ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ရှိ
သံလျင်နည်းပညာတက္ကသိုလ် ရှေ့မှာ ဗကသ အဖွဲ့မှ လက်ကမ်းစာစောင်များ
ဖြန့်ဝေခဲ့သည်။ အဆိုပါဖြန့်ဝေမှုနှင့် ပတ်သက်၍ ကျောင်းရှိ တာဝန် ရှိသူများမှ
တားဆီးခဲ့ရာ ဗကသအဖွဲ့နှင့် ကျောင်းလုံခြုံရေး အဖွဲ့များအကြား စကားအချေအတင်
ဖြစ် ပွားခဲ့ သည်။ ဗကသအဖွဲ့၏ စာဖြန့်ဝေမှုကြောင့် ကျောင်းသားများ
ကျောင်းတက်ချိန် ထိခိုက်သဖြင့် လုံခြုံရေး အဖွဲ့ မှ တားဆီးရာ ဗကသအဖွဲ့၏
မချေမငံ ပြောဆိုမှုများကြောင့် စကားအချေအတင် ဖြစ်ပွားရခြ င်း ဖြစ် သ ည် ။
ကျောင်း လုံခြုံရေးအဖွဲ့မှ ဗကသ ကျောင်းသားများ၏ ကျောင်းသားကဒ်အချို့နှင့်
ဖုန်းများအား သိမ်းဆ ည်း ပြီး ညနေပိုင်းတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း
သိရသည်။
ကျောင်းရှေ့ ဆူပူစာရွက်များ လိုက်လံဝေငှသော ဗကသများ
ဗကသ အဖွဲ့သည် နိုင်ငံရေးလောကတွင် NLD ပါတီနှင့် ၈၈ ကျောင်းသားများ၏
လောင်းရိပ်တွင် ခိုလှုံရ သဖြင့် နိုင်ငံရေး တစ်စင်ထောင်နိုင်ရန်
ကြိုးပမ်းလျှက်ရှိသည်။ လက်ရှိသုံးစွဲလျက်ရှိသော ရန်ပုံငွေများ မှာ လည်း ၈၈
ကျောင်းသားများမှ ခွဲဝေပေးသလောက်သာ သုံးစွဲရသည်။ ဗကသ အဖွဲ့သည် NLD
ပါတီနှင့် ၈၈ ကျောင်း သားများကဲ့သို့ ထင်ပေါ်ကျော်ကြားခြင်းမရှိသဖြင့်
သီးခြားထောက်ပံ့ကြေး ရန်ပုံငွေများ မရရှိ သည့် အပြင် လူငယ်များ
စိတ်လိုက်မာန်ပါ ဆောင်ရွက်မည်စိုးသဖြင့် ၎င်းတို့၏လုပ်ဆောင်ချက်များအား
ထိန်းချုပ် ထားသော NLD ပါတီနှင့် ၈၈ ကျောင်းသားများထံမှ ခွဲထွက်ရန်
ကြိုးစားနေကြသည်။
မိန်းကလေးတွေ ရှေ့ပို့၊ သံဃာတွေ နောက်ထား၊ နောက်ကွယ်က ကြိုးကိုင် ဆူပူသည့် ဗကသများ
လက်ပံတောင်းတောင်အရေးတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ခေါင်းဆောင်သော
စုံစမ်းရေး အဖွဲ့ အား မထီမဲ့မြင်ပြုကာ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ရန်
ဦးဆောင်စည်းရုံးခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည် ကိုယ် တိုင်
စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာထွက်ပေါ်လာသော အချိန်အထိ စောင့်ဆိုင်းရန်
မေတ္တာ ရပ်ခံ ထားသော်လည်း ဗကသများမှ ပြည်သူများ ဆူပူစေရန် လှုံဆော်ခဲ့သည်။
ဗကသအဖွဲ့သည် မြန် မာနိုင်ငံရေး လောကတွင် ၈၈များနည်းတူ
နေရာရှိစေရန်ကြိုးစားနေခြင်းဖြစ်သည်။ ၈၈ကျောင်းသားများ ကဲ့သို့
အလှူငွေများ ရရှိလိုခြင်း၊ လူသိများလိုခြင်း အကြောင်းများကြောင့်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထင်မြင် မိပါသည်။
ကလေးအရွယ်တွေကို မြှောက်ပင့် စာရိတ္တကို ဖျက်ဆီးခဲ့သော ဗကသ
ဗကသများ၏ လက်ကမ်းစာစောင် ဝေငှမှုသည် မည်သူ့အတွက်မှ အကျိုး မရှိပဲ
စာသင်ကြားရသော ကျောင်း သား များကိုသာ စိတ်အနှောင့် အယှက်ဖြစ်စေကြောင်း၊
ကျောင်းသား တစ်ဦးအနေဖြင့် ထင်မြင်မိ ပါ သည်။ ကျောင်းသားများသည် ယခုကဲ့သို
့ပညာခေတ်တွင် အေးချမ်းစွာ ပညာသင်ကြားလိုသည်။ နိုင်ငံ ဆူပူ မှုကြောင့်
ကျောင်းများပိတ်ခဲ့ရသည့် အခြေအနေမျိုးအား ပြန်လည် မလိုချင်တော့ပါ။
ထို့ကြောင့် ဗကသများ အနေဖြင့် အေးချမ်းစွာ စာသင်ကြားနေသော ကျောင်းသားများ၏
ဘဝအားစွန်းထင်းစေရန် ဆူပူမှု များ ဖြစ်ပွားအောင် ဆောင်ရွက်ဖို့မသင့်ကြောင်း
တင်ပြလိုက်ရပါသည်။
အေးချမ်းစွာပညာသင်ကြားလိုသူတစ်ဦး
နည်းပညာတက္ကသိုလ်(သံလျင်)
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။