Pages

Friday, January 11, 2013

ယနေ့ လိုင်ဇာ အခြေအနေ နှင့် ကေအိုင်အေ၏ လုပ်ဆောင်မည့် အစီအစဉ်များ

တပ်မတော်မှ ကေအိုင်အေတို့၏ ကချင်ပြည်နယ်တွင်း စခန်းများသာမက ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက် ခင်း များ ကို ဖျက်ဆီးပြီး စခန်းများကို သိမ်းပိုက် ခဲ့သည့်အတွက် ကေအိုင်အေတို့ အနေဖြင့် လိုင်ဇာ ဒေသ မှသာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်သည်အထိ ဆက်လက်ခုခံသွားတော့မည် ဖြစ်ကြောင်း သိရ သည်။
 
ကေအိုင်အေ အကုန်လုံး ဒုက္ခသည် စခန်းမှာ ရှိတယ်။ အရင်က မရှိခဲ့တဲ့ လူငယ်တွေ ရောက်လာတာကို တွေ့ရလိမ့်မယ်။ အဲဒါတွေက တကယ့် လက်နက်ကိုင် ကေအိုင်အေတွေ။ မင်းတို့လာရင် သတိထား လို့ ဒုက္ခသည် စခန်းမှ ပြည်သူတစ်ဦးက ပြည်သူ့စစ်များ လာမည် အထင်ဖြင့် သတင်းပေး ပြောကြားခဲ့ပါသည်။
 
အခု ပစ်ခတ်မှုတွေ ဖြစ်တဲ့ နေရာတွေမှာ ကြည့်လိုက်ရင် ABSDF နဲ့ အတင်းစုထားတဲ့ စစ်သား အသစ်တွေ ကိုပဲ တွေ့ရတယ်။ လိုင်ဇာကို မတိုက်ပါဘူးလို့ ပြောတဲ့အတွက် ကေအိုင်အေတွေက မြို့ထဲကို ရောက်လာ တယ်။ ဒုက္ခသည် စခန်းမှာ ၀င်နေတယ်။ လမ်းတွေ မိုင်းထောင်တယ်။ တပ်က လှုပ်ရှားရင် ချောင်းပစ်တယ်။ ပြီးေ တာ့ ပြန်လိုက်တော့ လိုင်ဇာထဲ ပြန်ဝင်သွားကြတယ်။ ပြီးခဲ့တဲ့ မံစီမှာ ၀င်ပစ်သွားတဲ့ပုံစံ အတိုင်း လုပ်နေကြ တာလို့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ပါသည်။
 
ထို့ပြင် ကေအိုင်အေ စစ်စခန်း လိုင်ဇာဌာနချုပ်မှ လက်နက်ခဲယမ်းများကို မြို့တွင်း လူစည်ကားရာ နေရာ များ အနီးတွင် ချထားကြောင်း သိရသည်။ ၄င်းမှ ဆက်လက်၍ အရင်ကတည်းက ဒီကောင်တွေက လူ လည်ေ တွ၊ လက်နက်စက်ရုံ၊ ကျည်ဆံစက်ရုံတွေနဲ့ ဆေးရုံတို့၊ လူနေတဲ့ နေရာတို့ကို ကပ်ပြီးထားတာ။ အခုေ တာ့ ဒုက္ခသည်တွေကိုပါ ၀ိုင်းထားပြန်ပြီ။ တော်တော် ယုတ်မာတဲ့ကောင်တွေပဲလို့ ပြောခဲ့ပါသည်။
ကေအိုင်အေများ အနေဖြင့် လိုင်ဇာ၊ ဖားကန့် တစ်ဝိုက်တွင် လူသစ်များ ဖမ်းဆီးစုဆောင်းစဉ်ကတည်းက ထို လူသစ်များ၏ မိသားစုများကို ဒုက္ခသည် စခန်းအတွင်းသို့ ခေါ်ထားခဲ့ကြသည်။ အစပိုင်းတွင် ယောက်ျား များသာ ခေါ်ယူစုဆောင်းခဲ့သော်လည်း နောက်ပိုင်း အရွယ်ရောက်သော အမျိုးသမီးများ အားလုံးအား ကေအိုင်အေ တပ်သား အဖြစ်စာရင်းသွင်းခဲ့သည်။
 
ခေါ်ထားမှာပေါ့။ သူတို့ ကျွေးရတာမဟုတ်ဘူးလေ။ ဒီလူတွေ အကုန် ဒုက္ခသည် စခန်းက ကျွေးထားရ မယ် လို့ ဖာသာတွေကို ခေါ်ပြောပြီးသားပါ။ ရန်ကုန်က သတင်းထောက်တွေ လာတုန်းကတောင် ဒီ အကြောင်ြးေ ပာ လိုက်သေးတယ်။ ခင်ဗျား မသိလိုက်လို့ ဖြစ်ပါလိမ့်မယ် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည့် ပြည်သူ့ စစ် တစ်ဦးမှ ပြောခဲ့ပါသည်။
ကျွန်တော်တို့ ကချင်မှာကိုက ခြောက်ဖွဲ့လောက် ကွဲနေတာ။ ဂမ်ရှောင်၊ ဂွမ်မော်တို့က စစ်လိုလားတဲ့အဖွဲ့။ ကျွန်တော်တို့က ငြိမ်းချမ်းရေး လိုတဲ့အဖွဲ့။ ငြိမ်းချမ်းရေးအတွက် ဒီကောင်တွေ အကုန်သတ်ပြီးမှ ရမယ် ဆို ရင် ဒီကောင်တွေ အကုန်သတ်ရမှာပဲ။ အခုလဲ ဒုက္ခသည် စခန်းကို ထောက်ပံ့တာ မှန်သမျှရဲ့ တစ်ဝက် ကို ကေအိုင်အေက ထိန်းသိမ်းထားတယ်လို့ ကြားတယ်။ တော်တော် တရားလွန်နေပါပြီဟု ၄င်းက ဆက်ပြောခဲ့ ပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ယနေ့ လိုင်ဇာ အခြေအနေ နှင့် ကေအိုင်အေ၏ လုပ်ဆောင်မည့် အစီအစဉ်များ

Labels:

0 comments: