Pages

Sunday, December 9, 2012

“““ သာသနာကို ဒေါင်း ဦးဆောင်သည် ( ၂ ) ”””

ယခုနှစ်ရဲ့ မြန်မာနိုင်ငံမှ ရောင်းအား အကောင်းဆုံး ပစ္စည်းကို ပြပါဆိုပါက အနီရောင် ပိတ်စနဲ့ သင်္ဃန်း များ လို့ ပြောရ မလား မသိ။ ဘယ်နေ ရာကြည့်ကြည့် သင်္ဃန်း များနဲ့ ဒေါင်းအ လံတွေပဲ တွေ့နေ ရတယ်။ လာမယ့် ဆီးဂိမ်း မှာ တောင် ဇီးကွက် အစား ဒေါင်း အကောင် ပြောင်းအုံး မလား မသိပါဘူး။ မပြော ချင်ပါ ဘူး ဆိုမှ နဂို အေးချမ်းတဲ့ မြင်းခြံမြို့ မှာလဲ ဒီမဟုတ် တဲ့ကောင်တွေ သောင်းကျန်းလို့ ဒေါင်းသာ သနာဖြစ်နေပြီ ဆိုေ တာ့ မြင်းခြံ သားလဲ မနေနိုင် တော့ပါဘူး။
 
ဘယ့်နှယ် ဗျာ။ လက်ပံတောင်းမှာ ဘုန်းကြီးတွေ ဆန္ဒဖော် ထုတ်တယ် ခေါင်းစဉ် တပ်ပြီး နိုင်ငံရေး သမားေ တွ က အမြတ် ထုတ်တယ်။ ပြီးတော့ သကောင့် သားများက ရွာထဲ အဝေး ကမှာ နေပြီး ရိက္ခာ၊ရေသန့် ဘုန်းကြီးေ တွ ထောက်ပံ့ပြီး ပိုက်ဆံပေး စရာမလိုတဲ့ မြေမှာ တဲထိုး ထားခဲ့ကြတယ်။ ဘုန်းကြီးက ဘုန်းကြီးနဲ့ မတူ ဘဲ လူနဲ့ တူလာတော့ ဟိုက နှိမ်နှင်း ပါလေရော။ သင်္ဃန်းရုံ၊ မျက်စိမှိတ်ပြီး မီးလောင်တာ ထမပြေးေ တာ့ ဘုန်းကြီးတွေ မီးလောင်။ ဒီအခါမှာ နိုင်ငံရေးသမားများက မီးလောင်ဗုံးကြီးနဲ့ ပစ်ပါတယ် လုပ်တော့ နဂိုက မှ လမ်းပေါ်ထွက်ချင် နေသူတွေ အကုန် လမ်းပေါ်ရောက်ပါလေရော။

ကျုပ်တို့ နယ်က လည်း နဂိုကမှ ဗကသ ဆိုတဲ့ ကျောင်းသားယောင်ယောင် ဘာယောင်ေ ယာင်ကော င်တွေ က လူ စွာ ခပ် လုပ်ချင်ချင်။ ဆူပူ ချင်ရင် တောထဲသွား ဆိုလို့ သာ ငြိမ်နေ ရတာ။ အခုလို ဖြစ်တော့ သာသနာ ကို ထိခိုက် ပါတယ် ဆိုပြီး သာသနာ အလံတစ် ခုထောင်၊ ဒေါင်း တစ်ကောင် ကို အလံ လုပ်ပြီး မြို့ကို စလှည့်ြ က ပါ ရော။ မြောက် ၀င်ရိုးစွန်း အရည်ပျော် တာနဲ့ စုစုနွေး ကုလား မာကီးနဲ့ ညား သလို ဘာမှ ဆက် စပ် မှု မရှိဘူး ။ ဒါလည်း အခွင့်အရေး ရတုန်း ဒေါင်းအလံ ကြော်ငြာရ ပြီးရောဆိုတဲ့ ဗကသ ဆို တဲ့ေ ကာင္ေ တြက သံဃာေ တြကို ဦးဆောင်ြ ပန်တယ်။

မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ဆန္ဒတော်ပြည့် ဘုရားမှ ခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး၊ ယင်းမှ တဆင့် အမှတ် (၆) လမ်း ကိုဖြတ်၍ ဆန္ဒတော်ပြည့် ဘုရားတွင် ထိုင်သပိတ် ပြုလုပ်ကြသည် ဆိုတဲ့ သတင်းကို The Voice ကေ ကြာ်ငြာတာ ကိုလည်း တွေ့ရတယ်။ ဓာတ်ပုံတွေ ကြည့်လိုက်ပြန်တော့လည်း ပုံမလာ။ ပြည် သူတွေ အကုန် ပါလားဆိုတော့လဲ ဟုတ်တိပတ်တိ မဟုတ်။ နောက်ဆုံးတော့ ဘုရားကို ဒေါင်းပတ် သာသနာ တစ်ဝက် ဒေါင်း တစ်ဝက် ဖြစ်တာပဲ တွေ့ရတယ်။ 
 
သာသနာကနည်းနည်း ဒေါင်းကများများ
 
 ဒီလို ဗကသတွေက ရှေ့ဆုံးက
 
ဒီကျောင်းကြီးတွေ ဆောက်တုန်းက ဗကသ ဘယ်မှာနေမှန်းတောင် မသိခဲ့ရဘူး
 
သာသနာကို ဒေါင်း ဦးဆောင်သည် လို့ပြောရမလား။ ဒီသတ္တ ၀ါကောင်ကြီး ဘုန်းကြီးတွေ ခေါင်းပေါ်မှာ ၀ဲနေတာကို မြင် ရတော့ စိတ်ထဲ တစ်မျိုး ပဲဗျာ။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: