Pages

Saturday, January 5, 2013

ဒေါ်အောင်ဆန်းစုကြည် မတက်သည့် လွတ်လပ်ရေးနေ့ နိုင်ငံတော်အခမ်းအနား အထူးစည်ကား

နေပြည်တော် ဇန်နဝါရီ ၎
ပြည်ထောင်စု တိုင်းရင်းသားအားလုံး ပြည်ထောင်စုကြီးအတွင်း၌ ဥမကွဲသိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်း သားအားလုံး မျက်ခြည်မပြတ်ထိန်းသိမ်း ကာကွယ်ရေး၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုး တက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာ၌ ပြည်သူများ၏ အကျိုးစီးပွားေ ကာင်းမွန်သည်ထက်ကောင်းမွန်အောင် ဖော်ဆောင်ပေးရေး၊ ဆင်းရဲမှု နှုန်းလျော့နည်းကျဆင်းရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များ တိကျမှန်ကန်ဖြောင့်မတ်ရေးတိုအတွက် မဆုတ်မနစ်ကြိုးပမ်းဖော်ဆောင်ရေးဟူသော အမျိုးသားရေးဦးတည်ချက် (၄) ရပ် နှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပသည့်  ၂၀၁၃ ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့ရင်ပြင်၌ ကျင်းပရာ ပြည်သူလူထုစုစုပေါင်း အင်အား (၃၀၀၀) ကျော် တက်ရောက်ကြ သည်။
 
ရှေးဦးစွာ နံနက် (၄) နာရီ မိနစ် (၂၀) တွင် ၂၀၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေး နေ့ အလံတင် အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဗ္ဗသီရိတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် သတ်မှတ်ထားသော စုရပ်အသီးသီး မှ မြို့တော် ခန်းမရှေ့ရင်ပြင်သို့ နံနက် (၆) နာရီတွင် ဝင်ရောက်နေရာယူကြသည်။
ထို့အတူ အခမ်းအနားကျင်းပရာ မြို့တော်ခန်းမရှေ့ရင်ပြင်၌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ၂၀၁၃ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထောင်စု ရွေးေ ကာက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် များ၊ နေပြည်တော်ကောင်စ်ီဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ရုံးအဖွဲ့မှူးများ၊ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေးဆပ်ကော်မတီဝင်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ နေပြည်တော်ခရိုင်နှင့် မြို့နယ်များမှ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ  ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များကလည်း သတ်မှတ်နေရာအသီး သီး၌ နေရာ ယူ ကြ သည်။
ယင်းနောက် နံနက်(၆)နာရီ မိနစ်(၅၀)တွင် ၂၀၁၃ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ရေ၊လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင် သို့ ချီတက်နေရာယူကြသည်။
ထို့နောက် အခမ်းအနားကျင်းပရာသို့ ၂၀၁၃ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်း ရောက်ရှိလာပြီး စင်မြင့်ပေါ်၌ နေရာယူသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့၊ ပြည်သူ လူထုကြီးနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော် သီချင်းကို တီးမှုတ် သည်။
ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို ရွတ်ဆိုသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓ္မ ဦးသိန်းစိန်ထံမှ ၂၀၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ၂၀၁၃ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖတ်ကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကျင်းပနေရာမှ ပြန်လည်ထွက်ခွာသွားသည်။
ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်သူလူထုကြီးသည် မြို့တော်ခန်းမရှေ့ရင်ပြင်မှ ပြန်လည်ထွက်ခွာကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
၂၀၁၃ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုညဖြစ်သည့် ယမန်နေ့ညနှင့် ယနေ့ညတို့တွင် နေပြည်ေ တာ် ရှိ ဝန်ကြီးဌာန ရုံးများ၊ နေပြည်တော်ရှိမြို့တော်ခန်းမ၊ သပြေကုန်းအဝိုင်း၊ ကြာပန်းအဝိုင်း၊ ရာဇသ င်္ဂဟအဝိုင်း၊ အင်းကြင်းပန်းအဝိုင်း၊ ကံကော်ပန်းအဝိုင်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၊ မဏိရတ နာ ကျောက်စိမ်းခန်းမ၊ ကျောက်စိမ်း ဥယျာဉ်၊ နေပြည်တော်မြို့မဈေး၊ သပြေကုန်းဈေးနှင့် လူနေအဆောက် အအုံများ၊ ဝန်ထမ်းအိမ်ရာများ၌ ရောင်စုံမီးအလှများကို လှပခန့်ညားစွာ ထွန်းညှိ၍ ၂၀၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုကြသည်ကို တွေ့ရသည်။

www.MyanmarExpress.net
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဒေါ်အောင်ဆန်းစုကြည် မတက်သည့် လွတ်လပ်ရေးနေ့ နိုင်ငံတော်အခမ်းအနား အထူးစည်ကား

Labels:

0 comments: