Pages

Wednesday, October 24, 2012

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုမှာ လွှတ်တော် အပေါ်မှာသာ မူတည်နေ

အောက်တိုဘာလ ၂၄  ၂၀၁၂

အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတနဲ့ ပြည်တွင်း မီဒီယာများ တွေ့ဆုံပွဲမှာ သတင်း မီဒီယာတွေရဲ့ မေးမြန်းချက်ကို နိုင်ငံတော် သမ္မတကြီးရဲ့ ဖြေကြားချက် အရ ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုဟာ ပြည်သူများမှ ရွေးချယ် ထားတဲ့ လွှတ်တော် အမတ်များရဲ့ လွှတ်တော် ဆန္ဒ သဘောထား ပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ပြင်ဆင်မှု ဟာလည်း ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းများ ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့အခန်း ၁၂ မှာလည်း ပြင်ဆင်လို့ ရတဲ့ လုပ်ထုံး လုပ်နည်းများ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အခြေခံ ဥပဒေမှာ နိုင်ငံတော် သမ္မတဟာ သမ္မတ တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း လွှတ်တော် ဆိုင်ရာ ကိစ္စရပ်များကို ပါဝင် မဆောင်ရွက်ဖို့ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ အတွက် သမ္မတကြီး အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှု အပေါ် ပြင်ဆင်ဖို့လည်း မတိုက်တွန်း သလို၊ မပြင်ဆင် ဖို့လည်း မပြောကြားဘူးလို့ သိရပါတယ်။ အဆိုပါ ဥပဒေကို ပြင်ဆင်ဖို့ အတွက် ကိုတော့ ပြည်သူတွေနဲ့ ပြည်သူတွေမှ တင်မြှောက် ထားတဲ့ လွှတ်တော် အမတ်များရဲ့ သဘော ဆန္ဒအတိုင်း ပြင်ဆင် နိုင်သလို ဥပေဒ မှာလည်း ပြင်ဆင်လို့ရတဲ့ ပြဋ္ဌာန်းချက်များ သတ်မှတ်ထား ပါတယ်။ အဆိုပါ ပွဲမှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံရဲ့ ယခုလက်ရှိ နိုင်ငံရေးကို ပြည်သူများ မှလည်း နောက်ပြန် မလှည့်လိုသော ဆန္ဒရှိသလို အစိုးရ အနေနဲ့လည်း နောက်ပြန် မလှည့်နိုင်အောင် အစီအမံများ ချမှတ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိ အစိုးရရဲ့ နိုင်ငံရေး ဆောင်ရွက်မှု တွေမှာ သဘောထား တူညီတဲ့ အဖွဲ့အစည်း များလည်း ရှိသလို နိုင်ငံ အတွက် လုပ်ဆောင်နေမှုတွေ အပေါ် ကဲ့ရဲ့မှုများ၊ ချီးမွမ်းခံရမှု များလည်း ရှိနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုမှာ လွှတ်တော် အပေါ်မှာသာ မူတည်နေ

Labels:

အောက်တိုဘာလ ၂၄  ၂၀၁၂

အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတနဲ့ ပြည်တွင်း မီဒီယာများ တွေ့ဆုံပွဲမှာ သတင်း မီဒီယာတွေရဲ့ မေးမြန်းချက်ကို နိုင်ငံတော် သမ္မတကြီးရဲ့ ဖြေကြားချက် အရ ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုဟာ ပြည်သူများမှ ရွေးချယ် ထားတဲ့ လွှတ်တော် အမတ်များရဲ့ လွှတ်တော် ဆန္ဒ သဘောထား ပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ပြင်ဆင်မှု ဟာလည်း ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းများ ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့အခန်း ၁၂ မှာလည်း ပြင်ဆင်လို့ ရတဲ့ လုပ်ထုံး လုပ်နည်းများ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အခြေခံ ဥပဒေမှာ နိုင်ငံတော် သမ္မတဟာ သမ္မတ တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း လွှတ်တော် ဆိုင်ရာ ကိစ္စရပ်များကို ပါဝင် မဆောင်ရွက်ဖို့ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ အတွက် သမ္မတကြီး အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှု အပေါ် ပြင်ဆင်ဖို့လည်း မတိုက်တွန်း သလို၊ မပြင်ဆင် ဖို့လည်း မပြောကြားဘူးလို့ သိရပါတယ်။ အဆိုပါ ဥပဒေကို ပြင်ဆင်ဖို့ အတွက် ကိုတော့ ပြည်သူတွေနဲ့ ပြည်သူတွေမှ တင်မြှောက် ထားတဲ့ လွှတ်တော် အမတ်များရဲ့ သဘော ဆန္ဒအတိုင်း ပြင်ဆင် နိုင်သလို ဥပေဒ မှာလည်း ပြင်ဆင်လို့ရတဲ့ ပြဋ္ဌာန်းချက်များ သတ်မှတ်ထား ပါတယ်။ အဆိုပါ ပွဲမှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံရဲ့ ယခုလက်ရှိ နိုင်ငံရေးကို ပြည်သူများ မှလည်း နောက်ပြန် မလှည့်လိုသော ဆန္ဒရှိသလို အစိုးရ အနေနဲ့လည်း နောက်ပြန် မလှည့်နိုင်အောင် အစီအမံများ ချမှတ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိ အစိုးရရဲ့ နိုင်ငံရေး ဆောင်ရွက်မှု တွေမှာ သဘောထား တူညီတဲ့ အဖွဲ့အစည်း များလည်း ရှိသလို နိုင်ငံ အတွက် လုပ်ဆောင်နေမှုတွေ အပေါ် ကဲ့ရဲ့မှုများ၊ ချီးမွမ်းခံရမှု များလည်း ရှိနေတယ်လို့ သိရပါတယ်။
0 comments: