Pages

Thursday, November 15, 2012

“““သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် သို့ အိပ်ဖွင့် ပေးစာ ”””

ဒီဖက်ခေတ် ဒီမိုကရေစီအစိုးရလက်ထက်မှာ.. '' နောက်ကြောင်းပြန်လှည့်ဖို့ အစီအစဉ် ရှိ-မရှိ '' ဆိုတာကို လူတိုင်း စိတ်ဝင်တစား ရှိနေတာ တွေ့ရတယ်..။

အခုထိလည်း.. ဘယ်ကမှ ကံသေ-ကံမ နောက်ကြောင်း ပြန်မလှည့်ပါဘူးရယ်လို့.. အာမခံ ပြောဆိုတာ ထင် ထင်လင်းလင်း မတွေ့မိဘူး..။ အာမခံသူက အာမခံသည့်တိုင်.. ယုံရမှာလားဆိုတာလည်း မသေ ချာ ဘူး..။

သမ္မတကြီးက ဆိုရင် '' အဲဒါက ပြည်သူတွေအပေါ်မှာ မူတည်ပါတယ် ''လို့.. မေးခွန်း ကို ပြည်သူ နဲ့ပြန်ချည် သွား တာ တွေ့ရတယ်..။

့ဘယ်လိုပဲဖြစ်ဖြစ်.. နောက်ကြောင်းတော့ ပြန်မလှည့်ကောင်းပါဘူးရယ်လို့.. ယုံကြည်မျှော်လင့်နေ မိပါ တယ်..။

သို့သော်.. ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့  '' ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး '' ဆို တဲ့ ဆောင်း ပါးကို မိုးမခမီဒီယာ ၀က်ဘ်ပေ့ခ်ျ မှာ ဖတ်ရတော့.. ဆရာကြီးတို့အနေနဲ့ အနာဂါတ် ကို ကျောပေးပြီး အတိတ်ဖက် မျက်နှာမူနေတာလားလို့ အတွေးပွားမိရာက.. ဒီစာကို ရေးပါတယ်..။

'' ကျောင်းသားလှုပ်ရှားမှု '' သမိုင်းကို ပြုစုတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းကြီး ကိုအောင် ထွန်း က.. ယခင်အစိုးရ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နှစ်ယောက်ကို နာမည်တပ်ပြီး သူတို့လုပ်ရပ်တွေအတွက် အမှား ၀န် ခံ ပြန်လည်တောင်းပန်ရမယ်လို့ တောင်းဆိုတာကို ဆရာကြီးက ထပ်ဆင့်ထောက်ခံကြောင်း ရေး ထား တဲ့ သတင်းဆောင်းပါးပဲ..။

မူရင်းက.. အောက်တိုဘာ-၁၃ ရက်ထုတ်.. Myanmar Independence Journal မှာပါတယ်လို့ သိရပါ တယ်..။

ပထမဦးဆုံးအနေနဲ့.. ဆရာကြီးဦးဝင်းတင်ကို အင်မတန်လေးစားတဲ့အကြောင်း ပြောလိုပါတယ်..။

သူ့ဆောင်းပါးကို ဖတ်ရတော့.. ပိုလို့တောင် လေးစားမိရပါတယ်..။

စစ်ကြောရေး လက်ချက်နဲ့ သွား-၀တ်လစ်စလစ် ၇ နှစ်ကြာအောင် နေခဲ့ရပုံ- ဖွားဖက်တော်တစ်ရှင်း နတ် သင်းဖြစ်ရပုံ- လွတ်ပြီဆိုပြီးမှ ထောင်ထဲပြန်ဆွဲသွင်းခံရပုံ တွေဟာ.. တကယ့်ကိုအံသြ-ထိတ်လန့်-တုန်လှုပ် စရာတွေပါပဲ..။ တော်ရုံ စိတ်ဓါတ်-တော်ရုံယုံကြည်ချက်-တော်ရုံပေးဆပ်မှုနဲ့ လွန်မြောက်လာနိုင်စရာမရှိတဲ့ ကမ်းကုန်အောင်ရက်စက်မှုတွေပါပဲ..။

သို့သော်.. အဲဒီပေးဆပ်မှုတွေဟာ.. ဆရာကြီးတို့အနေနဲ့ ပြည်သူ့အတွက်ပေးဆပ်ခဲ့တာတွေ ပဲ မဟုတ် လား ..။

ကျးဇူးတော်ရှင် တောင်မြို့အရှင်ဇနကာဘိဝံသ ရဲ့  '' ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်မူ- ခုလောက် ကြိုးကုတ် အားမထုတ်ဘူး '' ဆိုတဲ့ တေးထပ်လို.. ဆရာကြီးတို့လည်း.. ကိုယ့်တစ်ယောက် လွတ်လပ်မှု အတွက်ပေးဆပ်ခဲ့တာမဟုတ်ဘဲ.. ပြည်သူတစ်ရပ်လုံး လွတ်မြောက်စေလိုတဲ့ စေတနာ အ ရင်းခံ ပြီး ကြိုးကုတ်ခဲ့တာလို့ ယုံကြည်ပါတယ်..။

အဲသလို ပြည်သူ့အတွက် ပေးဆပ်ခဲ့လို့လည်း ဆရာကြီးတို့သွားလေရာ-ရောက်လေရာမှာ.. ပြည်သူက၊ ကြည်ဖြူစွာကမ်းတဲ့လက်.. ဆရာကြီးတို့ လူစေ့အောင်တောင် ပြန်မဆုပ်မကိုင်နိုင် ဖြစ်ရပါတယ်...။

ဒါကြောင့်မို့.. ဆရာကြီးရဲ့  '' ကာလပေါ် ငရဲခွေးကြီးများ လွတ်နေသေး '' ဆိုတဲ့ တောင်းဆိုချက် ဟာ ပြည် သူ့အကျိုး- ရည်မျှော်ကိုးပြီး တောင်းဆိုတာမျိုးပဲ ဖြစ်စေချင် ပါတယ်..။ ကိုယ်လိုချင်တာ မရဘဲ- အကျိုး ထက် အပြစ်များနိုင်တဲ့ တောင်းဆိုမှုတွေ ဖြစ်မသွားဖို့ အရေးကြီးပါတယ်..။

ဒီလိုပြောလို့.. ဆရာကြီးတို့ ပေးဆပ်ခဲ့ရတာတွေ-တခြားအာဇာနည်တွေရဲ့  အားထုတ်မှုတွေကို လစ်လျူ ရှုပြီး.. မှားခဲ့တာတွေကို ဒီအတိုင်းထားလိုက်ပါလို့ တိုက်တွန်းနေတာ တော့ မဟုတ်ပါဘူး..။

ဘယ်သူမှားတယ်-ဘယ်သူမှန်တယ် ဆိုတာ.. ကာယကံရှင်တွေရဲ့  နှုတ်မြွက်ဝန်ခံစကား ကြားရမှ.. သိရ တာ မျိုး မဟုတ်ပါဘူး..။ ကာယကံရှင်က.. သူမမှားဘူးလို့ ဘယ်လိုပဲ ဖင်ပိတ်ငြင်းငြင်း.. သူမှားတာကို လူ တကာသိနေရင်.. သူ့ဆီက အမှားဝန်ခံချက်ဆိုတာ.. မလိုအပ်တော့ပါဘူး..။

မပေးချင်တဲ့ အမှားဝန်ခံချက်ကို ဇွတ်တောင်းသည့်တိုင် ပေးမယ်လို့လည်း မထင်ပါဘူး..။ ပေးသည့်တိုင်.. ကြည်ကြည်ဖြူဖြူနဲ့ သူတို့အပြစ်သူတို့သိမြင်ပြီး ပေးတာမျိုး မဟုတ်လို့ အဖိုးလည်း တန်မထင်ပါ..။

ဆိုတော့-

အခုလို.. နောက်ကြောင်းပြန်လှည့်ဖို့ ရှိ-မရှိ ဇဝေဇ၀ါဖြစ်နေချိန်၊

တပ်ချုပ်နဲ့ ဒေါ်စု တစ်ခါမှ မတွေ့ဖြစ်ကြတာကို နားမလည်နိုင်အောင်ဖြစ်နေတဲ့အချိန်၊

ပွင့်သစ်စဒီမိုကရေစီ နဲ့အတူ ပြဿနာပေါင်းသောင်းခြောက်ထောင်က ဟိုကဒီက အလွှာပေါင်းစုံ-နည်း မျိုးစုံ က အုံကြွလှုပ်ရှားနေချိန်၊

... မှာ.. ဆရာကြီးရဲ့  '' ကာလပေါ် ငရဲခွေးကြီးများ လွတ်နေသေး '' ဆိုတဲ့ ဆောင်းပါးပါ တောင်းဆိုမှုကို.. အားနာနာနဲ့ မထောက်ခံနိုင်ကြောင်း ပြောပါရစေ..။

ဘောလုံးကန်တာ.. ခရစ္စတီယာနို ရော်နယ်ဒို ရဲ့  ခြေဖျားမမီသော်ငြား.. သူကန်တဲ့ပင်နယ်တီ လွဲသွားတာ ကိုကြည့်ပြီး.. ''ညံ့လိုက်တဲ့ ရော်နယ်ဒို-ဒါလေးတောင် မ၀င်ဘူး'' လို့ မချင့်မရဲ နဲ့ အပြစ်တင်တဲ့ ပရိတ်သတ် တစ်ယောက်လို.. ကျွန်တော့်ကို ဆရာကြီးသဘောထားပေးပါ ခင်ဗျား..။

တိမ်တောင်သဖွယ်-မင်းရေးကျယ်သတဲ့..။ လုပ်ပွဲကစားတဲ့အနေနဲ့ ဆရာကြီးတို့ ဘေးချော် ကန်လိုက် တာ ဆိုရင်တော့လည်း.. ကျွန်တော့်အမြင် မှားပေမပေါ့..။

ဆရာကြီး ကျန်းမာစွာ ချမ်းသာပါစေဗျား..။
မဟာကြောင်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် သို့ အိပ်ဖွင့် ပေးစာ ”””

Labels:

0 comments: