလ်လောင်းတပ်ခွဲများ ဖွဲ့စည်းခြင်း
၁၉၅၅ ဇူလိုင် ၁ ရက်နေ့မှစ၍ လက်ခံပတ် ၁ ဖွင့်လှစ်သောအခါ ဗိုလ်လောင်းများကို အောင်ဆန်းတပ်ခွဲ ဟူ ၍ ဖွဲ့စည်းထားပါသည်။ ၁၉၅၆-၅၇ လေ့ကျင့်ရေးနစ်တွင် လက်ခံပတ် ၂ ဝင်ရောက်လာသောအခါ တပ်ခွဲ တစ်ခွဲ ထပ်တိုး၍ အောင်ဇေယျတပ်ခွဲဟု အမည်ပေးခဲ့သည်။ တပ်ခွဲ ၂ ခွဲ ဖြစ်လာသောအခါ တပ်ခွဲများကို လက်ခံပတ်အလိုက် မခွဲတော့ဘဲ လက်ခံပတ် ၂ ခုမှ သင်တန်းသားများကို တပ်ခွဲ ၂ ခွဲတွင် မျှ၍ ဖွဲ့စည်းခဲ့ သည်။ ၁၉၅၇-၅၈ နှစ်တွင် လက်ခံပတ် ၃ ဗိုလ်လောင်းများ ရောက်ရှိလာသော အခါ အောင် ဆန်း ၊ အော င်ေ ဇယျ အမည်များကို ပြောင်း၍ အနော်ရထာနှင့် ဘုရင့်နောင် တပ်ခွဲဟု ဖွဲ့စည်းကာ လက်ခံပတ် ၃ မှ သင်တန်းသားများကို တပ်ခွဲ ၂ ခွဲ မျှ၍ ဖွဲ့စည်းခဲ့ပါသည်။ လက်ခံပတ် ၄ ဗိုလ်လောင်းသင်တန်း များ ရောက် ရှိပြီး လက်ခံပတ် ၁ ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းသော ၁၉၅၉ ဇွန်လ ၁ ရက်နေ့ထိ တပ်ခွဲ ၂ ခွဲသာ ရှိခဲ့ပါသည်။ လက်ခံပတ် ၆ သင်တန်း စတုတ္ထနှစ် ရောက်သော ၁၉၆၃ ခုနှစ်တွင် အောင်ဇေယျတပ်ခွဲ၊ လက်ခံပတ် ၈ သင်တန်း စတုတ္ထနှစ်ရောက်သော ၁၉၆၅-၆၆ ပညာသင်နှစ်တွင် အောင်ဆန်းတပ်ခွဲ ထပ်မံ ဖွဲ့စည်းခဲ့ပါသည်။ တပ်ခွဲ ၄ ခွဲ ဖြစ်လာခဲ့သည်။ ရှေးမြန်မာ့သမိုင်းတွင် နိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့သော စစ်ဘုရင်များနှင့် လွတ်လပ်ရေး ခေါင်းဆောင်ကြီးကို ဂုဏ်ပြု၍ တပ်ခွဲအမည်ပေး ဖွဲ့စည်းထားခြင်း ဖြစ် သည်။
စစ်ပညာ စာပေပညာ လေ့ကျင့်သင်ကြားမှု စာမေးပွဲ စစ်ဆေးမှု
အရာရှိငယ်သင်တန်း အဆင့်နှင့် တူမျှသည့် စစ်ဘက် လေ့ကျင့်ရေးသင်တန်းကို လေ့ကျင့် သင်ကြားပေး သည်။ အထူးသဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ရေးကို အဓိကထား၍ သင်ကြားပေးသည်။ စစ် ဘက်လေ့ကျင့်ရေးနှင့် တွဲဖက်၍ စစ်စည်းကမ်းကို အထူးအလေးထား သင်ကြား လိုက်နာစေပါသည်။ ကြံ့ ခိုင်ကျန်းမာရေးနှင့် ပတ်သက်၍ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ သင်ကြား လေ့ကျင့်စေသည့်ပြင် နှစ်သက်ရာ အားကစားများကို လေ့ကျင့်နိုင်ရန် ပစ္စည်းကိရိယာ အစုံအလင် ထားရှိပေးသည်။ စစ်တက္ကသိုလ် သင်တန်း ကာကလတွင် စစ်ပညာရပ်နှင့် ပတ်သက်၍ နှစ်စဉ် စစ်ရေးပြ လက်နက်ငယ် မြေပုံဖတ် စစ်ဥပဒေ စစ်သမိုင်း စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု အုပ်ချုပ်မှု ဖွဲ့စည်းပုံ အခြေခံစစ်ပညာရပ်များနှင့် စစ်ပရိယာယ်များ အခြား လက် ရုံးနှင့် ဝန်ထမ်းတပ်များ လေ့ကျင့်ရေးပြင်ပ လေ့ကျင့်မှုများ ဗိုလ်လောင်းများ၏ ဟောပြောမှုများ ပါ ဝင်သည်။ စစ်ပညာနှင့် ပတ်သက်၍ စနစ်တကျ သုတေသနပြု၍ သင်ခန်းစာ လေ့လာပြုစုရန် ၁၉၅၅ ဇူလိုင် တွင် စစ်ရေးပြနှင့် စစ်ဥပဒေကော်မတီ လက်နက်ငယ်သင်တန်းနှင့် မြေပုံဖတ်နည်း ကော်မတီ စစ်သ မိုင်း ခေါ င်းဆောင်မှုနှင့် အထွေထွေကော်မတီ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှု ကော်မတီဟူ၍ ကော်မတီများ ဖွဲ့ စည်းဆောင်ရွက်ခဲ့သည်။
စာပေပညာကို ထိုခေတ်ကာလက ခေတ်ပညာဟု သုံးစွဲခဲ့သည်။ ထိုခေတ်ကာလ စစ်တက္ကသိုလ်တွင် ဗိုလ်ေ လာင်းတစ်ဦး နေထိုင် သင်ကြားရမည့် အချိန် ၄ နှစ်တကာကာလကို ၂ ပိုင်း ခွဲခြား၍ ပထမပိုင်း ၂ နှစ် ကို အောက်တန်း ပထမနှစ် နှင့် အောက်တန်း ဒုတိယနှစ် (Junior one and Junior two) ဟုခေါ်၍ ရန် ကုန်တက္ကသိုလ်၏ ဥပစာတန်း အဆင့်အတန်းနှင့် ညီမျှသော ပညာရပ်များကို သင်ကြားပို့ချပေးသည်။ ဒုတိယပိုင်း ၂ နှစ်ကို အထက်တန်း ပထမနှစ် နှင့် အထက်တန်း ဒုတိယနှစ် (Senior One and Senior Two) ဟု ခေါ်၍ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ သိပ္ပံ အဆင့်အတန်းနှင့် ညီမျှသည့် ပညာရပ်များကို သင်ကြား ပို့ချပေးသည်။
အောက်တန်း ၂ နှစ်တွင် မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ ဓာတုဗေဒ ရူပဗေဒ နိုင်ငံသမိုင်း ပထဝီဝင် နှင့် ဘော ဂဗေဒတို့ကို သင်ကြားပေးသည်။ မြန်မာစာနှင့် အင်္ဂလိပ်စာကို ဗိုလ်လောင်းတိုင်း သင်ကြားရသည်။ ကျန် ၆ ဘာသာတွင် သင်္ချာ ဓာတုဗေဒ ရူပဗေဒ ကို ဘာသာတွဲတစ်ခု သမိုင်း ပထဝီဝင် ဘောဂဗေဒ ဘာသာတွဲ တစ် ခုထားသည်။ ဗိုလ်လောင်း တစ်ဦးသည် ပထမ အတွဲဖြစ်သော သိပ္ပံဘာသာရပ်များကို ပင်ရင်းဘာသာ ယူ၍ ဝိဇ္ဇာဘာသာရပ်များကို အရန်ဘာသာအဖြစ် ယူရသည်။ ဒုတိယ ဘာသာတွဲဖြစ်သော ဝိဇ္ဇာဘာသာ ရပ်ကို ပင်ရင်း ဘာသာယူသော ဗိုလ်လောင်းသည်လည်း သိပ္ပံ ဘာသာရပ်များကို အရန်ဘာသာအဖြစ် သင် ရသည်။ ဘာသာရပ်အားလုံးကို အနှံ့အစပ် သိရှိနိုင်ရန် ဖြစ်သည်။ စစ်တက္ကသိုလ်မှ အောင်မြင်ပြီး၍ လက်ရုံးတပ်ဆိုင်ရာ မည်သည့် အဆင့်မြင့် ပညာသင်တန်းများကိုမဆို ဆက်လက်ဆည်းပူးချိန်တွင် အခက် အခဲ မရှိရန် ဖြစ်သည်။
အထက်တန်းနှစ်တန်းတွင် သင်ကြားပို့ချသော ဘာသာရပ်များမှာ မြန်မာစာ အင်္ဂလိပ်စာ စစ်ပထဝီဝင် နိုင် ငံရေးဗေဒ စစ်သမိုင်း ဥရောပသမိုင်း ဘောဂဗေဒ သင်္ချာ ဓာတုဗေဒ ရူပဗေဒ နှင့် စစ်သုံးသိပ္ပံ ဖြစ်သည်။ ဘာသာတွဲကို အောက်တန်းတွင်ယူခဲ့သော ဘာသာရပ်အလိုက် သင့်တော်ရာ ဘာသာတွဲကို ယူခွင့်ပြု သည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခများ၏ သတ်မှတ် ကြီးကြပ်သည့် သင်ရိုးဇယားအတိုင်း သင်ကြားပြီး ရန်ကုန် တက္ကသိုလ် စာစစ်အဖွဲ့ကပင် အောင်ရှုံး စိစစ်ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်က ချီးမြှ င့်ေ သာ ဝိဇ္ဇာ သိပ္ပံ ဘွဲ့များကို ခံယူကြရသည်။ စစ်တက္ကသိုလ်တွင် သင်ကြားပို့ချသော ဆရာ အရာရှိများ သည် ဝိဇ္ဇာ သိပ္ပံ (ဂုဏ်ထူး)၊ မဟာဝိဇ္ဇာ မဟာသိပ္ပံ ဘွဲ့ရများ ဖြစ်ကြသည်။ ၁၉၅၉ ခုနှစ် ကာလအထိ ဗိုလ်လောင်း ၁၅၀ ခန့်သာရှိပြီး ဆရာ ၄၀ ကျော် ဖြစ်သောကြောင့် ဆရာ ဗိုလ်လောင်း အချိုးမှာ သုံးချိုး တစ် ချိုး ခန့် ရှိသည်။
၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ် မတိုင်မီ မြန်မာစာ ဘာသာရပ်မှလွဲ၍ ကျန်ဘာသာရပ် အားလုံးကို အင်္ဂလိပ်လို သာ ပို့ချသည်။ ၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ်မှ စ၍ သိပ္ပံသာသာရပ်များမှအပ ကျန်ဘာသာရပ် အားလုံး ကို မြန်မာဘာသာဖြင့်သာ ပို့ချသည်။ အောက်တန်း ပထမနှစ်ကိုပါ မြန်မာဘာသာဖြင့် သင်ကြား ပို့ချပါ သည်။
လက်ခံပတ် ၁ အောက်တန်း ပထမနှစ် စာမေးပွဲကို စစ်တက္ကသိုလ် စာပေဌာနက ကြီးကြပ် စစ်ဆေးခဲ့သည်။ သို့သော် ၁၉၅၆-၅၇ ပညာသင်နှစ်မှစ၍ ၁၉၆၃-၆၄ ပညာသင်နစ်ထိ စစ်တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ စာမေးပွဲများ အားလုံးကို ရန်ကုန်တက္ကသိုလ်က စစ်မေးခဲ့ပါသည်။
စစ်တက္ကသိုလ်သည် ၁၉၆၄-၆၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ တက္ကသိုလ်ဘဝမှ သီးခြား တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။ စာမေးပွဲ မေးခွန်းထုတ်ခြင်း စစ်မေးခြင်းတို့ကို စစ်တက္ကသိုလ် စာပေဌာနက ဆောင်ရွက်ခဲ့သည်။
၁၉၈၈ အရေးအခင်း ဖြစ်ပေါ်လာသည့် ကာလတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ အားလုံး ပိတ်ထားခဲ့ ရသော်လည်း စစ်တက္ကသိုလ်သည် အရှိန်အဟုန်မပျက် ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝ ပ် ပိပြား မှု တည်ဆောက်ရေးအဖွဲ့ တိုင်းပြည်ကို ထိန်းသိမ်းတာဝန်ယူပြီး နိုင်ငံရေး စီးပွားရေး မူဝါဒ များ ပြောင်း လဲ ကျင့်သုံး လာသည့်အခါ စစ်တက္ကသိုလ်၏ ရည်ရွယ်ချက် သင်ရိုးညွှန်းတမ်း ကို ပြင် ဆင် ပြောင်း လဲခဲ့သည်။ စစ်တက္ကသိုလ် ၏ ရည်ရွယ်ချက်မှာ နိုင်ငံတော် လွတ်လပ်ရေးနှင် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ကာကွယ်မည့် ပြည်သူ့တပ်မတော်အတွက် လက်ရုံးရည် နှလုံး ရည် ပြည့် ဝသော အရာရှိကောင်းများ လေ့ကျင့် မွေးထုတ်ပေးရန် ဟူ၍ ပြင်ဆင်ခဲ့သည်။
၁၉၈၇ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်သော ကျောင်းသူ ကျောင်းသားများသည် ဘာ သာ ရပ် အများစုတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ပြောဆိုခဲ့ရသည်။ ထို့ကြောင့် အရပ်ဘက် တက္က သိုလ် များတွင် ၁၉၈၇ ခုနှစ် စာသင်နှစ်က စပြီး ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ရန် သင် ရိုး ညွှန်းတမ်း အသစ် ရေးဆွဲပြီး တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေး ၂/၈၇ တွင် တင်ပြ အ တည်ပြု ပြဌာန်းချက် ရယူခဲ့သည်။ ၁၉၈၈-၈၉ ပညာသင်နှစ်မှ စပြီး အတည်ပြု သင်ရိုးညွှန်းတမ်းအတိုင်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့သည်။
၁၉၈၈ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်မှ စပြီး စစ်တက္ကသိုလ်တွင် ယ ခင်က သင်ရိုးဇယားတွင် ပါဝင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် သဘောတရား ဘာသာရပ်ကို အခြား ဘာသာရပ်ဖြင့် အစားထိုး သင်ကြားခြင်း ဘောဂဗေဒ သမိုင်း ဘာသာရပ်များတွင် ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်ရေး ဆိုရှယ်လစ် ဘောဂဗေဒ ဘာသာရပ်တို့ကို အလေးပေး သင်ကြားမှု လျှော့ပေးခဲ့သည်။
( စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း မှ ကောက်နှုတ်တင်ပြလိုက်ပါသည် )
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။