Pages

Sunday, January 6, 2013

လိုင်ဇာသို့ တိုက်ရိုက်ပစ်၊ KIA များ လိုင်ဇာတွင် မရှိဟု ဗြောင်လိမ်ကြပြီ

သူတို့ လာမတိုက်ရင် ကျွန်တော်တို့က ပြန်မတိုက်ပါဘူးလို့ ကြွားလုံးထုတ်တဲ့ ကေအိုင်အေ၊ တိုက်ပွဲ များ ရပ် တန့်နေခြင်းမှာ စစ်ကူ ထပ်မပို့နိုင်တော့လို့ ဖြစ်ရမယ် လို့ ပြောခဲ့သော ကေအိုင်အေ၊ အရပ် သားနေ ရာတွေ ကို ပစ်ပါတယ်လို့ ပြောတဲ့ ကေအိုင်အေ၊ လိုင်ဇာမြို့မှာ ဌာနချုပ်ဖွင့်ပြီး သုံ့ပန်း တွေနဲ့ တပ်မတော် ကို သိက္ခာကျဆင်းစေတဲ့ ကေအိုင်အေတို့ ယနေ့ပစ်ခတ်မှုမှာ အသံထွက်လာကြ ပါပြီ။ သတင်းများအရ လိုင်ဇာ ကို တိုက်ရိုက် ထိမှန်ပုံ ရပါတယ်။ တောထဲ ပစ်ရင် တောထဲကို ဒုက္ခသည်တွေပို့၊ ယခု မြို့ထဲ ပစ်ေ တာ့ မြို့ထဲကို ဒုက္ခသည်တွေ မကြာခင် ရွှေ့တော့မည်။
 
Facebook သတင်းများအရ တင်ပေး ခြင်းဖြစ်လို့ သေချာမှု မရှိသေး ပါ။
 
 ကေအိုင်အေ မရှိဘူးဟု ပြောသည့် လိုင်ဇာ
 
အဆောက်အအုံဘေးက ရေစပ်၊ မြင်ကွင်းများမှာ ဒုက္ခသည်ကို နေရာချထားသည့် လိုင်ဇာ

ဇန်နဝါရီ ၆ ၊၂ဝ၁၃ ယနေ့ တနင်္ဂနွေ နံနက် ၉ နာရီ ၁ဝ မိနစ်
 
အခု လိုင်ဇာ မြို့ထဲသို ဟောင်ဝေဇာ အမြောက်နဲ့ လှမ်းပစ်နေပါပြီ ၊ လိုင်ဇာမှာ အရပ်သားတွေ အများ ကြီး ရှိနေကြ ပါတယ် ၊ အခုအရပ်သားတွေကတော့ လိုင်ဇာ ကို တိုက်ရိုက် အခုလို လက်နက်ကြီးတွေနဲ့ ပစ်သွင်း မယ် လို့ မထင်ထားတဲ့အတွက် ပြင်ဆင်မှု အားနည်းနေပါတယ်။

အခုဆို ကေအိုင်အေ စစ်သားဆိုလို့ လိုင်ဇာထဲမှာ မရှိပါဘူး ၊ လိုင်ဇာနဲ့ ၃ ဖာလုံအကွာမှာ အားလုံး အဆင့် ဆင့် ခံစစ်အတွက် နေရာယူထားကြပါတယ်၊ ကျနော်တို့ အခု လိုင်ဇာ မြို့သူ တစ်ဦး အား မေးကြည့်ရာ "လိုင်ဇာ ကို အခုလို လက်နက်ကြီးများနဲ့ ပစ်သွင်းတာကတော့ လူမဆန်ဘူး လို့ ပြောပါတယ်။ ကျမတို့က ဘယ် သူ့ အောက်မှာ မဆို ကိုယ့်ထမင်း ကိုယ် စားပြီး နေ နေကြ ရတာပါ။"
 
တပ်က လိုင်ဇာမြို့ထဲ ကိုတော့ ရည်ရွယ်ချက်နဲ့ မပစ်ပါဘူး .... ခုလဲ မပစ်ဘူး ၊ နောက်လဲ ပစ်မှာမဟုတ်ဘူး ... ပစ်ရင် အော်ခံရမယ် ဆိုတာနားလည် ကြ ပါတယ် .... မြို့ထဲ ကို တကယ်ပစ် ရင် ခုလက်ရှိ စုတ်ပြတ်နေတဲ့ လေးချောင်းမြောက်ဒေါက်တိုင်ကြီးက ငြိမ်နေမလား ... တကယ်မပစ်တာတောင် ပစ်ပါတယ် လို့ အော်နေကြတဲ့ သူတွေက ရော ငြိမ်နေမလား ...

ပြောစရာတစ်ခုရှိ တာကတော့ ကျွန်တော် ကိုယ်တွေ့တစ်ခု ပါ ... ကရင်ပြည်နယ် ငြိမ်းချမ်းရေးမရခင် စစ်ဆင်ရေးတစ်ခုမှာကြုံခဲ့ရတာဖြစ်ပါတယ် ... နေရာက No Man Land ပါ ... သို့ သော် ရွာပုန်းတွေ ရှိပါတယ် ... ရွာပုန်းဆိုတော့ ရွာသားရှိပီပေါ့ ... ဒါပေမယ့် အဲ့ရွာသား မှ အရွယ်ရောက် ယောကျာ်းလေး အားလုံးနဲ့ မိန်းခလေး အချို့ က သူတို့ အခေါ်ပြည်သူ့စစ်တွေပါ ... လက်နက်ကိုင် ပါတယ် .. ယူနီဖောင်းမ၀တ်ပါဘူး ... အရပ် ၀တ်နဲ့ ပါ .... ကျွန်တော် တို့ အနေနဲ့ ပြောရင်တော့ သောင်းကျန်းသူပါပဲ ... တိုက်ပွဲ ဖြစ်လို့ ခုနပြောတဲ့ ပြည်သူ့စစ်ဆိုတဲ့ သူတွေ ထဲ က ထိခိုက် ဒါဏ်ရာရ ကျဆုံးရင် BBC ကနေပြီးတော့ တပ်မတော်က ရွာသားတွေ ကို သတ်နေပါတယ် လို့ အော်တော့ တာပဲ .... 

တကယ်က တော့ ကျွန်တော် တို့ က မပစ်ရင်လဲ သူတို့ က ကျွန်တော်တို့ကို ပစ်မှာပါ ... သူတို့ မှာလဲ သေစေနိုင်တဲ့ လက်နက် တွေကိုင်ထားတာ ပဲလေ .... ဒါပေမယ့် မသိနားမလည်တဲ့ သူတွေအတွက်တော့ သတင်းတစ်ခု အနေနဲ့ တော့ ၀ါဒဖြန့်စရာ လက် နက်ကောင်း တစ်ခုဖြစ်တာပေါ့ဗျာ ... 

သူတို့ ရဲ့ ရည်ရွယ်ချက်ကတော့ ဒါပါပဲ .... KIA ရဲ့ လက်ရှိရည်ရွယ်ချက်ကလဲ ဒါပါပဲ ... တကယ်က တိုက် ပွဲ ဖြစ်နေတဲ့ နေရာတွေမှာ အရပ်သားတွေ ခေါ်ပြီး လူတံတိုင်း လုပ်ထားကထဲ က KIA ရဲ့ ရက်စက် ယုတ်မာမှု ကိုတွေ့ ရမှာပါ ..... ဖမ်းမိတဲ့ စစ်သုံ့ပန်းတပ်မတော်သားတွေ ကိုပြန်လွတ် ပေးမယ်လို့ ပြော သလိုပဲ လိုင်ဇာက အရပ်သားတွေ ကို ငြိမ်းချမ်းတဲ့ နေရာတွေကိုရွေ့ခိုင်းဖို့ရော မသင့်ဘူးလားဗျာ .... ဖမ်းမိတဲ့ သုံ့ပန်းကိုတောင် လွတ်ပေးနိုင်ရင် အရပ်သားတွေကို လဲ ရွေ့ခိုင်းသင့်ပါတယ် .... လိုင်ဇာမှာ ရှိနေတဲ့ သူတွေ ( မှတ်ချက် KIA များနှင့် စီပွားရေးအရ မနေမဖြစ်နေချင်ကြတဲ့ သူတွေ မပါ ) က ကျည် ကြား ဗုံးကြားထဲ အချိန်မရွေး အသက်အန္တရယ်ရှိနေတဲ့ နေရာ မှာ ပျော်ပျော်ကြီးနေ ချင်နေကြမှာေ တာ့ မဟုတ်ပါဘူး ...

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

လိုင်ဇာသို့ တိုက်ရိုက်ပစ်၊ KIA များ လိုင်ဇာတွင် မရှိဟု ဗြောင်လိမ်ကြပြီ

Labels:

0 comments: