Pages

Friday, November 30, 2012

“““ မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲမှုများ ”””

ဦးဇာဂနာ။ ။

ကိုဇာဂနာကြီးထောင်ကလွတ်လာပြီဟေး.....

ကိုဇာဂနာကြီး.... ကိုဇာဂနာကြီး....ပြည်သူချစ်တဲ့ အနုပညာရှင်ကြီး..... ကိုဇာဂနာကြီးရဲ့ ထိမိတဲ့ ဟာ သတွေကို အရမ်းကြိုက်တာဗျ...

မီဒီယာတွေကို -ီး ပဲဟု ဆဲမိချိန်..........

အနုပညာရှင်လုပ်ပြီး ဒီလောက်တောင် ရိုင်းရလား.....
သင်ဒီကတုံးကြီးလို မဆဲမိပါစေနှင့်..... ဘာညာ ဘာညာ

ဒေါ်အောင်ဆန်းစုကြည်။ ။

အမေစု အကျယ်ချုပ်က လွတ်လာပြီ ဟေး......
အမေစု နိုဗယ်ဆုသွားယူတယ် ဟေး.....
အမေစု လွှတ်တော်ထဲ ရောက်ပြီဟေး.......

အမေစု အမေစု ပြည်သူချစ်တဲ့ အမေစု......
အမေစုအတွက် မြန်မာနိုင်ငံသားတိုင်း ဂုဏ်ယူနေကြပါတယ်.....
အမေစု.....မြန်မာပြည်ကြီးကို ကယ်တင်မယ့် အမေစု...

ကျွန်မ ဘယ်တော့မှ ကုလားလို့မခေါ်ဘူး....
အိုဘားမားက အာဘွားပေးသွားသတဲ့....

နိုင်ငံခြားသားကို ယူထားတာကိုး... ကုလားမယားပဲဖြစ်မှာပေါ့..
ဟင်... ဒီအရွယ်ကြီး ကျမှ.... ဘာညာ ဘာညာ

ဦးသိန်းစိန်။ ။

မြစ်ဆုံစီမံကိန်းကို မလုပ်တော့ဘူးတဲ့ဟေး.....
စီးပွားရေးပိတ်ဆို့မှုတွေကို လျှော့ချပေးတယ်တဲ့ဟေး.....
ရိုဟင်ဂျာ အရေးမှာ မြန်မာနိုင်ငံသားတွေဘက်က မားမားမတ်မတ် ရပ်တည်တယ်တဲ့ဟေး.....

သမ္မတကြီးရဲ့ စစ်မှန်တဲ့ ပြည်သူအပေါ်ထားရှိတဲ့ စေတနာတွေလေ....
သမ္မတကြီးကြောင့် ဒီလိုတိုးတက်လာတာ... သမ္မတကြီး ကျန်းမာပါစေ.....
သမ္မတကြီးကို ထောက်ခံခြင်းဖြင့် ရခိုင်ပြည်ကိုကာကွယ်ကြပါ.....

MPT က ဖုန်းအင်တာနက်သုံးစွဲခတွေ တိုးကောက်တော့မယ်တဲ့...
ကြေးနီတောင် ကိစ္စမှာ သမ္မတကြီးက မီးလောင်ဗုံးသုံးခိုင်းတာတဲ့...

ဒီလိုပဲကြည့်နေတော့မှာလား ခေါင်းရှောင်ကြီး...
၅၀၀၀ တန်ဖုန်းမပေးနိုင်လို့ မီးလောင်ဗုံးပဲယူထားပါ.....
မြွေအရေခွံလဲမှတော့ မြွေပဲပြန်ဖြစ်တာပေါ့...ခုမှ ဇာတိရုပ်ပေါ်လာတာ...ဘာညာ ဘာညာ

ကိုယ့်လက်ကိုထောင်ထားရင် ကိုယ့်ဘက်က လက်ဖမိုးလို့မြင်ပေမယ့် သူ့ဘက်က လက်ဖ၀ါးလို့မြင်နိုင် သလိုပဲ အရာရာမှာ အမြင်ကွဲလွဲမှုတွေတော့ရှိနိုင်ပါတယ်။ ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာကွဲလွဲခွင့် ရှိ ပါ တယ်။ ဒါပေမယ့် အမေစုတို့လို ဦးသိန်းစိန်တို့လို အတွေးအခေါ်ကောင်းလွန်းလို့ ကမ္ဘာကနေတောင် အ သိအမှတ်ပြုထားရတဲ့လူတွေက ဒီလို လူပြောစရာဖြစ်မယ့် ကိစ္စတွေကိုလွယ်လွယ်နဲ့လုပ်မတဲ့လား။ အထူး သဖြင့် ဘပြောင်လိုမျိုး လူထုထောက်ခံမှုကို ခက်ခက်ခဲခဲ ရယူထားရတဲ့လူက သူ့ကို လူထုမုန်းမယ့် အပြုအ မူမျိုးကို လွယ်လွယ်ကူကူ အဖြစ်ခံမတဲ့လား။ နည်းနည်းတော့ စဉ်းစားကြစေချင်ပါတယ်။

လူ့အကြိုက်နတ်မလိုက်နိုင်ပေမယ့် စူပါကတော့ လိုက်နိုင်တယ်တဲ့။ ဒီတစ်ခါတော့ စူပါတောင်လိုက်နိုင် ဖို့မ လွယ်။ သမ္မတက တကယ် အမိန့်ပေးမှန်းမသိ မပေးမှန်းမသိ၊ မီးလောင်ဗုံးကို တကယ်သုံးခိုင်းမှန်းမသိ မ သုံးခိုင်းမှန်းမသိ၊ ဗုံးကို ရဲက ပစ်တာလား၊ တရုတ်ကပစ်တာလား၊ လှုံ့ဆော်တဲ့လူကပစ်တာလား ၁ လုံးလား ၂ လုံးလား ၃ လုံးလား မသိ မသိ မသိ ပဲနဲ့ ၀ါးလုံး ချေးသုတ်ရမ်းနေလို့ကတော့ ဘာမှ ထူးမယ်မထင်။

ဒီလောက် WARNING ပေးနေတာကို လူစုမကွဲတော့ ကြားထဲက သံဃာတော်တွေက ဓားစာခံဖြစ်ရတယ်။ လုပ်တဲ့လူတွေကို စုံစမ်းမှုတွေလုပ်နေတဲ့ အချိန်မှာ ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်လုပ်နေလို့လဲ ဘာမှမ ထူးဘူး။ တကယ်လုပ်တဲ့လူတွေက သူ့အကုသိုလ်နဲ့သူ သွားလိမ့်မယ်။ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည် ကြတာချည်းပဲ။ အကြောင်းမရှိပဲ အကျိုးဖြစ်မလာဘူး။

ပြောချင်တာတွေတော့ ပြောပြီးပြီ ဆွေကြီးလည်း ဒီ STATUS တင်ပြီးရင် FACEBOOK ချဉ်ဖတ်ေ တာ့ ဖြစ် လာမလားမသိ။ ဒီဇင်ဘာ ၃၀ လည်းရောက်ပြီဆိုတော့ ONLINE ကိုကျောခိုင်းရမယ့် မင်္ဂလာ အချိန်လည်း ကျရောက်လို့လာပါပြီ။ ဘာပဲပြောပြော ခန့်ချောလေးကတော့ နန့်ကြောပေးပြီး တင်လိုက်ပါပြီ .. မြို့မေ တ္တာခံယူရန် အသင့်

ပုံ
ဆွေကြီး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲမှုများ ”””

Labels:

0 comments: